From :
..မြဝတီ
နေပြည်တော် ဧပြီ ၂၆
မိတ္ထီလာ မြို့နယ်အတွင်း ကယ်ဆယ်ရေး စခန်းအသီးသီးရှိ ပြည်သူများအား နယ်မြေ တည်ငြိမ် အေးချမ်းပြီ ဖြစ်သဖြင့် နေရပ်ဒေသ အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးလျက် ရှိရာ ဧပြီ ၂၄ ရက်က မိတ္ထီလာမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း ကယ်ဆယ်ရေး စခန်းရှိ မိသားစု ၁၆၈ စု၊ လူဦးရေ ၅၈၇ ဦးနှင့် ဗဟို ပို့ဆောင် ဆက်သွယ်ရေး ကျောင်းကယ်ဆယ်ရေး စခန်းရှိ မိသားစု ၃၂ စု၊ လူဦးရေ ၉၅ ဦးတို့အား တပ်မတော် ယာဉ်များဖြင့် ၄င်းတို့၏ နေရပ်အသီးသီးသို့ တပ်မတော်သားများမှ ဝိုင်းဝန်းကူညီ၍ ပြန်လည် ပို့ဆောင် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
.. www.MyanmarExpress.net

1 comments:
အား လုံး စိတ် ၏ ချမ်း သား ၊ ကိုယ် ၏ ချမ်း သာ ရ ရှိ ပြီး အေး ချမ်း ကြ ပါ စေ ။ တစ် ဦး ပေါ် တစ် ဦး အ ငြိုး တေး ကင်း ပြီး ချစ် ခင် စိတ် များ ထား နိုင် ကြ ပါ စေ ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်