Subscribe to our RSS Feed

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ကိုရီးယား သမ္မတ နိုင်ငံမှ ပြန်လည် ရောက်ရှိ

From : ..

ရန်ကုန်  ဧပြီ  ၂၇
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည်  ကိုရီးယား သမ္မတနိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Hon. Mr. KANG Chang- hee ၏ ဖိတ်ကြား ချက် အရ ကိုရီးယား သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ပြီး ယမန်နေ့ည ၁ဝ နာရီ ၄၅ မိနစ်က လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့  ပြန်လည် ရောက်ရှိ လာသည်။
မြန်မာ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးတင်အောင်၊  လွှတ်တော် ကိုယ်စား လှယ်များ၊ မြန်မာ နိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Kim Hae-Yong နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိ သူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌  ကြို ဆို နှုတ်ဆက် ကြသည်။


.. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်