Subscribe to our RSS Feed

သာမန်နိုင်ငံကူးလက်မှတ် သက်တမ်း ၅ နှစ်အထိ တိုးမြှင့်ပေးတော့မည်

From : MON



သာမန်နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့ ) တွေကို သက်တမ်း ၃ နှစ်ပေးနေရာကနေ နိုဝင်ဘာ ၁ ရက်နေ့ ကစပြီး သက်တမ်း ၅ နှစ်အထိ တိုးမြှင့်ပေးတော့မယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးအဖွဲ့ မှူးတဦးကအတည်ပြုပြောဆိုပါတယ်။နဂိုက သင်္ဘောသားပတ်စ်ပို့  ၅ နှစ်၊ အလုပ်သမားပတ်စ်ပို့ ၎ နှစ်၊ သာမန်နိုင်ငံကူးလက်မှတ် ၃ နှစ်သတ်မှတ်ထားရာကနေ အခု အားလုံးတပြေးညီ
၅ နှစ်သက်တမ်း သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။ဒီအတွက် ကုန်ကျစရိတ် ပိုပေးစရာ မလိုသလို လုပ်ထုံးလုပ်နည်းတွေလည်း အပြောင်းအလဲမရှိဘူးလို့ သိရပါတယ်။ဒါပေမယ့် ပတ်စ်ပို့  လက်ဝယ်ရှိ နိုင်ငံသားတယောက် သက်တမ်းကုန်ပြီး သက်တမ်းတိုးရင် အသစ်လျှောက်သူတွေနည်းတူ အစအဆုံး ပြန်လည်လုပ်ကိုင်ရတာကြောင့် ရုံးမှာ အချိန်များစွာကုန်သလို ပတ်စ်ပို့ ပြန်ရဖို့  အနည်းဆုံး ရက် ၂၀ ကျော် ကြာမြင့်နေတာက အခက်အခဲကြီး တခုပဲလို့  ဝေဖန်ပြောဆိုနေကြပါတယ်။
 


Myanmar Express 

မင်းပြား၌ မီးဘေးသင့် ဒုက္ခသည်လေးထောင်ကျော်ရှိ

From : မြစ်မခ

မင်းပြားမြို့နယ်တွင် မီးလောင်ပျက်စီးခဲ့မှုများကြောင့်   ရခိုင်နှင့် ဘင်္ဂလီဒုက္ခသည် ၄၂၇၀ ဦး ရှိပြီး၎င်းတို့အား မူလနေရာများ၌ ယာယီရွက်ဖျင်တဲဖြင့် နေရာချထားပေးကြောင်း မင်းပြားမြို့မြို့နယ် ရဲတပ်ဖွဲ့မှူးက  ဆိုသည်။

အောက်တိုဘာ(၂၂)ရက်နေ့က ဖြစ်ပွားခဲ့သော ရခိုင်နှင့် ဘင်္ဂလီ ပဋိပက္ခကြောင့် မင်းပြားမြို့နယ်တွင် ကျေးရွာ (၆) ရွာ မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်သည်။
 မင်းပြားမြို့နယ်၌ အောက်တိုဘာ (၂၁)ရက်နေ့ ပိုက်သည်ကျေးရွာမှ စတင်ခဲ့သော ရခိုင်နှင့် ဘင်္ဂလီပဋိပက္ခ ကြောင့်   ဆန်ထိုးတန်းကျေးရွာ၊ ပိုက်သည်ကျေးရွာ၊ အောင်ဒိုင်ကျေးရွာ၊  သရက်အုပ်ကျေးရွာ၊ စမ္ဘလေ ၊သာဒါကျေးရွာတို့မီးလောင် ပျက်စီးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မင်းပြားမြို့နယ်၌ထပ်မံ ပဋိပက္ခများမဖြစ်ရအောင်   ၂၉ နေရာထိ လုံခြုံရေး အပြည့်အဝချ ထားကြောင်း ကိုလည်း မြို့နယ်ရဲတပ်ဖွဲ့မှူးက ဆိုသည်။
 မင်းပြားမြို့နယ်တွင် ကျေးရွာပေါင်း (၂၆၄)ရွာရှိပြီး ဘင်္ဂလီကျေးရွာ (၁၅) ရွာရှိရာ ယခုပဋိပက္ခဖြစ်ပွားခဲ့သော နေရာများသည် ရခိုင်နှင့် ဘင်္ဂလီတို့ နေထိုင်သည့်ကျေးရွာများဖြစ်သည်။

ထိုအပြင် မင်းပြားမြောက်ဦး  လမ်းကြောင်းကိုလည်း ပိတ်ထားရဆဲဖြစ်သည်။
 Myanmar Express

ရခိုင်ပြည်နယ်ပဋိပက္ခများ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ပြီ

From : 7Days


ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်လည်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို လက်ရှိအချိန်တွင် ပြန်လည်တည်ငြိမ်မှုရရှိအောင် ထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

လုံခြုံရေးအင်အားကို တိုးမြှင့်ခဲ့ပြီး ယခင်တပ်မတော်တပ်ရင်း ၂၈ ရင်းရှိရာမှ ၅၁ ရင်းအထိ တိုးမြှင့်ခဲ့ပြီး ရဲတပ်ဖွဲ့အင်အား ၅၀၀၀ ကျော်၊ နစကတပ်ဖွဲ့ဝင်အင်အား ၁၀၀၀ ကျော် ချထားခဲ့သည်။

သွေးထွက်သံယိုမှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ အဆိုပါဒေသများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သွားရောက်ကာ အခြေအနေများ ထိန်းသိမ်းခြင်း၊ ထပ်မံဖြစ်ပွားမှု မရှိစေရန်အတွက် ဖြစ်ပွားနိုင်သည်ဟု ယူဆရသော နေရာများတွင် လုံခြုံရေးတပ်ဖွဲ့များ ချထားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူးဦးဝင်းမြိုင်ကပြောသည်။

တစ်ကျော့ပြန်လည်ဖြစ်ပွားခဲ့သော ယခုပဋိပက္ခမှာ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်အစပ်ရှိ ပန်းမြောင်ကျေးရွာအုပ်စု၊ သရက်အုပ်ရွာမှ အောက်တိုဘာ ၂၁ ရက်က စတင်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။ အဆိုပါလင်မယား စကားများရာမှ နေအိမ်မီးလောင်ပြီး အခြားရခိုင်အိမ်များကိုပါ မီးကူးစက်ပြီး ပဋိပက္ခစတင်ခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းမြိုင်ကပြောသည်။

ယင်းပြဿနာများကို ထပ်မံမဖြစ်ပွားစေရန် အစိုးရအနေဖြင့် အမြန်ဆုံးပြေလည်အောင် ဖြေရှင်းပေးရန် လိုအပ်သည်ဟု ယူဆကြောင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများကြောင့် အောက်တိုဘာ ၂၁ မှ ၂၇ ရက်အထိ သေဆုံးသူ ၈၄ ဦး၊ ဒဏ်ရာရသူ ၁၂၉ ဦးအထိရှိပြီး အိမ်ခြေ ၂၉၅၀ နှင့် ဘာသာရေးအဆောက်အအုံ ၁၄ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း အစိုးရက အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းအဖြစ်အပျက်များသည် မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ သံတွဲ၊ ရမ်းဗြဲနှင့် ပေါက်တောမြို့နယ်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

စစ်တွေ အပါအ၀င် မြို့ကြီးများတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ချထားခြင်း၊ မြို့အ၀င်အထွက် ဂိတ်ပေါက်များတွင် စစ်ဆေးရှာဖွေခြင်းများဖြင့် လုံခြုံရေး အထူးတင်းကျပ်ထားသည်။ ယင်းကဲ့သို့ လုံခြုံရေးများ တင်းကျပ်ထားသော်လည်း ဒေသခံများမှာ ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း ပြောကြားသည်။

“ရခိုင်ပြည်နယ်လို့သာဆိုတယ်၊ ရခိုင်တွေက စိုးရိမ်တဲ့စိတ်ကြောင့် ည ၁၂ နာရီလောက်အထိ မအိပ်နိုင်ဘူး”ဟု စစ်တွေမြို့၏ မြို့မိမြို့ဖ ဦးသန်းထွန်းကပြောသည်။

လူခြောက်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သော အောက်တိုဘာ ၂၅ ရက်တွင် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သည့် ကျောက်တော်မြို့တွင်လည်း လုံခြုံရေးများ တင်းကျပ်ထားလျက်ရှိသည်။ ပဋိပက္ခဖြစ်ပွားရာ နေရာများသည် ကျောက်တော်မြို့မှ အလှမ်းကွာဝေးသည့် နေရာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းအခင်းဖြစ်ပွားရာနေရာမှ လူစုလူဝေးဖြင့် စွန့်ပစ်ခဲ့သည့် ဒေသလုပ် တူးမီးသေနတ် ၇၁ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ကြေညာသည်။ ယင်းအခြေအနေများကို ထိန်းသိမ်းရာတွင် လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုများရှိကြောင်း ဒေသခံများအကြား ဝေဖန်ပြောဆိုမှုများ ရှိသော်လည်း သီးခြားအတည်ပြုချက် မရရှိသေးချေ။

ယခုဖြစ်ပွားခဲ့သော ဖြစ်ရပ်များကြောင့် ဒေသခံရခိုင်တိုင်းရင်းသားများက လုံခြုံရေးအခြေအနေကို ဝေဖန်မှုများရှိခဲ့ပြီး အချို့မြို့နယ်များတွင် လုံခြုံရေးများ၏ ထိန်းသိမ်းမှုများအပေါ် ဝေဖန်ပြောဆိုမှုများရှိခဲ့ကြောင်း သိရသည်။

ရခိုင်ဒေသတွင် ဖြစ်ပွားနေသည့် အရေးအခင်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် အစိုးရတာဝန်ရှိသူများအနေဖြင့် ၁၉၈၂ နှစ် နိုင်ငံသားဥပဒေအတိုင်း ပီပီပြင်ပြင်ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း 7Day News နှင့် တွေ့ဆုံမေးမြန်းခဲ့သည့် ဒေသခံများ၊
အသင်းအဖွဲ့များကပြောသည်။

“၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း အမြန်ဆောင်ရွက်ရင် အားလုံးမဟုတ်တောင် တော်တော်များများ ပြေလည်နိုင်မယ်ထင်တယ်”ဟု ရခိုင်လွတ်မြောက်ရေးပါတီမှ ဆက်ဆံရေးတာဝန်ခံ ကိုခိုင်စိုးပိုင်က ကျောက်တော်မြို့ရှိ ၎င်း၏ရုံးခန်းတွင် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ပြည်နယ်အတွင်း မတည်မငြိမ် ဖြစ်မှုများကြောင့် ပြောင်းရွှေ့နေထိုင်သူများအား ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားပြီး မတည်ငြိမ်မှုများကို ပြေလည်အောင် ဖြေရှင်းမှုများ မပြုလုပ်နိုင်ပါက ရေရှည်အတွက် အခက်အခဲများ ဖြစ်ပွားနိုင်ကြောင်း နှစ်ဖက်စလုံးကပြောသည်။

“အစိုးရက ကျောသားရင်သားမခွဲခြားဘဲ လုပ်ဖို့လိုတယ်လို့ ထင်တယ်။ ဥပဒေအတိုင်း မှန်ကန်မှုရှိအောင် လုပ်ဖို့လိုပါတယ်”ဟု စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှ အစ္စလာမ်ဘာသာဝင်တစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်မှုတစ်ရပ် ပြုလုပ်ခဲ့ပြီး အဆိုပါ ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိအခြေအနေတွင် ဒဏ်ရာရခဲ့သူများနှင့် ထိခိုက်နစ်နာခဲ့သူများအတွက် အရပ်ဘက်အဖွဲ့အစည်းများက သီးခြားကူညီမှုများလည်း ပြုလုပ်လျက်ရှိသည်။

ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရခိုင်တိုင်းရင်းသားရော ဘင်္ဂါလီလူမျိုးအချို့ပါ အကျပ်အတည်းများ ကြုံတွေ့နေရသည်။ ကုလသမဂ္ဂက သတင်းထုတ်ပြန်မှုအရ ယခုပဋိပက္ခကြောင့် နေအိမ်စွန့်ထွက်ပြေးရသူ နှစ်သောင်းကျော်ရှိသည်ဟုဆိုသည်။

“စီးပွားရေးက ဆုတ်ယုတ်လာတာပေါ့။ အစစအရာရာ အရင်နဲ့မတူဘူးလေ”ဟု ရွာကြီးမြောက်ရပ်ကွက် ဒုန်းတိုက်ကယ်ဆယ်ရေးစခန်းမှ ဦးမောင်ဦးသာကပြောသည်။

အောင်မင်္ဂလာရပ်ကွက်မှ အစ္စလာမ်ဘာသာဝင်တစ်ဦးက “စားဝတ်နေရေးကျပ်တည်းတယ်။ အပြင်မှထွက်လို့မရတာ”ဟု ၎င်းကပြောသည်။ “ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပေးထားတဲ့ ဒီကတ်လေးတွေကို ဆွဲထားတယ်။ ဟိန္ဒူဖြစ်ကြောင်း အထောက်အထားပေါ့”ဟု ချင်းပျံလမ်းရှိ ဟိန္ဒူရပ်ကွက်မှ ဦးနာတာရှားကပြောသည်။


Myanmar Express 

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမူအခြေအနေနှင့်စပ်လျဉ်း၍အသိပေးကြေညာခြင်း

From : သမ္မတရုံး


၁။ ရခိုင်ပြည်နယ်အတွင်း  ပဋိပက္ခဖြစ်ပွားမူအခြေအနေနှင့်စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင်လူပ်ရှားနေသောလူပုဂ္ဂိုလ်များ အဖွဲ့အစည်းများရှိနေကြောင်းသိရှိရသဖြင့် ၄င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်
သမ္မတရုံးမှ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။တစ်ကျော့ပြန်ဖြစ်ပွားလာသော  ပဋိပက္ခဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှစ၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်အထိ သေဆုံးသူ (၈၉)ဦး၊ဒဏ်ရာရသူ (၁၃၆)ဦး
မီးလောင်ပျက်ဆီးသည့် လူနေအိမ် (၅၃၅၁) အိမ် လူဦးရေ (၃၂၂၃၁)ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ်ခဲ့သည်။

၃။လူ့အဖွဲ့အစည်းနှစ်ခုကြားရှိ  ပဋိပက္ခများသည် သာမန်ဆူပူလူပ်ရှားမူ ဖြစ်စဉ်များမှ လက်နက်ကိုင်အကြမ်းဖက်မူအခြေအနေသို့ ကူးပြောင်းတော့မည့်လက္ခဏာ အသွင်ဆောင်ကာ လုံခြုံ
ရေးတပ်ဖွဲ့ဝင်များကိုပင် လက်နက်ဖြင့် ရန်မူခြိမ်းခြောက်မူများ ဖြစ်ပေါ်လာခဲ့ပါသည်။အကြမ်းဖက် ပဋိပက္ခဖြစ်စဉ်များမှ ဒေသန္တရလုပ် လက်နက်ငယ် (၁၈၀)လက်သိမ်းဆည်းရမိခဲ့ပါသည်။ထို့ပြင် အဆိုပါ လက်နက်ပြုလုပ်သူအချို့နှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများ အထောက်အထားများ ကိုလည်း ဖမ်းဆီရမိသဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

၎။ ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊အကြမ်းဖက်ခြင်း၊တိုက်ခိုက်ခြင်း၊မီးရို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊အသေးစိတ်စီစဉ်ခြင်း၊ဒေသန္တရလုပ်
လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလူပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊နိုင်ငံရေးအဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့အစည်းများ ပါ ပါဝင်ပတ်သတ်မူရှိနေသကဲ့သို့၊အခြားတစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သတ်နေသည့် အထောက်အထားများတွေ့ရှိရပါသည်။

၅။ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူး ရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ပြီးဥပဒေနှင့် အညီ ငြိမ်းချမ်းစွာနှင့် ဥာဏ်ပညာအမြော်အမြင်ရှိစွာဖြင့် ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ယခုကဲ့သို့ ဖြစ်ရပ်များနှင့်ပတ်သတ်၍ ကမ္ဘာ့အလယ်တွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မထိခိုက် မညိုးနွမ်းစေရေးအတွက် နိုင်ငံတော်ကို ချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ကလည်း ငြိမ်းချမ်းစွာဖြင့် ပူးပေါင်းကူညီဆောင်ရွက်ကြစေလိုပါသည်။

၆။ လက်ရှိအခြေအနေတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များဆက်လက်မဖြစ်ပေါ်စေရေးအတွက်  ပဋိပက္ခဖြစ်စဉ်များ၌ဆက်စပ်ပတ်သတ်သူများကို နောက်ကွယ်မှ ကြိုးကိုင်လူပ်ရှားနေသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများအား နိုင်ငံတော်မှထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။
 

Myanmar Express 

ကိုယ်ပိုင်အရည်အချင်း မရှိသည့်အပြင် လူထု မလေးစားသော ဒေါ်စု တရားဥပဒေ စိုးမိုးမှု ကော်မတီဥက္ကဌ ဖြစ်ပြီးနောက် ၎င်းနေထိုင်ရာ ရန်ကုန်တွင် မင်းမဲ့စရိုက်လူသတ်မှု ပိုများလာ

From :7Day News Journal

ရန်ကုန်မြို့တွင် လူအများ ရှေ့၌ပင် အုပ်စုဖွဲ့၍ လူသတ်မှု၊ ရိုက်နှက်မှုများ မကြာခဏ ဖြစ်ပွား လာခြင်းကို တွေ့ရကြောင်း မြို့နေ ပြည်သူများနှင့် ဥပဒေ နယ်ပယ်မှ ပုဂ္ဂိုလ်များက ပြောကြားသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြို့လယ်ခေါင်၌ ရုပ်ရှင်ဆန်ဆန် လူသတ်မှုမှစ၍ နာမည်ကြီးပြီး ဆန်းပြားသော လူသတ်မှုများ၊ ရိုက်နှက်မှုများ ထပ်မံဖြစ်ပွား လာခြင်းဖြစ်သည်။ ပုဇွန်တောင်မြို့နယ်တွင် ကားပေါ်မှလူက ကားအပြင်မှလူကို လည်ပင်း ညှစ်လျက်သား အနေအထားဖြင့် ကတ္တရာလမ်း တစ်လျှောက် ကားနှင့်တရွတ် တိုက်ပါသွားကာ သေစေခဲ့သော ရုပ်ရှင်ဒါရိုက်တာ တစ်ဦး၏ အမှုနှင့် မရှေးမနှောင်းပင် မြောက်ဥက္ကလာပ မြို့နယ်အတွင်း၌ လူအများထိုင်နေသော စားသောက်ဆိုင် အတွင်းသို့ ကားသုံးစီးဖြင့် ရောက်ရှိလာသူများက ဆိုင်အတွင်းထိုင်နေသူကို ဓားများဖြင့်ခုတ်ကာ သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။

အင်းလျားကန်ပေါင်ပေါ်ရှိ တာဝန်ကျလုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ခန်းများကို ဆိုင်ကယ်များနှင့် ရောက်လာသူ ၁၄ ဦးက ဓားဖြင့်ထိုး၊ တုတ်များဖြင့် ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ယခုနောက်ဆုံး အောက်တိုဘာ၂၃ ရက်ညတွင် လမ်းလျှောက်သီချင်းဆိုလာသူအား ပြိုင်ကားပေါ်မှလူများက ၎င်းတို့ကို စောင်းမြောင်းဆိုသည်ဟုဆိုကာ ရေအိုးဖြင့် ခေါင်းကိုရိုက်ခွဲသတ်မှုသည်လည်း လူများသွားလာနေရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွားခဲ့သည်။

ယခုကဲ့သို့ လူအများရှေ့တွင် ရက်စက်စွာပြစ်မှုကျူးလွန်မှုများ မကြာခဏ ခပ်စိပ်စိပ်ဖြစ်ပွားလာခြင်းသည် ငြိမ်ဝပ်ပိပြားမှုမရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှုမရှိခြင်းတို့၏ အကျိုးဆက်ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေဦးကိုနီကဆိုသည်။ ပြစ်မှုဖြစ်ပွားခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူရသော လုံခြုံရေးရဲတပ်ဖွဲ့တွင် တာဝန်ရှိသကဲ့သို့ တရားရုံးများကလည်း ပြစ်မှုကျူးလွန်ခြင်းများကို ထိရောက်စွာဟန့်တားနိုင်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် လိုအပ်သည်ဟု ဦးကိုနီကပြောကြားသည်။

ခေတ်အရ ပြောင်းလဲပေါ်ပေါက်လာသည့် နိုက်ကလပ်များ၊ ရာသီပေါ်ပွဲလမ်းသဘင်များတွင် လူငယ်များစုရုံးလာခြင်း၊ မူးယစ်ရမ်းကားခြင်းတို့မှာ ဖြစ်လေ့ဖြစ်ထရှိသော်လည်း လုံခြုံရေးအရ ညအချိန်တွင် သတ်မှတ်ထားသည့် ဥပဒေများကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု အားနည်းနေကြောင်း ရှေ့နေဦးအောင်သန်းစိုးကပြောသည်။ “ထုတ်ထားတဲ့အမိန့်တွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုတယ်”ဟု ၎င်းကပြောသည်။

ပြစ်မှုဆိုင်ရာဥပဒေတွင် လူသတ်မှုကျူးလွန်သူကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်ထိ ချမှတ်နိုင်သော်လည်း အနိမ့်ဆုံးပြစ်ဒဏ်ဟူ၍ သတ်မှတ်ထားခြင်းမရှိဘဲ မှုခင်းဖြစ်ပွားသည့် အခြေအနေကိုလိုက်၍ တရားသူကြီး၏ ဆင်ခြင်ဉာဏ်ဖြင့်သာ ပြစ်ဒဏ်ချမှတ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုနောက်ပိုင်းတွင် ဖြစ်ပွားသည့် ပြစ်မှုများသည် ကြိုတင်ကြံစည်မှုက နည်းပါးပြီး လူငယ်အချင်းချင်းဖြစ်ပွားသော ပြဿနာများမှ ရိုက်ကြနှက်ကြသည်သာရှိကြောင်း၊ သို့သော် အုပ်စုဖွဲ့ရမ်းကားမှုများတွင် လူသေဆုံးပါက ထောင်ဒဏ် နှစ်၂၀ မှ တစ်သက်တစ်ကျွန်းထိ ချနိုင်ကြောင်း အလုံမြို့နယ်မှ အငြိမ်းစားတရားသူကြီးတစ်ဦးကပြောသည်။

ပြစ်မှုများတွင် အဖွဲ့လိုက်ကျူးလွန်မှုများ များပြားလာခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လက်ရှိ တာဝန်ထမ်းဆောင်နေသူ ရဲအုပ်တစ်ဦးက “အုပ်စုဖွဲ့ ကျူးလွန်တဲ့ မှုခင်းတွေက အမျိုးမျိုးရှိတတ်တယ်။ တချို့ကလည်း ဂိုဏ်းဖွဲ့မျိုးမဟုတ်ပေမယ့် ပိုက်ဆံရှိတယ်။ ခိုင်းသမျှလုပ်ပေးမယ့် တပည့်တပန်းတွေရှိတယ်။ ဒီတော့ တပည့်တွေကို ငါ့အစားသွားလုပ်ပေးဆိုတာမျိုးပေါ့။ ပြီးရင် ပိုက်ဆံပေးတယ်။ အဲဒီလို ပိုက်ဆံယူပြီး တမင်လုပ်စားတာမျိုးကတော့ နည်းပါတယ်။ အဲဒီအခါမှာလည်း သူတို့လုပ်တဲ့ပြစ်မှုအလိုက်ပဲ အရေးယူပါတယ်။ နာကျင်စေမှုဆိုရင် နာကျင်စေမှု၊ လူသတ်မှုဆိုရင် လူသတ်မှုအတိုင်းပါ”ဟု ပြောသည်။

သို့သော် အခကြေးငွေယူ၍ ပြစ်မှုကျူးလွန်ခဲ့ဖူးသူတစ်ဦးက အောက်ပါအတိုင်းပြောသည်။

“တချို့အုပ်စုဖွဲ့ရိုက်နှက်မှုတွေမှာဆို ရိုက်ရုံပဲ။ ဒါပေမဲ့ရိုက်ရင်းနဲ့ လက်လွန်သွားတာမျိုးတွေရှိတယ်။ အဲဒီတော့ အစပါ ဖျောက်ပစ်ရတယ်။ အမှုကပိုကြီးသွားတာပေါ့။ အထူးသဖြင့် ကိုယ်နဲ့မဆိုင်တဲ့ပြဿနာတွေကို ပတ်သက်ရာပတ်သက်ကြောင်းကို ၀င်ရောက်ဖြေရှင်းပေးရတာများတယ်”ဟု ၂၀၁၂ ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော ရင်းနှီးသူများက ခိုင်းပါက၊ အဆက်အသွယ်ဖြင့် ငွေပေး၍ တာဝန်ပေးပါက လူသတ်၊ ရိုက်နှက်သောပြစ်မှုများ ကျူးလွန်ခဲ့ဖူးသူတစ်ဦးကပြောသည်။

တရားရုံးများတွင် ပြစ်ဒဏ်ချမှတ်ရာတွင်လည်း ဖြစ်ရပ်တစ်ခုနှင့်တစ်ခုအပေါ် ပြစ်ဒဏ်ချမှတ်မှု မတူညီသည်မှာ တရားသူကြီးက လာဘ်ယူ၍ ဆုံးဖြတ်ရခြင်းမျိုးမဟုတ်ဘဲ ဒေါသအလျောက်ဖြစ်သည့်ပြစ်မှု၊ မတော်တဆကျူးလွန်မိသည့်ပြစ်မှု၊ ပြစ်မှုကျူးလွန်သူ၏ အခြေအနေ စသည်တို့နှင့် သက်ဆိုင်၍ တရားသူကြီးက ဆုံးဖြတ်ရခြင်းမျိုးသာဖြစ်ကြောင်းလည်း သတင်းရရှိသည်။

နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွားခဲ့သော လူသတ်မှု၌ အမျိုးသမီးတစ်ဦး အပါအ၀င် လူငယ်ကိုးဦးက အရက်သေစာသောက်စားထား၍ ရန်စမှုကြောင့်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် ညဘက်အပြင်ထွက်လေ့ရှိသော ယောက်ျားလေးများအတွက်လည်း စိုးရိမ်ပူပန်စရာများရှိလာသည်။ “အခုဆိုရင် ကိုယ်ကပြဿနာစမရှာရင်တောင် အုပ်စုလိုက်ရန်စလာရင် ဘာမှမတတ်နိုင်ဘူး။ ဒါကြောင့် ညဘက်ဘောလုံးပွဲသွားကြည့်တာမျိုးတောင် သတိထားရတယ်”ဟု အမျိုးသားတစ်ဦးကပြောသည်။

အုပ်စုဖွဲ့ရမ်းကား လူသတ်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့် မြောက်ဥက္ကလာပလူသတ်မှုတွင် ပြစ်မှုကျူးလွန်သူ ၂၀ ကျော်အနက် ၁၅ ယောက်အား ဖမ်းဆီးထားနိုင်ခဲ့ပြီး၊ အောက်တိုဘာ ၂၃ ရက်က ဖြစ်ပွားခဲ့သော နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့၌ဖြစ်သော ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ ကိုးဦးစလုံးကို ဖမ်းဆီးနိုင်ခဲ့သည်ဟုဆိုသည်။ အောက်တိုဘာ ၁ ရက် ညက အင်းလျားကန်ပေါင်တွင် ဖြစ်ပွားသော
ဆိုင်ကယ်စီးအုပ်စုဖွဲ့ရိုက်နှက်မှု ၁၄ ဦးတွင် သုံးဦးကိုသာ လက်ရဖမ်းဆီးရရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသတင်းရရှိသည်။

လူအများရှေ့တွင် ဖြစ်ပွားနေသော အမှုများသည် ကြိုတင်ကြံစည်မှုကြောင့် ဖြစ်ပွားသည်ထက် မတော်တဆ ခိုက်ရန်ဖြစ်ပွားမှုမှ စတင်သည့် ပြစ်မှုမျိုးက ပို၍များပြားသောကြောင့် လူငယ်များအနေဖြင့် အသွားအလာ၊ အပြောအဆိုကို သတိထားနေရသော အခြေအနေဖြစ်နေကြောင်း ဥပဒေအကြံပေးတစ်ဦးကပြောသည်။

 Myanmar Express 

အမေရိကန်မှာ တိုက်ခတ်နေတဲ့ စန္ဒီမုန်တိုင်းသတင်း

From :  တင်စိုး


ဒီကနေ့ မနက် ၁၀ နာရီအထိ လူ ၁၇ ဦးသေဆုံးပြီး လူပေါင်း ၆ သန်းကျော် လျှပ်စစ်မီးပြတ်တောက်နေကြောင်း အတည်ပြုထားပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ အတော်လေးလိုအပ်နေပါတယ်။ ရေတွေ လွှမ်းနေချိန်မှာ မိမိအိမ်တွေမှာ ပိတ်မိနေတဲ့သူတွေကို ရေလွတ်ရာနေရာကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
မီးပြတ်နေတဲ့အတွက် ဖုန်းကတဆင့် အကူအညီတောင်းဖို့ အခက်အခဲ ဖြစ်နေသူတွေ အများအပြားပါပဲ။

ရာသီဥတုကလည်း အတော်လေးအေးလာတဲ့အတွက် မိုးလုံလေလုံရာကို ရွှေ့ပြောင်းပေးဖို့ အရေးပေါ် လိုနေပါတယ်။

နယူးဂျာစီမှာ ကယ်ဆယ်ရေးအဖွဲ့တွေက ရဟတ်ယဉ်တွေ၊လှေတွေနဲ့ ကလေးတွေကို ကျောပိုးထုတ်နေတာတွေ့ရပါတယ်။

နယူးယောက်မြို့မှာ လေဆိပ် ၃ ခုစလုံး ရေလွှမ်းလို့ ပိတ်ထားပါတယ်။ အရေးပေါ်ခိုလုံဖို့ ကယ်ဆယ်ရေးစခန်း ၇၆ ခု ဖွင့်ထားဆဲဖြစ်ပြီး မိမိတို့အိမ်ကို မပြန်နိုင်သေးသူတွေ ဆက်နေနိုင်တယ်လို့ နယူးယောက်မြို့တော်ဝန်က ကြေငြာပါတယ်။

နယူးယောက်က မြေအောက်ရထားလမ်းထဲ ရေလွှမ်းနေဆဲမို့ ရထားတွေ အကုန်ရပ်ထားရပါတယ်။ လတ်တလော အများသုံးဆက်သွယ်ရေးယဉ်တွေ ၂-၃ ရက် ရပ်ထားရမှာ ဖြစ်ပြီး ဘယ်တော့ ပြန်စမယ်ဆိုတာ ကြေငြာပေးမယ်လို့ ပြောထားပါတယ်။


 Myanmar Express 

ကွမ်းခြံကုန်းမြို့နယ်တွင် ဟိုတယ်ဇုန်အသစ်တစ်ခုတည်ဆောက်ရန်စီစဉ်

From :hot news

မြန်မာနိုင်ငံတွင် လိုအပ် လျက်ရှိသော ဟိုတယ်ဇုန်များ အား တစ်ဖက်တစ်လမ်းမှ ဖြည့် ဆည်းရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းကျေးရွာအနီးတွင် ဟိုတယ်ဇုန်အသစ်တစ်ခု ထပ်မံ တည်ဆောက်သွားရန် စီစဉ်နေ ကြောင်း ၂၀၁၂ ခုနှစ် အောက် တိုဘာလ ၃၀ ရက်နေ့တွင် ပြု လုပ်ခဲ့သော သတင်းစာရှင်းလင်း ပွဲမှ သိရသည်။အဆိုပါ ဟိုတယ်ဇုန်အား ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းအနီး မင်းသမီးကျွန်းတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း နေရှင်နယ်ကုမ္ပလီမိတက်မှ တာဝန်ရှိသူဦးဌေးအောင်က ပြော ကြားခဲ့သည်။
““အရင်က လက်ခုပ်ကုန်း ကျေးရွာနားမှာ ဟိုတယ်တစ်ခု ရှိခဲ့ပေမဲ့ နာဂစ်ကြောင့် အဲဒီ ဟိုတယ်ဟာ နားခဲ့ရတယ်။ ဒါနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၁ ရက်နေ့က ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနက ဒီနား လိုက်ရတဲ့ဟိုတယ်ကို လေလံတင် တယ်။ အစ်ကိုတို့ကုမ္ပဏီက သိန်း ၂၀၀ နဲ့ လေလံအောင်တယ်။ အခု အရင်ဟိုတယ်အဟောင်းကို လည်း ပြင်ပြီးတော့ ဟိုတယ် ဆောက်မယ်။ နောက်ထပ် ဒီ ဟိုတယ်နဲ့ အနီးဆုံးမှာရှိတဲ့ မင်း သမီးကျွန်းမှာလည်း ဟိုတယ်ဇုန် ဆောက်ဖို့စီစဉ်ထားတယ်။ ဒါပေမဲ့ အခု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဒါနဲ့ပတ်သက်ပြီး တော့တင်ပြထားတယ်။ တကယ်လို့ ခွင့်ပြုတယ်ဆိုရင် တစ်ကျွန်းနဲ့ တစ်ကျွန်း သွားလို့ရတဲ့ ကြိုးတံ တားကြီးတွေကို တည်ဆောက်ပြီး နိုင်ငံတကာအဆင့်မီတဲ့ ဟိုတယ်ဇုန်တစ်ခု တည်ဆောက်သွား မယ်””ဟု ပြောကြားသွားသည်။
ရန်ကုန်မြို့နှင့် (၃၆)မိုင် အကွာရှိ ကွမ်းခြံကုန်းမြို့နယ်၏ လမ်းပန်းဆက်သွယ်ရေးသည် အလွန်အင်မတန်ကြမ်းတမ်းပြီး အဆိုပါနေရာသို့ ခရီးသွားဧည့် သည်များ ယခင်ကမှ ယခုအထိ  သွားရောက်ရန် အခက်အခဲရှိနေ ပြီး ၎င်းင်းနေရာသို့ သွားရောက်ရန် အတွက် ဒလဘက်ကမ်းမှ ကွမ်း ခြံကုန်းမြို့နယ်အထိ လမ်းပန်း ဆက်သွယ်ရေးအား ပြန်လည် ပြင်ဆင်ပေးရန်လည်း ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက နှုတ်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။


 Myanmar Express 

ရခိုင်ကိုဘင်္ဂါလီသာမက ကေအိုင်အေ ကပါစော်ကားနေကြ ပြီ

From : rkmg28
 

ဝိုင်းမော်မြို့နယ် ရှငေါ် နားမှာရွှေမှော်လုပ်နေတဲ့သူ ၅၀ လောက်ကိုကေအိုင်အေရင်း ၃.  ကအဓမ္မဖမ်းသွားတဲ့အထဲမှာ အရွယ်မရောက်သေးတဲ့ရခိုင်မလေး ၂ယောက်ပါသွားကြောင်း ခုထိပြန်မလွတ်သေးကြောင်း ပြီးခဲ့တဲ့ ၂၄ ရက်နေ့ညမှာတစ်ယောက်ကို သူတို့ ရင်း ၃ ကအဘဆိုသူနဲ့အိပ်ရမယ်ဆိုပြီး ခေါ်သွားကြောင်းနောက်တစိယောက်ကတော့ သူတို့ကိုဖမ်းလာတဲ့ကချင်ဗိုလ်ကသူ့တဲကိုခေါ်သွားကြောင်း ရခိုင်မလေး၂ယောက်ကငြင်းပေမဲ့အတင်းဆွဲခေါ်သွားကြောင်းထွက်ပြေးလာတဲ့မှော်လုပ်သားတစ်ဦးထံမှသတင်းရပါသည်။သူတို့နဲ့ညအိပ်ပေးရင်ပြန်လွှတ်ပေးမယ်ဟုပြောသံကြားရသည်ဟုအဆိုပါထွက်ပြေးလာသူကပြောကြောင်း ကေအိုင်အေ ဟာဆက်ကြေးလည်းယူတယ် လူကိုလည်းအတင်းဖမ်းတယ် ဒါ့အပြင်မုဒိန်းပါကျင့်တဲ့အထိဖြစ်လာလို့ စစ်တပ်ကမြန်မြန်တိုက်ပစ်စေချင်ကြောင်း ဒီကောင်တွေစစ်ကြောင်းကိုတော့တော်တော်ကြောက်ပုံရကြောင်ဒီဘက်ကတပ်တွေကပေါက်ပေါက်ဖောက်သလိုပစ်တယ်ဟုပြောသံကြားရတယ်လို့သိရပါတယ်။

Myanmar Express

ရုပ်ရှင်လောကသားတွေဆိုတာ တကယ်တမ်းကြတော့ (ပေးစာ - ၂၀၂)

From : gypsylay


 အကြုံပုလို့ရရင် အကြံပြုချင်တာပါ---
နိုင်ငံတကာ မှာလည်း ဒီလို ရှိပါတယ် --ဥပမာ အမေရိကန် နိုင်ငံဆိုလည်း---နယူယောက်နဲ့ ၀ါရှင်တန် မတူဘူးပေါ့ဗျာ---- ၀ါရှင်တန် က ရုံးဆိုက်တဲ့ မြို့ဆိုတော့ သူစည်းသူကန်းနဲ့ ပေါ့ဗျာ---

မြန်မာ မှာလည်း ခု ရန်ကုန်ရယ် နေပြည်တော်ရယ် ရှိလာတယ်---
ဘယ်သူ တည်ထောင်ခဲ့ တည်ထောင်ခဲ့ပေါ့ဗျာ--အခိုင်အမာ ကြီးတည်ဆောက်ထား ပြီး ပြီကိုး-- --

အကယ်ဒမီ ပေးပွဲ ဆိုလည်း နေပြည်တော်မှာ ကျင်းပ တာ သုံးလေးနှစ်ရှိပြီထင်တယ်-----
လောလော ဆယ် ဒီ ရုပ်ရှင်လောကသားတွေနဲ့ ပတ်သက်လို့ပေါ့ဗျာ---
သူတို့က အကယ်ဒမီ ကိုရန်ကုန်မှာ ပြောင်းပေးဖို့ တောင်းဆိုထားတယ်---
သက်ကြီးရွယ်အိုတွေရှိတဲ့အတွက် လို့အကြောင်းပြထားတယ်---

အဲ့ဒီတော့ဗျာ----ဘာပြောင်းပေးစရာ လိုလည်း----သက်ကြီးရွယ်အိုတွေကို အကယ်ဒမီ ပေးတာမှမဟုတ်တာ--တကယ်လို့လာချင်တယ် --တက်ချင်တယ်ဆိုရင်လည်း--အစိုးရ က လေယာဉ်ပျံတောင် စီစဉ်ပေးနေတာပဲ------
သူတို့လာရင်လည်း ဟိုတယ် တွေ မှာထားတယ်----တကယ်ကိုကောင်းကောင်းထားတာပါ---
သူတို့အကယ်ဒမီ ရလို့ ညစာစားပွဲကျင်းပ ဦးမလား---အရမ်းအဆင်ပြေတယ်----ဟော်တယ် တွေက ကျယ်ဝန်းတယ်---

ခု သူတို့ က ဟိုပြန်ပြောင်းပေးပါ--ဒီပြန်ပြောင်းပေးပါနဲ့-----
တကယ်ဆို ဒီရုပ်ရှင် လောက သားးတွေက အခွင့်ထူးခံတွေပါ-----

ဥပမာ ပေါ့ဗျာ--ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်စု ရလို့ လာပေးတာမှမဟုတ်တာ--သွားယူရတာပဲ--ဟုတ်တယ်မဟုတ်လား---

အဲ့ဒီတော့ဗျာ--အစိုးရရုံးစိုက်တဲ့ မြို့မှာ ဒေါ်အောင်ဆန်းစုကြည်တို့တောင် လွှတ်တော်လာတက်ရသေးတာပဲလေ----
ဒီစုဆိုတာလည်း အစိုးရ ကပေးတာ---
အဲ့ဒီတော့ အစိုးရရုံးစိုက်တဲ့ မြို့မှာ လုပ်တာ အဖြစ်သင့်ဆုံးပဲထင်တယ်---
လိုချင်တဲ့ကောင်လာခဲ့ မလိုချင်တဲ့ကောင်မလာနဲ့---ဒါလူ့အခွင့်အရေးနဲ့မဆိုင်ဘူးထင်တယ်----

ဘာရယ်တော့မဟုတ်ဘူး--အာလုံး သိကြတဲအတိုင်း ရုပ်ရှင် လောက ဆိုတာ ရင်ရှုပ်တဲ့ လောကပဲ---ကြားနေရတာပဲ----
ကိုယ်နဲ့လည်းမဆိုင်ပါဘူး---
တောင်းရတိုင်းတောင်းနေတာ အမြင်ကတ်လို့ ရေးတင်တာပါ---
လွန်တာ ရှိရင် ၀ဏ္ဏာမိ ပါ ဗျာ---


 Myanmar Express 

ABSDF အဖွဲ့တွင်း လူဖြစ်တည်ခွင့် နောက်ဆုံးအချိန် - ၂

From : by Kyaw Gyi AB

စိုးမင်းအောင် ကို(၉.၈.၉၁)နေ့ ညမှာ စတင် စစ်ကျောခဲ့ပြီး

နောက်ရက် (၁၀.၈.၉၁) နေ့ မှာတော့ ဗဟို(ပါဂျောင်) မှာ လူဖမ်းပွဲ စတင်လိုက်ပါတယ်

အဖမ်းခံ ရသူတွေက-

ကျော်ဝေ (မန္တလေး) ၊ကျော်ဌေး (မန္တလေး) ၊ဝင်းမြင့် (ထန်းတပင်၊ဇီးကုန်း) နဲ့  အောင်ဖိုး (ခ)အေးသက်လတ် (ရန်ကုန်)

နောက် (၁၁.၈.၉၁) မှာတော့-

ရန်အောင်(ခ)ထွန်းအောင်ကျော် (မန္တလေး) ၊သိန်းနိုင်ချို (မန္တလေး) နဲ့  ကျော်ကျော်မင်း (ကန့် ဘလူ)တို့ ဆက် အဖမ်းခံ ခဲ့ကြရပါတယ်

အဲဒီနောက်...အဲဒီနောက်.......

သွေးပျက်ဖွယ် ညတွေမှာ မချိမဆန့်  အသံတွေလွှမ်းခဲ့ပါတယ်



ဗန်းမော်ခရိုင်မှာတော့-

အဲဒီရက်တွေမှာပဲ

နိုင်အောင် (ခ) ဌေးမြင့်သိန်း ကိုဖမ်းပါတယ်

နိုင်အောင်က မိုးကုတ် ကပါ၊ ပလောင်နယ်မြေ (ရင်း-၅၀၁) ကိုရောက်ရှိခဲ့ပြီး ကျောင်းသားတွေ စုဖွဲ့ ရာမှာ ပါဝင်ခဲ့သူပါ၊

စုဖွဲ့ ရင်းပြိုကွဲသွားချိန်မှာတော့ ပလောင်နယ်မြေမှာပဲ ဆက်ရှိနေခဲ့ပါတယ် PSLA ငြိမ်းချမ်းရေး လုပ်ချိန် လက်မခံဆန့် ကျင်ရင်း ခွင့်ပြုချက်နဲ့ 

ထွက်ခွာလာခဲ့သူပါ။ရှမ်း/မြောက် မှာဆုံခဲ့တဲ့ ရန်အောင်(ဦးတင်လင်း၊ဗန်းမော်) (အပါတ်စဉ်-၁ ၊ကျောင်းသား ရင်း-၇၀၁ ကနေ KIA ပြောင်းရွှေ့ )လမ်းညွှန်မှုနဲ့  ကျောင်းသားတွေရှိရာကို ဆယ်မိုင်ပါရွာက KIA တပ်ကြပ်ကြီး ခွန်ဂျာနော် ကနေတဆင့် ပြောင်းရွှေ့ ရောက်ရှိလာသူပါ။

ကျောင်းသားစိတ် အပြည့်နဲ့ ကိုယ့် ဆန်အိပ် ကိုယ်လွယ်လို့ -



သူ့ နောက်ဆက်လိုက်တော့

OK (ခ) အုန်းကြိုင် (မန္တလေး၊ဘုမ္မိ)

ရှစ်လေးလုံး(၃)နှစ်မြောက် အခမ်းအနား အပြီး ကျောင်းဆရာအနေနဲ့  ဖကွန်ရွာနားကရွာကိုပြန်ချိန်

ရွာမှာပဲလိုက်ဖမ်းကြပါတယ်။

နယ်မြေမှူး ဦးသောင်းမြင့် (ဒေါင့်ကြီးရွာ၊တန့် ဆည်မြို့ နယ်)က စည်းရုံးရေးပျက်မှာစိုးလို့  ရွာထဲမှာတော့ ကျောင်းဆရာကိုကြိုးမတုပ်ဖို့  နဲ့ 

ထွက်ပြေးရင် သူ့ အသက်နဲ့  လဲပြီးတာဝန်ယူကြောင်း ပြောလို့  ကြိုးမတုပ်ပဲ ခဏဆိုပြီး ပြန်ခေါ်ပါတယ်။

စခန်းရောက်မှ ဖမ်းတာပါ။

နောက် ခင်မောင်ကြည် (မင်းလှ၊ပဲခူး) နဲ့  ဝင်းနောင် (ရန်ကုန်၊လူ့ ဘောင်သစ်)

အဲဒီနောက်မှာ-



အေးကျော်

မန္တလေးက ရတနာဘုမ္မိကျောင်းသား ၊ဒုနှစ် မြန်မာစာ

GOSDA မှာ အခြေစိုက် ဗကသ၉အထက်ဗမာပြည် နဲ့ လှုပ်ရှားခဲ့သူပါ၊စိတ်ဓါတ်ပြင်းထန်တယ်။

OK၊ရန်အောင်၊အောင်မင်း တို့ နဲ့ တအုပ်စုထဲ နောက် ကြယ်နီ၊အေးလွင် တို့ ကိုကျော်ဝေ တို့ အများကြီးပါပဲ၊

မန်း GOSDA အုပ်စုတွေပါ။

အပါတ်စဉ်(၆) သင်တန်းဆင်းပါတယ်၊ပြီးတော့ ဗန်းမော် ခရိုင်မှာတာဝန်ကျတယ်။

နောက်ပိုင်း နယ်မြေလေ့လာရေး နဲ့  စည်းရုံးရေးအတွက် ကျောင်းဆရာလုပ်တယ်

မံမော်ကောင်းရွာမှာ ကျောင်းဆရာလုပ်နေချိန် (ပိပိ နဲ့ အတူပေါ့ )

တရက်မှာတော့-

အေးကျော် ကို စခန်းပြန်လာဖို့ခေါ်တယ်၊

ပြန်လာတယ်၊ယူနီဖေါင်း အပြည့်နဲ့ ပါပဲ၊ညနေ (၆)နာရီခွဲလောက်

ရောက်ရောက်ချင်း စည်းရုံးရေးအဖွဲ့ တဲအရောက်

ငါ့ကိုဘာလို့ ခေါ်လဲ ဆိုတော့ စခန်းမှူးတာဝန်ယူထားတဲ့ ဇော်ကြီး(မိုးညှင်း) က

စစ်ဆေးစရာရှိလို့  အပေါ်ကိုလိုက်ခဲ့ပါတဲ့

ဘာကိုစစ်ဆေးမှာလဲ၊ငါဘာမှ မဟုတ်တာ မလုပ်ခဲ့ဘူး

မင်းကိုဖမ်းတယ်

ငါ့ကိုဖမ်းစရာအကြောင်းဘာမှ မရှိဘူး

စစ်ဆေးစရာရှိလို့ ပါ ၊ယူနီဖေါင်း လဲလိုက်ပါ

လဲစရာဘာမှ မရှိဘူး ၊ ငါ့မှာဒါဘဲရှိတယ်၊မာဖီ မရှိဘူး

ဒါဆိုရင် ဘက်တံဆိပ် မပါတဲ့ အင်္ကျီလဲလိုက်

ဒါဆိုရင်လည်း ရတယ် ဆိုပြီး ပြောပြောဆိုဆိုပါပဲ ဘက်တံဆိပ်တွေကို ဆွဲဖြဲလိုက်တယ်

အေးအေးဆေးဆေး အဖမ်းခံတယ်

စခန်းမှူးတဲ အရှေ့ ကို အဖြတ်မှာတော့ တဲထဲမှာ ခွဲအချုပ်ခံထားရတဲ့ OK က

ဟေ့ကောင်တွေ မင်းတို့ မတရားသဖြင့် လုပ်ပြန်ပြီလား၊ မတရား မလုပ်ကြနဲ့ ကွ လို့  အော်တယ်

အေးကျော် က ရတယ် ဒါမျိုးတွေ မကြိုက်လို့ တောခိုလာတာ ကွ လို့ 

ထပ်ခါထပ်ခါ အော်ရင်းရှေ့ ဆုံးကနေဦးဆောင်လို့  ခ၇ိုင်ရုံးရှိရာ တောင်ကုန်းပေါ်ကို တက်သွားတယ်

ယုံကြည်ချက် အပြည့်နဲ့  ရင်ဆိုင်ဖို့ အသင့်ပေါ့

သူ့ ကိုထိပ်တုံးထဲ ထည့်လိုက်ကြတယ်

ပြီးတော့ စစ်ဆေးမဲ့သူများ KIA ကင်တင်း သွားလို့ အနားယူကြပေါ့

ည (၉)နာရီလောက်မှာ စစ်ကျောရေးဆိုတာကြီး စခဲ့ပြီး (၁၀)နာရီလောက်မှာတော့

ကြောက်မက်စရာ အသံမျေိုးစုံကို ကြားနေကြရတော့တာပါပဲ

မနက်(၄) နာရီ မထိုးခင် အေးကျော် သေပါတယ်

သူတို့ ပြောတဲ့ စစ်ကျောရေး တစ်ကြိမ်ပါပဲ (သူလိုပဲ တစ်ကြိမ် နဲ့ သေသူ ကျော်ကျော်ဦး-ကသာ)

ဘယ်လိုလုပ်လိုက်ကြတယ်ဆိုတာ ပြောနိုင်သူ သိပ်မရှိပါဘူး

အပြောများတာကတော့ ဘဲလေး(သန့် ဇင်၊မုံရွာ) အိမ်သာထဲက ချီးတွေကော်ပြီး ပါးစပ်ထဲထည့်တယ်ဆိုတာပါပဲ

မမေ့နိုင်အောင် ဖြစ်ကြရပါတယ်

သူဟာ-

သေတဲ့အထိ တောင်းပန်စကား မပြောခဲ့ ၊မလျော့ခဲ့ပါဘူး

လူစိတ်ကင်းသူတွေ စကားအရတော့-

အဲဒီလို ရုတ်တရက် သေရင် ကိုယ့်ကိုယ်ကို အဆိပ်နဲ့ လုပ်ကြံတယ်ပေါ့

ရိုးသားပြီးရင်းနှီးမှုရှိတဲ့ သတ္တိကောင်းတဲ့ တိုင်းရင်းသူ ကျောင်းသားတပ်က ဆေးဆရာမတစ်ယောက် က

စိမ်ခေါ်ပြီး....

မြုပ်ပြီးသား ပြန်ဖော်လို့  ဗိုက်ခွဲ သက်သေပြခဲ့တယ် တဲ့ ။ ။




Myanmar Express

ရွှေတိဂုံ သတင်းကျွတ် လပြည့် ၂၀၁၂




  Myanmar Express

မြတ်စွာဘုရားဟောကြားသော မိန်းကလေးများ ပျက်စီးခြင်း (၉) မျိုး (ပေးစာ - ၂၀၂)

From : ကိုရင်သာဂိ


 တချို့မိဘတွေက သူတို့သမီးပျိုလေးများကို မပျက်စီးအောင် ဘယ်လိုဆုံးမ ပေးရမလဲ။ ဘယ်လိုပြုလုပ်သင့်ပါသလဲလို့ မေးလာကြတဲ့အတွက် မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့ မိန်းကလေးများ ပျက်စီးခြင်း(၉)မျိုးကို ရေးသားပေးလိုက် ပါတယ်။ ဒီအချက်တွေကို မိမိတို့သမီးများ မပြုလုပ်မိအောင် စောင့်ရှောက် ကာကွယ် သတိပေးထားမယ်၊ သမီးဖြစ်သူများကလည်း စောင့်ထိန်း လိုက်နာမယ်ဆိုရင်တော့ ပျက်စီးခြင်းများကနေ လွတ်ကင်းပါလိမ့်မယ်။

 ၁။ ပန်းခြံများသို့ အသွားများခြင်း။ 
၂။ ဥယျာဉ်များသို့ အသွားများခြင်း။
 ၃။ ရေဆိပ်သို့ အသွားများခြင်း။ 
 ၄။ ဆွေမျိုးအိမ်သို့ အသွားများခြင်း။
 ၅။ မကောင်းတဲ့မိတ်ဆွေများထံသို့ အသွားများခြင်း။
 ၆။ မှန်ကြည့်ခြင်း၊ အ၀တ်အစား၊ ပန့်နံ့သာဆင်ခြင်ခြယ်သမှုများခြင်း။
 ၇။ မူးယစ်စေတတ်တဲ့ အရက်သေစာများ သောက်စားခြင်း။
 ၈။ ပြတင်းပေါက်အပြင်သို့ အကြည့်များခြင်း။
 ၉။ အိမ်တံခါးဝကနေ မိမိခန္ဓာကိုယ်ကို အလှပြများခြင်း။ 

အထက်ပါ(၉)ချက်ထဲက တစ်ခုခုလွန်ကဲနေတဲ့ မိန်းကလေးဟာ ပျက်စီးခြင်း ဆိုက်ရောက်ရပါတယ်။ (ကုဏာလဇာတ်၊ ဇာတကပါဠိတော်၊ ဒုတိယအုပ်၊ နှာ-၁၂၀၊) ဒါတွေကတော့ မြတ်ဗုဒ္ဓခေတ်က နေရာဒေသနဲ့အခြေအနေများ ဖြစ်ပါတယ်။ အဲဒီနေရာဒေသတွေနဲ့ အခြေအနေများကို မျက်မှောက်ခေတ်နဲ့ အစားထိုးကြည့်ပြီး သွားသင့်မသွားသင့်၊ ပြုလုပ်သင့်မပြုလုပ်သင့်ကို နှိုင်းယှဉ် ကြည့်ရင် သိနိုင်ပါတယ်။ တချို့က မိန်းကလေးများ ဘီယာသောက်ခြင်း၊ အရက်သောက်ခြင်းများဟာ မိန်းကလေးသိက္ခာ မထိခိုက်ဘူး။ မိန်းကလေး ဣနြေ္ဒ ကျဆင်းမသွားဘူးလို့ ယူဆတတ်ကြပါတယ်။ အဲဒီလို ယူဆတဲ့ မိန်းကလေးများဟာ မိမိတို့မိန်းကလေးတန်ဖိုးကို အလေးမထားသူများသာ ဖြစ်ပါတယ်။ အဲဒီလိုမိန်းကလေးများပြုလုပ်တာကို အပြစ်မဟုတ်ဘူးလို့ ယူဆကြတဲ့ ယောက်ျားလေးများကလည်း သူတို့ကိုယ်တိုင် ယောက်ျာလေး သိက္ခာမရှိသူများသာ ဖြစ်ပါလိမ့်မယ်။ အထက်ကဖော်ပြခဲ့တဲ့မိန်းကလေးများ ပျက်စီးခြင်း(၉)မျိုးထဲမှာ အရက်သေစာ သောက်စားခြင်းဆိုတာ ပါနေတဲ့ အတွက် ယနေ့ခေတ်မိန်းကလေးများအနေနဲ့ အထူးသတိထား ဆင်ခြင်သင့် တယ်ဆိုတာ မမေ့ပါနဲ့။ မိမိကမိန်းကလေးမို့ မိန်းကလေးပီသအောင် နေထိုင်ဖို့လိုပါတယ်။ ယောက်ျားလေးကလည်း ယောက်ျားလေးပီသအောင်၊ရဟန်းသံဃာ ဆိုရင်လည်း ရဟန်းသံဃာပီသအောင်၊ မိဘဆရာသမားလူကြီးဆိုရင်လည်း သူ့အဆင့်နဲ့သူ ပီသအောင်နေထိုင်မှသာ မိမိကိုယ်ကိုကိုယ်လည်း ကြည်ညို လေးစားမိပြီး အများကလည်း လေးစားတဲ့သူ ဖြစ်နေမှာပါ။ အဲဒါမှသာ လောကရှိသတ္တ၀ါများဟာ သူကိုလည်း ကိုယ်ကလေးစား၊ ကိုယ့်ကိုလည်း သူကလေးစားနေမယ်ဆိုရင် အရာအားလုံးဟာ သင့်တင့် လျောက်ပတ်စွာနဲ့ ပြည့်စုံနေပါလိမ့်မယ်။ စာဖတ်သူများကိုယ်စိတ်နှစ်ပါးချမ်း သာပြီးလိုရာခရီးကို လျင်မြန်စွာ လျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလျက်....။ 

Myanmar Express 

လာမည့် ၂၀၁၅ မှာပြည်သူထောက်ခံလျှင်သမ္မတလုပ်မည် ဆိုသည့် ဒေါ်အောင်ဆန်းစုကြည် ဒီတစ်သက်တော့ မဖြစ်နိုင်

From : သာနောင်


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီအနေဖြင့် လွှတ်တော်တွင်းရောက်ရှိပါက အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေ
စိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်ဦး ဖြိုးမင်းသိန်းက အခြေခံဥပဒေမှာ တပ်မတော်ရဲ့ ပါဝင်ပတ်
သက်မှုတွေကို ချောချောမွေ့မွေ့ပြင်ဆင်နိုင်အောင် ဆောင်ရွက်ရမှာပါ။ ကျွန်တော်တို့ဘက်က ဒီလွှတ်တော်သက်တမ်းအတွင်းမှာ
ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ နောက်တစ်ချက်ကဥပဒေနဲ့အညီ ပြင်ဆင်နိုင်ဖို့အတွက်
ဒီဖွဲ့စည်းပုံက ဘယ်အချက်အလက်တွေက ဘောင်ဝင်မယ်ဆိုတာ ကျွန်တော်တို့ ဆန်းစစ်ရပါမယ်” ဟု ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက “NLD က ဖွဲ့စည်းပုံ အခြေခံဥပ
ဒေပြင်ချင်တယ်ဆိုရင်တော့ သမ္မတရွေးချယ်ရေးနဲ့ ပတ်သက်တဲ့ အ ချက်တချို့ ဖြစ်ကောင်းဖြစ်နိုင် တယ်။ အဲဒါကို ပြင်မယ်ဆိုရင်
ကျွန်တော်ထင်တယ်။ ၇၅ ရာခိုင်နှုန်းကျော်နဲ့ နိုင်မယ်မထင်ဘူး။ ဒီသုံးနှစ်ကာလအတွင်းမှာ ပြင်နိုင် မယ်လို့ ကျွန်တော်တော့
မထင်ပါဘူး”
ဟုပြောသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေဆို တာ ပြင်လို့ရတယ်။ အများသဘောတူတယ်ဆိုရင် လုပ်လို့ရပါတယ်။ အများသဘောအတိုင်းသွားမှာပဲ။
လက်ရှိမှာတော့ ပါတီ အနေနဲ့ ဖွဲ့စည်းပုံအခြေခံပြင်ဖို့ အဆိုတင်သွင်းဖို့ မရှိသေးပါဘူး”
ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး က ပြည်ပမီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။


ယခုလက်ရှိ နိုင်ငံ၌ ကျင့် သုံးနေသော အခြေခံဥပဒေတွင် အားနည်းချက်များ ပါဝင်သော်လည်း အဆိုပါ အချက်များကို ပြင်ဆင်ရန်မှာမူ
အလှမ်းဝေးနေ ဆဲဖြစ်ပြီး အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် အပြောင်းအလဲလုပ်ငန်းစဉ်များ ပိုမိုဖြစ်ထွန်းလာရေးကိုသာ
ဦးစားပေးဆောင်ရွက်ရမည့် အချိန်ကာလဖြစ် ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်း အချို့ကပြောဆိုမှုများရှိနေသည်။

 
 Myanmar Express 

အမေရိကန်နိုင်ငံသို့ဝင်ရောက်ခဲ့သော sandy မုန်တိုင်းနှင့် နောက်ဆက်တွဲ အခြေအနေ

From : hot news

ဆန်ဒီ (Sandy) အမည်ရှိ အပူပိုင်းဟာရီကိန်းမုန်တိုင်းသည် အောက်တိုဘာ ၂၉ ရက်က နယူးယောက်မြို့မှ မိုင် ၄၀၀ ခန့် အကွာ၊ ကိတ်ဟက်တာရက်စ်မြို့ မှ အရှေ့တောင်ဘက်မိုင် ၂၆၀ အကွာပင်လယ်ပြင်ကို ဗဟိုပြုလျက် တစ်နာရီကို ၁၀ မိုင်နှုန်းဖြင့် အမေရိကန်ပြည်ထောင်စုသို့ဦးတည်   ရွေ့လျားလျက်ရှိပြီး အမေရိကန် အရှေ့ပိုင်းကမ်းခြေဒေသများကို လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ နှုန်းဖြင့် ၀င်ရောက်တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။
အဆိုပါမုန်တိုင်းကြောင့် မြောက်ကာရိုလိုင်းနားနှင့် ဗာဂျီး နီးယားပြည်နယ်တစ်လျှောက်  စတုန်ရန်းမိုင် ၇၀၀ အတွင်းမုန်တိုင်း ဒဏ်ပြင်းထန်စွာခံရဖွယ်ရှိကြောင်း  သတိပေးအမိန့်ထုတ်ပြန်ထားသည်။
အဆိုပါမုန်တိုင်းကြောင့် အမေရိကန်အရှေ့ပိုင်းကမ်းရိုးတန်း ဒေသများတွင် ရေလွှမ်းမိုးမှုနှင့် ကြီးမားသည့်ပျက်စီးဆုံးရှုံးမှုများ ဖြစ်နိုင်သဖြင့် ကမ်းရိုးတန်းနေပြည်  သူများဘေးကင်းရာသို့ရွှေ့ပြောင်း နေထိုင်ကြရန် အမေရိကန်ပြည် ထောင်စုမိုးလေ၀သဌာနမှ ကြိုတင်  သတိပေးအမိန့်ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် နယူးယောက်မြို့ရှိ ခရီးသွားလုပ်ငန်းများအားလုံးကို ရပ်ဆိုင်းထားပြီး၊ လေယာဉ်ခရီးစဉ်  များအားလုံးကိုလည်း ယာယီဖျက် သိမ်းထားသည်။ အောက်တိုဘာ ၂၉ ရက်မှစ၍ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးကိုလည်း ပိတ်  ထားပြီး အရေးကြီးအစည်းအဝေး  များကိုလည်း ရွှေ့ဆိုင်းထားရသည်။  အဆိုပါမုန်တိုင်းကြောင့်လာမည့် နိုဝင်ဘာ ၆ ရက်တွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲမဲဆွယ်စည်း ရုံးမှုများကိုလည်း ဖျက်သိမ်းထား ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသို့ ၀င်ရောက်တိုက်ခတ်ခဲ့သော Sandy ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိ ကန်တွင် သေဆုံးသူ ၂၆  ဦးခန့် ရှိခဲ့ပြီ မုန်တိုင်းဖြတ်သန်းခဲ့ရာ ကာရေဘီယံဒေသ တွင်လဲ သေဆုံးသူ ၆၇ ဦးခန့် ရှိခဲ့ပြီး အမေရိကန်နိုင်ငံ၏ ပြည်နယ် ၁၅ ခုမှ လူဦးရေ၇သန်းခွဲကျော်မှာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ကြုံတွေ့နေရကာ မြေအောက်၇ထားလမ်းများလဲ ပြတ်တောက်သွားပြီးရေလွှမ်းနေကာ လေကြောင်းလိုင်းပေါင်း ၅၀၀၀ ခန့်မှာ ခရီးစဉ်များ ရပ်ဆိုင်းသွားကြောင်း သိရသည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၂၀ ဘီလီယံကျော်ခန့် ရှိနိုင်ကြောင်းခန့်မှန်းချက်များထွက်ပေါ်လျှက်ရှိသည်။ သေဆုံးသူများမှာ ယာဉ်တိုက်မှုများ ၊ သစ်ပင်ပြိုလဲမှုများ ၊ နေအိမ်ပြိုလဲခြင်းများကြောင့် သေဆုံးခြင်းများဖြစ်ကြောင်း သိရသည်။ယခုထပ်မံရရှိသောသတင်းများအရ သေဆုံးသူအရေအတွက်မှ ၂၉ဦးသို့တိုးမြင့်သွားကြောင်းသိရသည်။


 Myanmar Express 

ပြောရဦးမည် ပြည်တွင်နေတို့ရေ (ပေးစာ - ၂၀၁)

From :ဦးယဉ်ကျေး


 ကရင်ပြည်နယ် ဗုဒ္ဓဘာသာဂိုဏ်းပေါင်းစုံမှ ထုတ်ပြန်လိုက်သော စည်းကမ်းချက် အပေါ် ကြိတ်မနိုင်ခဲမရ အနာပေါ်ဒုတ်ကျပြီး ဆတ်ဆတ်ခါလျှက် အဆင့်တန်းမြင့်မားစွာ မီဒီယာပေါ်မှတိုက်ခိုက်လိုက်တဲ့
စကားလုံးက ဘာတဲ့ ..ကမ္ဘာ့သမိုင်းမှာဘယ်တုန်းကမှ မရှိခဲ့ဖူးမကြားခဲ့ဖူးတဲ့ .
ဗုဒ္ဓဘာသာအကြမ်းဖက် ဆိုပါလားဗျာ ၊ ဘယ်လ
ို ပညာရေးသင်ကြားပြီး ဘယ်လို အသိဥာဏ်နဲ့ လူလုပ်နေတာလဲလို့တောင် အံ့သြစွာ မေးရမလိုဖြစ်နေပါပြီ ။ တကမ္ဘာလုံးက ဒင်းတို့ကို အကြမ်းဖက်ဘာသာဝင်လို့ ယိုးစွတ်နေကြတာကိုမှ ပြုပြင်ပြီး နောင်တ တရားထားဖို့ မကြိုးစား ၊ ဝုန်းကနဲဆို လှည့်မကြည့်နဲ့ ဦးပေါင်းဖြူနဲ့ မုတ်ဆိတ်ဖွား ၊ လိမ်မလားဟေ့ မောင်တို့ရေ ၊ ညာမလားဟေ့ မောင်တို့ရေ
ဝေလေလေနဲ့ ညာသံပေး သံချပ်တိုက်ပြီး သာယာနေလိုက်ကြတာ တကမ္ဘာလုံးနဲ့ တို့ ပွကြီး ၊ ပြောတဲ့ ဆန်ကျင့်တဲ့သူကိုကြတော့ ၊ဘာသာရေးနှိပ်ကွပ်တယ် ၊ လူမျိုးရေးနှိမ့်ချတယ် ၊ လူ့အခွင့်အရေးချိုးဖေါက်တယ်လို့ ဒင်းတို့ကပဲ လူပြန်ဟစ်ပြီး လူများပြီး အယားမပြေတဲ့ ပွကြီးတို့ တင်ဆက်ပုံလေးကတော့ လျှော့တွက်လို့တော့
မရဘူး ။

ဒါဟာ ဘာသဘောလဲ ?? ဘက်စုံထောင့်စုံ၊ နေရာမျိုးစုံက ထကြွမည့် ပုံစံမျိုး သဘောဆောင်လာတဲ့ အချက်ပေးသံလေလား ??

OIC ပထွေးများ၏ ချီးမြှင့်မှု မျှော်လင့်ချက် မှေးမှိန်သွားချိန်နှင့် တပြိုင်နက်
ဒုတိယံမိ ရခိုင်အရေးအခင်းကို ဖန်တီးတယ် ၊ ပြီးတော့ ကြိုတင်ပြင်ဆင် ထားတဲ့ ထွင်လုံးပတ်လုံးတွေနဲ့ မီဒီယာအားကောင်းကောင်းနဲ့ ဖွပြဖို့ ၊
ကြိုးစားနေကြတယ် ၊ နောက်ပြီး ဘာသာရေး ပဋိပက္ခ အသွင်ပြနိုင်အောင် ၊
ကုဘရ်နီ အိဒ်နေ့မှာ မြန်မာလူမျိုးတွေကပဲ နှောက်ယှက်ဖျက်ဆီးမဲ့ ပုံစံဖမ်းပြီး၊
လုံခြုံရေးယူပြီးတောင် ပွဲတော်ကျင်းပရပါတယ်လို့ အကြံအစည်နဲ့ လုံခြုံရေး
တောင်းတယ် ၊ သက်ဆိုင်ရာက လုံခြုံရေးမပေးနိုင်ကြောင်း ငြင်းပယ်တော့ ၊
ချော်လဲရောထိုင်ပြီး ရခိုင်အရေးကို လွှဲချပြီး မကျင်းပ သလိုလို ဘာလိုလို စာတွေထုတ်ပြီး ၊ ပြည်တွင်းနေတွေကို သွေးကြွအောင် ဆန္ဒပြကြဖို့ ရန်ကုန်မြို့ကို ဦးတည်ပြီး လှုံ့ဆော်တယ် ။ တဖက်ရခိုင်ပြည်နယ် အရေးအခင်းကိုလည်း လူမျိုးတုန်း သတ်ဖြတ်ခံနေရတယ် ဆိုပြီး လူမျိုးရေး သွေးကြွလာအောင် ဖန်တီးနေတယ် ။ ကဲယခု ကရင်ပြည်နယ်မှာ ဗလီ ၂ ခုကို လက်ပစ်ဗုံးနဲ့ ပစ်ပါတယ်ဆိုပြီး ပြည်တွင်းနေတွေကို ဘာသာရေး သွေးကြွအောင် ဆောင်ရွက်လာကြပြန်ပါပြီ ။
ဘင်္ဂလီ အကျိုးတော်ဆောင်တွေရဲ့ စံနက်ဟာ တော်တော်သွက်သွက်လှမ်း
နေကြတာကို သတိထားမိနိုင်တယ် ၊ ရခိုင်အရေးကို မပြီးစေချင်သေး သလို ၊
တဆက်တည်း တနိုင်ငံလုံး အတိုင်းအတာနှင့် ထကြွပြီး OIC လို အဖွဲ့အစည်းနှင့်တကွ တကမ္ဘာလုံးက မြန်မာနိုင်ငံအပေါ်ဖိအားပေးပြီး ၊
ဒင်းတို့ အလိုရှိတဲ့ ပြည်နယ်သော်လည်းကောင်း ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်သော်လည်းကောင်း ၊ တနိုင်ငံလုံး မည်သည့်နေရာတွင်မဆို အနု ၊ အကြမ်း မျိုးစုံနှင့် သာသနာပြုခွင့် စတဲ့ အခွင့် အရေးပေါင်းများစွာ တောင်းခံဖို့ အကြံအစည်ကို အိမ်မက် မက်ပြီး
ဂမူးရှူးတိုး နည်းလမ်းမျိုးစုံသုံးပြီး လုပ်ဆောင်နေကြတာ သဘောမှာရှိသဗျ ။
ဆိုတော့ ၊ မြန်မာအစိုးရအနေနှင့် ဒီအရေးမှာ ပြန်လည် အသက်ဝင်လာတဲ့ နိုင်ငံတကာ ဆက်ဆံရေးကြောင့် ကိုင်ရ တွယ်ရ ခက်နေနိုင်ခြင်းကို ဒင်းတို့တွေက ထိထိမိထိ အချိန်ကိုက် အသုံးချနေခြင်းသာဖြစ်တယ် ။
ရခဲ့လျှင်ဖြင့် အမြတ်ပဲမို့ ၊ မရနိုင်ခဲ့လိုရှိလျှင်လည်း ဒင်းတို့အတွက် စတေးခံတွေက အပေါများဆုံးလူဦးရေနှင့် အနိမ့်ကျဆုံးသော
လူတန်းစားတရပ် အပြင် ဒေသခံတိုင်းရင်းသားများ နှင့် အခြေတကျဖြစ်နေသော ပြည်တွင်းနေအစ္စလာမ်
ဘာသာဝင်တွေသာ ဖြစ်တယ် ။ ပြည်တွင်းနေတွေ အနေနဲ့ ခေတ်အဆက်ဆက် မြန်မာနိုင်ငံတွင်းမှာ ငြိမ်းချမ်းစွာ နေထိုင်လာရသော ၊ လက်ရှိအခြေအနေတရပ်ကို တန်ဖိုးထားကြပါ ။ မိမိနှင့် ဘာသာတူ လူမျိုးတူတယ် ဆိုတိုင်း သွေးတွေပွက်ကြမယ်ဆိုလျှင်ဖြင့် ခင်ဗျားတို့ဟာ
အသုံးချခံ လူတန်းစား စားရင်းဝင်ပြီး ၊သူများမြှောက်ပေးတိုင်း လိုက်ကြွကြတဲ့ ငတုံးငအ ဥာဏ်နည်းတွေအဖြစ် သမိုင်းမှာ မှတ်တမ်းတင်ခံရမှာ မလွဲပါဘူး ။
အဲဒီတော့ တခုခုဆိုလျှင်တော့ ကျုပ်တို့ မြန်မာနိုင်ငံသားတွေနှင့် အစိုးရအပေါ်

သမိုင်းကို အမှောင်ချလိုက်ပြီလေ ...တို့
သတင်းကို ပိတ်ကားဖုံးထားကြတာပေါ့ ...တို့
ဘာစွဲချက် ညာစွဲချက်တွေ တင်ပြီး ကမ္ဘာကို မျက်ရည်ခံထိုးပြလိုက်မှာပေါ့...တို့
ဆိုတာက .. နောက်မှပါ ...
လောလောဆယ်ဆယ် ပြည်တွင်းမှာ အေးချမ်းစွာ နေထိုင်းစားသောက်နေရတဲ့ ပစ္စုပ္ပန်လေးကို အများဆန္ဒနှင့်အညီ တန်ဖိုးထားကြစမ်းပါ ။ ။
 


 Myanmar Express 

ဆီမီးမျှောပွဲ သွားရောက်စဉ် တံတားကျိုးကျ

From : ypi

ယနေ့ည ၇ နာရီဝန်းကျင်က ပုသိမ်မြို့ ကန်သုံးဆင့် (ကန်သာယာ) ပန်းခြံရှိ ရေကန်တွင် ကျင်းပသည့် ဆီမီးမျှောပွဲသို့ မြို့ခံများနှင့် တက္ကသိုလ်ကျောင်းသားများ လာရောက်ကြစဉ် တက္ကသိုလ်ဘက် ထွက်သည့် သစ်သား တံတားကျိုးကျခဲ့သော်လည်း အသေအပျောက် မရှိကြောင်း ပုသိမ်မြို့ခံတဦးက ပြောသည်။

သီတင်းကျွတ်လပြည့် နေ့ဖြစ်၍ ဆီမီးမျှောပွဲလာရောက်သည့် လူပရိသတ်

စည်ကားချိန်ဖြစ်၍ ရုတ်ရုတ်သဲသဲသာ ဖြစ်ခဲ့သည်ဟု လည်း၎င်းကပြောသည်။
လူပရိတ်သတ်များပြားစွာ ကျော်ဖြတ်ချိန်တွင် အသံမြည်ကာ အိကျသွားခဲ့ခြင်း ဖြစ်သည်ဟုလည်း မျက်မြင်သက်သေများက ပြောသည်။

ယင်းတံတားမှာ ကန်သုံးဆင့်တည်ပန်းခြံ စတင်တည်ဆောက်စဉ်ကတည်းက ဆောက်လုပ်ခဲ့သည့် တံတားဖြစ်၍ လွန်ခဲ့သည့် ၂ နှစ်က ပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ယင်းဆီမီးမျှောပွဲသို့ ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် အခြား တိုင်းဝန်ကြီးများ လည်းလာရောက်ခဲ့ကြသည်ကို တွေ့ရကြောင်းလည်း ဆီမီးမျှောပွဲ သွားရောက်သူများက ပြောသည်။
Myanmar Express

ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ တက္ကသိုလ်ပညာ သင်ကြားခွင့် ရတော့မည

From : ခေတ်လူငယ်


 ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် မကြာမီကာလအတွင်း ၄င်းတို့အတွက် ဖွင့်လှစ်ပေးမည့် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်တက္ကသိုလ်၌ အဆင့်မြင့်ပညာများ သင်ယူဆည်းပူးနိုင်တော့မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက် သတင်းများတွင် ဖော်ပြထားသည်။ ကင်ညာနိုင်ငံ ဒါဒက်ဘ်ဒုက္ခသည်စခန်းအနီး၌ ကင်ညာတာတက္ကသိုလ် (ကေယူ) က တက္ကသိုလ်တစ်ခု ဖွင့်လှစ်ပေးခဲ့ရာ ဒါဒက်ဘ်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသာမက ဒေသခံ ကင်ညာနိုင်ငံသားများပါ အဆင့်မြင့်ပညာများ သင်ကြားခွင့်ရတော့မည်ဖြစ်သည်။ ဒါဒက်ဘ်ဒုက္ခသည်စခန်း၌ စစ်ပွဲများနှင့် အငတ်ဘေးကြောင့် ခိုလှုံနေကြရသော ဒုက္ခသည်ပေါင်း ၅၀၀၀၀၀ ကျော်ရှိသည်။ ဒုက္ခသည်များ ပညာဆည်းပူးနိုင်မည့် တက္ကသိုလ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခြင်းသည် အာဖရိကတိုက်၌ ပေါ်ပေါက်နေသော ရေရှည် စစ်ရေး ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် လက်တွေ့ကျသည့် နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။ ကင်ညာတာတက္ကသိုလ် ဒါဒက်ဘ်နယ်မြေကို တည်ထောင်နိုင်ရေးအတွက် ကနေဒါ ကင်ညာ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးတွဲအဖွဲ့အစည်းဖြစ်သည့် ဒုက္ခသည်စခန်းများအတွက် နယ်စည်းမဲ့ အဆင့်မြင့် ပညာရေးအဖွဲ့ (ဘီအိတ်ခ်ျအီးအာရ်) သည် အခြားနိုင်ငံတကာ အဖွဲ့အစည်းများ၊ ပညာရေးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရသည်။


Myanmar Express 


ယနေ့မြန်မာများ အလွန်အထင်ကြီး အားကိုးသော အမေရိကန် သံအမတ်ကြီးလင်မယား သီတင်းကျွတ်လပြည့်သော်လည်း ဗုဒ္ဓဘာသာသို့ မကူးပြောင်းလာ

From :  the voice

ဗုဒ္ဓသာသာသို့ကူးပြောင်းရန် အစီအစဉ်ရှိကြောင်း ထွက်ပေါ်နေသော သတင်းနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က သံရုံးဝန်ထမ်းများကို ပြောဆိုလိုက်သည်။

သူနှင့် ဇနီးဖြစ်သူတို့နှစ်ဦးစလုံး လာမည့် သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘာသာသို့ တရားဝင်ကူးပြောင်းရန် အစီအစဉ်ရှိကြောင်း သတင်
းထွက်ပေါ်ပြီး ရက်သတ္တအနည်းငယ်အကြာ ထိုသို့ ထုတ်ဖော်ပြောဆိုကြောင်း သံရုံး၏ Facebook စာမျက်နှာတွင်ဖော်ပြထားသည်။

“တစ်ချိန်တည်းမှာပဲ ကျွန်တော့ ဇနီးက ဗုဒ္ဓဘာသာကို အရမ်းကို စိတ်ဝင်စားမှုရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကို အချိန်အများကြီးပေးပြီး လေ့လာပါတယ်”ဟု ဒဲရစ်မစ်ချယ်က ပြောဆိုခဲ့သည်။

မိရိုးဖလာ ဂျူး ဘာသာဝင်တစ်ဦးဖြစ်ရသည်ကို ဂုဏ်ယူကြောင်း သံအမတ်က ပြောဆိုခဲ့သည်။ ဒဲရစ်မစ်ချယ်ကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ၏ သံအမတ်အဖြစ် ခန့်အပ်ခဲ့သည်။


Myanmar Express 

ABSDF မှ လူဖြစ်တည်ခွင့် နောက်ဆုံးအချိန် - ၁

ခရိုင်ရုံးတောင်ကုန်းတ၀ိုက် အသားမီးလောင်ညှော်နံ့က ပျံ့နှံ့နေတယ်။

တိတ်ဆိတ်တဲ့ညမှာ ကြောက်မက်ဖွယ် ၊ သွေးပျက်ဖွယ်အသံတွေနဲ့ ညနေ(၆)နာရီနောက်ပိုင်း စစ်ကြောရေး စလိုက်တာပါ။

ကျောင်းသားတွေအသတ်ခံရတဲ့ ဇာတ်လမ်းအစအဖွင့်ခန်းပေါ့ ။

နေ့ရက် က (၉-၈-၁၉၉၁)

နေရာက ကျောင်းသားတွေ ဗန်းမော်ခရိုင်လို့ခေါ်ကြတဲ့ ဆိုင်းဝမ်းဘွန် KIA တပ်မဟာ (၃)နယ်မြေက ၊ ဗျူဟာ(၂) ပတာလင် လို့ လူသိများကြတယ်

စစ်ကြောမဲ့ သူတွေက အရက်ကိုးမောင်းသောက်ထားတယ်

အစစ်ဆေးခံနေရတဲ့သူက စိုးမင်းအောင် တဲ့ ၊ အသက် (၁၉)နှစ်ခန့် ၊ အသားဖြူဖြူ ထောင်ထောင်မောင်းမောင်း မန္တလေးမြို့သစ်က ရင်း(၅)မှာပေးတဲ့အခြေခံစစ်သင်တန်းဆင်းပြီးစ ၊

စစ်ဆင်ရေးကာမှာ ဆင်းရဲမှု ငတ်ပြတ်မှုတွေလဲ ကြုံခံခဲ့တယ်ထင်ပါရဲ့ ၊ ဗဟို ပါဂျောင် ကနေ အိမ်ပြန်ဖို့ထွက်ပြေးခဲ့တာပါ။ (၆)ရက်နေ့ ရွှေလီအထိရောက်ရှိနေချိန်

မျိုးဝင်းမွေးထားတဲ့ လျှို့ဝှက်လူ ဘဲလေး(သန့်ဇင်-မုံရွာ)နဲ့ အမှတ်မထင် တွေ့ တယ် ၊ တကယ်တမ်းက တစ်ဖက်ကို ကူးလိုက်ရင် လွတ်နေပါပြီ ၊ အတူနေရဲဘော်ရဲဖက်တွေ ဆိုတော့လဲ သံယောဇဉ် မပြတ်နိုင်ဘူးပေါ့

သူငယ်ချင်း ငါပြန် တော့မယ်လို့ နှုတ်ဆက်တယ် ၊

ဘဲလေးက မပြန်ခင် စကားပြောကြမယ်လို့  ဆိုတယ်

ချစ် လက်ဘက်ရည်ဆိုင် (ကျောင်းသားကဖွင့်ထားတဲ့ဆိုင်)မှာအတူထိုင်မိကြတယ် ထိုင်နေရင်း ပါပဲ ဘဲလေးက ပုလင်းနဲ့ရိုက် ၊ကြိုးနဲ့တုတ်အခန်းထဲထည့်ထားလိုက်တယ်လေ၊၊ ဆိုင်တာဝန်ခံ မာမီစိန်တောင် ရုတ်တရက် ကြောင်နေတယ်။

ညွှန်ကြားချက်ပဲဖြစ်မယ်ထင်ပါရဲ

့နောက်ရက်မှာတော့ ကားစင်းလုံးငှားလို့ အနီးဆုံးစခန်းဖြစ်တဲ့ (ကျန်ဟောင်အနီး) ဗန်းမော်ခရိုင်ကို ကြိုးတုတ်ရက် ခေါ်ဆောင်ခံခဲ့လို့  ရောက်လာရ တာပါ။

မျိုးဝင်းညွှန်ကြားထားကတော့ အဖွဲ့အစည်းပေါင်းစုံကို ဖိတ်ကြားလို့ ရှစ်လေးလုံး(၃)နှစ်မြောက် အခမ်းအနားလုပ်ချိန်နဲ့ တိုက်ဆိုင်နေတယ် ၊ ထောက်လှမ်းရေးဖြစ်နိုင်တယ် ပေါ်အောင်စစ်ပါ။ တဲ့

အခမ်းအနားမှာ ဧည့်သည်တွေကျွေးတဲ့ အစားအစာထဲ အဆိပ်ခတ်နိုင်တယ် ဆက်နွယ်တွေဖော်ထုတ်ပါဆို တဲ့ ညွှန်ကြားချက်နဲ့ ဒီဇာတ်စပါတယ် ...



ပထမဆုံးငါးဖမ်းတဲ့ ကျင်စက်နဲ့တို့လိုက်တယ် ၊ ၀ုန်း ဆိုလဲကြသွားတာပါပဲ

နောက်တော့ ...

ထိပ်တုံးထဲက ထွက်နေတဲ့ ခြေထောက်ပိုင်းနဲ့ ခြေဖ၀ါးကို ရေနံဆီစွတ်ထားတဲ့ အ၀တ်ပါတ်လို့ မီးရှို့ကြတယ် ၊ လူဆီအနံ့တွေလှိုင်လို့ ၊ သနံရည်တွေစီးကျနေတယ်

အဲဒီခြေထောက်ကိုပဲ ထပ်ခါထပ်ခါရိုက်နေကြတယ် ၊ အရေခွံတွေလန်လို့ နောက်တော့ မအော်နိုင်တော့ပါဘူး

ထိတယ်လို့တောင် ထင်ပုံမရတော့ပါဘူး ...

တကယ်တမ်း သူဒီစခန်းကို ဖမ်းခေါ်ခံရတာ (၇)ရက်နေ့ ညနေပိုင်းပေါ့ ။

တိုးချဲ့နေတဲ့စခန်းအင်္ဂါရပ်နဲ့ ညီအောင်ဆောက်ထားတဲ့ ဆောက်ပြီးစ အချုပ်ခန်းထဲ ထည့်လိုက်တယ် ၊ ပထမဆုံးစဖွင့်သူပါပဲ။



(၈)ရက်နေ့မှာတော့ ရှစ်လေးလုံးအခမ်းအနား ကျင်းပနေတယ်လေ ၊

နောက်ပိုင်း( ၆-၉-၁၉၉၁) မှာ အချုပ်ခန်းအဖြစ် ပြောင်းသုံးလိုက်ရတဲ့ ဟောခန်းမကြီးထဲမှာပေါ့ ၊ အနီးနားရွာတွေပါဖိတ်ကျွေးလို့

ဒါကြောင့် စစ်ကြောရေးဆိုတာကြီးလဲ မစနိုင်ခဲ့တာဖြစ်မှာပါ။



စစ်ကြောရေးကိုဦးဆောင်သူတွေကတော့ ခွဲမှူး သက်ထွန်း (နမ္မား) ၊ ရင်းမှူး ဗဂျမ်း(ခ)အောင်သန်း(နမ္မားနယ်)နဲ့  ဗန်းမော်ခရိုင် စစ်ကြောရေးကို အဓိကတာဝန်ယူတဲ့ အိုင်အို အောင်စိုးမြင့် (မိုးညှင်း)တို့ပါ။ ပေါက်ကွေး ၊ တာတီး(နမ္မား) ၊ ဇော်ကြီး ၊ ခင်မောင်လွင် ၊ စောစိုးစိုး(မိုးညှင်း) တို့ကလည်း လက်သံအတော်ပြောင်ပါတယ် ...

မှာကြားချက်အတိုင်းပါပဲ ပေါ်အောင်စစ်လို့ ဆက်နွယ်ဖော်ထုတ်လိုက်ကြတာ လိုချင်တဲ့ နာမည်(၁၃၅)ယောက်ပါ စာရင်း တရားခံဆိုတဲ့ စိုးမင်းအောင် ပါးစပ်ထဲကထွက်လာတဲ့ အထိပါပဲ

၃ ရက်လောက်အကြာမှာတော့...

လူရုပ်မပီလောက်အောင် တစ်ကိုယ်လုံး ဖောယောင်ကိုင်းနေပါပြီ

ပထမရက်ကတော့ ရိုက်နှက်တဲ့ဒဏ် ၊ စိတ်ဓါတ်ကျဆင်း ၊ ထမင်းမစားနိုင်တဲ့ဒဏ်တွေနဲ့ ပိန်ကျ သွားပါသေးတယ်

အဲဒီ နောက် ဘယ်ဖက် လက်ကောက်ဝတ်ကို ဓါးနဲ့ဖောက် သွေးကြော ဖော်ဆွဲထုတ်လို့ နိုင်လွန်ကြိုးတပ် ချည်နျောင် ဖောက်ဆွဲလို့ 

ဆောင့်ဆောင့်ဆွဲပြီး စစ်တာတောင် သိပ်မအော်နိုင်တော့ပါဘူး

နောက်ပိုင်း သံချောင်းတို့အဖွဲ့  ရောက်လာချိန်မှာတော့ ခြေသလုံးကြွက်သားကိုဖောက် ၊ သံချောင်းထည့် ကြိုးနဲ့ကပ်ဆွဲပြီး လှုပ်လှုပ်မေးချိန် နှာခေါင်းကို ကြေးနန်းဖောက်ဆွဲပြီး မေးချိန်မှာတော့ အသားအရေတွေက ပုတ်နေပါပြီ ပြည်တွေနဲ့

ရုပ်မပေါ်တော့ပါဘူး ၊

ဆွဲစမ်း ဆွဲကြစမ်းဆိုတဲ့ သံချောင်းအသံကိုလဲ ကြားနေရတယ်။

အသက်ကတော့ တော်တော်ပြင်းပါတယ် ၊ မသေဘူး

မျိုးဝင်း ၊ ကျော်ထင်ဦး တို့အဖွဲ့  ရောက်လာချိန်မှာလဲ မသေခဲ့ပါဘူး

နောင် ၂ ရက် ၃ ရက်ဆို သေပြီ ကြိုက်တဲ့ဆေးရုံကု မရှင်တော့ဘူးဆိုတဲ့ ပုံမျိုးပါ

ရက် (၂၀)ခန့် အကြာမှာတော့

မျောနေတာလား မေ့နေတာလားမသိ ဖြစ်နေရာကနေ-

အနားမှာရှိတဲ့ စစ်ကြောရေးသုံးကိရိယာတွေထဲက ရဲဒင်းက သူ့လက်ထဲရောက်ခဲ့ပါတယ်

လာခဲ့ မင်းတို့လာခဲ့စမ်း ၊ ငါနဲ့ သူသေကိုယ်သေချမယ် လာရဲတဲ့ကောင်လာစမ်း ဆိုပြီး ရဲဒင်းကို ကိုင်မြှောက်ထားလို့

မထူးဇာတ်ခင်းပြီထင်ပါရဲ့ ဘယ်သူ့မှတော့ ရုတ်တရက်မကပ်ရဲဘူး

အဲဒီမှာဝိုင်းပြီး နလံမထူအောင် ထိုးကြရိုက်ကြတော့ တာပါဘဲ ၊ အားလုံးလဲ တောင်ကုန်းပေါ်ကို ပြေးတက်သွားကြတယ်

နောက်မသေမရှင်ကို ထမ်းစင်နဲ့ခေါ်ထုတ်သွားတာမြင်လိုက်ကြရတယ်

သံချောင်း တစ်ခါက ဗန်းမော်ခရိုင်ကို လာရင်း အခုလိုပဲ ဗဟိုက ထွက်ပြေးလာတဲ့ တပ်သား ခွန်ဂျာနော် ကို အင်ခေါင်းပါဈေးမှာတွေ့ တော့

ဒါဏ်လောက်ပဲပေးမယ်ထင်လို့  အသာတကြည် လိုက်လာတာကို သေဒဏ်ပေးခဲ့ပါတယ်

သူသတ်ခံလိုက်ရတဲ့နေရာကို လုသတ်ကုန်း လို့ တွင်ပါတယ်

အဲဒီနေရာမှာပဲ စိုးမင်းအောင် ကိုတွင်းတိမ်တိမ်တူးလို့ မြေမြုပ်လိုက်ကြပါတယ်

အဲဒီအချိန်မှာ လှုပ်နေသေးလို့ မြေဖို့ ထားတဲ့အပေါ်ကပဲ သေနတ်နဲ့ပစ်လိုက်ကြတယ်တဲ့

သေနတ်ပစ်သူကတော့ တာတီး(နမ္မား)။

လူတစ်ယောက်ရဲ့ နောက်ဆုံး အချိန်ပါ-


Myanmar Express

စကာင်္ပူကကျောင်းသူလေးတွေငွေကို ဘယ်လိုနည်းတွေနှင့် အလွယ်ရှာနေကြလဲ? (ပေးစာ - ၂၀၀)


စကာင်္ပူက ကျောင်းသူလေးတွေဘယ်လိုငွေကိုလွယ်လွယ်ရှာနေကျလဲ? ကြည့်လိုက်ပါအုံး!

 
အသက်၁၇ နှစ်သာရှိသေးတဲ့ ပိုလီကျောင်းသူ Cassandra

လွတ်လပ်တဲ့ ပြည့်တန်ဆာ အလုပ်ကိုအွန်လိုင်းတွေမှာ သူမဖောက်သည်တွေကိုရှာ ပြီး ချိမ်းတွေ့ကျပါ ရေးထားတာကိုတွေ့ရတယ်၊


သူမကပြောတယ် ပထဦးဆုံး အွန်လိုင်း Chatroom မှာ စကားပြော
ကျပြီး နောက်ဈေးညှိကျတယ်လို့ပြောတယ်၊

ဒီလိုနှင့် ဆိုဒ်ဘာမှာတွေ့ရင်းနှင့် ယောကျာင်္းတယောက်က $300 နှင့် အတူအိပ်ဖို့ ဈေးစကား စပြောလာတာကို သူမ မငြင်းလိုက်ပါဘူးလို့!

သူမကလဲ ငွေလိုနေတာနှင့် အတွေကြုံလဲရ ငွေလဲရ အချိန်ပိုင်းလဲဖြစ် ဈေးတည့်သွားတယ်လေ၊

ဒီလိုနည်းနှင့်ငွေကိုလွယ်လွယ်ရှာတော့တာဘဲ၊

ချိန်းတာ များပါတယ်လို့ပြောပါတယ် အခုတော့သူမ အွန်လိုင်းမှာဘဲကျောငြာရတာပို အဆင်ပြေ တယ်လို့ပြောတယ်၊


အခုသူမမှာအလုပ်လဲမှမရှိဘူးလေ နောက်ပြီးမနှစ်ကကျောင်းထွက်ပြီး ဒီကျွမ်းကျင်တဲ့ကြေးစား အလုပ်ဘဲဆက်လုပ်ဖြစ်တယ်လေ၊


နောက် ၂နှစ်လောက်ထိဘဲဒီကြေးစားအလုပ်ကိုလုပ်ဖြစ်မှာ သူမကိုလိုချင်တဲ့ယောကျာင်္းမျိုးနှင့်တွေ့မှ သူမပုံမှန် ဘ၀ကိုပြန်ရောက်တာကအကောင်းဆုံးဘဲလို့မရှက်မကြောက်ပြောပါတယ်...
ပြန်လည်မျှဝေပါသည်....
အသေးစိတ်ကိုဒီမှာကြည့်ပါ-
 Myanmar Express