Subscribe to our RSS Feed

သမ္မတဦးသိန်းစိန် အမေရိကခရီးစဉ်တွင် Google ဥက္ကဋ္ဌနှင့် တွေ့ဆုံမည်

From : ..the voice



အမေရိကန်အစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်မည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမားနှင့် တွေ့ဆုံပြီးပါက ဆန်ဖရန်စစ္စကို ပြည်နယ်ရှိ စီလီကွန် တောင်ကြားသို့ သွားရောက်ကာ Google ဥက္ကဋ္ဌနှင့် တွေ့ဆုံရန်ရှိကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းရာ ခရီးစဉ်အသေးစိတ် စီစဉ်ပြီးပါက နိုင်ငံတော်သမ္မတရုံးမှ တရားဝင် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားသည်။ ယင်းနောက် အဆိုပါ ပြည်နယ်သို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများနှင့်လည်း တွေ့ဆုံသွားရန်ရှိကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။ “သမ္မတ အခုသွားမယ့် အမေရိက ခရီးစဉ်တစ်ခုလုံးက မြန်မာနိုင်ငံရဲ့ စီးပွားရေးတင်မကဘူး။ ဘက်စုံတိုးတက်ရေး အတွက် အထောက်အကူ ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို သူတို့ရဲ့ မိတ်ဖက်နိုင်ငံအနေနဲ့ သတ်မှတ်လိုက်တာပါ။ မြန်မာနိုင်ငံက အမေရိကရဲ့ မိတ်ဖက်အဆင့် ရောက်သွားတာပါ” ဟု စီးပွားရေးမူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြောကြားသည်။ အမေရိကအခြေစိုက် ကမ္ဘာကျော် နည်းပညာကုမ္ပဏီများ စိတ်ဝင်စားခြင်း ခံနေရသည့် မြန်မာနိုင်ငံအတွက် နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်မှာ မြန်မာနိုင်ငံတွင် ကမ္ဘာကျော် နည်းပညာကုမ္ပဏီများ လာရောက်လုပ်ကိုင် ရေးအတွက် များစွာ အထောက်အပံ့ကောင်း ဖြစ်မည်ထင်ကြောင်း အိုင်တီပညာရှင်တစ်ဦးက ပြောပြခဲ့သည်။ 

 .. www.MyanmarExpress.net
 

2 comments:

သမ္မတကြီး ဟို ရောက်တဲ့ အခါ ဆန္ဒပြမဲ့ နွားထီး နွားမ တွေ ဆင်ချင် နိုင်ကြပါစေ။

အင်တာနက်ဘဲတွေ။ချက်တင်မမတွေ။ဖေ့စ်ဘုတ်အကိုကြီး
တွေပျော်ကြပေတော့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်