Subscribe to our RSS Feed

နိုင်ငံအဝှမ်း ရေပြတ်လပ်ရှားပါးသဖြင့် ပြည်သူအများ ဒုက္ခရောက်နေချိန် ဒေါ်အောင်ဆန်းစုကြည် မွန်ဂိုလီးယား သို့ထွက်ခွာ


ဧရာဝတီတိုင်း၊ ပဲခူးတိုင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ ရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်ကာ လူထု ဒုက္ခရောက်နေချိန် တွင် လူထုခေါင်းဆောင် ဆိုသူ ဒေါ်အောင်ဆန်းစုကြည် မွန်ဂိုလီးယားနိုင်ငံသို့ ပြုံးပျော်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားနိုင်ငံသို့ ရက်သတ္တတစ်ပတ် ကြာမြင့်မည့် ခရီးစဉ်သွားရောက်ရန် ဧပြီလ ၂၇ ရက် ည ၁၁ နာရီ ၄၅ မိနစ်က KE472 - KOREAN AIR လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင် ထွက်ခွာသွားသည်။ သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ရိုးရာ သင်္ကြန် နှင့် နှစ်ဆန်း ၁ ရက်နေ့ ကာလများတွင်လည်း ဂျပန်နိုင်ငံတွင် အချိန်ကုန်ခဲ့ပြီး ရခိုင်တိုင်းရင်းသားတို့ သတ်ဖြတ် မီးရှို့ခံရချိန်ကလည်း သားနှင့် မြေးများနေထိုင်ရာ ဥရောပသို့ထွက်ခွာခဲ့ သည်။

နိုင်ငံအတွက် အရေးကြီးသော အချိန်များတွင် အမြဲလိုလိုခေါင်းရှောင် တတ်သည့် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံသို့ တသက်လုံးပြန်မလာရန် လူထုမှ ဆန္ဒရှိလျှက်ရှိကြောင်း သတင်းရရှိသည်။


ပဲခူးတိုင်း သဲကုန်းမြို့နယ် အတွင်းရှိ ကျေးရွာ အုပ်စုများတွင် သောက်သုံးရေ ပြတ်လပ်လျက်ရှိ

 

ပဲခူးတိုင်း သဲကုန်းမြို့နယ် ရပ်သာကျေးရွာ အုပ်စုအတွင်းရှိ ရေတွင်းရေကန် များမှာ ခန်းခြောက်၍ သောက်သုံးရေ ခက်ခဲလျှက် ရှိကြောင်း သတင်းရရှိသည်။
ထိုသို့ရေချို ထွက်ရှိသော ရေတွင်းရေကန်များ ခန်းခြောက်ပြီး ထွက်လာသော ရေများမှာလည်း ရေငန်များ ဖြစ်သောကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်လျှက် ရှိကြောင်း သတင်း ရရှိသည်။
ထိုကြောင့် ၂၀၁၃ ဧပြီ ၂၂ ရက်နေ့ (၁၅၃၀)အချိန်မှ (၁၇၃၀) အချိန်ထိ နယ်မြေခံ တပ်ရင်း ဖြစ်သော ခလရ (၈၀) မှ ဂါလံ ၁၂၀၀ ဆန့် ရေကားဖြင့် ရပ်သာကျေးရွာ ဝါးလည် ကျေးရွာနှင့် စံပါယ်ကန် ကျေးရွာရှိ အိမ်ထောင်စု (၁၂၉) စုအတွက် သောက်သုံးရေများ လိုက်လံဝေငှ ပေးလျှက်ရှိကြောင်း သတင်း ရရှိသည်။


ကြံခင်းမြို့နယ် ကျည်တိုင်ကွင်း ကျေးရွာ၌ နယ်မြေခံ တပ်မတော်သားများက ရေပေးဝေခြင်းများ ဆောင်ရွက်ပေး 

 

နေပြည်တော် ဧပြီ  ၂၅
ဧရာဝတီတိုင်း ဒေသကြီး ကြံခင်းမြို့နယ် ကျည်တိုင်ကွင်း ကျေးရွာ၌ နေထိုင်သော အိမ်ခြေ ၉ဝ ရှိ လူဦး ရေ ၃၃၇ ဦးတို့သည် သောက်ရေနှင့် သုံးရေများ   ပြတ်လပ်မှုများ ကြုံတွေ့နေရသဖြင့် နယ်မြေခံ တပ်မတော် သားများက ရေသယ်ယာဉ်များဖြင့် ဧပြီ ၁၅ ရက်မှ ၂၃ ရက် အထိ  သောက်ရေနှင့် သုံးရေများကို သယ်ယူ ပို့ဆောင် ကူညီပေးကြသည်။
အဆိုပါ ကျေးရွာသို့ မြန်အောင်မြို့နယ် ဂွေးတောက်ကုန်း ကျေးရွာနှင့် ၎င်းရွာ၏   သုံးမိုင်ခန့် အကွာရှိ ကျောက်ခွဲစခန်းမှ ရေဂါလန် စုစုပေါင်း ၁၅၄ဝဝ ဂါလန်အား ပို့ဆောင် ကူညီ ပေးခဲ့ကြောင်းနှင့် ရေလိုအပ်ချက် အပေါ် မူတည်၍ တပ်မတော်သားများက ဆက်လက်ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။     
    

သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့ နေရသော ကျေးရွာများသို့ နယ်မြေခံ တပ်မတော် သားများက သောက်သုံးရေများ ဖြန့်ဝေပေး



နေပြည်တော်  ဧပြီ   ၂၇
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ကနီမြို့နယ် အောင်မင်္ဂလာ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများ၌ သောက်သုံးရေ ပြတ်လပ်မှုများ ကြုံတွေ့ နေရသဖြင့် နယ်မြေခံ တပ်နယ် စိုက်ပျိုးရေးခြံ အတွင်းရှိ အဝီစိတွင်းမှ ရေစုပ်စက်ဖြင့် ပေးဝေရာ ပတ်ဝန်းကျင် ကျေးရွာများမှ ရေစည် လှည်းများဖြင့် လာရောက် သယ်ဆောင် ကြသည်။ ဝေးလံ၍ လာရောက် သယ်ယူရန် ခက်ခဲသော ကျေးရွာ လူထုများသို့ တပ်မတော် ရေသယ်ယာဉ်ဖြင့် ပို့ဆောင် ဖြန့်ဝေရာ ဧပြီ ၂၆ ရက်က ရေဂါလန် စုစုပေါင်း ၅ဝဝဝ ခန့် ဝေပေးခဲ့ကြောင်း သတင်း ရရှိသည်။
အလားတူ ဧပြီ ၂၇  ရက်တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း သောက်သုံးရေ ရှားပါးလျက် ရှိသော ဇလောင်းမြောက် ကျေးရွာ၊ သစ်ရာကုန်း ကျေးရွာ၊ သူဌေးကုန်း ကျေးရွာ နှင့် သံပုရာကုန်း ကျေးရွာများသို့ သောက်သုံးရေ ဂါလန် ၉၆ဝဝ ဖြန့်ဝေ ပေးခဲ့ပြီး သစ်ရာကုန်း ကျေးရွာ ဘုန်းကြီးကျောင်း ရေတင်ရာတွင် လိုအပ်သည့် ဒီဇယ်ဆီ ၂၅ ရက်စာ အတွက် ကုန်ကျ စရိတ် များ ပေးအပ် လှူဒါန်းခဲ့သည်။
ထို့အတူ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကဇိုင်း ကျေးရွာနှင့် ဘုရားကျေးရွာ၊ သိမ်ဇရပ် မြို့နယ် ဝါးနက်ကွင်း ကျေးရွာတို့တွင် ရေလုံလောက်စွာ မရရှိသဖြင့် တပ်မတော် သားများက တပ်ပိုင် ရေ ယာဉ်များဖြင့် ရေဂါလန် ၁ဝ၄ဝဝ အား ဖြန့်ဝေ လှူဒါန်းခဲ့သည်။
အဆိုပါ သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့ နေရသော ကျေးရွာများသို့ သောက်သုံးရေ လိုအပ်ချက် အပေါ် မူတည်၍ နယ်မြေခံ တပ်မတော် သားများမှ ဆက်လက် ပေးပို့လှူဒါန်း သွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။   

.. www.MyanmarExpress.net
 

5 comments:

သွားလှချည်လား ကြီးတော်၇။အသွားမတော် တလှမ်းတဲ့။ခေါ်တိုင်းသွား နေ၇တာ မိန်းမဈေး ပျက်ပါတယ်ဗျာ။ဟိုဟာတွေနဲ့တတန်းတည်းစား ထင်နေပါအုံးမယ်။

မွန်ဂိုလီးယားဆိုတော့မွန်ဂိုတွေကလီးယားနေကြတာပေါ့နော်ဒေါ်စုကဘာသွားလုပ်တာလဲ

is the drought because of dassk?the fool

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်