၂၀၁၀ အစိုးရသစ် တက်လာပြီးနောက်ပိုင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏
ဦးဆောင် ဦးရွက်ပြုမှုဖြင့် အတိုက် အခံခေါင်းဆောင်များ၊ တိုင်းရင်းသား
ခေါင်းဆောင်များသည် နိုင်ငံတော် တစ်ရပ်လုံး တည်ငြိမ် အေး ချမ်း
တိုးတက်ရေးအတွက် ဆောင်ရွက်လျှက် ရှိသည်။ ထိုအချိန်တွင် အစိုးရနှင့်
တပ်မတော်အကြား သွေး ကွဲစေပြီး အစိုးရအပေါ် အကြည်အညိုပျက်စေရန်နှင့်
တပ်မတော် အပေါ် စော်ကားပုတ်ခတ်မှုများ ဖြစ် လာစေ ရန် သားသမီးများ၏ အပျော်သဘော
လုပ်ဆောင်မှုများကို လုပ်ကြံသတင်းများ ဖန်တီး၍ ရည် ရွယ် ချက် ရှိရှိ လုပ်
ဆောင်လျှက် ရှိသည်။
ထိုသို့ လုပ်ကြံသူများအနက် The Ladies ဂျာနယ်မှ အယ်ဒီတာ ဖြစ်သူ
ခွန်ဒီးယမ်း၏ အင်တာနက် စာ မျက်နှာ တွင် ရှင်သာမဏေ၀တ်သည့် အရွယ် တိုင်းမှူး
တစ်ဦး၏ သားဖြစ်သူမှ ကစားစရာ သေနတ်များဖြင့် ရိုက် ထား သော ဓာတ်ပုံကို တင်၍
ရန်ကုန်မြို့ပေါ်မှာ လက်နက်ကိုင်ဆောင်နေသော တိုင်းမှူး ရဲ့သား စည်သူထွဋ်။
သေနတ်က ကျည်ဆံအစစ်ဖြစ်။ ရန်ကုန်မှာအသောင်းကျန်းဆုံးနာမည်ကြီး
ပြိုင်ကားဂိုဏ်း double black diamond (BDB) ဖွဲ့ထားကြောင်းသိရ ဆိုသည့်
ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ် လုပ်ကြံ ဖန်တီး ခဲ့သည်။
ထို သတင်းကို ၄င်းတို့ အကောင့်ခွဲ များမှ တစ်ဆင့် ရန်ကုန်တွင်
စစ်ဗိုလ်ချုပ် သားသမီးများ လက်နက်များ စုဆောင်း ထား၊ ဗိုလ်ချုပ်
သားသမီးများ သောင်းကျန်းကြ အစရှိ သဖြင့် တပ်မတော်ကို အကြည်ညို ပျက်စေ သည့်
သတင်းခေါင်းစဉ် အမျိုးမျိုး တပ်၍ ဆက်လက်ဖြန့်ဝေခဲ့ကြသည်။
တံဆိပ်ပါသော သေနတ်
အသား တံဆိပ်၊ ထုတ်လုပ်သည့် နိုင်ငံပါသည့် သေနတ်
ပုံစံတူ ကစားစရာ သေနတ်များ
ဓာတ်ပုံပါ သေနတ်မှာ Walther PPK/S .22LR အမျိုးအစားနှင့် ဆင်တူပြီး အတုနဲ့
အစစ် ကွာခြားချက်မှာ အလေး ချိန်နှင့် ကိုယ်ထည် သည် အလှကိုင်ယုံ ပြောင်ချော
ဖြစ်နေသည်သာ ကွဲလွဲသည်။ သာမန် ပြည်သူများအဖို့ ထင်ယောင်ထင်မှား ဖြစ်မည်
သာမက သားသမီးများကို လက်နက်များ ပေးထားသလား ဆိုသည့် သံသယ စိတ်များလည်း ကြီး
ထွား လာမည် ဖြစ်သည်။ အဆိုပါ တိုင်းမှူးသား ဆိုသူသည် ၁၉.၄.၂၀၁၃ တွင် ရှင်သာ
မဏေ ပြုသည့် အရွယ်ဖြစ်ပြီး၊ ကလေးစိတ်သာ ရှိကာ ရိုက်ထားသည့် ဓာတ်ပုံ များ
မှာလည်း ကလေးဆန်ဆန် ရိုက် ထားခြင်းသာ ဖြစ်သည်။
ပြည်တွင်း ဂျာနယ်တစ်ခုမှ အယ်ဒီတာ တစ်ဦးသည် ထိုသို့သော အပုပ်ချ သတင်းများကို
၎င်း၏ စာမျက်နှာ တွင်မက ဂျာနယ်တွင်လည်း အမြဲ ရေးသားလျှက်ရှိသော်လည်း
ထိရောက်သည့် အရေးယူမှု မရှိသေး ပေ။
ယနေ့ အချိန်အခါသည် အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့ စုစည်းညီညွှတ်စွာဖြင့်
တိုင်းပြည် တိုးတက်ရေး လုပ်ဆောင်နေချိန်တွင် ထိုသို့သော ကိစ္စများအား
ဆင်ခြင်နိုင်ကြစေရန် ရေးသားလိုက်ပါသည်။
4 comments:
မအေပေး ဂျာနယ်ေ၇ာင်း ၇ ပြီးေ၇ာ လုပ်နေသလားမသိဘူး။
ကဲ. ကလေးတွေကလဲ ဆော့မနေနဲ့တော့.ကလေးဆိုတော့လဲ ခက်သား
ပြောရခက်တယ်. အခုလိုအဖျက်သမားတွေများတာသိလာရင်နောက်ကျ
မဆော့ကျနဲ့ကြားလား လူလေးတို့. အဲအဖျက်သမားတွေကလဲ
ဒီမို၇ူးတွေ၊၈၈ကစောက်ရူးတွေ၊ကုလားလခစားတွေများတယ်နော်
ကလေးတို့. နောက်မဆော့ကျနဲ့ အဘစကားနားထောင်ကျ ကြားလား
Dar kha lae a ywel larr? Min tha mee nelt nya pae Ait lite par larr?
သြော် က လေး တဲ့ လား ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်