Subscribe to our RSS Feed

ဆန္ဒပြပွဲ အများဆုံး ရန်ကုန်တွင် အမှိုက်ပစ်သူ ၃၀ ရာခိုင်နှုန်း စည်းကမ်းမလိုက်နာ၊ ဆန္ဒပြပွဲထက် အမှိုက်ကောက်ပွဲများ လုပ်သင့်

From : ..the voice




မြန်မာနိုင်ငံ၌ လူဦးရေအများဆုံး နေထိုင်ရာ ရန်ကုန်မြို့တော်တွင် အမှိုက်စွန့်ပစ်သူ ဦးရေ၏ ၃၀ရာခိုင်နှုန်းသည် အမှိုက်ခွဲခြား စွန့်ပစ်ရမည်ဟု သတ်မှတ်ထားသည့် စည်းကမ်းကို လိုက်နာမှု မရှိကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား စွန့်ပစ်ရန် လိုက်နာမှုအားနည်းသည့် ဆင်ခြေဖုံးမြို့နယ် များတွင် ဒဂုံမြို့သစ်လေး မြို့နယ်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒလ နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်တို့ ပါဝင်ပြီး အမှိုက်စွန့်ပစ်သူများကို အမှိုက် စွန့်ပစ်အိတ် အခမဲ့မပေးနိုင်ခြင်းသည် လိုက်နာမှု အားနည်းသည့် အချက်တစ်ခု၌ ပါဝင်ကြောင်း ၄င်းကရှင်းပြသည်။

စနစ်တကျ အမှိုက်မစွန့်ပစ်သူ လူပေါင်း ၆၀၀ ကျော်ကို ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် တစ်ဦးလျှင် ကျပ် တစ်သောင်းဖြင့် ဒဏ်ရိုက်အရေးယူ ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ပတ်ဝန်းကျင် ထိန်းသိမ်ရေးနှင့် သန့်ရှင်းရေးဌာနထံမှ စုံစမ်းသိရှိရသည်။

အမှိုက်စွန့်ပစ်မှုသည် ရာနှုန်းပြည့် မအောင်မြင်သော်လည်း ယခင်ထက် ၇၀ ရာခိုင်နှုန်း အောင်မြင်နေပြီး အမှိုက် စနစ်တကျ စွန့်ပစ်နိုင်စေရန် မြို့နယ်နှင့် ရပ်ကွက်တိုင်းရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် အခြေခံပညာ ကျောင်းများတွင် ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

"အမှိုက်နဲ့ ပတ်သက်တဲ့ ညွှန်ကြားမှုတွေ၊ ဟောပြောပွဲတွေကို (၃၈) ရပ်ကွက်မှာ လုပ်တာ မရှိသေးဘူး။ မဖြစ်မနေ အမှိုက်ခွဲ ပစ်ရမယ်ဆိုလည်း အပန်းမကြီးပါဘူး" ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၈) ရပ်ကွက်တွင် နေထိုင်သူ ဒေါ်မီမီအောင်က ပြောကြားသည်။

ရန်ကုန်မြို့တော်တွင် တစ်ရက်လျှင် အမှိုက်စွန့်ပစ်မှု တန်ချိန် ၁၆၀၀ ကျော် ထွက်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။

အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား စွန့်ပစ်မှုစနစ်သည် ၂၀၁၁ခုနှစ် ဒီဇင်ဘာလ တွင်စတင်ခဲ့ပြီး ရာနှုန်းပြည့် အောင်မြင်နိုင်ရန်၊ အမှိုက်စွန့်ပစ်အိတ် များကို အခမဲ့ပေးရန် လိုအပ်ကာ အိတ်အခမဲ့ပေးရန် ဘတ်ဂျက်လိုအပ်မည် ဖြစ်သောကြောင့် သန့်ရှင်းရေးအခွန်ကို နေထိုင်သူအားလုံးက တာဝန်သိစွာ ပေးချေရန် လိုအပ်ကြောင်း YCDC မှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။


ဆန္ဒပြပွဲ အများဆုံး ရန်ကုန်တွင် အမှိုက်ပစ်သူ ၃၀ ရာခိုင်နှုန်း စည်းကမ်းမလိုက်နာသေးသဖြင့် ဆန္ဒပြပွဲထက် အမှိုက်ကောက်ပွဲများ ကို မီဒီယာသမားများက ဦးဆောင် လုပ်သင့်ကြောင့် မြန်မာ့အရေး သုံးသပ်သူများမှ ထောက်ပြလျှက်ရှိသည်။

.. www.MyanmarExpress.net
 

2 comments:

1-WE NEED TO MAKE OUR PEOPLE UNDERSTAND THE VALUE OF INDEPENDENT,DEMOCRACY,FREEDOM,HUMAN RIGHTS AND DUTY AND RESPONSIBILITY OF EACH CITIZEN TO OUR COUNTRY.
2-WE WANT GOOD CITIZEN AND GOOD POLITICIANS.
3-GOOD POLITICIANS MEAN HIS/HER PRIORITY IS FOR THE COUNTRY AND GENERAL PUBLIC.
4-GOOD POLITICIANS GIVE HIS/HER LIFE TO THE COUNTRY AND PUBLIC.
5-GOOD POLITICIANS ONLY MAINTAIN POSITIVE VIEWS AND OPINIONS.
6-GOOD POLITICIANS ALWAYS WORK FOR THE COUNTRY AND PUBLIC AND THEY ARE NOT BIAS AND SELFISH.
7-WE JUST GOT THE DEMOCRACY AND OUR PEOPLE LIKE TO PROTEST FOR ALL DISAGREEMENTS AND AT THE SAME TIME SOME ULTERIOR MOTIVE POLITICIANS CREATE THE PROBLEMS AND GETTING SITUATION WORSE.
8-WE THE PEOPLE OF REPUBLIC CAN GIVE PUNISHMENT TO ALL BAD POLITICIANS IN DEMOCRATIC WAY IF THEY ARE NO GOOD TO OUR COUNTRY AND OUR PEOPLE.DO NOT VOTE THEM.
9-VOTE ONLY GOOD POLITICIANS.

10-GENERALLY ALL PEOPLE ARE LAZY AND LIKE TO LIVE FREE.DO NOT LIKE RULES AND REGULATIONS.

11-ALL OUR CITIES ARE MOSTLY DIRTY AND NOT PROPERLY CLEAN BY CITY AUTHORITY.

12-ALL CITY AUTHORITY HAVE NOT PROPER GARBAGE CLEANING SYSTEM.

13-NEARLY ALL CITIZEN HAVE NO DISCIPLINE AND NOT FOLLOW CIVIC DUTY TO SUPPORT CITY AUTHORITY.

13-ALL CITIES AUTHORITIES ARE ALLOWING ILLEGAL STREET SHOPS,ILLEGAL MARKETS,ILLEGAL SHOPS NEAR SCHOOLS ETC.AND MAKE ALL CITIES VERY DIRTY.

14-CITY AUTHORITY PURPOSELY ALLOWING ALL ILLEGAL IN OUR CITIES TO GET EXTRA REVENUE FOR THE DEPARTMENT AND FOR PERSONAL INCOME.

15-WE NEED OUR GOVERNMENT TO MAKE NECESSARY LAW,ORDERS AND REGULATIONS AND ENFORCE ALL GOVERNMENT DEPARTMENTS,GOVERNMENT OFFICIALS AND GENERAL PUBLIC. TAKE SEVERE ACTIONS AND HEAVY FINE TO THOSE NOT FOLLOW THE RULES.

16-CITY OF YANGON WAS VERY DIRTY IN THE YEAR 1958 BUT VERY CLEAN UNDER THE INTERIM GOVERNMENT AND UNDER THE MAYOR,COLONEL TUN SEIN.

17-SINGAPORE WAS VERY DIRTY ALL THE TIMES BUT BECAME A CLEAN CITY AFTER GOVERNMENT ENFORCE RULES AND REGULATIONS.

WITH MYITTA...

သိပ်ကောင်းတဲ့ အိုင်ဒီယာပေါ့ဗျာ။
အဲဒီအမှိုက်ကောက်အဖွဲ့ကို ဦးဆောင်ဖို့
၈၈-လုပ်စားအဖွဲ့က
ကုလားမြအေး၊ ခေါကိုနိုင်နဲ့ သုတ်ကြောင်ဂျင်မီတို့ကို
တာဝန်ပေးပြီး
အမှိုက်သိမ်းအဖွဲ့ကိုတော့
eleven သန်းထွဋ်အောင်ကြီးကို တာဝန်ပေးလိုက်ပေါ့ဗျာ။
မြင်ကြည့်စမ်းပါ
ဘယ်လောက် လှပတဲ့မြင်ကွင်းလေးဖြစ်လိုက်မလဲနော်။
( နိုင်ငံတစ်ချို့မှာတော့ ပြစ်မှုရှိသူတွေကို လူမှုရေး၊ လုပ်အားပေးလုပ်ငန်းတွေမှာ အပြစ်ပေးခိုင်းစေတယ်လို့တော့ သိရတယ်)
( မြေလတ်လုလင် )

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်