Subscribe to our RSS Feed

စာနယ်ဇင်း လွတ်လပ်ခွင့်ပေးပြီးနောက် အဆိပ်ဖြစ်စေတဲ့ စာတွေများလာကြောင်း RFA မှ ဖော်ပြ

From : ...OE



မြန်မာနိုင်ငံမှာ အစိုးရက စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဖွင့်ပေးလိုက်တဲ့နောက်ပိုင်း ပြည်သူတွေကို အ ဆိပ် အတောက်ဖြစ်စေတဲ့ စာပေတွေ အများအပြား ထွန်းကား လာနေတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိ ယ ဝန်ကြီး ဦးပိုက်ထွေးက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာပြုလုပ်တဲ့ ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း(ဥပဒေကြမ်း) ရှင်းလင်း တင်ပြခြင်း နဲ့ အကြံဥာဏ်တောင်းခံခြင်း အခမ်းအနားမှာ ပြည်ထောင်စု ဒုတိယဝန်ကြီးက အခု လိုပြောကြား လိုက်တာဖြစ်ပါတယ်။

"တင်ထုတ်စနစ်ကနေ ထုတ်တင်စနစ်ကို ကျွန်တော်တို့ ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။ အဲဒီလိုကျင့်သုံး လိုက် ပြီးနောက် ပိုင်းမှာပေါ့လေ အခုအချိန်အထိ ဘာတွေဖြစ်လာလဲဆိုတော့ ကျွန်တော်တို့ ဂျာနယ်တွေ၊ မဂ္ဂ ဇင်းေ တွမှာ ပြည်သူလူထုကို အဆိပ်အတောက်ဖြစ်စေတဲ့ ရေးသား မှုမျိုးတွေ တစ်စတစ်စ များပြား လာနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်"

ပြန်ကြားရေးဌာနရဲ့ စာရင်းပြုစုချက်အရ ပြီးခဲ့တဲ့မတ်လအထိ လောင်းကစားကိစ္စရပ်တွေကို အားပေး လှုံ့ေ ဆာ် တဲ့ ဂျာနယ်အမျိုးအစား ၁၃ မျိုးနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ ရေးသားချက်၊ ဖော်ပြချက်နဲ့ ဓာတ်ပုံတွေ ပါဝင်တဲ့ ဂျာနယ်အမျိုးအစား ၄၆ စောင်ထိတွေ့လာရတယ်လို့ ဝန်ကြီးကဆိုပါတယ်။

ဒီဥပဒေမူကြမ်းကို အတည်ပြုပြီး နည်းဥပဒေတွေနဲ့ အသက်ဝင်လာတဲ့အခါမှာ ဒီအဆိပ် အတော က်စာပေတွေကို ထိန်းချုပ်သွားနိုင်မှာ ဖြစ်တယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

ဒီကနေ့ စစ်တွေမြို့မှာပြုလုပ်တဲ့ အခမ်းအနားဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို အတည်ပြုနိုင် ဖို့အတွက် ဒေသခံတွေရဲ့ သဘောထားဆန္ဒနဲ့ အကြံဥာဏ်တွေကို အခုလ ၃၀ ရက်နေ့ နောက် ဆုံးအထိ တောင်းခံခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အဲဒီအကြံပြုဆွေးနွေးချက်တွေကို ဥပေ ဒပြုရေး အဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန မူပိုင်ခွင့်နဲ့ မှတ်ပုံ တင်ဌာ နခွဲက ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ဒီအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အခုလို ဥပဒေမူကြမ်းအတွက် အကြံဥာဏ်တောင်းခံတာတွေကို အခြားတိုင်းနဲ့ ပြည်နယ် အချို့မှာ လည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒီအခမ်းအနားကို ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ ဥပဒေပညာရှင်တွေ၊ စာပေပညာရှင်တွေ စုစုပေါင်း ၇၀ လောက် က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

. www.MyanmarExpress.net

2 comments:

ဘယ်ကောင်ကအချောင်သမား။ဖော်လံဖား။သာကူးဆိုတာတွေသိလာမှာပါ။

ဟုတ်ပ။တချို့စာနယ်ဇင်းသမားတွေကငတေမာပြီးေ၇ာလုပ်နေကြဒါ။မပေါ့်တပေါ်ပုံတွေထည့်။ကပ်ဖား၇ပ်ဖားနင်ငံ့ခေါင်းဆောင်ပုံ ကြီးတွေထည့်။စာတွေကတော့အေ၇မ၇အဖတ်မ၇။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်