Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် (၂၂) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး အလုပ်သဘောညစာစားပွဲသို့ တက်ရောက်

From : ..သမ္မတရုံး





နေပြည်တော် ဧပြီ ၂၅

ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီ (၂၄) ရက် ည (၈) နာရီတွင် ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ ၀န်ကြီးချုပ်ရုံး၌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံဘုရင် ဆူလတန် ဟာဂျီဟာဆာနာလ် ဘိုကီးယား မူအစ်ဇာဒင်ဝါဒိုလာ က တည်ခင်းဧည့်ခံသည့် (၂၂) ကြိမ် မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး အလုပ်သဘော ညစာစားပွဲသို့ တက်ရောက်သည်။

အဆိုပါ အလုပ်သဘောညစာစားပွဲသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင် ဆူလ်တန်ဟာဂျီဟာဆာနာယ် ဘိုကီးယား မူအစ်ဇာဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆန်၊ အင်ဒိုနီးရှား သမ္မတနိုင်ငံသမ္မတ ဒေါက်တာဆူစီလိုဘမ်ဘန်းယူဒိုယိုနို၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာသွန်ဆင်းသမာဗောင်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၏ အထူး ကိုယ်စားလှယ် President of the Senate H.E Mr. Tan Sri Abu Zahar Ujang၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ ဘီနင်နိုအကွီနို၊ စင်ကာပူသမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီရှန်လွန်း၊ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စ ရင်လပ်ရှင်နာဝပ်၊ ဗယက်နမ်ဆိုရှယ်လစ် သမ္မတ နိုင်ငံ ၀န်ကြီးချုပ် ငုယင်တန်ဇွန်းနှင့် အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင် တို့ တက်ရောက်ကြသည်။

ရှေးဦးစွာ ညစာစားပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများအား ဘရူနိုင်းဒါရူဆလမ် နိုင်ငံဘုရင် ဆူလတန် ဟာဂျီဟာဆာနာလ်ဘိုကီးယား မူအစ်ဇာဒင်ဝါဒိုလာ က ရင်းနှီး ခင်မင်စွာ နှုတ်ဆက်သည်။

ယင်းနောက် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံဘုရင်နှင့် နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် အတူတကွ ညစာသုံးဆောင်ကြသည်။

ညစာစားပွဲအပြီးတွင် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် အာဆီယံနိုင်ငံများမှ၊ ဝန်ကြီးများသည် အလုပ်သဘောတွေ့ဆုံဆွေးနွေးကြသည်။
 
 
.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်