From :
..the voice
လွှတ်တော်ကိုယ်စားလှယ်များကို Above the Law (ဥပဒေအထက်တွင် လွှတ်တော်ရှိနေသလား) ဆိုသော ခေါင်းစဉ်ဖြင့် အင်တာနက်ပေါ်တွင် ဝေဖန်ရေးသား ခဲ့သော ဒေါက်တာဆိတ်ဖွားကို စုံစမ်းဖော်ထုတ်နိုင်ပြီ ဖြစ်ကြောင်း ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌဦးမြငြိမ်း က The Voice သို့ ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦး ဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သော ယင်းကော်မရှင်က ဒေါက်တာ ဆိတ်ဖွားအမည်ဖြင့် အင်တာနက် စာမျက်နှာ ဖန်တီးပြီး လွှတ်တော်အား ယင်းသို့ ဝေဖန် နေသူကို နှစ်လကျော်ကာလအတွင်း ဖော်ထုတ်နိုင်လိုက်ခြင်း ဖြစ်သည်။
ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ် အရေးယူနိုင်ရန် ယင်းကော်မရှင်က သမ္မတရုံး ဒုတိယဝန်ကြီး၊ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိများ၊ တပ်မတော်သား ကွန်ပျူတာနှင့် Network တာဝန်ခံများ၊ သတင်းစာဆရာများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများကို စစ်ဆေးကြားနာပြီး အစီရင်ခံစာ ရေးသားကာ ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြ အဆုံးအဖြတ် ရယူခဲ့ရခြင်းဖြစ်ကြောင်း ယင်းကော်မရှင် အဖွဲ့ဝင် ဦးဖုန်းမြင့်အောင်က ပြောကြား သည်။
ဒေါက်တာဆိတ်ဖွားအနေနှင့် သက်ဆိုင်ရာတရားရုံးမှ ပြန်လည်ခုခံပိုင်ခွင့် ကိုလည်း ကော်မရှင်တွင်ပါဝင်သည့် ဥပဒေပညာရှင်များက အကြံပြုတင်ပြ ထားကြောင်း ၄င်းကပြောသည်။ "ကာယကံရှင်ကို မထိခိုက်စေချင်လို့ နာမည်ကိုတော့ ထုတ်မပြောလိုပါဘူး။ နာယကကြီး ဆုံးဖြတ်ချက် ချပြီးပါပြီ" ဟု ဦးမြငြိမ်းက နာမည်အတိအကျ ထုတ်ဖော် ပြောကြားရန် ငြင်းဆိုသည်။
သို့သော် ဒေါက်တာဆိတ်ဖွားအမည်ဖြင့် အင်တာနက်ဆောင်းပါး ရေးသားသူမှာ အယ်ဒီတာချုပ် ခင်မောင်ညို (ဘောဂဗေဒ) ၏ The Street View ဂျာနယ်တွင် ဆောင်းပါး ရေးသားဖူးသူ ဖြစ်ကြောင်း ဦးမြငြိမ်းက အရိပ်အမြွက် ပြောကြားသည်။ အဆိုပါအစီရင်ခံစာသည် ပြည်ထောင်စု လွှတ်တော်ရုံးသို့ မရောက်သေးကြောင်း ပြည်ထောင်စုလွှတ်တော် နာယကတာဝန် ယူထားသည့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ "ဆုံးဖြတ်ချက်လည်း မချရသေးပါ ဘူး" ဟု ၄င်းက ဆက်လက်ပြောကြားသည်။
ဒေါက်တာဆိတ်ဖွား၏ အင်တာနက် ဆောင်းပါးမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် ဆောင်းပါးရေးသားသူကို ကော်မရှင်ဖွဲ့ပြီး ဖော်ထုတ်အရေးယူပေးရန် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ အရေးကြီးအဆို တင်ခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာဆိတ်ဖွားကို ဆက်သွယ်ရေး ဆိုင်ရာ၊ နိုင်ငံတော်လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးနှင့် ပြည်သူ့တို့၏ ကိုယ်ကျင့်တရား အလို့ငှာ ပြဋ္ဌာန်းထားသော ဥပဒေများနှင့် ဆန့်ကျင်မှု ရှိ၊ မရှိနှင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်သင့်သည်ကို ကော်မရှင်က တင်ပြရမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကော်မရှင် ဖွဲ့စည်းကာ တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
.. www.MyanmarExpress.net

10 comments:
ဒေါက်တာ ဆိပ်ဖွား ကို ဘာလုပ်မလို့လဲ? ခင် ဗျား တို့က လွပ်လပ်စွာ ပြောဆိုပိုင် ခွင့်ဆို။ ဖာပါးစပ် မလုပ်ကျနဲ့။ ကောင်းတစ် မျိုး မ ကောင်းတစ်မျိုး မလုပ်နဲ့။ မှန်တာပြော ရင် နာတယ်မလား?
သူတို့လည်း အာဏာ၇ှင်လွှတ်တော်ကိုကျကြောက်နေပီ/ဟိုက တကယ်ဆော်မှာလေ....ဥပဒေပြုတာလည်းသူတို့ တရားစီရင်ချင်တာလည်းသူတို့ အုပ်ချုပ်ချင်တာလည်းသူတို့...ဒီမိုကရေစီလို့လက်သီးလက်မောင်းတန်းနေတာလည်းသူတို့
အဲဒီသူတို့ကိုကျ လွတ်လပ်ခွင့်တောင်းဆိုနေသော မီဒီယာများ ကြောက်ချီးပါနေသည်
လွတ်တော် ကို ထိခိုက်စေတာ သူတင်မကပါဘူး
အများကြီးရှိပါသေးတယ်
ဒေါက်တာဆိတ်ဖွားအား အရေးမယူသင့်ပါ
ဖြေရှင်းချက်သာ တောင်းခံသင့်ပါသည်
မှန်တာတွေကိုပြောရင် လွတ်လပ်စွာပြောဆိုရေးသားခွင့် မဟုတ်တော့ဘူးပေါ့။ ဦးသန်းထွဋ်အောင်ပြောပါအုံး။
ဆိတ်ဖွားလည်းပြည်သူပဲ လွတ်လပ်စွာပြောဆိုပိုင် ခွင့် ရေးသားပိုင် ခွင့်ရှိတယ်ဆို ခင် ဗျားတို့ကိုပြောတာကျတော့ နာတယ် တကယ်လည်းဖွဲ့စည်းပုံဥပဒေကို ကျော်ပြီး လုပ်ခဲ့ကြတာမဟုတ်လို့လား ဥပဒေအတိုင်း ဖွဲ့စည်းပုံကိုပြင်ပြီး မှလုပ်ကြပါလို့ သမ္မတကြီး နဲ့ ဦးရွှေမန်းတို့ ပြောကြတာကို အမှတ် ရနေသေးတယ်ဗျာ
ဥပဒေပြုရမယ့်လူတွေက ဥပဒေမပြုပဲ ဘာတွေလျှောက်လုပ်နေတာ တုန်း အရပ်ရပ်ကြားကြလို့မှ ကောင်းကြရလား ကိုယ်ကိုကိုယ် တကယ်ကိုယ်စားလှယ်ဆို အဝေဖန်ခံနိုင်ရမှာပေါ့။ ဒီလူတွေချည်းအာဏာပေးထားရင် တိုင်းပြည်ငါးပါးမှောက်ပီ။ ဒါကြောင့်တပ်က၀င်ပါရတာ သိကြရဲ့လား။
လွတ်လပ်ခွင့်ဆိုပီး ဖင်ကုန်းအော်နေကြတဲ့ သန်းထွဋ်အောင်နဲ့ ကျော်မင်းဆွေတို့ အယောင်ဆောင် ဘော်ချက်နေတဲ့ ကြေငြာခတွေ တစ်နင့်တစ်ပိုးရတဲ့ မီဒီယာမျက်နှာဖုံးစွပ်သမားနှစ်ယောက်ကလည်း ဒါမျိုးကြ ဘယ်သွားသေနေတာတုန်းဟဲံ့....ဖြစ်ချေဘူး ....အရင်အတိုင်းပဲပြန်နေကြရင်မကောင်းဘူးလား .....လွှတ်တော်တွေလုပ်မနေနဲ့
ဲ့
တစ်ပူးကြီးက မာမီ သန်းထွဋ်အောင် အနှိပ်ခန်းတွင် ညငှက်မလေးများနှင့်
ဝစီပိတ်လေ့ကျင့်နေသည်။ ဝေဖြိုး ဖာများခေါ်ပီး သူ့ရုံးခန်းတွင် နှပ်နေသည်။
ဒေါက်တာဆိတ်ဖွားအား အရေးယူခြင်းသည် လွှတ်တော်က မတရားမှုကျူးလွန်ခြင်းဟုယူဆပါသည်။ လွှတ်တော်သည် အာဏာ(၃)ရပ်အနက် ဥပဒေပြုရေးအာဏာကိုသာ အသုံးပြုရန်ဖြစ်သော်လည်း အခြားသော အာဏာများကိုပါ ဇွတ်အတွင်းလွှမ်းမိုးရန်ကြိုးစားနေကြောင်း တွေ့နေမြင်နေရပါသည်။ ဒေါက်တာဆိတ်ဖွားတွင် အပြစ်မရှိပါ။ လုပ်ချင်ရာလုပ်နေသောလွှတ်တော်သာ မတရားလွှတ်တော်ဖြစ်ပါသည်။
အာဏာရှုးတွေလေ ကိုယ်လုပ် ရမှာ ဘာမှန်းမသ် တတ်ယောင် ကားတွေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်