Subscribe to our RSS Feed

ကျေးဇူးပြုပြီး သူငယ်ချင်း . . . မတ်တပ်ခဏထရပ်လိုက်ပါ


From : Nyan Linn Htun

ဖွံ့ဖြိုးတိုးတက်ဖို့ အရှိန်ယူနေတဲ့ နိုင်ငံတစ်ခုမှာ respect ပိုရှိသင့်လာပါပြီ။ ဘာသာရေးမှာပဲဖြစ်ဖြစ် နိုင်ငံတော်နဲ့ပတ်သက်တဲ့ အခမ်းအနားတွေမှာပဲ ဖြစ်ဖြစ် ကျနော်တို့နိုင်ငံသားတွေဟာ နိုင်ငံကြီးသားဖြစ်တယ်ဆိုတဲ့ စရိုက်ကို ပြကြရမှာပါ။
ဗုဒ္ဓဘာသာတိုင်း အခြေခံသိနားလည်တဲ့ ဘုရား၊ စေတီပုထိုးတွေမှာ ဖိနပ်မစီးရဘူး။ တခြားဘာသာခြားတွေ မသိကြဘူးပဲထား။ ကျနော်တို့ နိုင်ငံက လူ ၁၀ ယောက် ဖိနပ် မစီးရင် တခြားနိုင်ငံသားတွေ တခြားဘာသာဝင်တွေ ဖိနပ်စီးဖို့ တွန့်သွားမှာသေချာပါတယ်။
တခြားနိုင်ငံတွေမှာ သူတို့ဘာသာ၊ သူတို့ယဉ်ကျေးမှုကို သူများလေးစားအောင် သူတို့ကိုယ်တိုင်လည်း လေးစားကြောင်း အမြဲတမ်း ပြသကြတယ်။
ကျနော်တို့လည်း ကျနော်တို့ဘာသာ၊ ကျနော်တို့ယဉ်ကျေးမှုကို လေးစားကြောင်း တန်ဖိုးထားကြောင်း ပြသရမှာ ရှက်စရာမဟုတ်ပါဘူး။ တန်ခိုးကြီးဘုရားမှ ဖိနပ်ချွတ်ကြမှာလား။ ယခုနေထိုင်နေတဲ့ နိုင်ငံမှာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူတွေချည်းမဟုတ်ပါဘူး။ ဘာသာခြားတွေ၊ လူမျိုးခြားတွေ အများကြီးရှိနေပါပြီ။ သူတို့ထဲမှာ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်က မလေးမစား လုပ်ပြနေမယ်ဆိုရင် သူများတွေ စော်ကားတာခံရတော့မှာ သဘာဝပဲ။ ဒီလိုပါပဲ နိုင်ငံတော်သီချင်းနဲ့ပတ်သက်ပြီးတော့လည်း ပြဿနာကြုံနေရတာပါပဲ။ နိုင်ငံတော် သီချင်းဖွင့်ရင် နိုင်ငံတော်အလံကို အရိုအသေပြုရမယ်။ အနည်းဆုံး မတ်တပ်တော့ ထရပ်ကြရမယ်။ ဒါလည်း နိုင်ငံသားတိုင်း အခြေခံအသိရှိရမယ့် အကြောင်းအရာ တစ်ခုပါပဲ။
ဘယ်နေရာမှာ နိုင်ငံတော်သီချင်းဖွင့်လဲ အခုအချိန်မှာ ကျနော်တို့ ကြုံတွေ့ရတဲ့ နေရာ နှစ်ခုပဲ အဖြစ်နိုင်ဆုံးပါ။ တခုက နိုင်ငံကိုယ်စားပြုဘောလုံးပွဲနဲ့ နောက်တခုက ရုပ်ရှင်ရုံတွေပေါ့။
နိုင်ငံကိုယ်စားပြုဘောလုံးပွဲက အမြဲတမ်းရှိတဲ့အရာမဟုတ်ပေမယ့် ဘောလုံးပွဲ ပရိသတ်တွေက နိုင်ငံတော် သီချင်းဖွင့်ရင် ကြက်သီးမွေးညှင်းထလောက်တဲ့ အသံနဲ့ နိုင်ငံတော်သီချင်းကို စိတ်ပါလက်ပါ သီဆိုကြတာ ကြုံဖူးတဲ့သူတွေရှိမှာပါ။ အမြဲတမ်းကြုံတွေ့နေတဲ့ ရုပ်ရှင်ရုံတွေမှာရော ????
ကျနော်တို့ ကြုံခဲ့ဖူးမှာပါ။ မန်းလေးမှာနေတဲ့ သူတယောက်အနေနဲ့ ပိုပြီး ကြုံဖူးမှာ။ ကျနော် ရုပ်ရှင်သွားကြည့်တဲ့တခေါက်ပေါ့ နိုင်ငံတော်အလံကို အလေးပြုပါဆိုတဲ့ စာတမ်းပေါ်လာပြီးမှ နိုင်ငံတော်သီချင်းကို ဖွင့်လိုက်တာပါ။ ကျနော် မတ်တပ်ထရပ်လိုက်တယ်။ ဒါဟာ ရှက်စရာ မဟုတ်ပါဘူး။ အပန်းဖြေဖို့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ် တခြားဘာအကြောင်းနဲ့ပဲ ရုပ်ရှင်သွားကြည့်ကြည့်တာပဲ ဖြစ်ဖြစ် နိုင်ငံသားတယောက်အနေနဲ့ နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်းကိုတော့ respect ရှိရမှာပါ။ အံ့သြလောက်စရာကောင်းအောင်ကို ရုပ်ရှင်ရုံထဲက လူရဲ့ ၁၀ ရာခိုင်နှုန်း မပြည့်လောက်ပါဘူး။ မတ်တပ်ရပ်ပြီး အရိုအသေပေးတဲ့ သူဦးရေကလေ။ အဲ့ဒီမှာ ထရပ်တဲ့သူတွေဟာ ဘယ်လိုဖြစ်သွားကြလဲ? ကိုယ်ကပဲ ရူးလို့ ထရပ်ကြတာလိုလို ? ဒါဟာ လုပ်စရာမလိုတဲ့ ကိစ္စတရပ်လိုလို? အခု ထပြီး အရိုအသေပေးတဲ့ သူတချို့က နောက်တကြိမ်မှာ သူတို့ထရပ်ကြအုံးမှာလား ? အရင်တခါတောင်ကွာ ဘယ်သူမှာ ထကြတာမဟုတ်ဘူး။ ငါတို့လည်း လုပ်နေစရာမလိုပါဘူးဆိုတဲ့အတွေးမျိုးဝင်သွားကြရင် !!!
တကယ်တော့တွေးစရာတွေအများကြီးပါ။ ကျနော့်အနားက လူမျိုးခြားမိသားစုတစ်စု အေးအေးဆေးဆေးထိုင်ပြီး နေကြာစေ့စားနေတယ်။ ကျနော်စဉ်းစားမိတာတခုက သူတို့ နိုင်ငံမှာ ကျနော်ဒီလိုလုပ်လို့ရနိုင်ပါ့မလားပေါ့။ ကျနော်တို့ နိုင်ငံက လူအားလုံးသာ ရုပ်ရှင်ရုံမှာပဲ ဖြစ်ဖြစ်၊ အခြားအခြားသော အခမ်းအနားတွေမှာပဲဖြစ်ဖြစ် နိုင်ငံတော်ရဲ့ အထိမ်းအမှတ်တွေကို respect ရှိကြမယ်ဆိုရင် တခြားနိုင်ငံသားတွေ ဒီလိုနေနိုင်ပါ့မလား? ကိုယ်က မလေးစားတော့ သူများ အစော်ကားခံရတာ ဘယ်သူ့အပြစ်လို့ ကျနော်တို့ ပြောကြမလဲ? ဒါကြောင့် သူငယ်ချင်းတို့ရေ နိုင်ငံတော်သီချင်းဖွင့်တဲ့အချိန် ကျနော်တို့အားလုံး မတ်တပ်ရပ်ပြီး နိုင်ငံကို လေးစားကြောင်း ပြကြရအောင်
ကျေးဇူးပြုပြီး သူငယ်ချင်း . . . မတ်တပ်ခဏထရပ်လိုက်ပါ

Myanmar Express

4 comments:

ကျေးဇူးပြုပြီး ခဏလောက်မတ်တတ်ရပ်ပေး လို့ရမလား ကိုလေးဖြူစကား ခဏငှားသုံးကြည့်တာပါ။

အရမ်းကောင်းမွန်တဲ့အကြံပြုစာလေးပါ။အားပေးပါတယ်

nin myanmar lu myo so yin de lo sa kar myo ma pyaw nae.

1-EVERYBODY LIVING IN A COUNTRY,HE MUST
RESPECT THE COUNTRY.
2-HE MUST RESPECT THE NATIONAL SONG.
3-HE MUST RESPECT THE NATIONAL FLAG.
4-THIS IS THE DUTY OF ALL CITIZEN,ALL
PERMANENT RESIDENCE,ALL FRC,ALL VISITORS
LIVING INSIDE OUR COUNTRY AND INSIDE
MYANMAR EMBASSY.THIS IS THE LAW OF LAND.
5-WE MUST ENFORCE THE LAW AND TAKE THE
NECESSARY ACTION.
6-OUR CIVIC DUTY IS TO REPORT THE AUTHORITY;
WE SHOULD NOT IGNORE SUCH THINGS.
7-ANYBODY DISRESPECTING OUR NATIONAL FLAG
MEANS THEY ARE DISRESPECTING OUR COUNTRY
AND OUR NATION;WE CANNOT ACCEPT AS A
PROTEST OR TRIKE BUT IT IS AN INSULT.
8-IF ANY SIMILAR THING HAPPENING IN A FOREIGN
COUNTRY WE SHOULD REPORT TO THE LOCAL
AUTHORITY AND SUE THEM AT THE COURT TO STOP
NOT TO HAPPEN AGAIN IN FUTURE.
9-PLEASE NEVER HESITATE TO REPORT TO
AUTHORITY.

WITH MYITTA

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်