Subscribe to our RSS Feed

ဖောက်ခွဲခံရသော ရွှေလီ-မန်စံ တာဝါတိုင်များ ၁၀ ရက်အတွင်း ပြင်ဆင်မှုပြီးမည်

From : ခေတ်လူငယ်


 ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင်များအား ၁၀ ရက်အတွင်း ပြီးစီးရန် ပြင်ဆင်နေကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ဆန်းဦးက ပြောသည်။ ယင်းကို မတ်လ ၂၁ ရက်နေ့ ညနေ ၅ နာရီက မန္တလေးလျှပ်စစ်အင်ဂျင်နီယာ တိုင်းရုံးခန်းမ၌ ပြုလုပ်သော မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့တွင်လျှပ်စစ်မီးမရရှိမှုနှင့် ပတ်သက်၍ မြို့ခံလူထုကမေ ၂၀ ရက်နေ့က စတင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ရာ မြို့မိမြို့ဖတို့အား လျှပ်စစ်ဓာတ်အားမရရှိမှု အခြေအနေကို ရှင်းပြခြင်းဖြစ်သည်။ “ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင်တွေကို အမြန်ပြုပြင်နေတာ ၁၀ ရက်လောက်ဆို ပြန်ကောင်းမှာပါ” ဟု အဆိုပါ ဒုဝန်ကြီးက ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ မန္တလေး မြို့ခံတစ်ဦးက “ အလှည့်ကျ မီးရတယ် ဆိုပေမယ့် မီးလာချိန်မှာ ထရန်စဖော်မာက မကောင်းလို့ မီးမရဘူးလို့ ဝန်ကြီးကို တင်ပြတာ ဝန်ကြီးက မနက်ဖြန်ချက်ချင်း လာပြင်ပေးမယ်လို့ ကတိပေးသွားတာပဲ” ဟု ပြောသည်။ မန္တလေးတွင် လျှပ်စစ်မီး အပြည့်အဝ ရရှိရေးအတွက် မြို့နေလူထုက ဖယောင်းတိုင်ထွန်း၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲကို သုံးရက်တိုင် ပြုလုပ်ရန် စီစဉ်ထားပြီး မေ ၂၁ ရက်ညက ဒုတိယနေ့အဖြစ် ပြုလုပ်ခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။


 Myanmar Express 

2 comments:

မကျေနပ်ရင်မကျေနပ်တဲ့လူကိုလုပ်ပေါ့ကွာ..ဘာဖြစ်လို့ပြည်သူကိုပေးတဲ့တာဝါတိုင်ကိုမှမိုင်းခွဲရတာလဲ..ဒါအဖျက်သမားလို့ခေါ်တယ်.ဘယ်သူအတွက်မှအကျိုးမရှိတဲ့အလုပ်ကိုလုပ်တဲ့လူဟာအဖျက်သမားဘဲ..သူတို့ပြောတဲ့ပြည်နယ်ကောင်းစားဖို့ဆိုတာလဲတစ်သက်လုံးအောင်မြင်မှာမဟုတ်ဘူးလေ..

very good comment.
So Anonymous, you have to ask this question to Government who had blasted this cable towers!!!! They have had already answer for this. They know who did it. Because, no body know except themselves.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်