Subscribe to our RSS Feed

ဥရောပသမဂ္ဂကောင်စီက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်ရပ် ချမှတ်



အီးယူသံအမတ်ကြီးများသည် ဧပြီ ၁၇ ရက်တွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ပယ်ဖျက်ရေးအတွက် ဆွေးနွေး ခဲ့ကြပြီး ဧပြီ ၂၂ ရက်တွင် အီးယူဝန်ကြီးများ အစည်းအဝေး၌ အတည်ပြုချက်ရရှိခဲ့သည်။

လူဇင်ဘတ်နိုင်ငံ၌ ဧပြီ ၂၂ ရက်က ကျင်းပသော ဥရောပသမဂ္ဂကောင်စီ၏ (၃၂၃၆) ကြိမ်မြောက် နိုင်ငံခြား ရေးရာ အစည်းအဝေးတွင် ထုတ်ပြန်ချက် တစ်ရပ်ကို ချမှတ်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံမှ သိသာထင်ရှားသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထောက်ခံ ၍ စောင့်ကြည့်ခဲ့ကြောင်း၊ ဥရောပသမဂ္ဂသည် ဒီမိုကရေစီအတွက် ဖွံ့ဖြိုး တိုးတက်မှု၊ အားကောင်းသော လွှတ်တော် လွှတ်လပ်စွာ ထုတ်ဖော်ခွင့်၊ အစိုးရအဂတိ လိုက်စားမှု တိုက်ဖျက်ရေး အတွက် ကြိုးပမ်းမှုများ၊ ကျန်ရှိသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အတွက် အစိုးရ၏ ကြိုးပမ်းမှုများ စသည်တို့ကို ကြိုဆိုပါကြောင်း၊ အီးယူသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကဏ္ဍသစ် ဖွင့်လှစ်ရန် ဆန္ဒရှိသည့်အလျောက်အမြဲတမ်း ပါတနာရှစ် အတွက် တည်ဆောက်ခြင်းကို တိုင်းပြည်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးအတွက် မြှင့်တင်ရန် လုပ်ဆောင်လျက် ရှိပါကြောင်း၊ မြန်မာ နိုင်ငံ၏ ဖြစ်ပေါ်ပြီးသော ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင် ရန် မျှော်လင့် လျက် ဥရောပသမဂ္ဂ ကောင်စီသည် လက်နက် ရောင်း ဝယ်မှုကို နဂိုအတိုင်း ဆက်လက်ပိတ်ပင်ထားသည်မှလွဲ၍ အရေးယူ ပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်း ပေးရန် ဆုံးဖြတ် ခဲ့ကြောင်းဖြင့် ဖော်ပြထားသည်။

ယင်းသို့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ပယ်ဖျက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျှံဟိဂ်က ''မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်စရာတွေ ရှိနေပေမယ့် အခုဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများဟာ သိသာထင်ရှားပြီး လေးနက်တဲ့ အဓိပ္ပာယ်ဆောင်တဲ့အတွက် ပိတ်ဆို့ မှုတွေကို အပြီးတိုင် ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်။မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်စေဖို့နဲ့ ပဋိပက္ခတွေဖြေရှင်း ပေးနိုင်ရေး အတွက် ဆက်လက် ကူညီသွားမယ်''ဟု ပြောကြား ခဲ့သည်။

အလားတူ အီးယူနိုင်ငံခြားရေး မူဝါဒရေးရာအကြီးအကဲ ကတ်သရင်းအက်ရှတန်းကလည်း ယနေ့တွင် ကျွနှ်ပ်တို့ သည် မြန်မာနိုင်ငံအပေါ် နိုင်ငံရေး ၊ စီးပွားရေးအရ ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းပြီး မြန်မာ နိုင်ငံနှင့် ကာလကြာမြင့်စွာ တည်ရှိခဲ့သည့် ဆက်ဆံရေး အခန်းကဏ္ဍတစ်ရပ်ကို ပိတ်လိုက်ပြီဖြစ်ကြောင်း၊ လက်နက် တင်ပို့ရောင်းချမှု တစ်ခုတည်းသာ ကျန်ရှိတော့ကြောင်း၊ လူ့အခွင့်အရေး ဒီမိုကရေစီအရေး ဒီမိုကရေစီ အရေး၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့် ရေရှည်ငြိမ်းချမ်းမှု တည်ဆောက်နိုင် မှုကဲ့သို့ သော ဆောင်ရွက် ဖွယ်ရာ အများအပြား ကျန်ရှိသည်ကို သိရှိထားသည့်အလျောက် စိန်ခေါ်မှုများကိုလည်း မိမိတို့ အနေဖြင့် လျှော့တွက်၍ မရကြောင်း မည်သို့ပင်ဖြစ်စေ ယခုအချိန်သည် ထိတွေ့ဆက်ဆံမှုများကို ပိုမိုပြုလုပ် ပေးရမည့် အချိန်ဖြစ်ပြီး ရှေ့တွင် ရင်ဆိုင်ရဦးမည့် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များအတွက် ကူညီပံ့ပိုး ပေးကြရမည်ဖြစ်ကြောင်း၊ ယင်းစိန်ခေါ်မှုအားလုံးကို လွတ်လပ်ပွင့်လင်းသည့် ဒီမိုကရေစီ လူ့ဘောင် အတွင်း ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းသွားနိုင်မည်ဖြစ်ကြောင်း မိမိတို့ အနေဖြင့် မြန်မာနိုင်ငံ အစိုးရနှင့် လည်းကောင်း၊ အခြားသော သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနှင့် လည်းကောင်း နီးနီး ကပ်ကပ် ပူးပေါင်းဆောင်ရွက် သွားနိုင်မည်ဟု မျှော်လင့် ထားပါကြောင်း၊ ပြည်သူများသည် ၎င်းတို့နှင့် ထိုက်တန်သည့် ဒီမိုကရေစီ၊ ငြိမ်းငြိမ်း ချမ်းရေးနှင့် သာယာဝပြောရေးကို အလိုရှိကြပါ ကြောင်းဖြင့် ပြောကြား ခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ ဦးဝင်းအောင် ကလည်း "၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အစိုးရသစ် တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ မှုကြောင့် ယမန်နှစ်က အီးယူဟာ မြန်မာ နိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုများကို တစ်နှစ်တာ ဆိုင်းငံ့ပေးခဲ့ပါတယ်။သို့သော်လည်း မြန်မာ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုကြတဲ့ ဥရောပမှကုမ္ပဏီ အဖွဲ့အစည်းများနဲ့ လုပ်ငန်းရှင်များအနေနဲ့ မြန်မာ နိုင်ငံကို လာရောက် ခဲ့ချိန်နဲ့ ဆက်သွယ်စုံစမ်းချိန်များမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေလက်တွေ့လုပ်ဆောင်ရန်မှာ ကန့်သတ်ချက် အချို့ရှိမှုနဲ့ အတူ စိုးရိမ်မှုတွေရှိတာ သိရပါတယ်။

ယခုအခါမြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေးနဲ့လူမှုရေး ပြုပြင်းပြောင်းလဲမှုတွေ ထပ်မံတိုးတက် ဖြစ်ပေါ် လာမှုကြောင့် အီးယူက လက်နက်တင်ပို့မှုမှလွဲပြီး ပိတ်ဆို့အရေးယူထားမှုအားလုံးကို ပယ်ဖျက်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်ဥရောပက ရင်းနှီးမြှုပ်နှံလိုကြတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းနဲ့ လုပ်ငန်းရှင်များအနေနဲ့ အခြား နိုင်ငံများနဲ့ ယှဉ်ပြိုင်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်မှာဖြစ်လို့ အကျိုးတူဖက်စပ် စီးပွားရေး လုပ်ငန်းတွေ ပိုမိုပြုလုပ်နိုင်မှု၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ ကုန်ထုတ်လုပ်မှုတွေလည်း မြင့်မား လာမှာဖြစ်ပါတယ်။

အီးယူရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းမှုနဲ့အတူအခွန်သက်သာခွင့်(GSP )လည်း တစ်ဆက်တည်း ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီရလဒ်တွေကြောင့် အလုပ်အကိုင် အခွင့်အလမ်း များစွာ ဖြစ်ပေါ်လာပြီး အခြေခံအလုပ် သမားတွေရဲ့ တစ်ဦးချင်း ဝင်ငွေလည်း မြင့်မား တိုးတက်လာမှာ ဖြစ်သလို လူနေမှုဘဝတွေလည်း မြင့်မားလာမှာဖြစ်ပါတယ်။ ဒါကြောင့်အီးယူရဲ့ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှု အားလုံး ရုပ်သိမ်းခဲ့ကြောင်းဆုံးဖြတ်ချက်အပေါ် ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါတယ်'' ဟု ပြောကြား ခဲ့သည်။
.


. www.MyanmarExpress.net
 

3 comments:

ပိတ်တော့လည်းမင်းတို့။ဖွင့်တော့လည်းမင်းတို့။ငါတို့ဆီက ဈေးအိမ်သာကျနေတာဘဲ။အဟုတ်။

ဘ ကြီး ရေ တူ သော အ ကျိုး ပေး ကြ မှာ ပါ ။ ပြိ တ္တာ တွေ ဆို တာ ပိတ် တဲ့  သူ ရော အ ပိတ် ခိုင်း တဲ့  သူ ရော နောက် ဘ ဝ မှာ ဖြစ် ကြ မှာ ပေါ့ ။ by green man.

Tharr Gyi dawt gwin meet p.larr

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်