Subscribe to our RSS Feed

ဘာမှမထူးခြားတဲ့ ရက် ၂၀ ကျော်

ဒေါ်စုကြည်ခေါ် မစ်စစ်အဲရစ် အနေနဲ့ အကျယ်ချုပ် ကျနေစဉ်ကာလမှာ ဂျွန်ဝီလီယံယက်တောကို ဘယ်သူ့ကိုမှ အသိမပေးပဲ မိန်းခလေးများချည်း ရှိနေသော မိမိနေအိမ်တွင် တစ်ညလုံး အတူရှိနေသည့် ဖြစ်စဉ်နဲ့ နောက်ဆုံး ကျခံခဲ့တဲ့ အကျယ်ချုပ်ကနေ လွတ်မြောက်လာတာ ရက်ပေါင်း ၂၀ ရှိပါပြီ။ အသက် ၄၃ နှစ်မှ နိုင်ငံရေး စ လုပ်သော်လည်း နိုင်ငံရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ကြောင်းကို ၁၄ ရက်နေ့ကပဲ ပြည်သူတွေကို ပြောခဲ့ပါသေးတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သလို ၈၈ ခုနှစ်မှာ နိုင်ငံရေး စလုပ်ပြီး ၂ နှစ်ပဲရှိသေးတယ် နိုးဘဲ ဆုကြီး ရရှိထားသူမို့ မြန်မာ အချို့က ဒီမိုကရေစီ ခေါင်းဆောင်ဆိုပြီး ခေါင်စဉ်တပ် ချီးကျူး ထောက်ခံရေးသားမှုပေါင်းများစွာ လုပ်ခဲ့ကြပါတယ်။

ပွဲပြီးရင် ရုံးထဲမှာ ငါးဟင်းချက်ထားတယ်၊ ငါးမင်းဆွေကိုနိုင်ဖို့် စားသွားလိုက်အုံး

မည်သို့ပင် ဆိုစေကာမှု ခုဆိုရင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ခေါ် မစ်စစ်အဲရစ် အကျယ်ချုပ်က စလွတ်တဲ့နေ့ကစပြီး ချက်ချင်းပြည်သူတွေကို မိန့်ခွန်းတွေပြော၊ အစည်းဝေးတွေလုပ်နဲ့ ကြိုးစားခဲ့တာ ရက်ပေါင်း ၂၀ ကြာမြင့်ပေမယ့်လည်း ဘာဆို ဘာမှ တစ်စုံတစ်ရာ တိုးတက်လာတာ တစ်ခုမှမရှိခဲ့ပါဘူး။ ဘာအပြောင်းအလဲ တစ်ခုမှလည်း ဖြစ်မလာပါဘူး။ ထူးထူးခြားခြား ပြောင်းလဲ တာဆိုလို့ အရင်တုန်းက အစိုးရနဲ့ စစ်တပ် မကောင်းကြောင်းတွေ ဆက်တိုက်ပြော၊ ဆက်တိုက်ရေးနေတဲ့ အတိုက်အခံမီဒီယာတွေနဲ့ ဒေါ်လာစားရော ကိုယ့်ထမင်းကိုယ့်စား အတိုက်အခံ စာမျက်နှာ များက အစိုးရနဲ့ စစ်တပ်မကောင်းကြောင်းတွေ အပြင် ဒေါ်စုကြည် ရဲ့ ကောင်းကြောင်းတွေ ဆက်တိုက် တင်ဖြစ်တာပါပဲ။ ကောင်းကြောင်းဆိုတာထက် ကြားသမျှ၊ မြင်သမျှ၊ လုပ်နေသမျှ အားလုံး ပါပဲ။ ဈေးသွားတဲ့ အကြောင်းနဲ့ ကမ်င်ရဲ့ လက်မှာ တက်တူး ဘယ်ဆိုင်မှာ ထိုးတယ် ဆိုတဲ့ အကြောင်းတောင် ပိုစ့်တင်ကြပါသေးတယ်။

ဒေါ်စုကြည်အနေနဲ့ကလည်း
၁။ ၁၄၊၁၁၊၂၀၁၀ ရက်နေ့က လူတစ်ချို့ကို ဟင်းချက်ခြင်းနဲ့ နိုင်ငံရေး တို့ ပက်သက်ကြောင်းအပါအဝင် နိုင်ငံရေးနဲ့ ဆိုင်တဲ့ စကားတွေပြောခဲ့ပါတယ်။
၂။ ၂၀၊၁၁၊၂၀၁၀ ရက်နေ့မှာ ဒုတိယ ပင်လုံညီလာခံ လုပ်ဖို့နဲ့ ပက်သက်ပြီး ပြောခဲ့ပါတယ်။
၃။ ၂၅၊၁၁၊၂၀၁၀ ရက်နေ့က ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေ၊ အတွင်းရေးမှူး များဖြစ် သည့် ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေ၊ ဦးနေဖူးဘဆွေ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
၎။ ၂၇၊၁၁၊၂၀၁၀ နောက်ထပ် ကုလ က လာတဲ့ မစ္စတာ ဗီဂျေနမ်ဘီးယား ကို လက်အုပ်ချီလိုက်၊ ဖက်လှဲတကင်း လုပ်လိုက်နဲ့ ကြိုဆိုခဲ့ပါတယ်။

ပထမဆုံး လုပ်ခဲ့တဲ့ အလာပသလာပ မိန့်ခွန်းနဲ့ ပက်သက်ပြီးတော့ ဒီနေရာ မှာ သံဝေဂ ယူနိုင်ပါတယ်။

ဒုတိယ လုပ်ခဲ့တဲ့ ဒုတိယ ပင်လုံညီလာခံဆိုတာကတော့ အဲ့ဒီနေ့မှာ ကိုယ့်အချင်းချင်း တင်သွင်းပြီး ကိုယ့်အချင်းချင်း ထောက်ခံကာ အဟုတ်ကြီးလုပ်သွားပေမယ့်

တတိယ လုပ်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ဥက္ကဌနဲ့ အတွင်းရေးမှူးများနဲ့ တွေ့ချိန်မှာပဲ လုံးဝ ပျက်ခဲ့ရပါတယ်။ ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ဥက္ကဌ ဦးသုဝေက ဒုတိယ ပင်လုံညီလာခံ ဆိုတာ အဓိပ္ပါယ်မရှိကြောင်း အချက်နဲ့ အလက်နက် သေချာ ထောက်ပြသွားတာ ဒေါ်စုကြည်ခမျှာ ဘာမှ ကို ပြန်မပြောနိုင်ပဲ ငြိမ်နေခဲ့ရပါတယ်။ အခုချိန်မှာ ရွေးကောက်ပွဲကို ကိုယ်တိုင်မဝင်သလို ဝင်သောသူများကိုလည်း သဘောမကျသော ဒေါ်စုကြည်နဲ့ ရွေးကောက်ပွဲဝင်ခြင်းက ဒီမိုကရေစီ ခြေလှမ်းအတွက် အရေးပါသော လမ်းစ ဟု ယုံကြည်သော အခြား ရွေးကောက်ပွဲဝင် ပါတီပေါင်း ၃၆ ပါတီတို့အနေနဲ့ သဘောထား ကွာဟမှုတွေ ကြီးမားနေပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးနဲ့ အခြေအနေအရပ်ရပ် ကို ဘာမှမသိသေးတဲ့ ဒေါ်စုကြည်အနေနဲ့ ရွေးကောက်ပွဲဝင် ပါတီတွေနဲ့ ပါတီ ဥက္ကဌတွေကို မလွန်ဆန်ရဲသလို ရွေးကောက်ပွဲဝင် အခြားပါတီများအနေနဲ့ကလည်း ဒေါ်စုကြည်ရဲ့ အရှိန်ကို မလွန်ဆန်ရဲပါဘူး။ ဒါပေမယ့် အချင်းချင်းအနေနဲ့ အပေါ်ယံမှာ ပြုံးပြီး တွေ့ဆုံ ညှိနှိုင်းဖို့နဲ့ လက်တွဲလုပ်ဖို့ ပါးစပ်က ပြောနေကြပါတယ်။ ဒါပေမယ့်လည်း ခံယူချက်ခြင်းက ဆန့်ကျင်နေတော့ နောက်ကွယ်မှာတော့ တင်းမာမှုတွေနဲ့ မကျေနပ်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် လက်ရှိအနေအထားမှာ တိုင်းရင်းသား ပါတီများက သက်ဆိုင်ရာပြည်နုယ်အလိုက် အနိုင်ရထားတာမို့ ဒုတိယ ပင်လုံဆိုတာကြီးကို လုံးဝ စိတ်မဝင်စားသလို လက်မခံနိုင်ပါဘူး။ ခုချိန်မှာ ရွေးကောက်ပွဲဝင် ပါတီများအတွက် ဒေါ်စုက ခလုတ်ကန်သင်း တစ်ခု ဖြစ်နေသလိုပဲ ဒေါ်စုအတွက်ကလည်း ရွေးကောက်ပွဲဝင် ပါတီများက ဆူးညှောင့်တွေ ဖြစ်နေပါတယ်။

လက်တွဲပါမယ်၊ လက်တွဲပါမယ်

နောက်ဆုံး ကုလ က မစ္စတာ ဗီဂျေနမ်ဘီးယား နဲ့ တွေ့ခဲ့တာကတော့ ထုံစံအတိုင်း ဘာမှထူးထူးခြားခြား စာဖွဲ့စရာမရှိပါဘူး။ လက်သုံးစကားဖြစ်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး (သို့) ရင်ကြားစေ့ရေး လုပ်ဖို့ပဲ အဓိက ပြောခဲ့ကြပါတယ်။ ပြည်တွင်းမှာ ရင်ကြားစေ့ဖို့ ကုလသမဂ္ဂကိုယ်စားလှယ်က ဘာများလုပ်ပေးနိုင်မှာလဲ? ဆင်ခြင်ဖို့ကောင်းသလို တလွဲဆံပင် မကောင်းဖို့ လိုပါတယ်။

အနောက် အုပ်စုဆိုတာနဲ့ ကန်တော့ပြီးသား

ဒီတော့ သေချာသုံးသပ်ကြည့်ပါက ဒေါ်စုကြည်ဟာ ဘာမှမလုပ်တတ်ပါဘူး။ သူလုပ်တတ်တာ လူကြိုက်တဲ့ စကားတွေနဲ့ အစိုးရမကောင်းတာလေးတွေ ပြောပြီး လူထုထောက်ခံမှု ယူနိုင်တဲ့ လူတိုင်းလုပ်နိုင်တဲ့ အရည်အချင်းတစ်ခုပဲ ရှိပါတယ်။

တကယ့် မြန်မာ့နိုင်ငံရေးကို နားလည် ကျွမ်းကျင်သူတွေနဲ့ တွေ့ချိန်မှာ သူ ဘာမှမတတ်နိုင်ပါဘူး။ ဦးသုဝေ ဦးဆောင်နဲ့ ဒီမိုကရက်တစ်ပါတီ တစ်ခုနဲ့ပဲ တွေ့ရသေးတယ်၊ ပထမဆုံးခြေလှမ်းဖြစ်တဲ့ ဒုတိယ ပင်လုံညီလာခံဆိုတာ ပျက်သွားပါပြီ။ ဦးသုဝေတို့ပါတီလို လွတ်တော်မှာ အမတ် ၃ နေရာပဲ အနိုင်ရတဲ့ ပါတီပါ၊ ပါတီဥက္ကဌကိုယ်တိုင် ရှုံးနိမ့်ခဲ့တဲ့ ပါတီကတောင် လက်မခံမှတော့ ကျန်တဲ့ မတွေ့ရသေးတဲ့ ပါတီတွေဆို့ရင်တော့ ပြောမနေပါနဲ့တော့။ ရွေးကောက်ပွဲမှာ အမတ်နေရာ ဒုတိယအများဆုံးရထားတဲ့ ကျားဖြူပါတီကလည်း ဒုတိယ ပင်လုံညီလာခံဆိုတာကို လက်မခံပြန်ပါဘူး။ အခြား တိုင်းရင်းသား ပါတီအားလုံးကလည်း စိတ်မဝင်စားပါဘူး။ ဒါပေမယ့် ခေါင်းမာပြီး ကိုယ့်ကိုယ်ကို ပိုချစ်တဲ့ ဒေါ်စုကတော့ လက်မလျှော့ပါဘူး။ ကျန်တဲ့ ပါတီတွေတောင် မစည်းရုံးနိုင်ပဲ ပြည်ခိုင်ဖြိုးကို ဒုတိယ ပင်လုံညီလာခံမှာပါဖို့ ကြိုးစားမယ်လို့ ကြွေးကြော်နေပါတယ်။ အဲ့ဒီချိန်မှာ ငါးမင်းဆွေ တစ်ယောက်က အစိုးရအတိုက်အခံတွေလို ကွယ်ရာမှာ အတင်းမပြောပဲ ဒေါ်စုကြည် ရုံးသို့ ကိုယ်တိုင်သွားပြီး အမှန်တရားတွေကို ချပြလိုက်တာ ခု ထိ ဘာမှ ပြန်မပြောနိုင်ပဲ ရှိနေပါတော့တယ်။

ခုချိန်မှာ ဒေါ်စုကြည်အနေနဲ့ ရွေးကောက်ပွဲဝင် ပါတီခေါင်းဆောင်တွေနဲ့ တွေ့ရမှာ ကြောက်နေသလို နိုင်ငံရေးကို နားလည်တဲ့ လူတွေနဲ့လည်း တွေ့ရမှာ ကြောက်နေပါတယ်။ ပထမဆုံး ဟောပြောပွဲမှာ သူမ အနေနဲ့ ဘယ်သူတွေနဲ့ဖြစ်ဖြစ် တွေ့ချင်တယ်၊ တွေ့လို့ မရနိုင်စရာအကြောင်းမရှိဘူး တွေ့ချင်ဖို့ပဲ လိုတယ် လို့ပြောခဲ့ပေမယ့် ငါမင်းဆွေလို လူမျိုးကိုတော့ ကြောက်ပြီး မတွေ့ဖို့ ရှောင်နေပါတယ်။

ဒေါ်စုကြည် မရှိချိန်မှာ NLD ဟာ ဘာဆိုဘာမှမလုပ်နိုင်တဲ့အပြင် ပါတီကို ဆက်လက်တည်မြဲအောင်တောင် မထိမ်းနိုင်ခဲ့ပါဘူး။ ခု ဒေါ်စုကြည် ပြန်ရောက်လာတာ ရက် ၂၀ ရှိပေမယ့်လည်း ဘာမှမထူးခြားပါဘူး။ ပါတီကိုတောင် ဘာမှ တိုးတက်အောင် မလုပ်နိုင်ပဲ နိုင်ငံတစ်ခုလုံးကို ဘယ်လိုတိုးတက်အောင်လုပ်နိုင်ပါ့မလဲ စဉ်းစားစရာဖြစ်နေပါပြီ...။

4 comments:

ဟေ့ကောင် လူစဉ်မမီကျော်ဆန်း..
ဂျပု သောက်မျိုးယုတ်..ငဖား..ကိုယ်မေကိုယ် -ိုး

အပေါ်က အမည်မသိတဲ့ကောင် မင်းတို့လို အီးယောင်ဝါးတွေနဲ့ NLD အဖွဲ့သားတွေကလေ စောက်အရည်အချင်းလဲမရှိ ဆဲဖို့နဲ့ အတင်းပြောဖို့လောက်ပဲသိတယ်...ခုလည်း ဘာမှမပြောတတ်ရင်ဆဲမယ် ဒါပါပဲ...ဟိုတလောကလည်း မင်းတို့အဖွဲ့တွေ ငါးမင်းဆွေကို သွားဆဲကျတယ်...ငါးမင်းဆွေပြောတာတွေက မှန်နေလို့တောင် မင်းတို့အဖေပေးပြီး အမေတော်ထားတဲ့ ဒေါ်စုတောင် ငါးမင်းဆွေပြောတာတွေ ပြန်မရှင်းဘဲ ငအမကြီးလို နှုတ်ဆိတ် မသိချင်ယောင်ဆောင်နေတာလေ...ဒါကို မင်းတို့က စောက်ရှက်မရှိ ငါးမင်းဆွေကို သွားဆဲကျသေးတယ်...ကိုယ်တိုင်ကလည်းမသိ သိတဲ့လူက ထောက်ပြတော့လည်း ထောက်ပြတဲ့သူတွေကို ဆဲလာဆိုလားနဲ့ ....တော်တော် အထင်ကြီးစရာကောင်းတဲ့ကောင်တွေပဲ...မင်းတို့ စိတ်ဓါတ်တွေကလေ မနေ့က ကန်သွားတဲ့ မြန်မာဘောလုံးသမားတွေရဲ့ စိတ်ဓါတ်တွေလိုပဲ စုတ်ပဲ့လွန်းအားကြီးတယ်...။

မှတ်ထားကြ..

အောင်ဆန်းစုကြည် ကို ဝေဖန်တိုင်း..ဆန့့် ကျင်တိုင်း...
စစ်တပ် ဖက်က မဟုတ်ဖူး..။
ကြံ့ဖွံ့  လဲ မဟုတ်ဖူး..။
မဆလ လဲ မဟုတ်ဖူး..။

အဲ့ဒီလို ယူဆကြလွန်းလို့ ...ဘာမှ မပြော
ကြပဲ..ငြိမ်ကြည့်နေခဲ့ကြတာ..နှစ် ၂၀ ကျော်လောက်ကြာခဲ့ပြီ..။

ဒါကလဲ...အမေရိကန် ရဲ့  သုံးမရ တဲ့ ပေါ်လစီ ရယ်..စစ်အစိုးရ ရဲ့  ဘက်စုံ ဖိနှိပ်မှု့  ရယ် တို့ ကြောင့် ပဲ ဖြစ် တယ်...။

စစ်တပ် နဲ့  NLD ၂ခု ထဲ ဖြစ်နေ တဲ့  ရန်ပွဲ မဟုတ်ဖူး..။

လူထုခေါင်းဆောင်...လူထုခေါင်းဆောင်..
ဆိုတဲ့ စကားကို ကြည့်လဲ..သုံးကြ..၊
အဖေ ရော သမီးရော ကို အင်္ဂလိပ် က တင် ပေး ထားတာ သေချာ လေ့လာ..၊
ဝါရင့် ဆိုတဲ့ လက်ဝဲ နွားကြီးတွေ..က
ကိုယ့်အကြံ နဲ့  ကို..ဒီ မိန်းမ ကို ၀န်းရံ
နေကြတာ မြင် အောင်ကြည့်..။

.........................................

ဘယ်တော့မှ ဘာမှ ဖြစ်လာမည်မဟုတ်။ ယုံ။ ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်