Subscribe to our RSS Feed

မူရင်းဈေးအတိုင်း ရောင်းချမည့် ဖုန်းဆိုင် ၅ ဆိုင်ကို မြန်မာ့ဆက်သွယ်ရေးက စတင်ဖွင့်လှစ်

From : ခေတ်လူငယ်


မြန်မာနိုင်ငံတွင် လက်ရှိချထားပေးနေသော ငွေကျပ်နှစ်သိန်းတန်နှင့် နှစ်သိန်းခွဲတန် ဖုန်းကတ်များအား ဈေးတင်ရောင်းချနေမှုများကို ဟန့်တားနိုင်ရန်အတွက် မူရင်းဈေးနှုန်းအတိုင်း ရောင်းချပေးမည့် One stop services ပေးမည့် ဆိုင်ငါးဆိုင်အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖွင့်လှစ်ပေးထားပြီဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းမှာ ငွေကျပ် နှစ်သိန်းတန်နှင့် နှစ်သိန်းခွဲတန် ဖုန်းကတ်များအား ဈေးနှုန်းပိုပေးကာ ဝယ်ယူနေမှုများအား ဟန့်တားနိုင်ရန်အတွက်ဖြစ်ကာ မြန်မာ့ဆက်သွယ်ရေးမှ တရားဝင် ရောင်းချခွင့်ပေးထားသော Elite နှင့် ရတနာပုံမှ ဆိုင်များအပြင် မြန်မာ့ဆက်သွယ်ရေးမှ ဖွင့်လှစ်လိုက်သော ဆိုင်ငါးဆိုင်တွင် မူရင်းဈေးနှုန်းအတိုင်း လိုသလောက် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးအနေနဲ့ ဖုန်းကတ်တွေ မူရင်းဈေးထက် ပိုနေတာကို သိရလို့ သက်ဆိုင်ရာ ကုမ္ပဏီတွေကို အရေးယူဆောင်ရွက်မယ်လို့ သတိပေးထားတာတွေလဲ ရှိပါတယ်။ အဲဒီလိုဖြစ်နေတာက ဖုန်းကတ်တွေကို အကန့်အသတ်နဲ့ပဲ ထုတ်ပေးလိမ့်မယ်လို့ ပြည်သူတွေက ထင်နေတာကြောင့်လို့ ယူဆမိပါတယ်။ တကယ်တော့ ကျွန်တော်တို့အနေနဲ့ ဝယ်လိုအားရှိရင် ရှိသလောက် ဖုန်းတွေကို ရောင်းချပေးသွားမှာပါ။ အကန့်အသတ် လုံးဝမထားပါဘူး။ အဲဒီလို ငွေပိုပေးဝယ်နေရတာတွေကို ဟန့်တားဖို့အတွက်လဲ ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးက နေရာငါးနေရာမှာ ဖုန်းတွေကို မူရင်းဈေးအတိုင်း လိုသလောက် ရောင်းချပေးမည့် One stop services ဆိုင်တွေကိုလဲ ဖွင့်လှစ်ပေးထားပြီ ဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။ အဆိုပါ One stop services ဖြင့် ဝန်ဆောင်မှုပေးမည့် ဆိုင်များမှာ ရွှေဂုံတိုင် မိုဘိုင်းဆက်သွယ်ရေးဦးစီးဌာန၊ ပန်းဆိုးတန်း မိုဘိုင်းဆက်သွယ်ရေး ဦးစီးဌာန၊ အလုံ မိုဘိုင်းဆက်သွယ်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းစီးပွားဌာန (စာတိုက်ကြီး)၊ လမ်း (၄၀) အော်တိုတယ်လီဖုန်း စီးပွားဌာနတို့ဖြစ်ကာ ယင်းဆိုင်များအား ဧပြီ ၂၇ ရက်မှစ၍ ဖွင့်လှစ်ဝန်ဆောင်မှုပေးနေပြီ ဖြစ်ကြောင်း သိရှိရသည်။
 
 Myanmar Express 

1 comments:

shit!
Too much!
It costs just 10 US$.
Consider this for public.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်