Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စ ရင်လပ်ရှင်နာဝပ်အား လက်ခံတွေ့ဆုံ

From : ..သမ္မတရုံး


နေပြည်တော် ဧပြီ ၂၅
ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စ ရင်လပ်ရှင်နာဝပ်အား ဧပြီ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် ဘန်ဒါဆရီ ဘီဂါဝန်မြို့ရှိ ဝန်ကြီးချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်းနှင့် ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးဇင်ယော်၊ ဒေါက်တာဒေါ်သိန်းသိန်းဌေးနှင့် ဒေါ်စန္ဒာခင်၊ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ဝန်ကြီးချုပ်ရုံး ဝန်ကြီး H.E. Mr. Niwattamrong Boon Songpaisan နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု တိုးတက်မြင့်မားရေး၊ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ ဆောလျင်စွာ ပြီးစီးရေးအတွက် နှစ်နိုင်ငံအစိုးရများက တွန်းအားပေးရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးတက် ခိုင်မာရေးအတွက် အတူတကွ လက်တွဲဖော်ဆောင်သွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ ငြိမ်းချမ်းရေး တည်ဆောက်မှု ကာလနောက်ပိုင်း မြန်မာနိုင်ငံသို့ ပြည်လည် နေထိုင်နိုင်ရေးအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ ဆွေးနွေးကြသည်။

.. www.MyanmarExpress.net
 

1 comments:

1-IT IS A GREAT NEWS TO READ.
2-THANK TO OUR PRESIDENT U THEIN SEIN AND MINISTERS AND HEAD OF DEPARTMENTS PARTICIPATING IN THE MEETING WITH THAI
PRIME MINISTER AND OFFICIALS.
3-WE TRUST OUR PRESIDENT AND OUR GOVERNMENT AND NOTHING MUCH TO COMMENT BUT ONLY LIKE TO REQUEST TO COMPLETE THE DA WEI DEEP SEA PORT AND TRADING ZONE PROJECT;BECAUSE IT IS VERY IMPORTANT FOR OUR COUNTRY.
4-ABOUT FEW YEARS AGO ONE OF OUR GOVERNMENTS PLAN TO CONSTRUCT KRA CANAL PROJECT BUT NOT SUCCESSFUL.WE DID NOT KNOW WHY?MAYBE SOME UNKNOWN REASON.
5-MERCHANT SHIPPING INCLUDING TANKERS AND CONTAINER SHIPS WILL EASILY ACCESS TO AND FROM BAY OF BENGAL AND CHINA SEA,IF WE HAVE THE KRA CANAL (JOINTLY OWN BY MYANMAR AND THAI).
6-MYANMAR AND THAI WILL CONTROL THE SHIPPING BUSINESS IN WHOLE ASIA IF WE CAN COMPLETE THE PROJECT.
7-ALL SHIPPING HAVE NO CHOICE BUT HAVE TO USE MALACCA STRAIT AND SINGAPORE.IT MAKE VERY LONG SEA DISTANCE AND EXTRA OPERATION EXPENSES.
8-ANOTHER PROJECT WAS TRYING TO CREATE BY INDONESIAN GOVERNMENT TO BUILD A TRADING ZONE AND SEA PORT ON SOUTHERN TIP OF SUMATRA ISLAND SITUATED OPPOSITE SIDE OF SINGAPORE;BUT THAT PROJECT ALSO FAILED.DO NO KNOW THE REASON BUT WHY?
9-PENANG,PORT KLAING (MALAYSIA)AND SINGAPORE STILL CONTROLLING MERCHANT SHIPPING BECAUSE NO KRA CANAL AND INDONESIAN SEA PORT.
10-WE NEED VERY CAUTIOUS FROM ALL KIND OF DISTURBANCES AND NEED TO COMPLETE THE DA WEI PROJECT SOONEST POSSIBLE FOR OUR COUNTRY AND OUR PEOPLE AND TO PROMOTE THE INTERNATIONAL SHIPPING AND TRADING BUSINESS.
11-REQUEST TO DO RESEARCH WORK AND TO RESTART THE KRA CANAL (SIMILAR TO SUEZ CANAL,PANAMA CANAL,KIEL CANAL) PROJECT IF IT IS BENEFICIAL TO OUR COUNTRY AND INTERNATIONAL COMMUNITY.

WITH MYITTA...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်