Subscribe to our RSS Feed

ဥက္ကံ ပဋိပက္ခ ပြန်ကြားရေးဝန်ကြီး ပြောကြားချက်



ဥက္ကံမြို့၊ ဆင်ဖြူရှင်ရပ်ကွက်၊ အလံတိုင်ကျောင်းတိုက်နေ (၃၀.၄.၂၀၁၃) ရက်နေ့ နံနက် (၉)နာရီ အချိန်က ကိုရင် ပုည၊ (၁၁)နှစ်၊ (ဘ)ဦးမျိုးသည် ဘုရားကြီးဈေးတောင်ဘက်၊ ဘုရားကြီး လမ်း တွင် ဈေး ၀ယ်လာသူ မ၀င်းဝင်းစိန်၊ (၃၄)နှစ်၊ (ဘ)ဦးလူလူမျှား၊ မူဆလင်/အစ္စလာမ်မှ ၀င်တိုက် မိသဖြင့် လွယ်ထား သည့် သပိတ် လွတ်ကျကာ အဖုံးကွဲသွားသဖြင့် ရဲစခန်းသို့လာရောက် တိုင်တန်း ရ်ျ အမှုဖွင့်အရေး ယူဆောင်ရွက်ခဲ့ပါသည်။

နောက်ဆုံး ရရှိတဲ့ သတင်းများအရ ဒီနေ့ နေ့လည် တစ်နာရီကျော်မှာ ဗလီနဲ့ အနီးက ဆိုင်ခန်းအချို့ကို တိုက်ခိုက်မှုပြုခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ က သေနတ်ပစ်ဖောက် လူစုခွဲ ခဲ့ရကြောင်းသိရပါတယ်။ ညနေသုံးနာရီကျော်မှာ အခြေအနေကို ထိန်းသိမ်းနိုင်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးနဲ့ လုံခြုံရေးတပ်ဖွဲ့များလည်း ရောက်ရှိသွားပြီလို့ သိရှိရပါတယ်။ 


ဆိုင်ခန်းအချို့ ပျက်စီးပြီး ဗလီက မှန်အချို့ကွဲသွားကြောင်း၊ မီးလောင်ပျက်စီးမှုမရှိကြောင်းသိရပါတယ်။
အခြေအနေအသေးစိတ်သိရှိရပါက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ သတင်းထုတ်ပြန် ပေးပါ့မယ်။

 
.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်