Subscribe to our RSS Feed

ကျပ် ၅၀၀၀ တန်မြန်မာငွေစက္ကူအတု သိန်း ၂၇၀ ဖမ်းဆီးရမိ

From : ..http://myawady-myawady.blogspot.com/2013/04/blog-post_3806.html


ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့နယ် ၊ မြို့နယ် ရဲတပ်ဖွဲမှူး ယာယီ ရဲမှူး လှရီ ၏ လမ်းညွှန်မှု အရ မြို့ပေါ် ရပ်ကွက်များ အတွင်း လုံခြုံရေး အတွက် ရှောင်တခင် ဧည့်စာရင်း စစ်ဆေးခြင်း ဆောင်ရွက်ရာ မှ မြန်မာ ငွေ စက္ကူ ကျပ် ၅၀၀၀ တန် အတု ငွေကျပ်သိန်း ၂၇၀ နှင့် တရားမ၀င် ၀င်ရောက် လာသည့် တရုတ် နိုင်ငံ သား ၂ ဦးနှင့် မြစ်ကြီးနားမြို့ နေသူ ၂ ဦးတို့အား ဧပြီလ ၁၂ ရက်က ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ဧပြီလ ၁၂ ရက် ည ၁၂ နာရီခွဲက ရှမ်းစုမြောက် ရပ်ကွက် ၊ သျှင်းသျှင်း ဟိုတယ် သို့ အမှတ်(၁) ရဲ တပ် ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူး များနှင့် သက်သေများက သွားရောက် စစ်ဆေး ခဲ့ရာ အ ခန်း အမှတ် (၂၀၈) တွင် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် နေထိုင်သူများ ဖြစ်သည့် ဦးအောင်ကျော်လှိုင် နှင့် ဇနီး ဒေါ်ဘောမ်ဆွမ် တို့အား တွေ့ရှိရပြီး ၄င်းတို့နှင့် အတူ အခန်းအမှတ် ၁၀၇ တွင် တည်းခိုလျက် ရှိ သည့် တရုတ်နိုင်ငံသား ၂ ဦးအား ဆက်လက် စစ်ဆေးရာ ရန်ဟုန်စိန် နှင့် ကြောင်ကြားရှုတ် ဆိုသူ ၂ ဦး အား တွေ့ရှိခဲ့သည်။
ဆက်လက်၍ အခန်းတွင်း ထိုင်ခုံပေါ်ရှိ အနက်ရောင် ခရီးဆောင် လက်ဆွဲအိတ် အတွင်းမှ မြန်မာ ငွေစက္ကူ အတု ဟု ယူဆရသည့် ကျပ် ၅၀၀၀ တန် ငွေကျပ်သိန်း ၂၇၀ နှင့် အနက်ရောင် ကျောပိုးအိတ် အတွင်းမှ မြန် မာ ငွေစက္ကူ အစစ် ကျပ် ၅၀၀၀ တန် ငွေကျပ် ၂၁၅၅၀၀၀၀ ၊ တရုတ် ဆင်းကတ် ထည့်ထားသည့် လက် ကိုင်ဖုန်း ၃ လုံး ၊ ၄င်းတို့ပိုင် ၅ဂ/xxxx ပါဂျဲရိုး အစိမ်းရောင် လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး တို့ အား ဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ငွေစက္ကူအတု များ လက်ဝယ်ထား ရှိသူများ ဖြစ်သည့် အောင်ကျော်လှိုင် ၄၂ နှစ် (ဘ) ဦးတင်လှိုင် ၊ မဘောမ်ဆွမ် ၄၃ နှစ် (ဘ) ဦးယော်ဘောမ် (မြစ်ကြီးနားမြို့ နေသူများ ) နှင့် ရန်ဟုန်စိန် ၃၇ နှစ် (ဘ) ဦးဝမ်ပန်ပေါင် ၊ ကြောင်ကြားရှုတ် ၃၀ နှစ် (ဘ) ဦးကြောင်ရှိရှောက် ( တရုတ်နိုင်ငံ ယူနန်မြို့ နေသူများ ) အား အမှတ်(၁) ရဲတပ်ဖွဲ့ စခန်းမှ (ပ) ၆၆/၂၀၁၃ ၊ ပုဒ်မ ၄၈၉ - ၈ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

.. www.MyanmarExpress.net
 

5 comments:

မအေပေးအချောင်သမားတွေ ကောင်းေ၇ာင်းကောင်းဝယ် လုပ်မစားချင်ကြဘူး။

လုပ်စားရမှာပျင်းတဲ့ လူတွေလို့ ထင်တယ်

ဟိုတ၇ုပ်နှစ်ကောင်ကဘာဝင်ရျှပ်ဒါလဲ။ကုလားကတမျိုး။မင်းတို့ကတမျိုး။တယ်လေ ငါလုပ်လိုက်၇။

အ ရင်း အ မြစ် ကို မ ဖေါ် ရင် သတ် ပစ် လိုက်

release to 2 Chinese later....kkkkk

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်