From :
..mwd
..
www.MyanmarExpress.net
အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့မှ
အကြမ်းဖက် တန်ပြန်တိုက်ခိုက်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သော Densus 88 အဖွဲ့သည်
ဂျကာတာမြို့ရှိ မြန်မာ သံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင်
ပါဝင်ပတ်သက် ခဲ့သည့် အသက် ၂၃ နှစ်အရွယ်ရှိ ပြည်တွင်းဖြစ် ဗုံးပြုလုပ်သူ
အမျိုးသား တစ်ဦးကို ရှာဖွေလျက် ရှိကြောင်း အင်တာနက် သတင်းတစ်ရပ် အရ
သိရသည်။
ဂျကာတာမြို့ရှိ မြန်မာသံရုံအား
ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် SIဟု အမည်ဝှက် ပေးထားသည့် အဆိုပါ
အမျိုးသားက အကူအညီ ပေးခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့မှ
ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဘွိုင်းရာဖေးလ် အမာက မေ ၆ ရက်တွင်
ပြောကြားထားသည်။SI သည် အသက် ၂၈ နှစ်အရွယ် ဆီဖာရီ အာနိုနှင့် အသက် ၂၉
နှစ်အရွယ် အက်ခ်ျမက်ဒ် တက်ဖစ်တို့ နှစ်ဦး နှင့်အတူ မြန်မာသံရုံးအား
ဗုံးခွဲ တိုက်ခိုက်ရန် ပြည်တွင်းဖြစ် ဗုံးငါးလုံးကို ကြိုတင်ပြင်ဆင်
ခဲ့သည်ဟု သိရသည်။
ထို့နောက် ဆီဖာနှင့် တက်ဖစ်တို့
နှစ်ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က မေ ၂ ရက်တွင် ဖမ်းဆီးခဲ့ပြီး
ပြည်တွင်းဖြစ် ဗုံးငါးလုံး ထည့်သွင်း ထားသော ကျောပိုးအိတ် တစ်လုံးကို
Densus 88 အဖွဲ့က သိမ်း ယူ ခဲ့ကြောင်း သိရသည်။
၎င်းတို့ နှစ်ဦးအား ဖမ်းဆီးခဲ့ပြီးနောက်
ဆီဖာ၏ ဇနီးဖြစ်သူအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး နေအိမ်အတွင်း
ဝင်ရောက်၍ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဗုံးလုပ်ရာတွင် အသုံးပြုသည့်
ပစ္စည်း များ ဖြစ်သည်ဟု ယူဆရသော ဓာတု ပစ္စည်းများ၊ ဘက်ထရီများနှင့်
အခြားလက်နက် ခဲယမ်းများကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း
ဗိုလ်မှူးချုပ်ဘွိုင်းက ပြောကြားခဲ့သည်။
ထို့နောက်SI တည်ရှိမည့်နေရာကို သိရှိစေရန်
၎င်း၏ မိသားစုဝင် လေးဦးကို စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဘွိုင်းက
ဆက်လက် ပြောကြားခဲ့သည်။
2 comments:
ကျေးဇူးပြု၍ မူစလင်ပိုင် ထုပ်လုပ်သော ပစ္စည်း အမျိုးအမည်များကို ဖော်ပြပေးပါ အဝေပြေးကားဂိတ် ဥပမာ ရာဇာမင်း မိုးကောင်းကင် တို့လိုပေါ့ တင်ဖြစ်အောင်တင်ပေးပါ မျိုးချစ်လူငယ်တစ်ဦး
Myanmar Government!
Must find out
1. NLD office and their Houses
2. 786 Leaders houses and
theirs Moses( Bali ).
3. If you found out must kill 786
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်