Subscribe to our RSS Feed

အီရန်နိုင်ငံ တိုက်ခိုက်ခံရပါက တတိယကမ္ဘာစစ်ဖြစ်နိုင်

From :  ခေတ်လူငယ်



မိမိ၏နိုင်ငံကို အစ္စရေးနိုင်ငံက တိုက်ခိုက်လာမည်ဆိုပါက တတိယကမ္ဘာစစ် စတင်ဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်း အီရန်အထက်တန်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားသည်။ အကယ်၍ စစ်မက်ဖြစ်ပွားလာမည်ဆိုပါက အခြေအနေကို ထိန်းချုပ်၍ ရနိုင်မည်မဟုတ်ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ လေကြောင်း အာကာသဌာနတပ်မှူး ဗိုလ်မှူးချုပ် အမီယာအလီဟာဂျီဇာဒါက ပြောကြားသည်။ စစ်မက်ဖြစ်ပွားလာမည်ဆိုက အခြားသော နိုင်ငံများပါ စစ်အတွင်းသို့ ၀င်ရောက်လာမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ အီရန်နိုင်ငံအပေါ် စစ်ဆင်တိုက်ခိုက်မှု ဖြစ်ပေါ်လာနိုင်သော်လည်း မည်သည့်အချိန်နှင့် မည်သည့်နေရာတို့တွင် စစ်ဖြစ်ပွားမည်ကို အတိအကျ မသိနိုင်ကြောင်း တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ တပ်မှူးတစ်ဦးက ပြောကြားသည်။ အီရန်နိုင်ငံသည် စစ်ပွဲဖြစ်ပွားလာနိုင်မှုကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားကြောင်း ၄င်းက ပြောကြားသည်။ အီရန်လေတပ်သည် မဝေးသောကာလတွင် စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို ပြုလုပ်မည်ဖြစ်သည်။

Myanmar Express 

2 comments:

ha ha ,, i think they so proud their self. they are just like crow,

who's country 'll involve in that case, isarael go ahead whatever u have to do,do it, if they pocesses nuclear weapon,very dangerous for the world,so if we want to avoid the third world war,we need to let israel smash down iran

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်