Subscribe to our RSS Feed

ပဲခူးတိုင်း ကျေးရွာ အချို့ သောက်သုံးရေ ပြတ်လပ်၊ စစ်တပ်မှတပါး အားကိုးစရာမရှိ

From : ..မြဝတီ

ပဲခူးတိုင်း သဲကုန်းမြို့နယ် ရပ်သာကျေးရွာ အုပ်စုအတွင်းရှိ ရေတွင်းရေကန် များမှာ ခန်းခြောက်၍ သောက်သုံးရေ ခက်ခဲလျှက် ရှိကြောင်း သတင်းရရှိသည်။
ထိုသို့ရေချို ထွက်ရှိသော ရေတွင်းရေကန်များ ခန်းခြောက်ပြီး ထွက်လာသော ရေများမှာလည်း ရေငန်များ ဖြစ်သောကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်လျှက် ရှိကြောင်း သတင်း ရရှိသည်။
ထိုကြောင့် ၂၀၁၃ ဧပြီ ၂၂ ရက်နေ့ (၁၅၃၀)အချိန်မှ (၁၇၃၀) အချိန်ထိ နယ်မြေခံ တပ်ရင်း ဖြစ်သော ခလရ (၈၀) မှ ဂါလံ ၁၂၀၀ ဆန့် ရေကားဖြင့် ရပ်သာကျေးရွာ ဝါးလည် ကျေးရွာနှင့် စံပါယ်ကန် ကျေးရွာရှိ အိမ်ထောင်စု (၁၂၉) စုအတွက် သောက်သုံးရေများ လိုက်လံဝေငှ ပေးလျှက်ရှိကြောင်း သတင်း ရရှိသည်။









.. www.MyanmarExpress.net
 

3 comments:

ပြည်သူလူထုရဲ့အခက်အခဲကိုကူညီဖြေရှင်းဖို့ တပ်မတော်ဆိုတာဖွဲ့စည်း
ထားတာပါ သူတို့တတ်စွမ်းသလောက်ကူညီမယ်ဆိုတာတော့ အမြဲတမ်း
ယုံကြည်ကြပါ

တပ်မတော်ကို အဲ့လိုမျိုးတွေ့ရတာ ဂုဏ်ယူတယ်ဗျာ...
ပြည်သူနဲ့ တပ်မတော် အဲ့လိုမျိုးဖြစ်နေရမှာ....ဒါမှပြည်သူ့အတွက်တပ်မတော်..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်