လျှပ်စစ်မီး မလာခြင်းက လူအများကို သံဿရာ တလျှောက်လုံး အတွက် အထူးကောင်းမွန်စေ ကြောင်းကို ရန်ကုန် သားတို့က ဒီနေ့ သက်သေပြလိုက်ပါတယ်။ နတ်ပြည်က ဆင်းလာတဲ့ ဘုရားရှင်ကို ကြိုဆိုတဲ့ သီတင်းကျွတ် မီးထွန်းပွဲ မှာတောင် ဘုရားသွား မီးမထွန်းဖြစ်ကြသူများဟာ ဒီကနေ့ မှာတော့ လျှပ်စစ်မီး ကြောင့် ဆူးလေ ဘုရားကို သွားရောက် မီးပူစော်ခဲ့ကြပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ဆူးလေဘုရားကို ရောက်ခဲ့တဲ့ ဆရာတော် တစ်ပါးကို အခုလို မိန့်ကြားပါတယ်... "မြင်ကွင်းက အလွန်ပဲ စိတ်ချမ်းသာစေတယ်လို့ ပြောရမယ်ထင်တယ်.... ပီတိ ဖြစ်တာပေါ့... ရန်ကုန်မြို့က ဒကာ ဒကာမ တွေ အများကြီး ဆီမီး ပူစော်ကြတယ်... ဒါ ကောင်းတဲ့ အလုပ်ပဲလေ... ဘာအကြောင်းပြချက်နဲ့ လုပ်လုပ် ကောင်းတဲ့ အလုပ်ပါ... ဒီဘဝ တင်မက ဘူး နောင်သံဿရာ တလျှောက်လုံး အတွက်ပါ ကောင်းတယ်... ဖြစ်နိုင်ရင် ည တိုင်း ဘုရား အားလုံးမှာ ခုလို မီးပူစော် သင့်တယ်.... အရင်တုန်းက ဘုန်းဘုန်း တို့က လိုက်နှိုးစော် ပေမယ့် လူတွေက နားမဝင်ကြဘူး.. ဒါကြောင့် ဘယ်သူမှ လိုက်မလုပ်ကြဘူး... အခုမှ ပဲ ဘုန်းဘုန်းရဲ့ အလိုဆန္ဒတွေ ပြည့်တော့တယ်... အခုလို ရန်ကုန် သူ/ရန်ကုန်သား တွေကို သံဿယာ က လွတ်စေဖို့ အဖက်ဖက်က စီမံပေးကြတဲ့ သူတော်ကောင်းတွေလည်း ကောင်းကျိုးတွေ ခံစားရမှာပါ..." လို့ မိန့်ပါတယ်။
ဒီသတင်းကို ကြားရပြီး ရန်ကုန်မှ ဆရာတော်များသာ မက အနယ်နယ် အရပ်ရပ်က ဆရာတော်ကြီး များကလည်း ရန်ကုန်လူထု အတွက် သာဓု ခေါ်ကြကြောင်း သိရပါတယ်။ ဒါပေမယ့် အကုသိုလ် ဖုံးလွှမ်းနေသူ များ ကတော့ လျှပ်စစ်မီး မှန်မှန်ရရင် ဘုရားလာပြီး မီးမပူစော်တော့ဘူးလို့ သိရပါတယ်။ ဆရာတော်ကြီးများကတော့ ပြည်သူအများ ဘုရားမေ့ တရားမေ့ ပြန်ဖြစ်သွားမှာကို စိတ်ပူပြီး လျှပ်စစ်မီး မှန်မှန် ရမှာကို စိုးရိမ်နေကြောင်း သတင်းရရှိပါတယ်။
Myanmar Express

7 comments:
shut up.myanamr express.
သာဓုသာဓု
ဖယောင်းတိုင်မီး ထွန်းလမ်းလျှောက်မဲ့အစား အကုန်ကျသက်သာအောင် ဖယောင်းတိုင်ဖင်ကြားညပ်အပြေးပြိုင်ပါ လား ငယောင်ဝါးတွေ
ha,ha,haaaaa,,,,,,,, very good myanmar express..
keep going, ha,ha,a,a,a,a,a,a,a,,a
I Love Myanmar Express.
Emm..ta myoe gyee par lar!!!
မီးမလာလို့ စိတ်ညစ်ရတဲ့ကြားထဲ ဖယောင်းတိုင်ဖိုး ထပ်ကုန်ခံကြသောငတုံးများ ဖြစ်ပါ၏
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်