From : planet
Myanmar Express
အငြင်းပွားမှုများ
ဖြစ်ပေါ်နေရာ ရေပြင်သို့ ထိုင်ဝမ်လှေများ အုံနှင့်ကျင်းနှင့်
ဝင်ရောက်လာပြီးနောက် ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့နှင့် အပြန်အလှန်
ရေအမြောက်များဖြင့် ပစ်ခဲ့ကြောင်း သိရသည်။
ထိုင်ဝမ်ငါးဖမ်းလှေ (၄၀)ဝန်းကျင်သည် ကမ်းခြေစောင့်လှေမ
ထိုင်ဝမ်ငါးဖမ်းလှေ (၄၀)ဝန်းကျင်သည် ကမ်းခြေစောင့်လှေမ
ျား
ခြံရံကာ ဆန်ကာကူ ကျွန်းစုအနီးသို့ အင်္ဂါနေ့ နံနက်ပိုင်းက ဝင်ရောက်လာခဲ့သည်။
ဂျပန်တို့က မိမိတို့ ထိန်းချုပ်ထားသော ရေပိုင်နက်သို့ ဝင်ရောက်လာသည်ဟု
အကြောင်းပြကာ ကမ်းခြေစောင့်လှေမှ ရေပက်သည့် အမြောက်များဖြင့်
ငါးဖမ်းလှေများထံ လှမ်း၍ ပက်ဖြန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်
ထိုင်ဝမ် ကမ်းခြေစောင့် တပ်များကလည်း ဖိအားမြင့်သည့် ရေပန်းများဖြင့်
ဂျပန်တို့အား တုံ့ပြန် ပစ်ခတ်ခဲ့သည်။ ယခုကျွန်းပိုင်ဆိုင်မှု
အငြင်းပွားခြင်းသည် ဂျပန်အတွက် ဒုတိယကမ္ဘာစစ် နောက်ပိုင်း အခက်ခဲဆုံး
နိုင်ငံတကာ ပြဿနာတစ်ခု ဖြစ်လာပြီး ထိုင်ဝမ်အပြင် တရုတ်နှင့်ပါ
ရင်ဆိုင်နေရသည်။
အင်္ဂါနေ့ နံနက်ပိုင်းက ထိုင်ဝမ် ငါးဖမ်းသင်္ဘော အစင်း(၄၀)ခန့်နှင့် ကမ်းခြေစောင့်လှေ (၈)စင်းသည် ပိုင်ဆိုင်မှု
အငြင်းပွားနေသည့် ဆန်ကာကူ ကျွန်းများအနီး ဝင်ရောက်လာပြီး
ဂျပန်ကမ်းခြေစောင့် သင်္ဘောများက ယင်းတို့အနီး ခုတ်မောင်းကာ အခြေအနေ
စောင့်ကြည့်နေသည်ကို တွေ့ရသည်။ ဆန်ကာကူဆိုသော အမည်ကို ဂျပန်က မှည့်ခေါ်ပြီး
တရုတ်တွင် ယင်းကျွန်းကို ဒိုင်အိုယူဟု ခေါ်သည်။ ဂျပန်အစိုးရက ဆန်ကာကူ
ကျွန်းစုမှ ကျွန်း(၃)ခုကို ဝယ်ယူမည်ဟု ယခုလ အစောပိုင်းက အတည်ပြု
ကြေညာပြီးနောက် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေပြင်ကို ထိုင်ဝမ်က
ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်လာခြင်း ဖြစ်သည်။ ဂျပန်သည် ယင်းကိစ္စအတွက်
တရုတ်နှင့်လည်း ပြဿနာ ရှိနေဆဲဖြစ်သည်။
Myanmar Express
1 comments:
ဂျပန်တွေဒုကမ္ဘာစစ်မှာအနုမြူဗုံးစားရတောင်တောင်မမှတ်သေးဘူး
အခုမြောက်ဘက်ကကျွန်စုတွေကိုရုရှားဆီကလု
အနောက်ဘက်ကကျွန်စုတွေကိုတောင်ကိုရီးယားဆီကလု
တောင်ဘက်ကကျွန်းစုတွေကိုတရုတ်နဲ့ထိုင်ဝမ်ဆီကလု
ဒါတောင်ဒုကမ္ဘာစစ်မှာစစ်ရှုံးလို့ ၊ စစ်တပ်ဖွဲ့စည်းခွင့်မပေးထားတာ၊
အခုဂျပန်မှာကမ်းခြေစောင့်တပ်ဘဲရှိတာ၊Navyဆိုတာမရှိဘူး
စစ်တပ်သာဖွဲ့စည်းခွင့်ပြုလိုက်ရင်၊အခုလောက်ဆိုအရင်အတိုင်း
ဖက်စစ်နယ်ချဲ့ စိတ်တွေဝင်ပြီး၊ထပ်နယ်ချဲ့အုံးမှာ။
ဒါကြောင့်လဲဂျန်ပန်နိုင်ငံဟာသဘာဝဘေးအန္တရယ်တွေမကြာခနကြုံနေတာမမှတ်သေးဘူး
အရင်ကတရုတ်နဲ့အရှေ့တောင်အာရှမှာလူတွေသတ်ထားတာ
နည်းနည်းနောနောမဟုတ်ဘူး။
မနှစ်ကဘဲငလျင်(ဆူနာမီ)ကြောင့်သေလိုက်တဲ့ပြည်သူတွေ
အဲဒီတုံးကတရုတ်နဲ့ထိုင်ဝမ်ကအလှုငွေတွေ။ကယ်ဆယ်ရေး
တွေလုပ်ပေးခဲ့တဲ့ကျေးဇူးကိုတောင်မေ့ပြီး။အခုပြသနာရှာနေတာ
အခုတရုတ်ပြည်ကဂျပန်ပစ္စည်းဆန့်ကျင်ရေးလုပ်တာ၊
ဂျပန်ကိုခရီးသွားလည်ပတ်တာတွေဖျက်သိမ်းလိုက်လို့
ဂျပန်ရဲ့စီးပွားရေးထိခိုက်မှုဟာ ၁၂၀ သန်း ယမ်းငွေရှိနေပါပြီ
တရုတ်လူဦးရေ သန်း ၁၃၀ ရှိတဲ့ ဈေးကွက်ကြီးက
ဂျပန်စီးပွားရေးကုမဏီတွေရဲ့ အလွန်အရေးပါတဲ့ဈေးကွက်ကြီးပါ
နောက်ဆုံးတော့ ..ဂျပန်ဟာကိုယ့်ကံကြမာကိုယ့်ဟာကိုယ်ဖန်တီးနေတာပါ
..
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်