From :
..popular
ရွှေမှော်ဝန်းလူမှုယဉ်ကျေးမှု ကူညီရေးအဖွဲ့၏ ဒုတိယအကြိမ် ကူညီစောက်ရှောက်ရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျောက်တန်း မြို့ရှိ ရွှေမှော်ဝန်းသာသနာ့ဗိမာန်တွင် ပြုလုပ်သည်။ အခမ်းအနားတွင် ရွှေမှော်ဝန်း လူမှုယဉ်ကျေးရေးအဖွဲ့ ရာသက်ပန်နာယက ဦးခင်ညွန့် တက်ရောက်၍ ကန်တော့ခံအဘိုးအဘွားများကို ပူဇော်ကန်တော့ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ၇ ကျောင်းနှင့် အခြေခံပညာမူလတန်း ကျောင်း ၁ဝ ကျောင်းအား စာအုပ်နှင့်စာရေးကိရိ ယာများ၊ ထောက်ပံ့ခြင်း၊ ကုသိုလ်ဖြစ်နှင့် ကျေးလက်ဆေးခန်းများသို့ အလှူငွေ ပေးအပ်ခြင်းနှင့် အခြားလူမှုကူညီ ထောက်ပံ့ခြင်းများအတွက် စုစုပေါင်း ၂၅ သိန်းကျော် ထောက်ပံ့လှူဒါန်းခဲ့ ကြောင်း သိရသည်။
.. www.MyanmarExpress.net

11 comments:
ဗုဒ္ဓဘာသာလူကြီးတွေဟာဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အသက်ကြီးလာရင်
ပရဟိတနဲ့ဘာသာရေးဘက်ကိုလိုက်ကြတော့တာပါပဲ
ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်ကိုလေးစားမိပါတယ်
လေး စား ပါ တယ်
May be he knows public won't accept him as a politation.He is nothing but a usless and criminal jerk.
အ ပြောကို အလုပ်နဲ့ သက်သေပြတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ် ဦးခင် ညွန့်
အနာဂါမ်ဦးခင်ညွန့် နောက်တစ်ဆင့်
ထပ်တက်နိုင်ပါစေ
မတည်ငြိမ် မှုတွေဖြစ်တိုင်း
ဦးခင်ညွန့်ကို သတိရတယ်
stupit
အ လေး ပြု ပါတယ် အ ဘဦးခင် ညွန့်
အသက် ငယ်တဲ့ သူတွေထဲမှာရော
တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့ သူတွေ
ရှိပြီလား။
လေးစားပါ ဒါကမြန်မာတွေရဲ့ ချစ်စရာကောင်းတဲ့ အ လေ့ထပါ
မင်းအမေအမတွေထောက်လှမ်းရေးဆိုတဲ့သူစနက်ကြောင့်မသေဘူးတော့်မင်းတမ်းတနေမှာပေါ့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်