Subscribe to our RSS Feed

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ (၃၃) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ သို့တက်ရောက်

From : မြဝတီ

ပြည်ထောင်စု လွှတ်တော် နာယက ကိုယ်စား အမျိုးသား လွှတ်တော် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက် အဝန်း ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်တင် ခေါင်းဆောင်သော အဖွဲ့ဝင် ၁၄ ဦး ပါဝင်သည့်   ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် အင်ဒိုနီးရှား သမ္မတ နိုင်ငံ လုံဘောက် မြို့၌ ကျင်းပမည့် (၃၃) ကြိမ် မြောက် အာဆီယံ ပါလီမန်များအထွေထွေ ညီလာ ခံ ( 33 rd AIPA General Assembly) သို့ တက်ရောက်ရန် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာ ခဲ့ရာဒေသ စံတော် ချိန် ညနေ ၆ နာရီ ခွဲတွင် လုံဘောက်မြို့ အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ ခဲ့သည်။
ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၁၆ ရက်  ည ၇ နာရီက Santosa Villas & Resort ရှိ Nusantara Restaurant ၌ အင်ဒိုနီးရှား သမ္မတ နိုင်ငံ ပါလီမန် ဆိုင်ရာ ပူးပေါင်း ကော်မတီ ဥက္ကဋ္ဌ Hon. Dr. Surahman Hidayat က တည်ခင်း ဧည့်ခံသည့် ညစာ စားပွဲသို့ AIPA အဖွဲ့ဝင် နိုင်ငံများ၊ ဆွေးနွေး ဖက်နှင့် လေ့လာသူ နိုင်ငံများမှ ကိုယ်စား လှယ် အဖွဲ့များနှင့် အတူ တက်ရောက်သည်။
ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သည့် အမျိုးသား လွှတ်တော် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်နန်းနီနီအေး ခေါင်းဆောင်သော အမျိုးသမီး ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂နာရီအထိ Santosa Villas & Resort, Bima 1 Room ၌ ကျင်းပသည့် Meeting of the Woman Parliamentarians of AIPA (WAIPA) သို့ တက်ရောက်သည်။
ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဦးညွန့်တင်သည် အဖွဲ့ဝင် ဒေါက်တာ မြဦး၊ ဒေါက်တာ မြင့်ကြည်နှင့် ဦးခင် မောင်ရီတို့နှင့် အတူ စက်တင်ဘာ ၁၇ ရက် နံနက် ၁ဝ နာရီက AIPA အထွေထွေ အတွင်းရေးမှူး မစ္စတာ အန်တိုနီရို ကျူရင်ကို (Mr. Antonio Cuenco) နှင့် မွန်းလွဲ ၁ နာရီ မိနစ် ၅ဝ တွင် ကမ္ဘောဒီးယား ပါလီမန် ဥက္ကဋ္ဌ H.E. Samdech Akka Moha Ponhea Chakrei Heng Samrin တို့အား Santosa Villas & Resort, Arjuna Room ၌ လည်းကောင်း၊ ညနေ ၃ နာရီတွင် လာအိုနိုင်ငံ ပါလီမန်ဥက္ကဋ္ဌ H.E. Mrs. PangYathotou အား Sheraton Hotel ၌ လည်းကောင်း တွေ့ဆုံ နှုတ်ဆက်သည်။
ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် ည ၇ နာရီတွင် လုံဘောက်မြို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ရုံးခန်းမ ဆောင်၌ ကျင်းပသည့် (၃၃) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်သည်။
ဖွင့်ပွဲ အခမ်း အနားတွင် AIPA အလှည့်ကျ ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှား သမ္မတနိုင်ငံ ပါလီမန် ဥက္ကဋ္ဌ H.E.Dr. Marzuki Alie ၊ ASEAN အလှည့်ကျ ဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် H.E. Samdech  Akka   Moha   Sena Padei Techo Hun Sen နှင့် အင်ဒိုနီးရှား နိုင်ငံ ဒုတိယ သမ္မတ Dr. Boediono တို့က မိန့်ခွန်းပြော ကြားကြသည်။  ဖွင့်ပွဲ အခမ်း အနား အပြီးတွင် စုပေါင်း ဓာတ်ပုံ ရိုက်ကြပြီး အင်ဒိုနီးရှား သမ္မတ နိုင်ငံ ဒုတိယ သမ္မတက တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြု ညစာ စားပွဲသို့ တက်ရောက် ခဲ့ကြသည်။     
စက်တင်ဘာ ၁၈ ရက် နံနက် ၈ နာရီက ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးညွန့်တင်နှင့် အဖွဲ့ဝင် (၃) ဦး တို့သည် APIA ဥက္ကဋ္ဌ ဦးစီး၍ Santosa Villas & Resort, Yudistira Room ၌ ကျင်းပသည့် အရေးပေါ် အမှုဆောင် ကော်မတီ အစည်း အဝေးသို့ တက်ရောက် ကြသည်။ နံနက် ၉ နာရီတွင် Bima Ballroom ၌ ကျင်းပသည့် 33rd AIPA General Assembly ၏ ပထမ စုံညီ အစည်း အဝေးသို့ တက်ရောက်ပြီး ကိုယ်စား လှယ်အဖွဲ့ ခေါင်းဆောင် ဦးညွန့်တင်က မိန့်ခွန်း ပြောကြားခဲ့သည်။
ကိုယ်စားလှယ် အဖွဲ့သည် ည ၇ နာရီ တွင် Hotel Lombok Raya, Mataram ၌ အင်ဒိုနီးရှား နိုင်ငံ အနောက် နျူဆာ တန်ဂါရာ ပြည်နယ် (West Nusa Tang-gara Province) အုပ်ချုပ်ရေး မှူး Hon. Dr. TGH. Muhammad Zainul Majdi က တည်ခင်း ဧည့်ခံသည့်  ညစာ စားပွဲသို့ တက်ရောက်ခဲ့သည်။
စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီ မှ မွန်းလွဲ ၁၂ နာရီ ခွဲအထိ အဖွဲ့ငယ်များ ခွဲ၍ ကော်မတီ အစည်း အဝေးများ တက်ရောက်ခဲ့ရာ အဖွဲ့ ခေါင်းဆောင် ဦးညွန့်တင်နှင့် အဖွဲ့သည် နိုင်ငံရေး ဆိုင်ရာ ကော်မတီ အစည်း အဝေးသို့ လည်းကောင်း၊ ဒေါက်တာ မြင့်ကြည်နှင့် အဖွဲ့သည် စီးပွားရေး ဆိုင်ရာ ကော်မတီ အစည်း အဝေးသို့ လည်းကောင်း၊ ဦးခင်မောင်ရီ နှင့်အဖွဲ့သည် လူမှုရေး ဆိုင်ရာ ကော်မတီ အစည်း အဝေးသို့ လည်း ကောင်း၊ ဒေါက်တာ မြဦးနှင့် အဖွဲ့သည် အဖွဲ့အစည်း ဆိုင်ရာ ကော်မတီ အစည်း အဝေးသို့ လည်းကောင်း တက်ရောက် ခဲ့ကြသည်။ ကိုယ်စားလှယ် အဖွဲ့သည် ညနေပိုင်းတွင် လေ့လာသူ နိုင်ငံများ အဖြစ် တက်ရောက် လာကြသော သြစတြေးလျ နိုင်ငံ၊ ဘီလာရုစ် နိုင်ငံ၊ ကနေဒါ နိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနှင့် ဥရောပ ပါလီမန် တို့မှ ကိုယ်စားလှယ် အဖွဲ့များနှင့် လည်းကောင်း၊ အိန္ဒိယ နိုင်ငံ၊ ဂျပန် နိုင်ငံ၊ ကိုရီးယား သမ္မတ နိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံတို့မှ ကိုယ်စားလှယ် အဖွဲ့များနှင့် လည်းကောင်း၊ APIA အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ များနှင့် လည်းကောင်း အဖွဲ့ငယ်များ ခွဲ၍ ဆွေးနွေး ခဲ့ကြသည်။
ဒုတိယ အဖွဲ့ ခေါင်းဆောင် ဒေါက်တာ မြဦးနှင့် အဖွဲ့သည် ညနေ ၆ နာရီ ခွဲတွင် ပူးတွဲ ကြေညာချက် ပြုစု ထုတ်ပြန်ရေး ကော်မတီ ညှိနှိုင်း အစည်း အဝေးသို့ တက်ရောက် ခဲ့သည်။ ကိုယ်စား လှယ်အဖွဲ့သည် ည၇ နာရီတွင် Sheraton Hotel၌ အနောက် နျူဆာတန် ဂါရာ ပြည်နယ် သမဝါယမနှင့် SME လုပ်ငန်း များ ဆိုင်ရာ ဝန်ကြီးက တည်ခင်း ဧည့်ခံသည့် ညစာ စားပွဲသို့ တက်ရောက် ခဲ့သည်။
စက်တင်ဘာ ၂ဝ  ရက်က  Gili Rengit ကျွန်းသို့ လေ့လာရေး ခရီး သွားရောက် ခဲ့သည်။
စက်တင်ဘာ၂၁ ရက်က Santosa Villas & Resort, Bima Ballroom ၌ ကျင်းပသည့် 33rd APIA General Assembly ဒုတိယ စုံညီ အစည်း အဝေးသို့ တက်ရောက်ခဲ့သည်။
အဖွဲ့ ခေါင်းဆောင် ဦးညွန့်တင်နှင့် အဖွဲ့ဝင် (၅) ဦး တို့သည် မွန်းလွဲ ၂ နာရီ တွင် Santosa Villas & Resort, Arjuna Room ၌ APIA ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှား နိုင်ငံ ပါလီမန် ဥက္ကဋ္ဌ H. E. Dr. Marzuki Alie အား တွေ့ဆုံ နှုတ်ဆက် ခဲ့သည်။
ညပိုင်းတွင် APIA အလှည့်ကျ ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှား ပါလီမန် ဥက္ကဋ္ဌ H.E.Dr.Marzuki Alie က တည်ခင်း ဧည့်ခံသည့် စုပေါင်း ညစာ စားပွဲ အခမ်း အနားသို့ တက်ရောက် ခဲ့ကြသည်။



 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်