Subscribe to our RSS Feed

ပြည်တွင်းပြည်ပ မီဒီယာ များ၏ လိုရာဆွဲ သတင်းပေးမှုများကြောင့် တပ်မတော်ရဲ့ မီဒီယာကဏ္ဍကို တိုးချဲမည်

From :dvb



 "ပြည်တွင်းပြည်ပ မီဒီယာ တစ်ချို့ဟာ တပ်မတော်နဲ့ ပတ်သက်ပြီး လိုရာဆွဲ သတင်းပေးပို့တာတွေ ရှိခဲ့တယ်၊ ဒါကြောင့် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ တပ်မတော်အနေနဲ့လည်း မီဒီယာကဏ္ဍ တိုးချဲ့ဖို့ လုပ်နေတယ်"လို့ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ (ဧပြီ ၃၀) မနက် ရန်ကုန်မြို့ စင်ထရယ်ဟော်တယ်မှာ ကျင်းပတဲ့ မြ၀တီ မီဒီယာဂရုဖ် နဲ့ မီဒီယာတွေတွေ့ဆုံပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

တပ်မတော်ပိုင် မြ၀တီ မီဒီယာဂရုဖ် အနေနဲ့ လာမယ့် မေလ ၁ ရက်နေ့ကစ မြ၀တီ သတင်းစာကို လက်ရှိ ၂၄
မျက်နှာကနေ ၃၂ မျက်နှာ တိုးချဲ့ ထုတ်ဝေသွားမယ့်အပြင် မြ၀တီ နဲ့ ဆက်စပ် ရုပ်သံလိုင်း (၆) လိုင်းကိုလည်း လက်ရှိ တစ်နေ့ ၁၁ နာရီ ထုတ်လွှင့်နေရာကနေ တစ်နေ့ ၁၈ နာရီ တိုးချဲ့ ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။

မြန်မာ့တပ်မတော်ဟာ စီးပွားရေးဦးပိုင် လီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းစတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ ပိုင်ဆိုင်သလို မြ၀တီ ရုပ်သံ၊ သဇင်အသံလွှင့်ဌာန၊ မြ၀တီ သတင်းစာနဲ့ မဂ္ဂဇင်း စာအုပ်တွေ ထုတ်ဝေနေတဲ့ မြ၀တီ စာအုပ်တိုက်ကြီးကိုလည်း ပိုင်ဆိုင်ထားပါတယ်။


 .. www.MyanmarExpress.net
 

5 comments:

မှန်တာပေါ့ဗျာ ပြန်ပြောနိုင်ေ၇းနိုင်သားနိင်တဲ့ သူတွေလဲ၇ှာထားအုံး။

တပ်မတော်က မြ ၀တီ သတင်းစာ ကို စာ မျက်နှာ ၃၂ ထိ တိုးရင် ကျွန်တော် ၀င် ကူရေးပါ ရစေ။။

မြ၀တီ၇ဲ့ ကျေးဇူးတွေအများကြီး၇ှိတယ်။ကို၇ီးယားဇတ်လမ်းတွေ စပြတာ မြ၀တီလေ။မိုးကုတ်တ၇ားတော်တွေ နာ၇တာကော။

haha no other reason to thank

ကျေးဇူတင်ထိုက်သူကိုကျေးဇူးတင်၇တယ်စောက်၇ူး၇ဲ့။ပေါင်ချိုန်တို့။ကျန်
ကျောင်းတို့စပြတာဘယ်၇ုပ်သံလဲ။ကမ္ဘာ့ဖလားဘောလုံးစလွှင့်တာ ဘယ်
၇ုပ်သံလဲ။ခုလို ပိုက်ဆံပေးမှကြည့်၇တာ မဟုတ်ဘူး။ဘကြီးကိုလုံးဝထောက်ခံတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်