Subscribe to our RSS Feed

မီးရှို့ ခံခဲ့ရတဲ့ ဘုန်းတော်ကြီးကျောင်းတွေ ပြန်ဆောက်ပေးမယ်

From :MON


 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း၁၉ ကျောင်းကို ပုံစံတူ ပြန်တည်ဆောက်ပေးမယ်လို့  ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရှိတ် ဟာဆီနာက ပြောပါတယ်။ မြန်မာတွေက ပန်းဝါမြို့ လို့ သိကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရာမူးမြို့က ဘုန်းတော်ကြီးကျောင်းတွေ ဖြစ်ပြီး၊ ဒီကျောင်းတွေ ပြန်တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာတသန်းခွဲလောက် သုံးစွဲသွားမယ်လို့  ဆိုပါတယ်။ ဝန်ကြီးချုပ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ဒက္ကားမြို့ မှာ တွေ့ ဆုံပြီး နောက်မှာ အခုလို ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေကို အရင်ပုံစံအတိုင်း၊ ဒါမှမဟုတ် အရင်ထက် ပိုခမ်းနားအောင်ဗိသုကာ ပညာရှင်တွေပါ ခေါ်ယူငှားရမ်းပြီး တည်ဆောက်ပေး မှာလို့  သိရပါတယ်။ အစိုးရဘတ်ဂျက်နဲ့ ဆောင်ရွက်မယ့် ဒီတည်ဆောက်ရေးလုပ်ငန်းကိုတော့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က တာဝန်ယူ ဆောက်လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 Myanmar Express

1 comments:

စေတနာအမှန်ဆိုရင်တော့ကျေးဇူးတင်ရမယ်။နေက်တခုက မြန်မာနိုင်ငံမှာ(OIC)ရုံးဖွင့်နိုင်ဖို့ ကွက်ကျော်ဆင်တဲ့ဗျူဟာလည်းဖြစ်နိုင်တယ်။သတိကြီးကြီးထားကြပါ။သတိဟုသည်ပိုသည်မရှိပါ။ မွတ်စလင်နိုင်ငံကဘုန်းကြီးကျောင်းတွေဆောက်ပေးနေတယ်။မြန်မာနိုင်ငံကလည်း OIC ကိုလက်ခံသင်တယ်ဆိုတာမျိုးတွေပေါ့။ကုလားကသိပ်ဥာဏ်များတာ။သူတို့အကျိုးမရှိရင်ဘာမှမလုပ်ဖူး။သတိရှိကြပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်