From :
..7day
ရန်ကုန်- ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများလာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်းမြန်မာနိုင်ငံသို့ ပြန်၊ မပြန် စတင်စစ်တမ်းကောက်ယူတော့မည်ဖြစ် ကြောင်း သတင်းရရှိသည်။
“ချူလာလောင်ကွန် တက္ကသိုလ်မှာ ဒီနေ့ပဲ စစ်တမ်းကောက်မယ့် လူတွေကို သင်တန်းပေးတယ်။ နောက်တစ်ပတ်မှာ စကောက်မယ်” ဟု စစ်တမ်းကောက်မည့်သူများ ထဲပါဝင်သော ကိုခွန်ဆိုင်းက ပြောသည်။
စစ်တမ်းကောက်မည့်သူများထဲတွင် တက္ကသိုလ်ကျောင်းသားများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ မြန်မာလူငယ်များပါဝင်မည်ဖြစ်ပြီး မြန်မာလုပ်သား ၅၀၀၀ နှင့် တွေ့ဆုံမေးမြန်းသွားမည်ဟု ကိုခွန်ဆိုင်းက ပြောသည်။
“ထိုင်းလူမျိုးတွေမလုပ်ချင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတို့၊ ငါးဖမ်းလုပ်ငန်းတို့ စားသောက်ဆိုင် လုပ်ငန်းတို့မှာ မြန်မာလုပ်သားတွေ လုပ်နေကြကတော့ မြန်မာ့လုပ်သား တွေ ပြန်သွားကြရင် တစ်စုံတစ်ခုတော့ ထိခိုက်မှုရှိနိုင်တယ်”ဟု ဘန် ကောက်မြို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော ဗဟိုအဖွဲ့မှ ဒါရိုက်တာ ကိုဝင်းမင်းက ပြောကြားသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားအများစုမှာ မြန်မာနိုင်ငံသို့ ပြန်လာရန် ပြင်ဆင်နေကြပြီး အဆင်ပြေသူအ ချို့မှာအိမ်များ၊ ခြံများပြန်လည်ဝယ် ယူထားကြသည်။
သက်ဆိုင်ရာအဖွဲ့အစည်းများက ပြုစုထားသော စာရင်းများအရ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား သုံးသန်းခန့် ရှိသည်ဟု သတင်းရရှိသည်။
အစိုးရအနေဖြင့် စီမံကိန်းရေး ဆွဲရာတွင် အသုံးပြုနိုင်ရန် စစ်တမ်းကောက်ယူခြင်းဖြစ်ပြီး ရရှိလာသော စစ်တမ်းအား အစိုးရအဖွဲ့နှင့် လွှတ် တော်သို့ တင်ပြသွားမည်ဟု ခွန်ဆိုင်းက ပြောသည်။
ဓာတ်ပုံ- NARONG SANKNAK/EPA
.. www.MyanmarExpress.net

2 comments:
တောက် ဘု၇င့်နောင်တို့။အလောင်းဘု၇ားတို့၇ှိတုံးကဆိုသည်ထိုင်းတွေဘယ် မော့တောင်မကြည့်၇ဲဘူး။စံနစ်မှားတွေကျင့်သုံးခဲ့တဲ့ဒဏ်အခု ငါတို့ခံနေကြ၇တာပေါ့။သင်ခန်းစာကောင်းကောင်းယူကြငါ့ တူတို့။
ဘကြီးပြောတာမှန်တယ်။အ၇င်တုံးကမဲဆောက်တို့။၇နောင်းတို့ဆိုတာ
၇ွှာအဆင့်ဘဲ၇ှိတာ။မ ဆ လခေတ် မှောင်ခိုကုန်သွယ်ေ၇းကြောင့် ထိုင်း
တွေ ထောသွားတာ။ကျုပ်တို့ကတော့ ဖွှတ်ကျောပြာစုဘဲ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်