Subscribe to our RSS Feed
Showing posts with label ဘာလဲဟဲ့ နော်အုံးလှ. Show all posts
Showing posts with label ဘာလဲဟဲ့ နော်အုံးလှ. Show all posts

NLD ခေါင်းဆောင် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌဖြစ်နေချိန် ဥပဒေမလိုက်နာသည့် NLD ကိုခြေစုံကန်ခဲ့သော ဒေါ်နော်အုံးလှနှင့်အဖွဲ့ အား အရေးယူ

From : ..the voice


NLD ခေါင်းဆောင် တရားဦးပဒေစိုးမိုးရေးကော်မတီ ဥက္ကဌဖြစ်နေချိန် NLD ကိုခြေစုံကန်ခဲ့သည့် ဒေါ်နော်အုံးလှနှင့်အဖွဲ့ အား အရေးယူလိုက်ကြောင်း သတင်းရရှိသည်။


မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဆန္ဒထုတ်ဖော်မှုတို့တွင် အခကြေးငွေယူပြီး ဆန္ဒပြမှု ရှိနေကြောင်း သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်၌ ပြောဆိုမှုအပေါ် မကျေနပ်၍ ဆန္ဒထုတ်ဖော်သည့် အဖွဲ့ခေါင်းဆောင်များကို ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်သဖြင့် မြို့နယ်ရဲစခန်း ငါးခုက အရေးယူမည် ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ် ရဲစခန်းမှ ဒုတိယရဲမှူးကြီး ဝင်းအောင်နီက ပြောကြားသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ခရီးစဉ်၌ မြန်မာသံရုံး မိသားစုဝင် များနှင် တွေ့ဆုံရာတွင် ဆန္ဒဖော်ထုတ်သူများ သည် အခကြေးငွေ အနည်းဆုံး ငွေကျပ် အနိမ့်ဆုံး တစ်ရက် ကျပ် ၃၀၀၀ မှ အများဆုံး ၅၀၀၀ ကျပ်ထိ ရရှိနေကြသည်ဟု ပြောဆိုမှုအပေါ် မကျေနပ်သောကြောင့် မေလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က တာမွေဈေးမှ ရန်ကုန်မြို့တော်ခန်းမ အထိ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ရက်မှ အဖွဲ့ဝင် လူ ၂၀ ခန့် လမ်းလျှောက်ဆန္ဒဖော်ထုတ် ခဲ့ကြသည်။

ခွင့်ပြုချက်ရရှိထားသည့် တရားဝင်ဆန္ဒဖော်ထုတ်ခြင်း မဟုတ်ဘဲ ဥပဒေနှင့် မညီညွတ်သည့်အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် နည်းဥပဒေ ပုဒ်မ ၁၈ ဖြင့် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်နှင့် ကျောက်တံတား မြို့နယ်ရဲစခန်းများက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

"ထစ်ခနဲရှိ ဆန္ဒပြတာက လမ်းကြောင်းမှန် မဟုတ်ဘူး" ဟု ၈၈ မျိုးဆက်ကျောင်းသား ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမာကီးက ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ NLD ပါတီ မှ ထုတ်ပယ်ခြင်းခံထားရသည့်  ဒေါ်နော်အုန်းလှသည် ဆန္ဒထုတ်ဖော် ရာတွင် တရားဝင်လျှောက်ထားခြင်း မရှိသောကြောင့် ပုဒ်မ ၁၈ ဖြင့် အမှုပေါင်း ကိုးမှု ရင်ဆိုင်နေရပြီး ၂၀၁၂ ခုနှစ်က လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်မှုကြောင့် ပန်းဘဲတန်းနှင့် ကျောက်တံတား မြို့နယ်များတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၅၀ (ခ) ဖြင့် တရားစွဲဆိုခံ ထားကြောင်း ၄င်းက ပြောကြားသည်


 .. www.MyanmarExpress.net