Subscribe to our RSS Feed

အံ့သြလွန်းလို့ သေတော့မယ်

From : ..fb

the voice daily ရဲ့ opinion စာမျက်နှာပေါ်မှာ ပေးစာတစ်စောင်နဲ့ ပတ်သက်ပြီး တုန့်ပြန်ရေးသားရလိမ့်မယ်လို့ မိမိကိုယ်ကို ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။ ဆောင်းပါးတွေ၊ အာဘော်တွေနဲ့ ပတ်သက်ပြီး အမြင်မတူတာရှိရင် ပြန်ရေးဖူးပေမယ့် ပေးစာလိုမျိုးကိုတော့ ဘယ်တုန်းကမှ တုန့်ပြန်မရေးခဲ့ဖူးပါ။ ဘာကြောင့်လည်းဆိုတော့ ပေးစာဆိုတဲ့ သဘောတရားကိုယ်၌က ပုဂ္ဂလဆန်တဲ့သဘောမို့လို့ အထွေအထူးသိပ်ပြောစရာ မရှိပါဘူး။ ခုတော့အစဉ်အလာကို ချိုးဖောက်ပြီး  ပေးစာတစ်စောင်ကို တန်ပြန်ရေးသားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

Opinion ကို အဓိပ္ပာယ်ဖွင့်ရင် ( thinks or believes ) ထင်မြင်ယူဆချက်ရယ်၊ ( ( judgment ) ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းရယ် ဆိုပြီး နှစ်မျိုးထွက်ပါတယ်။ ထင်မြင်ယူဆချက်ကို တန်ပြန်ချေပရန်အကြောင်းမရှိလှသော်လည်း ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းနှင့်ပတ်သက်လျှင်မူ ပြောစရာများရှိလာပါတယ်။ ထို့ကြောင့် အမည်မသိသူတစ်ဦး၏ပေးစာကို ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းပေတံနှင့် တိုင်းကြည့်ပြီး ရေးပါမယ်။

လူတွေရဲ့ မနောသဘာဝမှာ အကြောင်းအရာတစ်ခု မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ အပ်ကြောင်းထပ်ကြားနေရရင် အလိုလိုယုံလာတတ်ကြပါတယ်။ စစ်အေးခေတ် ကွန်မြူနစ်ဝါဒ ကျဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းဟာ ကွန်မြူနစ်ဝါဒကို မိစ္ဆာဝါဒတစ်ခုလို ပုံပေါ်လာအောင် အရင်းရှင်တွေက အပ်ကြောင်းထပ်အောင် ရေးသားနိုင်ခဲ့လို့ပါပဲ။ အဲဒီလို လူတွေရဲ့မနောသဘာဝကို ကိုင်ကစားတတ်တဲ့ပညာကို ပါဝါအပျော့ (soft power) လို့ နိုင်ငံရေးသမားတွေက သမုတ်ကြပါတယ်။ ပါဝါအပျော့ကို ကောင်းကောင်းအသုံးချတတ်တဲ့သူတွေဟာ နိုင်ငံရေးသမားမဟုတ်ပါဘူး။ ကလောင်သမားတွေသာဖြစ်ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာ နိုင်ငံရေးသမားတွေဟာ ကလောင်ရှင်တွေကို ပစားပေးထားရပါတယ်။ ဒီလောက်ဆို တိုင်းပြည်တစ်ခုမှာ ကလောင်ရှင်တွေ တနည်းအားဖြင့် မီဒီယာသမားတွေဟာ ဘယ်လောက်အရေးပါသလဲဆိုတာ ရိပ်မိလောက်ပြီထင်ပါတယ်။ တိုင်းပြည်ရှေ့ရေးနဲ့ချီပြီး အရေးပါတဲ့ ကလောင်ရှင်တွေရဲ့စာကို တည်းဖြတ်ရတဲ့ အယ်ဒီတာတွေရဲ့ အရေးပါမှုဟာ ဆိုဖွယ်မရှိတော့ပါဘူး။ ဒါကြောင့် အယ်ဒီတာဆိုတာ စာတစ်ပုဒ်၊ သတင်းတစ်ပုဒ်ကို သေသေချာချာ မချင့်ချိန်ဘဲထည့်လိုက်ရင် နောက်ဆက်တွဲနစ်နာမှုဟာ ဘယ်လိုမှ မခန့်နိုင်ဘူးဆိုတဲ့ အသိကိုခေါင်းထဲစွဲမြဲထားဖို့ လိုအပ်ပါတယ်။ ခုလိုနိဒါန်းကို ပျိုးလာရတဲ့ ရည်ရွယ်ချက်က အယ်ဒီတာအလုပ်ဟာ ပေါ့ပြက်ပြက်နိုင်လှတဲ့ တာဝန်မဲ့အလုပ်တစ်ခု မဟုတ်ဘူးဆိုတာ ထင်ရှားစေချင်လို့ပါ။

the voice ထဲကပါတဲ့ ပေးစာအကြောင်း ပြန်ကောက်ရရင် နှစ်ပိုင်းခွဲလို့ရပါတယ်။ ကျန်းမာရေးအဆင်မပြေမှုနှင့် ပတ်သက်ပြီး ဆရာဝန်အပေါ် စာရေးသူ စေတနာရှင်ထားတဲ့ ယုံမှား၊ သံသယ၊ နာကြည်းခံစားချက်၊ နဲ့ ပုဂ္ဂလစိတ်ခံစားချက်ဖြင့် ဆရာဝန်ဘဝကို ဆုံးဖြတ်ခြင်းတို့ပါပဲ။

၁၊ ကျန်းမာရေးအဆင်မပြေမှုနှင့် ပတ်သက်ပြီး ဆရာဝန်အပေါ် စာရေးသူ စေတနာရှင်ထားတဲ့ ယုံမှား၊ သံသယ၊ နားကြည်းခံစားချက်...

ဒီအပိုင်းဟာ ပြည်သူတွေကို မျက်စိဖွင့် နားစွင့်စေချင်တဲ့ စေတနာကနေ ဆေးခန်းတွင် စောင့်ရချိန်ကြာလို့ ဒေါသပေါက်ကွဲလို့ ပြန်လာတဲ့ထိပါပါတယ်။ စာရေးသူရေးတဲ့ အကြောင်းအရာတစ်ခုချင်းစီကို ထုတ်နုတ်ပြီး မရေးချင်ပါ။ ဘာလို့လဲဆိုတော့ ဘယ်သူမဆို အချင်းအရာတစ်ပေါ်တွင် မိမိရောက်ရာအရပ်မှကြည့်၍ ထင်မြင်ယူဆနိုင်ခွင့်ရှိလို့ပါပဲ။ စာရေးသူစေတနာရှင်ရဲ့ ထင်မြင်ယူဆချက်တွေကို ကျွန်တော်မကန့်ကွက်လိုပါ။ သို့သော် ရောဂါအမည်ပေးရာတွင် မှားယွင်းခြင်း၊ ခွဲစိတ်မှုမပြုမီ ကူးစက်ရောဂါ စစ်ဆေးခြင်းသည် အပိုအလုပ်ဟုရေးသားခြင်း၊ ဆေးပညာကုသမှုတွင် အခရာဖြစ်သည့် ရောဂါရှာဖွေမှုကို သေးသိမ်အောင်ရေးဖွဲ့ခြင်း၊ အဘက်ဘက်တွင် မတူခြားနားနေသော အခြေအနေကို လစ်လျူရှု၍ နိုင်ငံခြားတိုင်းပြည်နှင့် မြန်မာပြည်ကို ချိန်ထိုးပြခြင်း စတဲ့၎င်းရဲ့ တစ်ဘက်သတ် မှတ်ချက်တွေဟာ အန္တရာယ်ကြီးလှတဲ့အပြင် မြန်မာနိုင်ငံဆေးလောက တစ်ခုလုံးပေါ်ထားတဲ့ သူ့ရဲ့ နားကြည်စိတ်ကို ပေါ်လွင်ထင်ရှားစေပါတယ်။ ဒီလိုတန်ပြန်ဝေဖန်တာဟာ မြန်မာဆေးလောက အားနည်းချက်ကို ကာကွယ်တာမဟုတ်ပါဘူး။ ဒီမှာဆေးကုရတာ အဆင်မပြေလို့ ပြည်ပထွက်ပြီး ဆေးကုနေရတဲ့ ကျွန်တော့်ဆွေးမျိုးအရင်း၊ မိတ်ဆွေအပေါင်းအသင်းတွေ တစ်ပုံကြီးရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်နဲ့ပတ်သက်ပြီး ဆရာဝန်ကြီးတွေအပေါ် ပုဂ္ဂိုလ်ရေးခံစားချက်ရှိပါတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးခံစားချက်တစ်ခုတည်းနဲ့တော့ ဆရာဝန်ကြီးအားလုံးကို သိမ်းကျုံးပြီး တစ်တန်းစားတည်းလို့ မမြင်ပါဘူး။ တစ်ဦးချင်းရဲ့ ပုဂ္ဂလအားနည်းချက်ကို ယိုးမယ်ဖွဲ့ဖို့လည်း စိတ်ကူးမရှိပါဘူး။ ဒါက လက်ရှိကျန်းမာရေးစနစ်အပေါ်မှာထားတဲ့ ကျွန်တော်ရဲ့ ပုဂ္ဂလခံစားချက်ကို အများသိအောင် ပြောပြတာပါ။

စာရေးသူ စေတနာရှင်ရဲ့ ပေးစာမှာ ပိုဆိုးတာရှိပါသေးတယ်။ ဆရာဝန်က ချိုချိုသာသာဆက်ဆံတာကို ငွေကိုချူတယ်လို့ပြော၊ ဆရာဝန်က စိတ်ချရအောင် လူနာဆေးတွေကို စစ်ဆေးပေးတော့ ဆေးဆိုင်ကော်မရှင်စားလို့ ရေးထားပါတယ်။ သူ့အနေနဲ့ ဆရာဝန်ဘာလုပ်လုပ် ယုံမှားသံသယရှိနေမှာ ကျိန်းသေနေတော့ ဘယ်လိုနှစ်သိမ့်ပေးရမှန်းကို မသိအောင်ဖြစ်နေပါတယ်။ ဆေးခန်းပြချင်ရင် အချိန်အကြာကြီးစောင့်ရတာကတော့ ကျွန်တော်သဘောတူပါတယ်။ အွန်လိုင်းမှာ ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောရရင် ဆီသည်မ လက်သုတ်လိုဖြစ်နေလို့ အထူးမရေးတော့ပါဘူး။

၂၊ ပုဂ္ဂလခံစားချက်ဖြင့် ဆရာဝန်ဘဝကို ဆုံးဖြတ်ခြင်း...

ဒီအပိုင်းကတော့ ခေတ်ပြောင်းစနစ်ပြောင်းကနေ အဿပြာဆရာဝန်ပပျောက်ရေး၊ စေတနာဆရာဝန်ပေါ်ပေါက်ရေးနိဂုံးထိပါပါတယ်။ သူ့အဆိုအရ ဆေးကျောင်းတွင် ဆရာဝန်ကျင့်ဝတ် သင်ကြားရေး၊ ဆရာဝန်များ ဆေးခန်းတစ်ခုထက် ပိုမထိုင်ရ၊ ဝန်ငွေခွန်စည်းကြပ်ရန် ( တစ်နှစ် သိန်းတစ်ရာနှုန်းဖြင့် နှစ်သုံးဆယ်စာ သိန်းသုံးထောင်ကို ဆရာဝန်များ အခွန်ဆောင်ရန် )၊ ဆရာဝန်များကို စည်းကမ်းကြပ်မတ်ရေးကော်မတီဖွဲ့ရန် လို့ အဆိုပြုထားပါတယ်။ သူ့အဆိုကိုဖတ်ပြီး ထိတ်လန့်တုန်လှုပ်မိတာက ဆရာဝန်ပေါ်ထားတဲ့ သူ့ရဲ့ ပုဂ္ဂလနာကြည်းခံစားမှုပါပဲ။ ဥပမာပေးရရင် စာရေးသူစေတနာရှင်က ဟစ်တလာဆိုပါစို့၊ ဂျူးလူမျိုးများမှာ ဆရာဝန်ဖြစ်ဖို့ သေချာပေါက်ပြောနိုင်တဲ့ထိ သူ့ရဲ့ နာကြည်းစိတ်ဟာ ပြင်းထန်ပါတယ်။ အံ့သြစရာကောင်းတာတွေက ကိုယ်တိုင်လောကနီတိ၊ ပြည်သူ့ကျင့်ဝတ်ကို နားမလည်တဲ့အပြင် ဆေးကျောင်းသင်ရိုးကို မလေ့လာဘဲ ဆေးကျောင်းတွင် ကျင့်ဝတ်သင်ကြားရေးဆိုပြီး မျက်စိမှိတ်အော်နေတာရယ်၊ လူနာအခွင့်အရေးလို့ပြောပြီး ဆရာဝန်အခွင့်အရေးကို လစ်လျူရှုပြီး ဆေးခန်းတစ်ခုထက်ပိုမထိုင်ရလို့ ရေးတာရယ်၊ ကိုယ်တိုင်အခွန်အကြောင်း နားမလည်ဘဲ ဆရာဝန်တစ်ဦး တစ်နှစ်သိန်းတစ်ရာအခွန်ဆောင်ခိုင်းတာပါပဲ။ (သူ့အဆိုအတိုင်းအရဆိုရင် ဆရာဝန်တစ်ဦး တစ်နှစ်ဝင်ငွေဟာ သိန်းငါးထောင်လောက်ရှိလိမ့်မယ်။ ဆရာဝန်မိဘတွေများ သူ့အဆိုကို ဖတ်မိရင် နှလုံးခုန်ရပ်သွားမလား စိုးရိမ်မိပါသေးတယ်။) ဒါတွေအားလုံးဟာ သူ့ရဲ့ပုဂ္ဂလခံစားချက်တစ်ခုတည်းနဲ့ ဆရာဝန်ဘဝကို သူလိုချင်သလို သတ်မှတ်ဆုံးဖြတ်ခြင်းပါပဲ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးဆိုတဲ့ လူ့အခွင့်အရေးအခြေခံ ပဋိညဉ်ကို စာရေးသူ စေတနာရှင်အနေနဲ့ မေ့လျော့နေတာလားလို့ မေးလိုက်ချင်ပါတယ်။

အချုပ်အနေနဲ့ ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်း ( judgment ) ပေတံနဲ့တိုင်းပြီး ဝေဖန်ရရင် the voice မှာ ဒီလို ပေးစာမျိုးဖတ်လိုက်ရချိန်မှာ စိတ်ထဲမှာ အံ့သြလွန်းလို့ သေတော့မယ်လို့သာ အကြိမ်ကြိမ် ရေရွတ်နေမိတော့ပါတယ်။




.

. www.MyanmarExpress.net
  

10 comments:

ခွေး၇ူး ခွေး၇ူးေ၇နဲ့ပက်ေ၇နဲ့ပက် ။

မြန်မာလူငယ်များတိုးတက်လိုသော်ဒီဝက်ဆိုက်လေးကိုခဏ၀င်ကြည့်ပါ။

www.ascomyanmar.blogspot.com

မြန်မာလူငယ်များတိုးတက်လိုသော်ဒီဝက်ဆိုက်လေးကိုခဏ၀င်ကြည့်ပါ။

www.ascomyanmar.blogspot.com

ေ တာ် တော် အောက် တန်း ကျ တဲ့ အောက် တန်း စား စေ တ နာ ရှင် ကြီး ရယ်

မြန်မာပြည် မှာစာပေစီစစ်ရေးပြန်ထားရမလိုပါပဲ အဲဒီလိုသာ အခွန်ပေးဆောင်ရမယ်ဆိုရင် ပြည်သူတွေ
နှာစေးရင်တောင် ၁သောင်းလောက်ကုန်တော့မယ်
ကျွန်တော်တောင်သွေးတက်လို့ ဆေးသောက်ရတော့မယ်

i would say again, they are finding money. making themself popullar

you say like this;you be like it

1-WE THE PEOPLE FEEL UNHAPPY AND UPSET WHENEVER WE ENCOUNTERED UNNECESSARY PROBLEMS OR MISTREATMENTS FROM ANY PARTY/ANY BODY/ANY GROUP/ANY ORGANIZATION/ANY POLITICAL PARTY AND INCLUDING (OUR GOVERNMENT,OUR JUDICIAL AFFAIRS,OUR 3 PYI THU LUTTAW,ALL DEPARTMENTS).
2-WE LIKE THE PEOPLE KNOW HOW THINGS ARE HAPPENING TO OUR GENERAL PUBLIC;ONLY MEDIA CAN DO THIS JOB.
3-PEOPLE CAN ONLY WRITE THEIR OPINION UNDER THE DEMOCRATIC GOVERNMENT AND FREEDOM OF PRESS.
4-FREEDOM OF PRESS ,FREEDOM TO WRITE AND FREEDOM TO SPEECH IS NOT AS A RIGHT BUT AS A PRIVILEGES AND MUST USE WISELY AND MUST BE TRUE FACTS.NO BIAS,NO FAVOUR,NO FEAR,NO ATTACHMENT TO ANY PARTY/GROUP,NO INFLUENCE FROM INSIDE AND OUTSIDE THE COUNTRY.
5-THE FREEDOM OF PRESS AND FREEDOM OF SPEECH IS NOT A LICENSE TO KILL BUT MUST USE AS A GUIDING INFORMATION FOR PROMOTING OUR GOVERNMENT,OUR COUNTRY AND OUR PEOPLE.
6-ALL PARTIES,ALL GROUPS,ALL GOVERNMENT STRUCTURES,3 PYI THU LUTTAW,JUDICIAL AFFAIRS SHOULD INVESTIGATE THE PUBLIC COMMENTS AS A FACT FINDING FOR PROMOTING BETTER SERVICES TO GENERAL PUBLIC BUT NOT A FAULT FINDING TO THE COMMENT WRITER.
5-WE LIKE TO SEE CHANGES OR CORRECTIONS AS SOON AS POSSIBLE IF THAT INFORMATION CONTAINING IN THE ARTICLE OR COMMENT ARE TRUE AND BENEFICIAL TO THE GENERAL PUBLIC.
6-WE WANT CHANGES AND REFORMS FOR OUR COUNTRY AND FOR OUR PEOPLE.
7-ACCORDING TO THE TEACHING OF BUDDHA;
***IF IT IS TRUE+IF IT IS BENEFICIAL=DO IT***
EITHER PEOPLE LIKE IT OR UNLIKE IT.
8-WE RESPECT OUR HEALTH PROFESSIONALS BUT WE NEED TO CHANGE OR REFORM OUR HEALTHCARE SYSTEM FROM THE MINISTRY OF HEALTH TO LOWEST WORKERS.

WITH MYITTA...

ဲံဲူြူုံ့



The Voice ကတော့ တော်တော်များနေပြီ.......သောက်ဆင့်မရှိတဲ့ အယ်ဒီတာ

သောက်သုံးမကျတဲ့ ကလောင်ရှင်တွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ သောက်

ဖိုးမတန်တဲ့ဂျာနယ်ကို သောက်မျိုးဖြုတ်ပစ်လိုက်မှပဲ နားအေးမယ်......................

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်