Subscribe to our RSS Feed

စေတီပုံပါ ထမိန်စများ ရောင်းချခဲ့သော အထည်ဆိုင် ပိတ်သိမ်းထားရ

From : ..mizzima

 ဗုဒ္ဓဘာသာ စေတီပုံပါ ပိတ်ထည်စများ ရောင်းချမိ၍ ရန်ကုန်မြို့၊ မင်္ဂလာဈေး အတွင်းရှိ
မေခလာသိန်း အထည်ဆိုင်ကို ဆက်လက်ရောင်းချခြင်း မပြုရဲတော့ဘဲ ပိတ်ထားရကြောင်း အထည်ဆိုင် ပိုင်ရှင် ဦးကျော်လှိုင်သိန်း က ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။


May-kha-lar-Thein-3-1


ဧပြီလ ၁၁ ရက်နေ့က စေတီပုံပါ အထည်စများ ထိုဆိုင်မှ ဝယ်ယူမိသည့် ဇနီးမောင်နှံက တိုင်ကြား၍ အထည်ဆိုင်၊ ဂိုထောင်နှင့် ဆိုင်ရှင်၏ နေအိမ်သို့ မင်္ဂလာတောင်ညွှန့် ရဲစခန်းမှ လာရောက်ရှာဖွေ၍ အထည်များကို သိမ်းဆည်းသွားခဲ့သည်။

ထိုသို့ ဈေးကွက်များတွင် စေတီပုံပါသော အထည်စများ ရောင်းချမိခြင်းကြောင့် ရှိပြီး ပဋိပက္ခ အခြေအနေများကို ပိုပြီး ကြီးထွားစေနိုင်ကြောင်း နိုင်ငံတော် သံဃာမဟာနာယက၊ ထေရဝါဒ ဓမ္မကွန်ယက် အကြံပေး ရှေ့နေ ဦးအေးပိုင် က ဆိုသည်။

“ဂျာနယ်တွေမှာ ဖော်ပြထားတဲ့ စေတီပုံ ပါတဲ့ အထည်စတွေက ယောက်ျားလေး ဝတ်တွေလည်း မဟုတ်ဘူး။ မိန်းကလေးတွေ ဝတ်လေ့ရှိတဲ့ ထမီပုံစံမျိုးတွေပဲဖြစ်တယ်။ ဒီဟာတွေကို ရောင်းရမယ်ဆိုပြီး နောက်ကနေ ကြိုးကိုင်တဲ့ အဖွဲ့စည်းတွေ ဘာတွေတော့ မရှိနိုင်ပါဘူး” ဟု ဦးအေးပိုင် က ခန့်မှန်းသည်။


လက်ရှိတွင် ဆိုင်ပိုင်ရှင် ဦးကျော်လှိုင်သိန်း အား သာသနာတော် ညှိုးနွမ်းစေမှုအဖြစ် ပုဒ်မ ၂၉၅ ဖြင့် မင်္ဂလာတောင်ညွှန့် ရဲစခန်းမှ အရေးယူထားပြီး အာမခံ ရရှိထားသည်။ 

10 comments:

ထိထိရောက်ရောက်အရေးယူသင့်တဲ့ကိစ္စပါ..ဘာဖြစ်လို့အာမခံပေးထားတာလဲအသတ်ခံရအောင်လား

အ ရေးယူရမှာဘဲ ဘာသာရေး ကိစ္စ ကိုအထိခို က်မခံနဲ့

ဘာပဲလုပ်လုပ် မိမိအကျိုးစီးပွား တခုပဲမကြည့်ပါနဲ့

မင်္ဂလာဈေးကဆိုင် ရှင်တွေအဲဒီကောင်တွေကိုဆိုင် ပြန်မဖွင့်စေနဲ့အန္တရာယ် ရှိတယ်

အသေးအမွှားကအစ ထိရောက်စွာအရေးယူသင့်ပါတယ်

ဘကြီးမင်းတို့ကိုသမိုင်းကြောင်းလေးပြောပြမယ်။အာဖကန်နစ်စတန်မှာ ဗုဒ္ဓဘာသာ၇ုပ်ပွားတော်တွေကိုတာလီဘန်တွေဖျက်ပြီးမကြာခင်သည် ကောင်တွေခွေးပြေးဝက်ပြေး ပြေး၇တယ်။ဗုဒ္ဓဘာသာဆိုတာဘယ်သူမှမလေးမစားလုပ်လို့မ၇ဘူး။တန်ပြန် ဒဏ်ခံ၇ မှာသေချာတယ်။ခု ဘဲကြည့်လေ။ဘု၇ား၇ိုက်နေပြီလေ။

အဲဒီဆိုင် ဖွင့်ရဲဖွင့်ကြည့် ဒီနေ့ ဖွင့်နောက်နေ့ မီးရှိုပစ်မယ်

တကယ်လုပ်ရဲမှဖင်ခေါင်းကျယ်စမ်းပါဗျာ

AVOID ,MUSLIM,,SHOP AND MAY KHALAR THEIN SHOP..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်