Subscribe to our RSS Feed

ကိုရီးယား သမ္မတ နိုင်ငံသို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့ ချစ်ကြည်ရေး ခရီးထွက်ခွာ

From : ..မြဝတီ

ရန်ကုန်  ဧပြီ  ၂၂
ယမန်နေ့ ည ၁၁ နာရီ ၄၅ မိနစ်က ကိုရီးယား သမ္မတနိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Hon. Mr. KANG Chang – hee ဖိတ်ကြားချက် အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ခေါင်းဆောင်သော မြန်မာ လွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ကိုရီးယား သမ္မတ နိုင်ငံသို့ ထွက်ခွာသွားသည်။
မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယား သမ္မ တနိုင်ငံ သံအမတ်ကြီး H.E. Mr. Kim Hae-yong တို့နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ကြသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အတူ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ အမျိုးသား လွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ၊ ပြည်သူ့လွှတ်တော် ကော်မတီ အတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးအေးမောက်၊ ဒေါက်တာနေလင်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်