From :
..OE
ဆန္ဒပြသူများတွင် တစ်နေ့တွင် ၃၅၀၀ ကျပ်ရရှိကြောင်း
အင်တာနက်လူမှုကွန်ယက်များတွင် လူအများ ပြောဆို လျှက်ရှိပြီး ဇာဂနာတို့
အငြိမ့်အဖွဲ့မှလည်း ပြက်လုံးထုတ်၍ သရော်ခဲ့ကြသည်။ လက်ပံတောင်း၊ ကချင်၊ အစ
ရှိသည့် မရိုးနိုင်သည့် ခေါင်းစဉ်များ ပြီးသည့်နောက် ယခုနောက်ဆုံး ဆန္ဒပြမှု
အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်း ရေး လှုပ်ရှားမှုဟု အမည်တပ်ကာ
ဆန္ဒပြခဲ့ကြကြောင်း The Voice Weekly မှ ဖော်ပြပေးနေသည်။
ယခုဆန္ဒပြသူများသည် တူညီဝတ်စုံများ၊ ဗီနိုင်း ဆိုင်းဘုတ်များ၊
ထမင်းစားရိတ်နှင့် အခြား အထွေထွေ ကုန်ကျ စရိတ်များ ပေါင်းပါက ၂ သိန်းကျော်
အကုန်အကျ ရှိပြီး နေ့တွက်စရိတ်ဖြင့် ပါဝင်သည့် လူများကို တွက်ပါက ၎
သိန်းခန့် အကုန်အကျခံ ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။ ယခု ဆန္ဒပြပွဲတွင်
မျက်နှာသစ် အမျိုးသမီးများ သာ မက ကျောင်းပိတ်ရက် ဖြစ်သည့်အလျှောက်
ကျောင်းသားများပင် ပါဝင်လာကြောင်း တွေ့ရသည်။
ပြည်တွင်း ဆန္ဒပြပွဲများသည် မည်သူက အပြည့်အ၀ ထောက်ပံ့ပေးသည်ဟု မသိရသော်လည်း
ခေါင်းစဉ် ခိုင်မာ ပါက ရက်ရှည် ဆန္ဒဖော်ထုတ်နိုင်ပြီး ၀င်ငွေကောင်းသည့်
အတွက် ပြည်သူအများက စိတ်ဝင်စားလျှက် ရှိသည်။
..
www.MyanmarExpress.net
9 comments:
ဟေ ဟုတ်လား။အဘလဲပြောကြလေကွာ။ဆန္ဒပြလို့ပိုက်ဆံ ၇ဒါ ကမ္ဘာမှာတောင်မ၇ှိဘူး။နိတ်သဟ။
အ၇င်တုံးကစကားကြားဘူးတယ်မဟုတ်လား။ခေတ်မှီသူ တိုင်းပင်လယ်ငါးစားဘူး၇မယ်ဆိုဒါလေ။အခု ခေတ်မှီသူတိုင်း ဆန္ဒပြဘူး၇မယ်။တိုင်းပြည်ကြီးတော့တိုးတက်တော့မှာဘဲကွာ။ဘု၇ား ဘု၇ား။
အရှည့်မရှိလိုက်ကြတဲ့ ရွှေမြန်မာတွေ
ဆန္ဒပြရန် စည်းရုံးသူ ထောက်ပံ့သူကို မရ ရအောင် ဖေါ်ထုတ်နိုင်ရန် သိသူများကူညီပေးကြပါ
ဂျာနယ်သတင်းထောက်များ သတင်းစာသတင်းထောက်များ ဆန္ဒပြရာတွင် ပါဝင်သူများအား ဘာကြောင့်ပြတာလဲ ဘယ်လိုခံစား ခဲ့ရလို့လဲ ဘယ်လိုဖြစ်စေချင်သလဲ ၄င်းတို့ဆန္ဒအတိုင်း ဖြစ်စေရန် ဘာအကူအညီ ပေးနိုင်သလဲ ၄င်းတို့ကရော တိုင်းပြည်အတွက် လူမျိုးအတွက် ဘာတွေ လုပ်ပေးခဲ့ပြီးပြီလဲ ဘယ်နေရာ ဘယ်ကဏ္ဌကနေပြီး ဘယ်လောက် ထောက်ပံ့ပေးခဲ့ပြီးပြီလဲ စသည့်အသေးစိပ် ကျသောအချက်အလက်များအား တွေ့ဆုံမေးမြန်း ပေးသင့်ပါသည်
တို့ဗမာတွေ တရက်မှ ဒီ ၃၅၀၀ လေးမက်ပြီးသူများခိုင်းတာလုပ်နေရပြီလားကွာ
.
ငါ့လခွေး သူကြီးနွှားပျောက်လဲဆန္ဒပြ ဓါတ်တိုင်ကမီးသီးကျွမ်းလဲဆန္ဒပြ။ဟုတ် ဟုတ် သေးတော့။
ဒီမိုကရေစီ ဆိုတာ
အဲလိုကြီးဆိုရင်ဖြင့်
နိုင်ငံတကာအတွက်တော့
ရီစရာကြီးဗျာ။
ဟီးဟီး
ငါတို့ လဲဆန္ဒပြ ချင် တယ် ဒါပေမဲ့ ရှက်တယ် ပြ ပေးမယ့် အဖွဲ့ အကျိုး ဆောင် ပွဲ စားတွေကို သိချင် ပါတယ် အကျိုး ဆောင် ခ လေး ရယ် လူ ဘယ်နှစ်ယောက်လဲ ဘယ် လောက် ကုန်မလဲ ဆိုတာ ပြော ပေးပါ ပြရမယ့် အ ကြောင်း က ကျွန် တော်ကဘူတာ နား နတော့ ရထား သံ ဆူညံပြီး အိပ်မရ လို့ ရထား သံတွေရပ် ပေးပါလို့ ရထားသံတွေရပ်သွား ရင် အကျိုးဆောင် ပေးတဲ့ ဆန္ဒပြ ပေး တဲ့သူ တွေကို ဘောက်ဆူး ထပ် ပေး ဦးမှာ နော် ။။ ၊ ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်