Subscribe to our RSS Feed

EU မှ ပိတ်ဆို့မှု ရုတ်သိမ်းခြင်းအား ဝမ်းမြောက်စွာ ကြိုဆို




 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂမှ ချမှတ်ထားသော စီးပွားရေးဆိုင်ရာ ပိတ်ပင် ကန့်သတ်ချက် အားလုံးအား ရုပ်သိမ်းလိုက်သည့် ဥရောပသမဂ္ဂ၏ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၂ ရက် ဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာ ကြိုဆိုပါသည်။

ဥရောပသမဂ္ဂသည် မြန်မာအစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသော ပြုပြင်ရေးဆိုင်ရာ ကြိုးပမ်း အားထုတ် မှုများကို စိတ်အားထက်သန်စွာ ထောက်ခံ အားပေးလျက်ရှိပြီး ကနဦးအနေဖြင့် ၂၀၁၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပိတ်ပင် ကန့်ကတ်မှု အများစုကို တစ်နှစ်ဆိုင်းငံ့ထားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲ မှုများကို ပြင်းပြစွာ လိုလားလျက် မြန်မာအစိုးရ၏ လွန်ခဲ့သော (၂) နှစ်ကာလအတွင်း ဆောင်ရွက်ခဲ့သော ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များကို တက်ကြွစွာ ထောက်ခံလျက်ရှိသည့် ပြည်သူများကိုများစွာ အကျိုးရှိစေမည်ဟု ယုံကြည် ပါသည်။

ဥရောပသမဂ္ဂဘက်မှ စီးပွားရေး ပိတ်ပင်ကန့်သတ်မှုများ အားလုံးကို ရုပ်သိမ်းလိုက်ခြင်းသည် မြန်မာ- အီးယူ ဆက်ဆံ ရေးကို အားပေးရာ ရောက်သည့်အပြင် ပိုမိုနက်ရှိုင်းကျယ်ပြန့်သော နှစ်ဘက်ပူးပေါင်း ဆောင်ရွက်ခြင်းကိုပါ အကျိုးပြုမည် ဖြစ်ပါသည်။

.
. www.MyanmarExpress.net
 

1 comments:

မောင်EU လေး လိမ္မာလာပြီ။အမြင်မှန်၇လာပြီ။သာဓုပါကွယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်