Subscribe to our RSS Feed

ရှမ်းပြည် ပြန်လည်ထူထောင်ရေး တပ်မတော် (RCSS) ထိန်းချုပ်နယ်မြေအတွင်း NLD ရပ်ကျေး ဒုဥက္ကဋ္ဌတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခံရ



ရှမ်းပြည် ပြန်လည်ထူထောင်ရေး တပ်မတော် (RCSS) ထိန်းချုပ်နယ်မြေအတွင်း အင်န်အယ်ဒီ အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌဦးစိုင်းစံထွန်းသည် ဇွန်လ ၄ ရက် ညပိုင်းတွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဟိုပုန်းမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးတင်မောင်တိုးက မဇ္ဈိမကိုပြောသည်။

အသတ်ခံရသူမှာ သေနတ်သုံးချက်ပစ်ခံထားရပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းမြို့နယ်၊ မိုင်းကျဉ်းကျေးရွာမှ အင်န်အယ်ဒီပါတီ ရပ်ကျေး ဒုဥက္ကဌဖြစ်သည်။

"အသတ်ခံရတယ့်အကြောင်းရင်းကိုတော့စုံစမ်းနေတုန်းပါပဲ။ သူ့ဆီမှာရန်ငြိုး ရှိတယ့်သူလဲ မရှိပါဘူး၊ သူက လောလောဆယ်မှာ တပ်သိမ်းမြေ ကိစ္စတွေ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်နေတာပါ" ဟု ဦးတင်မောင်တိုးက ဆိုသည်။

ဦးစိုင်းစံထွန်းသည် ဇွန် ၄ ရက် ည ၁၂ နာရီဝန်းကျင်ခန့်တွင် လူနှစ်ဦးက လာရောက်ခေါ်ဆောင်သွားခဲ့ပြီး ဇွန်လ ၅ရက် နံနက်ပိုင်းအထိ အိမ်သို့ ပြန်လည် ရောက်မလာခဲ့သဖြင့် လိုက်လံရှာဖွေခဲ့ရာ အိမ်နှင့်သုံးမိုင်ခန့်အကွာရှိလယ်ကွင်း၌ ဦးခေါင်းနောက်စေ့တွင်သေနတ်ဒဏ်ရာ သုံးချက်ဖြင့်သေဆုံးနေပြီး အလောင်းနံဘေး၌ ကျည်ခွံသုံးခုနှင့် လက်နှိပ်ဓာတ်မီး တစ်လက် တွေရှိခဲ့သည်ဟု ဦးတင်မောင်တိုးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က "အသတ်ခံရတဲ့ အကြောင်းရင်းကို သေချာ စုံစမ်းသိရှိပြီးတော့မှ ဘာဆက်လုပ်ရမယ် ဆိုတာကို ဗဟိုအဖွဲ့ချုပ် အနေနဲ့ဆုံးဖြတ်ချက်ချသွားမှာပါ။ လောလောဆယ်တော့ဘာမှ မပြောနိုင်သေးပါဘူး" ဟု ဆိုသည်။

အခင်းဖြစ်ပွားရာနေရာသည် RCSS ထိန်းချုပ်နယ်မြေဖြစ်ပြီး၊ ပအို့ဝ်ပြည်သူ့စစ် (KNO) နှင့် ခုနစ်မိုင်ခန့်အကွာတွင် တည်ရှိသည်ဟု မိုင်းကျဉ်းဒေသ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးစိုင်းနိုင်ဦးက ပြောသည်။ လက်ရှိအချိန်တွင် အဆိုပါအမှုအားဟိုပုန်းမြို့မရဲစခန်းမှ အမှုဖွင့်ပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေး အတွက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

တိုင်းရင်းသား ဒေသများတွင် NLD ပါတီကို ထောက်ခံသူမရှိသလောက် နည်းပါးပြီး ဥက္ကဌဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများကတော့ ဒေါ်စု၏နောက်တွင် လူသန်း ၆၀ ရှိကြောင်း သတင်းလွှင့်လျှက်ရှိသည်။

.. www.MyanmarExpress.net
 

4 comments:

ဘယ် သူ မ ပြု မိ မိ ပြု တဲ့ ခေါင်း ဆောင် က မ ဟုတ် တော့ လက် ခွဲ တွေ ခံ ရ မယ်

ဒါ ဒေါ် စု ကြောင် လာ ပါ လိမ့် အုးံ မည်
မ ကြာ မှိ နယ် စပ် က NLD သေ ဘို့ ပြင် ထား


ပါး နပ် ရင် ဒေါ် စု ကို အ မြန် ဖြုတ် ပစ်
ဒေါ် စု ပြော ခဲ့ ဆို ခဲ့ တာ တွေ ကြောင်
အ များ ကြိး စ တေး ခံ ရ မည်

တိုင်း ရင်း သား တွေ ကို အ ရေး မ လုပ် ကု လား ကို အ ရေး လုပ် တဲ့ မိန်း မ ကြိး
လူ အ ခွင့် အ ရေး လို့  ပြော တဲ့ မိန်း မ ကြိး
ထွက် ရင် ထွက် မ ထွက် ရင်

များ စွာ များ စွာ

ပခ က တာ တိး

ရှမ်း ပြည် သူ တို့ တ ရုတ် နယ် ချဲ့ တာ ကို လက် ပိုက် ကြည့် မ နေ ကြ ပါ နဲ့

အစ ရှိ အ နောင် နောင် တဲ့
အ စ ကို ရ ရင် ပို ဆိုး လာ လိမ့် မည်

နယ် ခြား မှတ် တိုင်း များ ကို အ မြန် ပြန် နုတ် ပစ် ပါ

ပခက တာ တိး

Kalar mayar nauk leik tway gho that tar wun thar del, amyo thar thet sar phauk tway thay dar wun thar del, kalar mayar Su Kyi gho that tar po pyi wun thar del.

NLD party win thay dar wun thar del, pyaw del,

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်