Subscribe to our RSS Feed

မစ္စတာကင်တားနား ထွက်တော်မူနန်းက ခွာတာကို သဘောကျတယ်ဟု ဦးသိန်းညွန့်ဆို

From : ..hot news




စက်တင်ဘာ (၂၄) ရက်က ကျင်းပခဲ့သောကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာ အစည်းအဝေးတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင် ရာကိုယ်စားလှယ် ကင်တားနား ကို ရာထူးသက်တမ်း ထပ်မံခန့် အပ်ခြင်း မပြုတော့ဘဲ အစားထိုး တစ်ဦးခန့်အပ်သွားမည်ဟု ကြား သိရသည်။ မစ္စတာကင်တားနားရာထူး သက်တမ်းထပ်မံခန့်အပ်ခြင်းမခံရ တော့သည့်အပေါ် အမျိုးသားဒီမို ကရေစီပါတီသစ်ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်း ညွန့်က ““ကုလသမဂ္ဂလူ့အခွင့် အရေးကော်မရှင်မင်းကြီးအဖြစ် ခန့်အပ်တာ (၆) ကြိမ်ရှိပြီ။ သက် တမ်းအားဖြင့် ပြည့်သွားပြီဖြစ် တယ်။ ကွဲပြားနေတဲ့ ဗမာ့လူ့အဖွဲ့ အစည်းနဲ့ ပတ်သက်ပြီးတော့ သူ့ ကိုဘက်လိုက်တယ်ဆိုတဲ့ဟာကို ရခိုင်ဒေသမှာ ကန့်ကွက်ခြင်းနဲ့ တုန့်ပြန်ကြတာပဲ။ မိတ်္ထီလာမှာ လည်း လူထုကဆန္ဒဖော်ထုတ်ကြ တာကိုပြန်ကြားရေးဌာနရဲ့တာဝန် ရှိသူတွေ ထုတ်ပြန်ချက်အရဆိုရင် လည်း ခရီးစဉ်အစီအစဉ်အတိုင်း တိတိကျကျမဆောင်ရွက်တဲ့ အတွက် ဒီလိုကိစ္စမျိုးတွေဖြစ်ပေါ် ခဲ့တယ်လို့ သိရတယ်။ ကုလသမဂ္ဂ mandate မှာပါတဲ့အတိုင်းဆောင် ရွက်တယ်လို့ မယူဆဘူး။ ဒါကို ဘာဖြစ်လို့ကျွန်တော်ပြောသလဲ ဆိုရင် ၁၉၈၂ ခုနှစ်မှာပါတဲ့မြန်မာ နိုင်ငံသားဥပဒေကို ပြင်ဖို့ပြော လာခြင်းဟာ အချုပ်အခြာနိုင်ငံ ပိုင်တစ်ခုကို ၀င်ရောက်စွတ်ဖက် လိုက်တာဖြစ်တယ်။ ဒါကြောင့် မစ္စတာကင်တားနား အခုလိုဘာ အကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်တစ် ယောက်အနေနဲ့ သူ့ရဲ့ထွက်တော် မူနန်းကခွာတာကို သဘောကျပါ တယ်”” ဟု ပြောသည်။ မစ္စတာကင်တားနားသည် သြဂုတ်လအတွင်းက မြန်မာနိုင်ငံ သို့ ဆယ်ရက်ကြာလာရောက်ခဲ့ စဉ်က မိတ်္ထီလာမြို့သို့သွားရောက် ရာတွင်ဒေသခံများကလမ်းကြောင်း ပိတ်ဆို့ကာ လိုက်ပါစီးနင်းလာ သောကားကု ၀ိုင်းဝန်းထုနက်ခဲ့ ကြောင်း သြဂုတ် (၂၁) ရက်တွင် ရန်ကုန်လေဆိပ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့ပြီး အစိုးရဘက်မှ သတင်းထုတ်ပြန်ရာတွင်မူ ကား ကိုလူထုက ထုနှက်ခြင်း မဟုတ် ဘဲ အခြေအနေအရ မော်တော် ယာဉ်အမြန်ဆုံးထွက်ခွာရန်တာဝန် ရှိသူအချို့က အချက်ပေးခဲ့ခြင်း သာဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
.. www.MyanmarExpress.net
 

သတင်းစာများကို ဝေဖန်ချင်သည့် အကြောင်းရင်းခုနစ်ချက်

From : ..7day


ထင်ရှားသည့် ဗြိတိသျှအမေ ရိကန် သတင်းစာဆရာခရစ္စတိုဖာဟစ်ချင်းစ်က သတင်းစာများကို ယခုလို သရော်ခဲ့ဖူးသည်။

“ကျွန်တော်သတင်းစာဆ ရာဖြစ်လာတဲ့အကြောင်းရင်းကတော့ သတင်းအချက်အလက်ရဖို့ သတင်းစာတွေကို အားမကိုးချင် လို့ပါပဲ”

သတင်းစာများ၏ ရိုသားမှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့က ဒီမိုကရေစီစနစ်တစ်ခုအတွက် ဘယ် လောက်အရေးပါသလဲဆိုသည် ကို ရာနှုန်းပြည့် နားမလည်သေးသည့် သတင်းထောက်နှင့် စာတည်းများရှိကောင်းရှိနေနိုင်သည်။

ကျွမ်းကျင်မှုအားနည်းခြင်း၊ မရိုးသားခြင်း စသည့်အကြောင်း အမျိုးမျိုးဖြင့် သတင်းစာများအပေါ် လူထုယုံကြည်မှုကျဆင်းသည့်အခါ လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီကို စောင့်ကြည့်သည့် ယန္တရားပြိုလဲပြီး ပြည်သူလူထုကို အမြတ်ထုတ် သွေးခွဲမည့် အစုအ ဖွဲ့များအတွက် အခွင့်အလမ်းတွေ ပွင့်လန်းလာတော့သည်။ ကမ္ဘာကျော်လူထုဆနစစ်တမ်းကောက်ခံယူသည့် Gallup အဖွဲ့ကြီးက အမေရိကန်ပြည်သူများအကြားမှာ မတူညီသည့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ၏ ကျင့်ဝတ် နှင့် ရိုးသားမှုအပေါ် ယုံကြည်မှုစစ်တမ်းကို ပြီးခဲ့သည့် ၂၀၁၂ ခု နှစ်ကကောက်ခံခဲ့သည်။

ရိုးသားမှုနှင့် ကျင့်ဝတ်အပေါ် ပြည်သူယုံကြည်မှုစစ်တမ်း၏ ထိပ်ဆုံးမှာ သူနာပြုများ ရပ်တည်ပြီး သတင်းစာဆရာများကတော့ နံပါတ် (၁၂) မှာသာ ရှိနေပါသည်။ သတင်းစာဆရာများ၏ အပေါ်မှာ အင်ဂျင်နီယာ (၄)၊ သွားဆရာဝန်များ (၅)၊ ရဲအရာရှိများ (၆) စသည်ဖြင့် အသီးသီးရှိနေပြီး ဘဏ်လုပ်ငန်းရှင်များကပင် နံပါတ် (၁၁) ချိတ်ပြီး သတင်းစာဆရာများ အပေါ်မှာ တက်ထိုင်နေသည်ကို တွေ့ရသည်။ ဒါကိုပင် အချို့သတင်းသမားများက ကြံ ဖန်ဂုဏ်ယူကြသေးသည်။ “ကျွန်တော်တို့အောက်မှာ ရှေ့နေ၊ အာ မခံအရောင်းကိုယ်စားလှယ် ၊ ဆီနိတ်တာနှင့် ကားအရောင်းကိုယ်စားလှယ်များ ရှိပါသေးသည်တဲ့။

Gallup စစ်တမ်းများမှာ အမေရိကန်ပြည်သူများအကြား သတင်းစာများအပေါ် ယုံကြည်မှုက ၂၀၁၁ ခုနှစ်မှာ ၂၈ ရာခိုင်နှုန်း၊ ၂၀၁၂ မှာ ၂၅ ရာခိုင်နှုန်းနှင့် ယခုနှစ် ၂၀၁၃ မှာ ၂၃ ရာခိုင်နှုန်းသို့ တောက်လျှောက်ကျဆင်းလာနေသည်။ သတင်းစာနှင့် ပြည်သူကွာရှင်း ပြတ်စဲသည့်အခါ နိုင်ငံရေးတောကြောင်များ လက်ခမောင်း ခတ်ပြီး လူ့အဖွဲ့အစည်းယိုင်နဲ့ တတ်ပါသည်။

လွတ်လပ်မှုကို ယခုမှ ထွေးပွေ့ခွင့်ရသည့် မြန်မာသတင်းစာများကတော့ အရှိန်ကောင်းကောင်းနှင့် ချီတက်နေကြသည်။ ရေရှည်မှာ ပြည်သူလူထု၏ ယုံကြည်မှုကို မဆုံးရှုံးကြဖို့အတွက် အားနည်းချက် ခုနစ်ချက်ကို ဝေဖန်ပါမည်။

(၁) ကိုယ်ပျောက်သတင်းအရင်းအမြစ်များ (Invisible Sources) ဘယ်ကရသည့်အချက်အလက်၊ အကြောင်းအရာများကို မဖော်ပြဘဲ “သိရသည်” ဆိုရုံဖြင့် ရောချ၍မရပါ။ “ဘယ်က သိရသည်” ကို တိတိကျကျ ဖော်ပြဖို့လိုအပ်သည်။ စာဖတ်သူများကို အကြံပေးချင်သည်က မိမိဖတ်ရသည့် ပုံနှိပ်စာလုံးများ အားလုံးကို မယုံကြည်ဖို့ဖြစ်သည်။ သတင်းထဲမှာ ဘယ်သတင်း အရင်းအမြစ်ကို ညွှန်းထားသလဲ၊ အဲဒီသတင်းအရင်းမြစ်က ဘယ်လောက်ယုံကြည် စိတ်ချထိုက်သလဲဆိုသည်ကို စဉ်းစားပါ။

သတင်းထောက်များကလည်း စာဖတ်သူကို ပေးပို့မည့် သ တင်းအချက်အလက်ကို ခိုင်မာသည့် သတင်းအရင်းအမြစ်များ ဖြင့် အတည်ပြုသင့်သည်။ အတည်မပြုနိုင်သေးလျှင် မသုံးရန် (သို့မဟုတ်) အတည်မပြုရသေးကြောင်း ပြည်သူကို ရိုးသားစွာ ဖော်ပြသင့်သည်။

(၂) ပင်ပေါင် ဂျာနယ်လစ်ဇင် (Ping Pong Journalism)
တစ်ခြမ်းပဲ့သတင်းများဖြစ်ပါသည်။ တစ်ဖက်က စွပ်စွဲသည်ကို ဒီကနေ့ဖော်ပြသည်။ အခြားတစ်ဖက်က ဖြေရှင်းသံကို နောက် နေ့ဖော်ပြသည်။ နောက်တစ်နေ့မှာ ပထမတစ်ဖက်က ရှင်းလင်း ချက်ကို ပြန်ထည့်သည်။ သတင်းပေးပို့မှုက ပင်ပေါင်ဘောလုံးလို တစ်ဖက်စီပြေးနေသည်။ စာဖတ်သူကိုယ်တိုင်ပင်ပေါင်ဘောလုံးဖြစ်ပြီး ဘက်တံနှင့် အပြန်အလှန်အရိုက်ခံရသလို ဖြစ်နေသည်။

(၃) ဖုံးကွယ်ထားသော ကိုယ်ပိုင်ထင်မြင်ချက်များ (Hidden Opinions)
ထင်မြင်ချက်များနှင့် ပတ်သက်လျှင် ပြဿနာနှစ်မျိုးကို တွေ့ရသည်။ ပထမတစ်မျိုးက သတင်းထဲတွင် မိမိ၏ ထင်မြင်ယူဆချက် မထည့်ရဆိုသည့် သံမဏိစည်းမျဉ်းကို လက်တစ်လုံးခြားချိုးဖောက်ခြင်းဖြစ်သည်။ “ပြည်သူများအကြားမှာ ဝေဖန်မှုများရှိနေသည်၊ အချို့က သုံးသပ်ကြသည်” ဆိုသည့် စကားလုံးများ၏ နောက်ကွယ်မှာ ပုန်းလျှိုးနေသည့် သတင်းစာဆရာ၏ “ထင်မြင်ချက်” များကို တွေ့မြင်နေရသည်။

ဒုတိယပြဿနာက သတင်းများမှာ သုံးသပ်ချက် (Opinion) များသာကဲပြီး အချက်အလက် (Fact) များ အလွန်အမင်းအား နည်းခြင်းဖြစ်သည်။ ပြောစကားမှတ်ချက်များရလျှင် သတင်းဖြစ်သည်ဟု ယူဆနေသူများရှိသည်။

(၄) ကျန်းမာရေးနှင့်မညီညွတ်သည့် သတင်းများ (Junk Journalism)
စာဖတ်သူများအကြားမှာ အများကြိုက်အကြောင်းအရာများကို ပြူးတူးပြဲတဲခေါင်းစဉ်ဖြင့် ဖော်ပြပြီး သတင်းထဲတွင်တော့ခိုင်မာသည့် သတင်းအချက်အလက်မထည့်သွင်းနိုင်သည့် သ တင်းပေးပို့မှုဖြစ်သည်။

စာဖတ်သူ ဖတ်သင့်၊ သိသင့်သည့်သတင်းများကို ကြိုးစားပမ်းစာုးံစမ်းဖော်ထုတ်မှုမပြုလုပ်ဘဲ စာဖတ်သူ ဖတ်ချင်၊ မြင်ချင်၊ ကြား ချင်သည့် စိတ်ဆန္ဒကို အလိုလိုက် ဖို့အတွက် ဖန်တီးတင်ပြမှုဖြစ်သည်။ အများကြိုက်၊ အသင့်စားအစားအစာ Junk Food များက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်နိုင်သလို Junk Journalism က စိတ်ကျန်းမာရေးကို ထိခိုက်စေသည်။

စာဖတ်သူများ သတိထားရမည်မှာ ကိုယ်ချစ်သူကို ချီးမြှောက် တိုင်း (သို့မဟုတ်) ကိုယ်မချစ်သူ ကို တိုက်ခိုက်တိုင်း မျက်စိမှိတ် မယုံဖို့ဖြစ်ပါသည်။

(၅) မိုးနတ်မင်း၏ သတင်း (Top Down Reporting)
ရာထူးကြီး၊ ထင်ရှားသူများ ဘာပြောပြောသတင်းဖြစ်နေသည့် အတွေးအခေါ်ကို ကျွန် တော်တို့ လေးလေးနက်နက်ဆန်း စစ်သင့်သည်။ “နောက်ပြန်လှည့် သူကိုချေမှုန်းမည်”၊ “ဘာသာရေး၊ လူမျိုးရေးခွဲခြားမှုကို သည်းခံမည်မဟုတ်ပါ” စသည့် စကားများ ကို သတင်းရေးသားသည့်အခါ မိုးပေါ်ကကျလာသည့် ပြောစကား တစ်ခုတည်းကိုသာ စာဖတ်သူကို ပြန်ရေးပြတာမဟုတ်ဘဲ သူ့ပြော စကားနဲ့ အလုပ် ဘယ်လောက် ကိုက်ညီမှုရှိသလဲဆိုတာကို ပြည်သူနားလည်ဖို့ လေ့လာသုတေသနပြုဖော်ပြသင့်သည်။

အထက်က လူကြီးပြောတိုင်းသတင်းဖြစ်နေသည့်အချိန်မှာ ပြည်သူများဆနနှင့် အခက်အခဲကို အထက်က သိအောင် ပြုလုပ်ရမည့် Bottom up reporting လည်းလိုအပ်ပါသည်။ သို့မ ဟုတ်လျှင် ပါးနပ်သော ခေါင်းဆောင်ကြီးများက လက်ခုပ်ချူချင်တိုင်း စကားတစ်ခွန်းထပြောသည်ကို ၀န်ဆောင်မှုပေးနေရသည့် အခြေစိုက်သွားမည်။ သ တင်းတစ်ပိုင်း ၀ါဒဖြန့်ချိရေးတစ် ပိုင်း Infoganda များအဖြစ် အပြုစားခံရတတ်သည်။ သတိထားပါ။

(၆) ဖြတ်ညှပ်ကပ် သတင်းပေးပို့မှု(Copy and Paste Reporting)
သတင်းထုတ်ပြန်ချက်များ၊ သတင်းစာရှင်းလင်းပွဲများ အ ကြောင်းကို အစာသွတ်မွမ်းမံဖြည့်စွက်ခြင်းမရှိဘဲ အသင့်ဖော်ပြပေး ခြင်းများ မြင်တွေ့နေရသည်။ သတင်းစာသည် စာတိုက်ပုံးမဟုတ် သည့်အတွက် လာပေးသမျှကို လက်လွှဲပြောင်းရုံတာဝန်ဖြင့် ကျေ နပ်မနေသင့်ပါ။

(၇) ပုန်းကွယ်နေသည့် ရည်ရွယ်ချက် (Hidden Agenda)
သတင်းစာ စတင်ကတည်းက ဘာလုပ်မည်ဆိုသည့် ရည် ရွယ်ချက်တစ်ခုဖြင့်စတည်ထောင်ခြင်းဖြစ်သည်။ ပြည်သူလူထု၏ နေ့စဉ်ဘ၀မှာ ဆုံးဖြတ်ချက်များ မှန်ကန်အောင် ချမှတ်နိုင်ဖို့ လို အပ်သည့် သတင်းအချက်အလက်များကို မပေးဘဲ ရည်ရွယ်ချက်
တစ်ခုအတွက် သြဇာကြီးထွားအောင် စည်းရုံးသိမ်းသွင်းခြင်းဖြစ်သည်။

ဝါကျများ၏ နောက်ကွယ်မှာ ပုန်းကွယ်နေသည့် ရည်ရွယ်ချက်များကို စာဖတ်သူများမြင်အောင်ဖတ်ကြဖို့လိုသည်။

သုတေသနလူထုစစ်တမ်းများကို လေ့လာသည့်အခါ အမေရိကန်ပြည်ထောင်စုမှာ သတင်းစာများ၏ ရွှေခေတ်(Heyday) သည် ၁၉၇၄ ခုနှစ်တစ်ဝိုက်ဟု တွေ့ရသည်။ မထူးဆန်းလှပါ။ လူငယ်သတင်းထောက်နှစ်ဦးဖြစ် သည့် ဘော့်ဘ်ဝုဒ်ဝါဒ့်နှင့် ကားလ် ဘန်းစတိန်းတို့၏ ၀ါးတားဂိတ်ထုတ်ဖော်မှုကြောင့် သမ္မတ ရစ်ချတ်နစ်ဆင်ရာထူးမှ နုတ်ထွက်ခဲ့ ရသည့် နှစ်ဖြစ်သည်။ ၁၉၇၀ ခုနှစ်များသည် အမေရိကန်သတင်းစာတို့က မြင့်မားသောစံနှုန်းကို ထိန်းသိမ်းခြင်းဖြင့် ပြည်သူ့ယုံကြည်မှုကိုအမြင့်မားဆုံးရခဲ့သည့် အချိန်ဖြစ်
သည်။

အပြောင်းအလဲကို ရင်ဆိုင်နေရသည့် မြန်မာသတင်းစာများလည်း ရွှေခေတ် (Heyday) ကို ရောက်နိုင်ပါသည်။ ရဲရင့်ထက် မြက်သည့် လူငယ်သတင်းစာဆရာများ၏ အင်အားက အတောင့်အတင်းဖြစ်နေသည်။ သို့သော် စံနှုန်းများမြင့်မားဖို့တော့လိုသည်။ ပြည်သူများကလည်း အရည်အသွေးကို စစ်ဆေးသည့်နည်းဖြင့် ကူညီပေးသင့်သည်။ သတင်းတစ် ပုဒ်ကို ဖတ်သည့်အခါ မေးခွန်းသုံး ခုမေးပေးပါ။

ဒီသတင်းဟာ အချက်အလက်ခိုင်မာရဲ့လား။

ဒီသတင်းမှာ သတင်းအရင်း အမြစ်ပြည့်စုံရဲ့လား။

သတင်းရေးသားမှုဟာ မျှတရဲ့လား။

စာဖတ်သူများကို မင်နီဘောပင်တစ်ချောင်း အိတ်ထဲမှာ အမြဲထည့်ထားဖို့ အကြံပြုချင်သည်။

ဗန်းပေါ်က သတင်းစာဂျာနယ်များကို စာမေးပွဲစစ်ကြရန် ဖြစ်ပါသည်။


.. www.MyanmarExpress.net
 

အမေရိကမှ ပြန်လာသော အီရန်သမ္မတ ဖိနပ်ဖြင့် ပစ်ပေါက်ခံရ

From : .. the voice


အမေရိကန်ပြည်ထောင်စု၌ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့သည့် အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီသည် အီရန်သို့ ပြန်လည် ရောက်ရှိလာစဉ် ဆန္ဒပြသူများ၏ ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းကို ခံလိုက်ရကြောင်း လုံခြုံရေး အရာရှိများ၏ ပြောကြားချက်ကို CNN သတင်းဌာနက ရေးသားဖော်ပြသည်။

သမ္မတ ဟတ်ဆန်ရိုဟာနီကို ဖိနပ်ဖြင့် ပေါက်သူများမှာ အမေရိကန်ပြည်ထောင်စုနှင့် အီရန်အကြား တွေ့ဆုံ စကားပြောမည့် အစီအစဉ်ကို ဆန့်ကျင်သည့် ဆန္ဒပြအုပ်စုများ ဖြစ်ကြပြီး ၎င်းကို ထောက်ခံသူများကလည်း မြို့တော်တီဟီရန် လေဆိပ်သို့ လာရောက် ကြိုဆိုခဲ့ကြသည်ဟု အီရန်နိုင်ငံပိုင် Fararu သတင်းဌာနက ရေးသားဖော်ပြသည်။
“တီဟီရန် လေဆိပ်ကို သမ္မတရိုဟာနီ ရောက်ရှိလာချိန်မှာ သူ့ကိုထောက်ခံသူတွေရော၊ အမေရိကန်နဲ့ တွေ့ဆုံ စကားပြောမယ့် ကိစ္စကို မကျေနပ်သူတွေပါ စောင့်နေခဲ့ကြတာ” ဟု အီရန် လုံခြုံရေး အရာရှိတစ်ဦးက ပြောကြားသည်။

ဖိနပ်ဖြင့်ပေါက်မှု ဖြစ်ပွားပြီးနောက် ဟတ်ဆန်ရိုဟာနီသည် ထောက်ခံသူနှင့် ကန့်ကွက်သူများကြားမှပင် ကောင်းမွန်စွာ ထွက်ခွာသွားနိုင်ကြောင်း၊ သမ္မတကို တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုသို့ အမေရိကန်ပြည်ထောင်စုမှ အီရန်သို့ ပြန်လည် ရောက်ရှိလာချိန်တွင် ရာပေါင်းများစွာသော အီရန်ပြည်သူများက “ရိုဟာနီကို ကျုပ်တို့ထောက်ခံတယ်” ဟု ကျယ်လောင်စွာ အော်ဟစ်ပြောဆိုခဲ့ကြသည်။

လေ့လာစောင့်ကြည့်သူများ အဆိုအရ ဖိနပ်ဖြင့် ပေါက်ခဲ့သည့် ဆန္ဒပြအုပ်စုများ၏ နောက်ကွယ်တွင် သဘောထား တင်းမာသူ အီရန် နိုင်ငံရေးသမားများ ရှိနေပြီး ၎င်းတို့က အမေရိကန်ပြည်ထောင်စုနှင့် အီရန်အကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမည်ကို မလိုလားကြောင်း သိရသည်။

သဘောထား အလယ်အလတ်ရှိသူအဖြစ် သတ်မှတ်ပြောဆိုခြင်း ခံထားရသူ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်နေစဉ်အတွင်း အမေရိကန် သမ္မတအိုဘားမားနှင့် တယ်လီဖုန်းဖြင့် စကားပြောဆို ဆွေးနွေးခဲ့သည်။

ထိုသို့ အီရန်နှင့် အမေရိကန်သမ္မတတို့အကြား တိုက်ရိုက်စကား ပြောဆိုမှုမှာ ၁၉၇၉ ခုနှစ်နောက်ပိုင်း ကာလများအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

ဟတ်ဆန်ရိုဟာနီ၏ လတ်တလော ထုတ်ဖော်ပြောဆိုမှုများအရ အငြင်းပွားစရာ ဖြစ်နေသော အီရန် နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ သဘောတူညီမှုများ ရရှိနိုင်မည်ဟု မျှော်လင့်ရကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

အနောက်နိုင်ငံများက အီရန်၏ နျူကလီးယား အစီအစဉ်သည် လက်နက် ထုတ်လုပ်ရန် ဖြစ်သည်ဟု ယုံကြည်ထားကြသော်လည်း အီရန်က ငြိမ်းချမ်းရေးအတွက်သာ ဖြစ်ကြောင်း ကြေညာထားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် ဖိနပ်ဖြင့် ပစ်ပေါက်မှုမှာ ယဉ်ကျေးမှုအရသော် လည်းကောင်း၊ ဘာသာရေးအရသော် လည်းကောင်း အလွန်အမင်း ရိုင်းပျသော အပြုအမူတစ်ခု ဖြစ်သည်။


.. www.MyanmarExpress.net
 

ဗိုလ်ချုပ်မှူးကြီးဟာ တိုင်းပြည်ကို ငြိမ်းချမ်းဖွံ့ဖြိုးစေချင်တဲ့ ဆန္ဒရှိတယ် ~ ကေအန်ယူ

From : ..dvb
 တပြည်လုံး အတိုင်းအတာဆောင်တဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးနဲ့ ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့သလို တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို အလွတ်သဘော ဆွေးနွေးခဲ့ကြတယ်တယ်လို့ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဗဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ကေအန်ယူအနေနဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကစပြီး နယ်စပ်ကနေ မြန်မာပြည်တွင်းကို ခရီးထွက်ခွာခဲ့တာဖြစ်ပြီး ဒီခရီးစဉ်အတွင်း အစိုးရပြည်ထောင်စု အဆင့် ငြိမ်းချမ်းကော် မတီခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦအောင်မင်း၊ ဦးစိုးသိန်းတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ တိုင်းပြည်ကို ငြိမ်းချမ်းဖွံ့ဖြိုး တိုးတက်စေချင်တဲ့ ဆန္ဒရှိတယ်လို့ ခံယူမိကြောင်း ပြောပါတယ်။ ပဒိုကွယ်ထူးဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။


  


 

အမျိုးသမီးများ ကားမောင်းပါက သားအိမ်ထိခိုက်နိုင်ဟု ဆော်ဒီဘာသာရေးခေါင်းဆောင် ပြောကြား

From : ..planet


အစ္စလာမ် ဘာသာရေး၏ အထင်ကရ ဦးဆောင်နိုင်ငံ တစ်ခုဖြစ်သော ဆော်ဒီတွင် အမျိုးသမီးများ ကားမောင်းခွင့်အတွက် တက်ကြွသော လှုပ်ရှားတောင်းဆိုမှုများ ဖြစ်ပေါ်လာချိန်တွင် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်သော ရှိတ်ခ်ဆာလား အယ်လ်လိုဟိုင်ဒန်က ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးများ ကားမောင်းခြင်းသည် ယင်းတို့၏ သားအိမ်ကို ထိခိုက်စေနိုင်ပြီး သားဖွားသည့်အခါ ပြဿနာများ ဖြစ်ပေါ်စေနိုင်ကြောင်း ဆော်ဒီအာရေဗျ ဘာသာရေး ခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်သည်။ အစ္စလာမ် ဘာသာရေး၏ အထင်ကရ ဦးဆောင်နိုင်ငံ တစ်ခုဖြစ်သော ဆော်ဒီတွင် အမျိုးသမီးများ ကားမောင်းခွင့်အတွက် တက်ကြွသော လှုပ်ရှားတောင်းဆိုမှုများ ဖြစ်ပေါ်လာချိန်တွင် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်သော ရှိတ်ခ်ဆာလား အယ်လ်လိုဟိုင်ဒန်က ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက နိုင်ငံအတွင်းရှိ အမျိုးသမီးများ အနေဖြင့် အောက်တိုဘာလ (၂၆)ရက်နေ့တွင် သတ်မှတ်ချက်များကို ဖီဆန်ကာ လမ်းများပေါ် ကားထွက်မောင်းရန် နှိုးဆော်လျှက်ရှိသည်။

Twitterတွင် အစပြု လှုံ့ဆော်ခဲ့သည့် ယင်းအစီအစဉ်တွင် ပါဝင်ရန် အမျိုးသမီး (၁၁၀၀၀)မျှက စာရင်းပေးထားသည်။ ဆော်ဒီတွင် အမျိုးသမီးများ ကားမောင်းခွင့်ရရေး တောင်းဆိုမှုကို ဆယ်စုနှစ် နှစ်ခုနီးပါးမျှ ဆက်တိုက် တောင်းဆိုလာသော်လည်း မအောင်မြင်ခဲ့ချေ။ ဆော်ဒီတွင် အမျိုးသမီးများ ကားမောင်းခွင့်ကို ပိတ်ပင်ထားပြီး ယင်းတို့ ကားမောင်းနေသည်ကို တွေ့ရှိပါက ရဲများက ဖမ်းဆီးခြင်း၊ ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်လေ့ရှိသည်။ ထို့အပြင် ယာဉ်မောင်းလိုင်စင်ကိုလည်း အမျိုးသားများ အတွက်သာ ထုတ်ပေးကြောင်း သိရသည်။

ရှိတ်ခ်ဆာလားက "အမျိုးသမီးတစ်ယောက် ကားမောင်းဖို့ ဆိုတာက တကယ်တမ်း စစ်မှန်တဲ့ လိုအပ်ချက် မဟုတ်ပါဘူး။ တစ်ဖက်မှာ ဒီလုပ်ဆောင်မှုကနေ ဇီဝကမ္မ ရှုထောင့်ကနေ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဆေးပညာ ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း အမျိုးသမီးတွေ ကားမောင်းခြင်းဟု သားအိမ်ကို အလိုအလျောက် ထိခိုက်စေမယ်ဆိုတာ မြင်သာပါတယ်။ ဘာကြောင့်လဲဆိုတော့ တင်ပါးဆုံရိုးကို အပေါ်ဘက်ကို ဖိတွန်းသလို ဖြစ်နေတယ်လေ"ဟု ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "ကျွန်တော်တို့ တွေ့ရှိထားတာက ကားမောင်းတဲ့ အမျိုးသမီးတွေဟာ ကလေးမွေးတဲ့အခါ သားအိမ်ထဲမှာ တည်ရှိတဲ့ ဒီဂရီ အတိမ်းအစောင်း လွဲမှားတဲ့ ပြဿနာတွေ ကြုံရတာကို သတိပြုမိထားပါတယ်"ဟုလည်း ဆိုသည်။

ရှိတ်ခ်ဆာလားသည် ဆော်ဒီတွင် အမျိုးသမီးများအတွက် အခွင့်အရေးများ တိုးမြှင့်ပေးရေးကို ငြင်သာပျော့ပြောင်းစွာ လုပ်ဆောင်သွားရန် အစီအစဉ်ကို ကန့်ကွက်နေသူ တစ်ဦးလည်း ဖြစ်သည်။ ဆော်ဒီတွင် အမျိုးသမီးများကို ကားမောင်းခွင့် မပေးခြင်းသည် ဘာသာရေး သက်ရောက်မှု လွှမ်းမိုးသည့် ထုံးတမ်းစဉ်လာ ဥပဒေ တစ်ရပ်သဖွယ် တည်ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း ယင်းကိုဆန့်ကျင်သူများက အမျိုးသမီး တစ်ဦးသည် ကားမောင်းခွင့် မရှိသည့်အတွက် မိသားစုဝင် မဟုတ်သည့် အမျိုးသမီး ဒရိုင်ဗာ တစ်ဦးကို ငှားရမ်းရခြင်းကဲ့သို့ ပြဿနာမျိုး ရှိနိုင်ကြောင်း ထောက်ပြထားကြသည်။ 


.. www.MyanmarExpress.net
 

သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၄၀ ကျော် တွေ့မည်

From : ..the voice


တိုင်းရင်းသား လက်နက်ကိုင် အဖွဲအစည်း အသီးသီးနှင့် ပြည်ထောင်စု အစိုးရတို့အကြား ဆောင်ရွက်မည့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရှင်းပြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၄၀ ကျော် တွေ့ဆုံမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ ပြုလုပ်သည့် နိုင်ငံရေးပါတီ ၄၀ ကျော်နှင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းတို့ ဦးဆောင်သည့် အစိုးရအဖွဲ့တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေးပွဲတွင် ဦးအောင်မင်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုအပြီး နိုင်ငံရေး ဆွေးနွေးပွဲများ စတင်သည့်အခါ ပါတီများ၏ အခန်းကဏ္ဍမှာ များစွာအရေးပါလာပြီ ဖြစ်၍ မည်သို့ ပါဝင်ရမည်ကို တွေ့ဆုံရှင်းလင်းရန် သမ္မတဦးသိန်းစိန်က ညွှန်ကြားခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။
“ဒါပြီးရင် သမ္မတကြီးကိုယ်တိုင် တွေ့ပြီး အားလုံးရှင်းပြသွားဖို့ စီစဉ်နေပါတယ်” ဟု ဦးအောင်မင်းက ဆိုသည်။

နိုင်ငံရေးပါတီများနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံရန် အစီအစဉ် ရှိသော်လည်း တွေ့ဆုံမည့် အချိန်အတိအကျကိုမူ မပြောနိုင်သေးကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

မြန်မာနိုင်ငံသည် တပ်မတော် အစိုးရခေတ်မှ ဒီမိုကရေစီ အစိုးရခေတ်သို့ ကူးပြောင်းနေချိန် ဖြစ်၍ ရည်မှန်းချက်သို့ ရောက်ရှိရန် နိုင်ငံရေးပါတီ အားလုံးလည်း ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ရှေ့သို့ရွေ့ရန် အားလုံးဝိုင်းကူ တွန်းရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

.. www.MyanmarExpress.net
 

သာသနာ ညှိုးနွမ်းစေမှုဖြင့် ထောင်ကျ၍ ပြန်လွတ်လာသူ အဆိုပါ ပုဒ်မနှင့်ပင် ထပ်မံအဖမ်းခံရ

From : ..the voice
သာသနာ ညှိုးနွမ်းစေမှုဖြင့် ထောင်ကျခံရပြီး ပြန်လည် လွတ်မြောက်လာသူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးသည် ထောင်မှလွတ်ပြီး ရှစ်ရက်အကြာတွင် သံဃာယောင်ဆောင်၍ အလှူခံမှုကြောင့် အင်းစိန်မြို့နယ် ပိန္နဲကုန်း ရပ်ကွက်တွင် စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီ ခန့်က သာသနာ ညှိုးနွမ်းစေမှု ပုဒ်မဖြင့် ထပ်မံအဖမ်းခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

မသင်္ကာ၍ ဖမ်းဆီးခံရသူ အသက် ၅၀ အရွယ် ဦးအောင်ဇော်လတ်ကို ဒလမြို့နယ် တရားရုံးက ပြစ်မှု ပုဒ်မ ၂၉၅-က ဖြင့် ၂၀၁၂ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် ကျခံစေခဲ့သော်လည်း ၎င်းမှာ လျှော့ရက်ဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသူ ဖြစ်ကြောင်း ပိန္နဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။


“ခန္ဓာကိုယ်မှာ ဆေးမင်ကြောင်တွေနဲ့ အိမ်ထဲကို ခွင့်မရှိဘဲဝင်ပြီး အလှူခံတာကို အိမ်ရှင်တွေက မသင်္ကာလို့ တိုင်တာပါ။ သံဃနာယက အဖွဲ့နဲ့အတူ ခေါ်စစ်တော့ ထောင်ထွက် လက်မှတ်နဲ့ ဘုန်းကြီးအစစ် မဟုတ်မှန်းသိရလို့ သံဃာလေးပါးနဲ့ သိက္ခာချ လူဝတ်လဲပြီး အမှုဖွင့်ထားပါတယ်” ဟု ၎င်းကထပ်မံရှင်းပြသည်။

အဆိုပါ သံဃာယောင်ဆောင်၍ ဖမ်းဆီးခံရမှုကို ရဲအရေးမပိုင် အမှတ်စဉ် ၅/၁၃၊ ပုဒ်မ ၂၉၅- က အမှုဖွင့် စစ်ဆေးနေပြီး အင်းစိန်မြို့နယ် တရားရုံးသို့ ရုံးဖွင့်ရက်တွင် တရားစွဲ တင်ပိုသွားမည်ဟု အင်းစိန်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။


 .. www.MyanmarExpress.net
 

ဒီမိုကရေစီ မြန်မာနိုင်ငံတွင် လူငယ်တစ်ဦးက လမ်းသွားလမ်းလာများအား ဓာတ်ဆီဖြင့်ပက်၍ ကလေးငယ်တစ်ဦး ကျောကုန်းမီးလောင်

From : ..7day

ကလေးငယ်ကျောကုန်းမှမီးလောင်ဒဏ်ရာ ဓာတ်ပုံ - Hinthada Humanright 
လူငယ်တစ်ဦးက ဓာတ်ဆီပုလင်းကိုင်၍ လမ်းသွားလမ်းလာများအား ဓာတ်ဆီဖြင့်ပက်ကာမီးတို့သောကြောင့် တတိယတန်းကျောင်းသားလေးတစ်ဦး၏ ကျောကုန်းတွင် မီးလောင်ဒဏ်ရာ ရရှိသွားသော ဖြစ်စဉ်တစ်ခု ဟသာင်္တမြို့၊ အမှတ်(၁)ရဲစခန်းပိုင် နယ်မြေတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

““ဖြစ်စဉ်ဖြစ်ခဲ့တာ မှန်ပါတယ်။ ပြစ်မှုကျူးလွန်သူက တိမ်းရှောင်နေပြီး တရားဥပဒေအတိုင်း ဆက်လက်အရေးယူသွားမှာပါ”” ဟု ဟသာင်္တမြို့၊ အမှတ်(၁)ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် အောင်စိန်မြင့်က ပြောသည်။ဟင်္သာတမြို့၊ မြ၀တီရပ်ကွက်တွင် စက်တင်ဘာ ၂၈ ရက် ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် ကျော်ထက်ဝင်းဆိုသူက ယင်းရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်မှ ဓာတ်ဆီပုလင်းကိုယူကာ လမ်းသွားလမ်းလာများအား လိုက်ပက်ပြီး မီးခြစ်ဖြင့် လိုက်တို့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းလုပ်ရပ်ကြောင့် အသက် (၁၀) နှစ်အရွယ် တတိယတန်းကျောင်း သားလေးတစ်ဦး၏ ကျောကုန်းတွင် မီးလောင်ကျွမ်းကာ ဘေးပတ်ဝန်းကျင်တွင် နေထိုင်သူများက ၀ိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ရကြောင်း မြ၀တီရပ်ကွက် မှ ရာအိမ်မှူး ဦးအောင်ကိုကပြောသည်။

ကျောကုန်းတွင် မီးလောင်ဒဏ်ရာရရှိသွားသောကလေးမှာ ဟသာင်္တပြည်သူ့ဆေး ရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး ဒဏ်ရာအခြေအနေ သက်သာသွားပြီဖြစ်ကြောင်း မြ၀တီရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအောင်ကျော်သိန်းက ပြောသည်။

အဆိုပါအမှုကို ဟသာင်္တမြို့၊ အမှတ် (၁)ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၂၄ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ကလေးချင်းစနောက်ရာမှ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ခြင်းကြောင့် မီးလောင်ဒဏ်ရာအား ပျောက်ကင်းအောင် ကုသပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူများအနေဖြင့် ညှိနှိုင်းပေးစေလိုကြောင်း ပြစ်မှုကျူးလွန်သူ၏ မိခင်ဖြစ်သူ ဒေါ်ခင်အေးမူကပြောသည်။

သံတွဲအဓိကရုဏ်း အိမ်တစ်လုံး မီးလောင်၊ ညမထွက်ရအမိန့်ထုတ်

From : bbc

ရခိုင်ပြည်နယ် သံတွဲမြို့မှာ စနေနေ့က ကမန် အမျိုးသား ပါတီက ဦးကျော်စံလှရဲ့ အိမ်ရှေ့ အဝင်အထွက်မှာ ဆိုင်ကယ်မလွတ်လို့ အချင်းများရာကနေ လူအုပ်နဲ့ ရဲစခန်းကို သွားဝိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဆိုင်ကယ်သမား လူငယ်လေးကလည်း လူရည်မွန်လေး တဦး ဖြစ်သလို ဦးကျော်စံလှကလည်း မြို့မိမြို့ဖ တဦး ဖြစ်ကြောင်း၊ ဒါပေမယ့် အချင်းချင်း နားလည်မှု လွဲရာကနေ အချင်းများခဲ့တာ ဖြစ်ကြောင်း၊ ဒီသာမန် အငြင်းပွားမှုကို အခွင့်ကောင်း ယူပြီး လှုံ့ဆော်သူတွေ ရှိခဲ့တာကြောင့် အခုလို လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ အဆင့်ထိ ရောက်သွားတာလို့ သံတွဲခရိုင် NLD ဥက္ကဌ ဦးဝင်းနိုင်က ဘီဘီစီကို ပြောပြပါတယ်။

ဦးကျော်စံလှကို ဆဲရေး တိုင်းထွာမှု အပါအဝင် ပုဒ်မနှစ်ခုနဲ့ ရဲက ဖမ်းဆီးခဲ့ရာမှာ လူ၅၀လောက်က ရဲစခန်းကို ဝိုင်းထားပြီး ဦးကျော်စံလှကို လွှဲပေးဖို့ တောင်းဆိုခဲ့ ကြပါတယ်။

ညနေပိုင်းလောက်မှာ သံဃာတော်တွေရဲ့ ဖျောင်းဖျမှုနဲ့ လူစု ကွဲသွားခဲ့ပြီး ဦးကျော်စံလှ ကိုလည်း ရဲက အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါကို မကျေနပ်တဲ့ လူ၂၀လောက် က တနင်္ဂနွေနေ့မှာ ရဲစခန်းကို တခါ ထပ် ဝိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီလူတွေဟာ မျက်နှာဖုံးတွေ စွပ်ထားကြပေမယ့် မြို့ခံတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလူတွေ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေက သိနေပေမယ့် အဖမ်းအဆီး ခုချိန်ထိ မရှိသေးဘူးလို့ ဦးဝင်းနိုင်က ပြောပါတယ်။

သံတွဲမြို့မှာ အခုလို ရုတ်ရုတ်သဲသဲ ဆူပူမှုတွေ ဖြစ်အောင် လှုံ့ဆော်မှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

ဘာသာခြား ဆိုင်တွေမှာ ဈေးမဝယ်ကြဖို့၊ ဝယ်သူတွေကို ဓါတ်ပုံ ရိုက်ထားပြီး လူ့လောကကြီးကနေ ဝိုင်းပယ်ထားကြဖို့ လှုံ့ဆော်မှုမျိုးတွေ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ည ၈နာရီလောက်မှာ သံတွဲမြို့ ၃ရပ်ကွက် တာဝတံင်္သာ လမ်းမှာ ဗုဒ္ဓဘာသာ အိမ်တလုံး မီးရှို့ ခံခဲ့ရပါတယ်။

စနေနဲ့ တနဂင်နွေနေ့က ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ဒီမီးလောင်မှု ဆက်စပ်နေသလား ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း သံတွဲမြို့မှာ ရှိတဲ့ တောင်ကုတ်မြို့သူ တဦး ဆွဲလား ရမ်းလား အလုပ်ခံရတယ် ဆိုတဲ့ သတင်းတွေကြောင့် ပဋိပက္ခတွ ဖြစ်ပွားခဲ့ပြီး ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ရပါတယ်။


 www.MyanmarExpress.net

၂၅ နှစ် ပြည့်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်မကျေသေးဟု ဒေါ်အောင်ဆန်းစုကြည် ဝန်ခံ

From : .. ရိုးရာလေး


သက်တမ်း ၂၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် အလုပ်တာဝန်များ မကျေပွန်သေးကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ငွေရတု သဘင်အခမ်း အနားတွင် ပြောကြားသည်။ “ကျွန်မတို့ရဲ့ တာဝန်တွေ ကျေပွန်ပြီလားဆိုတော့ အမှန်တော့ မကျေပွန်သေးပါဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးဘဲ ဒီမိုကရေစီ စံနှုန်းများ အနည်းငယ် တိုးတက်လာသည့် အခြေအနေ ရှိသော်လည်း ပြည်သူတို့၏ လူနေမှုဘဝများမှာ တိုးတက်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်စုကြည်က ပြောကြားသည်။ NLD ပါတီသည် လာမည့် ရွေးကောက်ပွဲအတွက် စဉ်းစားသည့် ပါတီမျိုး မဖြစ်စေချင်သော်လည်း ရွေးကောက်ပွဲတွင် အနိုင်ရချင်သည်ဟု ၎င်းကဆိုသည်။ NLD ပါတီ နာယကဖြစ်သူ ဦးတင်ဦးကမူ “NLD ပါတီဟာ အရင်ရွေးကောက်ပွဲ တုန်းကလို မဲအများကြီးရဖို့ မလွယ်တော့ဘူး” ဟု The Voice နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားသည်။


.. www.MyanmarExpress.net
 

နေပြည်တော်ရှိ ဆည်တမံများ ကြံ့ခိုင်ရေး ဆောင်ရွက်ပြီးဖြစ်၊ မိုးများစွာရွာသွန်းသော်လည်း ရေပြည့်ခြင်း မရှိ

From : .. မြန်မာ့အလင်း


နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာန လက်အောက်တွင် ဆည်တမံ စုစုပေါင်း ၂၂ ခုရှိပြီး ဆည်တမံအားလုံးကို ကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိပြီး ဖြစ်သည့်အပြင် ရေကင်း စစ်ဆေးရန် ဆည်ငယ်များအတွက် ဝန်ထမ်းငါးဦးနှင့် ဆည်လတ်များအတွက် ၁ဝ ဦး ချထားကာ စောင့်ကြပ်လျက်ရှိကြောင်း နေပြည်တော် ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်းရေး ညွှန်ကြားရေးမှူး ဦးစိုးတင့်က ပြောကြားသည်။ နေပြည်တော်၌ ဆည်တစ်ခု ကျိုးပေါက်သည်ဟူသော စက်တင်ဘာ ၂၆ ရက် 7 Day Daily နေ့စဉ်ထုတ် သတင်းနှင့်ပတ်သက်၍ အမှန်အားဖြင့် အဆိုပါကျေးရွာ၌ တောင်သူများ ဆောင်ရွက်ထားသော လျှိုပိတ်ဆည် ရှိခဲ့ပါက ကျိုးပေါက်နိုင်သည့်အတွက်  မြေပြင်စစ်ဆေး ဆောင်ရွက်နေကြောင်း ဖြေကြားခဲ့ခြင်း ဖြစ်ပြီး ဆည်မြောင်းဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးရာ၌ လျှိုပိတ်ဆည် မရှိကြောင်း၊ မိုးရေကြီးခြင်းကြောင့် သာလျှင် ရေကြီးရေလျှံ ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ မည်သည့်ဆည်တမံမှ ကျိုးပေါက်ခြင်းမရှိကြောင်း သိရသည်။ လက်ရှိ စက်တင်ဘာလ ၂၆ ရက်နေ့အထိ နေပြည်တော်ရှိ ဆည်တမံများအနက် ငလိုက်ဆည် တစ်ခုသာလျှင် ကန်ရေပြည့် အမှတ်ကို ရောက်ရှိနေ၍ ရေပိုလွှဲမှ ရေကျော်ခြင်းသာရှိကြောင်း၊ ပေါင်းလောင်းဆည်သည်လည်း ကန်ရေပြည့် အမှတ် (၅၃၅) ကိုမီရန် ၅ ပေခန့် လိုအပ်နေသေးပြီး ကျန်ဆည်အားလုံးမှာလည်း ကန်ရေပြည့် ရေဝင်ရောက်မှု မရှိသေးကြောင်း သိရသည်။ ထူးခြားဖြစ်စဉ်နှင့် ချိန်ခါမဟုတ် မိုးရွာသွန်းမှုများအတွက် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များ စီမံချက်များ ရေးဆွဲပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် လူအင်အား၊ ပစ္စည်းအင်အား၊ စက်ယန္တရားများကို စုဖွဲ့ထားရှိပြီး ဖြစ်ပါ၍ လူထုမှ စိုးရိမ်ပူပန်ခြင်းမဖြစ်ရန် အသိပေးလိုကြောင်းနှင့် အချို့သော ကောလာဟလများကို အလွယ်တကူ မယုံကြည်ကြရန်နှင့် သိရှိလိုသည်များ ရှိပါက နေပြည်တော် ဆည်မြောင်းထိန်းသိမ်းရေးရုံး တာဝန်မှူး ဖုန်း-ဝ၆၇-၂၂ဝ၄၈ဝ သို့ ဆက်သွယ် စုံစမ်းနိုင်သကဲ့သို့ မိမိ၏ဖုန်း- ဝ၉-၈၃ဝဝ၈၁၈ ထံသို့လည်း ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း ဆည်မြောင်းဌာန တာဝန်ရှိသူ ညွှန်ကြားရေးမှူး ဦးစိုးတင့်က ပြောကြားသည်။ အချို့သောသူများက ဖြစ်စဉ် အမှန်ကို တိကျစွာမသိဘဲ စာနယ်ဇင်းများထံသို့ မိမိတို့တစ်ဆင့် ကြားသိရ သည်များကို သတင်းပို့သောအခါ ရေးသူတို့က နားလည်မှု အလွဲအမှားများ ဖြစ်စေနိုင်သဖြင့် ဆည်မြောင်းဦးစီးဌာန ဝန်ထမ်းများသည် တောင်သူများနှင့် အမြဲထိတွေ့ ဆက်ဆံနေကြသည်ဖြစ်ရာ ဒေသခံလူထုများ၏ စိုးရိမ်ပူပန်မှုများကို ကူညီဖြေရှင်းပေးရန်အတွက် တောင်သူလယ်သမားများ၊ ရပ်မိရပ်ဖများအနေဖြင့် ဆည်တမံများနှင့် ပတ်သက်၍ တွေ့ရှိချက်များ၊ ထူးခြားဖြစ်စဉ် သတင်းပို့လိုသည်များကို ဆည်မြောင်းဦးစီးဌာနမှ တောင်သူလယ်သမား မိတ်ဆွေ (Farmer Friend) ဝန်ထမ်းများကို ဆည်တမံနှင့် ရေသောက်စနစ်ရှိသော ဒေသများတွင် ခန့်ထားပြီး ဖြစ်၍ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

 .. www.MyanmarExpress.net
 

ပြည်သူအားလုံးပြင်ဆင်သည် ဟု ခေါင်းစဉ်တပ်ကာ နှစ်လအတွင်း ဖွဲ့စည်းပုံအသစ် စိတ်ကြိုက်ရေးဆွဲ၍ ဒီဇင်ဘာ (၁) ရက် တင်သွင်းမည်ဟု ဒေါ်စုပြောကြား

From : ..myit ma kha



၂၀၀၈ခုနှစ်တွင် ရေးဆွဲထားပြီး ပြဌာန်းအတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လာမည့်လွှတ်တော်၌ ပြင်ဆင်နိုင်ရေး အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်)ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီမှအပြီးသတ်ရေးဆွဲထား သည့် ဥပဒေကြမ်းကို လာမည့်ဒီဇင်ဘာလ(၁)ရက်နေ့ နောက်ဆုံးထား၍ ပြည်သူ့လွှတ်တော်သို့ တင်သွင်းမည်ဟု ဒီချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ကို ကျေးရွာတွေ၊ နယ်တွေအထိ ပြည်သူလူထုကို ချပြဖို့ အစီ အစဉ် ရှိပါတယ်၊ ဒီအစီအစဉ်ကို အမြန်ဆုံးအကောင်အထည်ဖော်ပါမယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ ပြည်သူတစ်ရပ်လုံးနှင့်သက်ဆိုင်ကြောင်း၊ ယခု၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ကို ပြည်သူလူထု တစ်ရပ်လုံးက မသိရှိသေးကြောင်း၊ ဖွဲ့စည်းပုံ ဥပဒေ၏ဖြစ်ပေါ်လာပုံသမိုင်းကိုလည်း ပြည်သူအားချပြရမည်ဖြစ်ကြောင်း၊ ပြည်သူအားလုံး ပါဝင်ပြင်ဆင်ထားသည့် အခြေခံဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။
၂၀၀၈ခုနှစ်တွင် ရေးဆွဲထားပြီး ပြဌာန်းအတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား လာမည့်လွှတ်တော်၌ ပြင်ဆင်နိုင်ရေး ဒီချုပ်(NLD)ပါတီ၏ သဘောထားထုတ်ပြန်ချက် (၉)ရပ်ကိုလည်း စက်တင်ဘာလ (၂၈)ရက်နေ့က အဆိုပါပါတီမှ ထုတ်ပြန် လိုက်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ရန်၊ အဓိက ကာကွယ် ရန် တာဝန်ရှိသည်ဟူ၍ ပြဌာန်းထားသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးဆွဲခြင်းမှာ တပ်မတော်ကို ဖိတ်ခေါ်ရာ ရောက် သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခြေခံဥပဒေကိုပြင်ဆင်မည်ဟု ဆိုသော်လည်း တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံကာ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်မည် လား သို့မဟုတ် အသစ်ပြင်ဆင်ရေးဆွဲမည်လားဆိုသည်ကို ဆုံးဖြတ်ချက်ချနိုင်ခြင်းမရှိသေးဟု NLDပါတီ၏ CEC တစ်ဦးက ဆိုသည်။
"အခြေခံကတော့ မြန်မာနိုင်ငံမှာ ၁၉၄၈ ကတည်းက စပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ ထွက်ပေါ်ခဲ့တယ်၊ အဲဒီ ဖြတ်သန်း ခဲ့တဲ့ သမိုင်းကို အခြေခံပြီးတော့ တိုင်းရင်းသား ပါတီတွေအနေနဲ့ လူမျိုးကိုအခြေခံတဲ့ ပြည်နယ်အမျိုးသားကို အခြေခံတဲ့ပြည်နယ် တွေနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်ပါတယ်" ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးကော်မတီနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများသည် ဗဟန်းမြို့နယ် အတွင်းရှိ NLDရုံးချုပ်တွင် စက်တင်ဘာလ(၂၈)ရက်နေ့ နံနက် ၉နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောထား ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ကာ အဆိုပါတွေ့ဆုံပွဲသို့ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသားပါတီ ခေါင်းဆောင်အချို့ တက်ရောက်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းမှ ပြဌာန်းချက်အချို့သည် ဒီမိုကရေစံနှုန်းများနှင့်မညီညွတ်ခြင်းများ၊ ရှေ့နောက် မညီမျှခြင်းများကို တွေ့ရှိရပြီး ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရန် မလွဲမသွေဖွဲ့စည်းပုံအခြေခံကို ပြင်ဆင် ရမည်ဖြစ်ကြောင်း၊ ဥပဒေကိုပြင်ဆင်ခြင်းသည် ဥပဒေအရပြင်ဆင်ရခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရန် ပြည်သူလူထု ပါဝင်ရန် တိုက်တွန်းကြောင်း ပါဝင်သည်။

.. www.MyanmarExpress.net
 

ပြည်ထောင်စု ငြိမ်းချမ်းရေး ရရန် ငြိမ်းချမ်းရေး ညီလာခံကြီး အမြန်ဆုံးကျင်းပရန် NDF တိုက်တွန်း

From : ..YMG

 ပြည် ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်း ရေး ရရှိ ရန် ငြိမ်းချမ်းရေးညီလာခံ ကြီး အမြန်ဆုံးကျင်းပရန် အမျိုး သား ဒီမိုကရေစီအင်အားစုပါတီ က တောင်းဆိုလိုက်ကြောင်းသိရ သည်။

တောင်ကြီးမြို့တွင် စက်တင် ဘာ ၂၁ရက်မှ ၂၃ရက်အထိ ကျင်းပပြုလုပ်သော ''ယုံကြည်မှု တည်ဆောက်ခြင်း''(ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်) ဆွေးနွေးပွဲတွင် ယုံကြည်မှု တည် ဆောက်ခြင်းကော်မတီသို့ အမျိုး သားဒီမိုကရေစီအင်အားစုမှ စာ တမ်းတင်သွင်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လက်နက်ကိုင်အဖွဲ့အစည်း များ၊ လွှတ်တော်၊ အစိုးရ၊ အရပ် ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ တပ်မတော်နှင့် ပညာ ရှင်အဖွဲ့များ စုံစုံညီညီနှင့် နိုင်ငံရေး ပြဿနာများကို ဆွေးနွေးညှိနှိုင်း အဖြေရှာသော ညီလာခံကြီးတစ် ရပ် အမြန်ဆုံးကျင်းပနိုင်မှသာ ပြည်ထောင် စုကြီးတစ်ဝန်းလုံး ငြိမ်း ချမ်းရေးတံခါးပေါက်မှ အမှန် တကယ် ဖြတ်ကျော် ဝင်ရောက် နိုင်မည်ဖြစ်သည့်အတွက် အမျိုး သားဒီမိုကရေစီအင်အားစုပါတီ မှ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

''လက်နက်ကိုင်အဖွဲ့အစည်း တွေ အပစ်ရပ်ရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ လက်နက်ကိုင်အဖွဲ့ အစည်းတွေကို စီးပွားရေးအခွင့် အလမ်းတွေ ထူထောင်ပေးရုံနဲ့လဲ ငြိမ်းချမ်းရေးမရနိုင်ပါဘူး''ဟု အမျိုး သားဒီမိုကရေစီ အင်အားစုပါတီ က ဆိုသည်။

ပြည်ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်းရေးရရှိရန် အခြေခံလို အပ်ချက်များအဖြစ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပြင် လူမျိုး ရေးနှင့် ဘာသာရေးနယ်ပယ်များ တွင် ခွဲခြားဆက်ဆံခံရမှုမရှိရေး၊ လူမျိုးစု အမျိုးသားရေးစိတ်ဓာတ် များရှိသော်လည်း စစ်မှန်သော တန်းတူညီမျှ ပြည်ထောင်စုဘဝ တွင် လူ့အခွင့်အရေးနှင့် ပြည် ထောင်စုနိုင်ငံသားအမျိုးသားရေး စိတ်ဓာတ် ကိုမွေးမြူရေး၊ အသစ် တည်ထောင်မည့် ပြည်ထောင်စု ကြီးတွင် လူမျိုးတစ်မျိုးတည်းက ကြီးစိုးထားသည့်အမြင်များ လက် တွေ့ဘဝတွင် မရှိစေရေးနှင့် လူမှု နိုင်ငံရေးနယ်ပယ်အတွင်း နာကျင် မှုများ နာကြည်းမှုများ အဆုံး သတ်နိုင်စေရန် လူသစ်၊ စိတ်သစ် ဖြင့် နိုင်ငံသစ်တည်ဆောက် နိုင် ရေး၊ နိုင်ငံသားအားလုံး၏အမျိုး သားအကျိုးစီးပွား၊ တစ်မျိုးသား လုံး လုံခြုံရေးနှင့် နိုင်ငံသားအား လုံးအတွက် ကာကွယ်ရေးဆိုင်ရာ ကိစ္စများသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဆိုသည့် စိတ်ထား ရှိနိုင်ရေးနှင့် လူမှုစီးပွားဘဝနှင့် တန်းတူညီမျှနိုင်ငံရေးအနှစ်သာ ရများကို ထူထောင်ပြီး တစ်မျိုး သားလုံး သွေးစည်းညီညွတ်ရေး ထာဝစဉ်ခိုင်မြဲရန် ပြည်ထောင်စု နိုင်ငံသား အမျိုးသားရေးစိတ် ဓာတ်နှင့်ထိန်းမတ်စေရေး စသည် တို့သည် ငြိမ်းချမ်းရေး ထာဝစဉ် ခိုင်မြဲစေရန် လိုအပ်ချက်များဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီကဆိုထားသည်။

အဆိုပါစာတမ်းအား ပါတီ အတွင်းရေးမှူး ဦးကျော်သန်းက စက်တင်ဘာ၂၂ရက်က ဖတ်ကြား တင်သွင်းခဲ့သည်။
''ငြိမ်းချမ်းရေးအတွက် ယုံ ကြည်မှုတည်ဆောက်ခြင်း''(ရှမ်း၊ မွန်၊ ကယား)ဆွေးနွေးပွဲကို အဖွဲ့ အစည်းပေါင်း ၅ဝကျော်တက် ရောက်ခဲ့သည်ဟု သိရသည်။


 .. www.MyanmarExpress.net
 

ဗုဒ္ဓသာသနာအလံကို စွဲဖြုတ်ဖျက်ဆီးသည့် မွတ်ဆလင်တစ်ဦးအား သံတွဲရဲစခန်းတွင် ဖမ်းဆီးထား

From : ..the voice


ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်၌ ဘာသာခြားတစ်ဦးက သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သံတွဲမြို့ ဒေသခံများက ပြောကြားသည်။

သံတွဲမြို့ မြို့တော်ခန်းမ အနီးရှိ ငပလီ အထွေထွေ ရောင်းဝယ်ရေး ဆိုင်ရှေ့တွင် လာရပ်သော သုံးဘီးယာဉ်၏ ယာဉ်မောင်းကို ဆိုင်ပိုင်ရှင်က ဆဲဆိုပြီး ယာဉ်တွင် တပ်ဆင်ထားသော သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ အနီးပတ်ဝန်းကျင်မှ လူအယောက် ၂၀၀ ခန့်က ဝိုင်းအုံမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ နေရာသို့ သံတွဲမြို့ သိမ်ကုန်း ဆရာတော် ကြွရောက်၍ လူစုခွဲရန် မိန့်ကြား ပြီးနောက် ပြန်လည် ငြိမ်သက်သွားကာ အဆိုပါ ဆိုင်ပိုင်ရှင်ကို သံတွဲရဲစခန်းတွင် ဖမ်းဆီး ထားကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သံတွဲမြို့နယ် ရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ညနေ ၄ နာရီခန့်တွင် အခြေအနေ ပြန်လည် ငြိမ်သက်သွားပြီး တရားခံကို ဖမ်းဆီးထားကြောင်း ပြန်လည် ဖြေကြားသည်။

သံတွဲမြို့တွင် တောင်ကုတ်မြို့သူတစ်ဦး ဇွန်လ ၃၀ ရက်နေ့က အဓမ္မကျင့်ခံရသည့် သတင်းအပေါ် မူတည်ပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ နေအိမ်အချို့ မီးရှို့ခံခဲ့ရကာ ပဋိပက္ခ အရှိန်မြင့်လာသဖြင့် ညမထွက်ရ အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ရသည်။

အလားတူ သြဂုတ်လ ၂၇ ရက်နေ့က သံတွဲမြို့တွင် နံတော်တောင် တောင်ခြေရင်းရှိ ဘုန်းတော်ကြီး တစ်ပါးကို အစ္စလာမ် ဘာသာဝင်တစ်ဦးက ဆဲဆိုသည်ဟု ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက်တွင် ယင်းနေရာသို့ လူ ၆၀ ခန့် စုဝေးလာသဖြင့် ရဲတပ်ဖွဲ့များက တားဆီးခဲ့ရသည်။


 .. www.MyanmarExpress.net
 

ဒေါ်စု အဆပေါင်းများစွာတော်ပြီး နိုဘယ်ဆုမရခဲ့သည့် Global Leader ဦးသန့်

From : ..the voice



တနင်္ဂနွေနေ့ထုတ် The Voice Daily တွင် ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ အကြောင်း ရေးသည့်အခါ ပထမဆုံး ခေါင်းထဲ ရောက်လာသူမှာ ဦးသန့် ဖြစ်သည်။

ဗိုလ်ချုပ်ကို ခေါင်းဆောင်မှု ရှုထောင့်မှကြည့်အပြီး မြန်မာ့ခေါင်းဆောင်စစ်စစ် တစ်ယောက်၏ ခေါင်းဆောင်မှုအဖြစ် ‘ဗိုလ်ချုပ်၏ ခေါင်းဆောင်မှု ရှာပုံတော်’ စာတစ်အုပ် ထုတ်ဝေပြီးသောအခါ ဦးသန့်ဘက်သို့ ကျွန်တော်လှည့်သည်။ ဗိုလ်ချုပ် ခေါင်းဆောင်သည်က မြန်မာ့နိုင်ငံရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှု၊ ပြည်တွင်း။ ဦးသန့်က နိုင်ငံတကာ စင်မြင့်တွင် ရပ်ဝေး မြေခြား တိုင်းတစ်ပါးသားများ၊ ထိပ်သီးများ၊ ကမ္ဘာကို ကိုင်လှုပ်နေသူ မတစ်ထောင်သားတို့ကို ဦးဆောင်သည်။ သမိုင်းတစ်ကွေ့တွင် သူတို့ ဆုံခဲ့ကြသော်လည်း သူတို့၏ ဘဝလမ်းက ကွာခြားသည်၊ စရိုက်ချင်းလည်း မတူ။ ဗိုလ်ချုပ်ထံမှ ခေါင်းဆောင်မှုကို ကျွန်တော်တို့ သင်ယူနိုင်လျှင် ဦးသန့်၏ ခေါင်းဆောင်မှုသည်လည်း မြန်မာတို့အတွက် အကျိုးရှိမည်ဟု ကျွန်တော် ယူဆသောကြောင့် ရေးလိုက်ရာ ဆောင်းပါးများ လေးငါးဆယ်ပုဒ်ခန့် ဖြစ်သွားသည်။ သူ့အကြောင်း၊ သူ့ခေါင်းဆောင်ရည်ကို အကဲဖြတ် မှတ်ကျောက်တင်ရန် သူကျင်လည်ခဲ့သည့် ကုလသမဂ္ဂ၊ ထိုစဉ်က ကမ္ဘာ့နိုင်ငံရေး စင်မြင့်တို့ကို ပြန်တူးဆွ၊ ခံစားယူရသောအခါမှ ဦးသန့်၏ ခေါင်းဆောင်မှု ရုပ်ပုံလွှာသည် ပီသလာသည်၊ ကြည်မြလာသည်၊ တစ်လွှာချင်း တစ်လွှာချင်း မြင်ကွင်းတို့ ပေါ်လာသည်။ ဦးသန့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူရသည့် ကာလ ၁၉၆၁-၁၉၇၁ သည် ကမ္ဘာတွင် အမေရိကန် ဦးဆောင်သော အနောက်အုပ်စုနှင့် ဆိုဗီယက် ဦးဆောင်သော အရှေ့အုပ်စုတို့ သဲသဲမဲမဲ အားပြိုင်နေပြီး တစ်ချက်မှားလျှင် ကမ္ဘာကြီး တတိယကမ္ဘာစစ်သို့ ဦးတည်အောင် အတိမ်းအစောင်း မခံသည့် အခြေအနေ ဖြစ်သည်။ ထိုသို့ Two Polars အခြေအနေတွင် ကုလသမဂ္ဂသည် အရေးကြီးသည့် နေရာတွင်ရှိပြီး ဦးသန့်သည်လည်း VVIP Very Very Important Person ဖြစ်လာသည်။ ဦးသန့် စတင်တာဝန်ယူစက မလေးမခန့်သူများ ရှိခဲ့သော်လည်း အချိန်နှင့်အမျှ သူ့လုပ်ရည်ကိုင်ရည်နှင့် စေတနာကို သဘောပေါက်လာပြီး လေးစားလာကြသည်။

ဦးသန့် ထမ်းဆောင်ရသော ကြီးလေးသည့် တာဝန်နှင့် ပြသခဲ့သည့် လုပ်ရည်ကိုင်ရည်တို့ကို အံ့သြ ချီးကျူးပြီး ဦးသန့်၏ ကျောင်းပညာရေးကို ကြည့်လိုက်လျှင် ပိုပြီး အံ့အားသင့်သွားနိုင်သည်။ သူသည် ဒုတိယနှစ်နှင့် ကျောင်းပြီးခဲ့သည်။ ကုလသမဂ္ဂတွင် သူ၏ လက်ထောက်များသည် ပါရဂူဘွဲ့ရ ပါမောက္ခများ ဖြစ်သလို သူထိတွေ့ ကိုင်တွယ်ရသူများသည် နိုင်ငံများမှ ထိပ်သီးများ၊ ဇော်များ ဖြစ်ကြသည်။ ထိုသူတို့၏ လေးစားခြင်း၊ ယုံကြည်ခြင်းကို ဦးသန့် ရယူနိုင်ခြင်းက သူ၏ ပညာအရည်အချင်းသည် သူ့အတန်းပညာထက် သာလွန်ခြင်းကို ပြသည်။ ယနေ့ခေတ် ဘွဲ့လက်မှတ်များ၊ သင်တန်းအောင် လက်မှတ်များကို ဝါသနာသဖွယ် စုဆောင်းနေသည့် ဘွဲ့ရ ပညာမတတ်များ၊ လက်မှတ်စုသူများ (Certificate Collector) များသည် ဦးသန့်၏ နမူနာကို ယူသင့်သည်။ ပညာဆိုသည် တိုင်းတာရ လွယ်အောင် တက်ခဲ့သော ကျောင်းများ၊ ဖြေခဲ့သော စာမေးပွဲများနှင့် တိုင်းကြသော်လည်း တကယ့်ပညာဆိုသည် အတန်းပညာ၏ အလွန်တွင် ရှိသည်။

ကုလသမဂ္ဂသို့ မရောက်မီ ဦးသန့်သည် မြန်မာနိုင်ငံတွင် တာဝန်ကြီးကြီးများကို ယူခဲ့ရာတွင်လည်း ထိုတာဝန်များနှင့် မည်မျှစိမ်းစိမ်း ကျေပွန်အောင် ဆောင်ရွက်နိုင်သည်။ သူသည် စိတ်တံခါးကို ဖွင့်ထားပုံရသည်၊ စာအလွန်ဖတ်သည်၊ လေ့လာသည်။ ထိုသို့ စဉ်ဆက်မပြတ် ကိုယ့်ကိုယ်ကိုယ် သင်ယူခြင်းဖြင့် ယူရသော တာဝန်တို့ကို ဦးသန့် နားလည်ရုံမက ကျေညက်အောင် မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ကိုယ်ကိုယ်တိုင်က ကျောင်းဆရာ ဖြစ်ခဲ့သော ဦးသန့်သည် သင်ဆရာထက် မြင်ဆရာနှင့် ကြားဆရာတို့ကို အားထားသည့် self-study သမား ဖြစ်သည်။

ပိစိကွေး နိုင်ငံလေးဖြစ်သည့် မြန်မာနိုင်ငံကို ကမ္ဘာက မသိ။ သို့သော် ဦးသန့်ကို ကမ္ဘာက သိသောအခါ မြန်မာကို ကမ္ဘာက သိလာသည်။ ဦးသန့်သည် မြန်မာကို ကမ္ဘာ့မြေပုံပေါ်သို့ ဗုံနှင့် မောင်းနှင့် ပထမဆုံး တင်ပေးခဲ့သူ။ ကမ္ဘာ့ထိပ်တန်း မြန်မာတစ်ယောက် ဖြစ်သည့် ဦးသန့်ကြောင့် မြန်မာကို ကမ္ဘာက သိသော်လည်း သူ့ကို မြန်မာတို့ ဂုဏ်သတင်း မွှေးပျံ့ရေးတွင် ကောင်းစွာ အသုံးမချလိုက်ရ။ ဦးသန့် ကျော်စောသည့် အချိန်တွင် မြန်မာနိုင်ငံသာ တံခါးဖွင့်ပြီး ကုန်ထုတ်လုပ် တင်ပို့ရန် ကြိုးစား၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဖြင့် မီးခိုးမထွက်ဘဲ ဝင်ငွေရအောင် ကြိုးပမ်းနေလျှင် မြန်မာ့ထုတ်ကုန်များကို လူ ပိုစိတ်ဝင်စား၊ မြန်မာသို့ လာလည်ရန် ပိုအားသန်ကာ ဦးသန့်၏ ဂုဏ်သတင်းသည် မြန်မာနိုင်ငံကို ဒေါ်လာ ဘီလီယံချီ အကျိုးပြုပေလိမ့်မည်။ မြန်မာနိုင်ငံ သမိုင်းတွင် ‘အခွင့်အရေးပေါ်လျက်နှင့် လက်လွှတ်ခဲ့ရသည့် ဆယ်စုနှစ်များစွာ’ Lost Decades ထိုစဉ်က တံခါးပိတ် ထားခဲ့သည့်၊ ပို့ကုန်ပို့ရန် မကြိုးစားခဲ့သည့် မြန်မာနိုင်ငံတွင် ဦးသန့်နှင့်လည်း အလားတူပင်။ စင်ကာပူကဲ့သို့ Marketing ကျွမ်းကျင်သည့် နိုင်ငံမျိုးတွင်သာ ထိုသို့သော သူမျိုးရှိလျှင် စင်ကာပူ ဂုဏ်သတင်း ပျံ့မွှေးရေး Country Marketing အတွက် လှလှပပ ဆောင်ရွက်ပေလိမ့်မည်။

ဦးသန့်နှင့် ပတ်သက်လျှင် အံ့သြစရာမှာ သူ၏ စွန့်လွှတ်နိုင်စွမ်းပင်။ လူအများ တပ်မက်မောကြသည့် ရာထူးကြီးတွင် တတိယ သက်တမ်းကို ဆက်ယူပါရန် နိုင်ငံတကာ ခေါင်းဆောင်များက တောင်းတောင်းပန်ပန် တိုက်တွန်းနေသည့်ကြားမှပင် မယူဘဲ ပြတ်ပြတ်သားသား စွန့်ခွာခဲ့သည်။ နေရာကောင်းကောင်း ရလျက်သားနှင့် ထိုနေရာကို ခွာနိုင်ခြင်းသည် ထိုနေရာကို ရအောင် လုပ်နိုင်ခြင်းထက်ပင် ပိုခက်ခဲပြီး လူထက်လူ ပုဂ္ဂိုလ်တို့သာ စွမ်းနိုင်သည်။ ရယူခြင်းထက် စွန့်လွှတ်ခြင်းက ခက်ခဲသော်လည်း ဦးသန့်သည် စွန့်လွှတ်ခြင်းကိုပင် လွယ်သယောင် ပြုနိုင်သူ ဖြစ်သည်။ နောင်တက်သည့် ကုလအတွင်းရေးမှူးချုပ် အချို့၏ နောက်သက်တမ်း အရွေးခံရရေး ကြီးစွာသော လုံ့လပြုကြသည်နှင့် ယှဉ်ကြည့်လျှင် ဦးသန့်၏ စွန့်လွှတ်နိုင်ခြင်းသည် ပိုမိုပေါ်လွင်လာသည်။

ယနေ့အခါ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောဆိုရေး သားခွင့် ပြန်ရလာသလို ဦးသန့်အကြောင်း ကိုလည်း ပြန်လည် ဖော်ထုတ်လာကြသည်။ ဦးသန့်၏မြေး သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး မြန်မာနိုင်ငံသို့ ပြန်လာပြီး ပြုပြင်ပြောင်းလဲရေး ကာလတွင် အကြံဉာဏ်ပေး ပေါက်ရောက်ခြင်းသည်လည်း တိမ်မြုပ်နေသော အဘိုးဖြစ်သူ ဦးသန့် ပြန်လည် ရှင်သန်ရေး အားသစ်ပင် ဖြစ်သည်။ ဦးသန့် ပြတိုက်ကို ၂၀၁၄ ခုနှစ်တွင် ဖွင့်ရန် ကြိုးစားနေသည်။

တစ်ခေတ်တစ်ယောက်ပင် ပေါ်ရန် ခဲယဉ်းသည့် ဦးသန့်ကဲ့သို့ လူမျိုးအကြောင်း ကြားရသည်နှင့် မြန်မာ လူငယ်လူရွယ် လူလတ်တို့ အားကျရသည်၊ အားခွန်သစ်တို့ တိုးပွားရသည်။ ဦးသန့်၏ နည်းနာများအတိုင်း လုပ်နိုင်ကိုင်နိုင် အတုယူနိုင်လျှင် ကမ္ဘာ့စင်မြင့်သို့တိုင် ပေါက်ရောက်ပေလိမ့်မည်။ ဦးသန့်ကို ပြန်ဖော်ထုတ် နိုင်ခြင်းသည် မြန်မာနိုင်ငံတွင် ပူဇော်ထိုက်သူ ပူဇော်ဟူသော မင်္ဂလာ ပြန်လည် ခေါင်းထောင်ထလာခြင်းကိုလည်း ပြသည်။ ယခင်ကဆိုလျှင် ချွန်သူဆိုလျှင် အသာ မှတ်ထားပြီး ချောင်ထိုးသည့်ကာလမှ ယခုအခါ ချောင်ထိုးထားသူတို့ကိုပင် ဖုန်ခါကာ ရှေ့တန်းသို့ ပို့လာရပြီ။ ဘုရားကားအောက်၊ မျောက်ကားအထက် မဟုတ်တော့ဘဲ Meritocracy ခေါ် အရည်အချင်းအလိုက် ဝါဒ အညွန့်ပြန်လူလာသည့် ကာလဖြစ်သည့်အတွက် ယခင်က နေရာမရ ခဲ့သောသူတို့ နေရာပြန်ရလာသည်။

Globalization ခေါ် ကမ္ဘာပြုခြင်းဖြစ်စဉ် ခေတ်မစားခင် အချိန်ကတည်းက Global Leader ဖြစ်ခဲ့သည့် ဦးသန့်ထုံး နှလုံးမူကာ အားထုတ်လျှင် ကမ္ဘာ့ စင်မြင့်ထက်တွင် မြန်မာတို့ ပွဲလယ်တင့်လိမ့်မည် ဖြစ်သည်။

.. www.MyanmarExpress.net
 

ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စု အစိုးရအဖွဲ့ ဆပ်ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများအား တွေ့ဆုံအမှာစကား ပြောကြား

From : ..သမ္မတရုံး

နေပြည်တော် စက်တင်ဘာ ၂၇

ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုအစိုးရအဖွဲ့ ဆပ်ကော်မတီ (Cabinet Sub- Committee / Delivery Unit) အသီးသီးမှ ဥက္ကဋ္ဌများဖြစ်ကြသည့်  ဒုတိယ ဝန်ကြီးများအား ယနေ့နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတရုံး စီးပွားရေးရာကော်မတီ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယသမ္မတများ ဖြစ်ကြသော ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာ၌ ယနေ့အစည်းအဝေး သည် ရွေးချယ်ထားသည့် ဒုတိယ ဝန်ကြီး ၂၃ ဦးအား အသစ်ဖွဲ့စည်းမည့် Cabinet Sub- Committee / Delivery Unit  ၂၆ ခုတွင် အဖွဲ့ခေါင်းဆောင်များအဖြစ် တာဝန်ပေးအပ်မည့် အစည်းအဝေး ဖြစ်ပါကြောင်း။

ယင်းတာဝန်များကို မပေးအပ်မီ ယနေ့မိမိတို့အစိုးရအဖွဲ့ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်နေသည့် အုပ်ချုပ်ရေး ယန္တရား တစ်ရပ်လုံး၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက် များ၊ အစိုးရ၏ မူဝါဒများနှင့် လုပ်နည်းကိုင်နည်းများကို ရှင်းရှင်း လင်းလင်း သဘောပေါက် နားလည်ထားရန် အရေးကြီးပါကြောင်း။

မိမိတို့အစိုးရ၏ ရည်ရွယ်ချက်မှာ သန်း ၆ဝ သော ပြည်သူများ၏ တူညီသော ဆန္ဒဖြစ်ပြီး ယင်းဆန္ဒများ ပြည့်ဝအောင် ဆောင် ရွက်ပေးရေးသည် မိမိတို့အစိုးရ၏ ရည်မှန်းချက်ဖြစ် ပါကြောင်း၊ ပြည်သူများ၏ တူညီသောဆန္ဒမှာ အဓိကအားဖြင့် နှစ်ခုဖြစ်ပြီး တစ်ခုမှာ ပြည်သူများ အနေဖြင့် မိမိတို့နိုင်ငံကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးသည့် နိုင်ငံ ဖြစ်လိုကြ ပါကြောင်း၊ နောက် တစ်ခုမှာ အဘက်ဘက်မှ နောက်ကျကျန်နေသည့် လူမှုစီးပွား ဘဝ မြင့်မားတိုးတက် လိုကြပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ယင်းလိုအင်ဆန္ဒများကို အောင်မြင်အောင် ရည်မှန်းချက်ထားပြီး မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် မတည်မငြိမ်ရှိခဲ့သည့် နိုင်ငံရေးအဖွဲ့အစည်းများကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင်၊ အစိုးရ၏ နိုင်ငံရေး လုပ်ငန်းစဉ်တွင် နိုင်ငံသားအားလုံး ပါဝင် လာနိုင်ကြအောင်၊ နှစ် ၆ဝ ကျော် ကြာညောင်းခဲ့ပြီဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ စီးပွားရေးပြုပြင် ပြောင်း လဲမှု အပိုင်းတွင် ဆင်းရဲနွမ်းပါးမှုနှုန်း အများဆုံးဖြစ်နေသည့် ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝ တိုးတက်မြင့်မား လာအောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်နေသကဲ့သို့ တိုင်းပြည်၏ စီးပွားရေးကို ပြန်လည်ထူထောင်နိုင်ရန်အတွက် အရင်းအနှီးနှင့် နည်းပညာ များ ရရှိအောင် ပြည်တွင်း၊ ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း။

ဦးစားပေးလုပ်ငန်းအဖြစ် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများများ ရရှိနိုင်မည့် အလုပ်ရုံ၊ စက်ရုံများနှင့် လုပ်ငန်းများ၊ ပြည်တွင်းထွက်ကုန်များကို တန်ဖိုးမြှင့်တင် ပေးနိုင်မည့် အသေးစားနှင့် အလတ်စား SMEs လုပ်ငန်းများ၊ ကျေးလက်အထိ ဆက်သွယ် ရေး လွှမ်းခြုံနိုင်မည့် လုပ်ငန်းများကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက် နေပါကြောင်း။

အုပ်ချုပ်ရေးအပိုင်းတွင်လည်း ဗဟိုက ဦးစီးချုပ်ကိုင်သည့် အုပ်ချုပ်ရေးစနစ်အစား ပြည်သူကို ဗဟိုပြုသည့် ပြည်သူ့အုပ်ချုပ်ရေး စနစ်ကို အကောင်အထည် ဖော်နိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်နေပါကြောင်း။

ယင်းပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို ကုန်လွန်ခဲ့သည့် လပေါင်း ၃ဝ တွင် မိမိတို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒီမိုကရေစီ အတွေ့အကြုံ၊ ဒီမိုကရေစီ အလေ့အကျင့် နည်းပါး ကြသေးသည့်အတွက် တစ်ချို့လုပ်ငန်းများကို အောင်အောင်မြင်မြင် ဆောင် ရွက် နိုင်ခဲ့သည်များ ရှိသကဲ့သို့ အချို့လုပ်ငန်းများတွင် အားနည်းချို့ယွင်းချက်များလည်း ရှိခဲ့ပါကြောင်း၊ ပြုပြင်ပြောင်းလဲစ နိုင်ငံတိုင်းတွင် တွေ့ကြုံရစမြဲဖြစ်သည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း။
       
ယင်းအတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာ ရယူပြီး ကျန်ရှိ သည့် လပေါင်း ၃ဝ အတွင်း တိုင်းပြည် နှင့်လူမျိုးအတွက် စိတ်စေတနာ မှန်ကန်စွာထားပြီး မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် မည်ကဲ့သို့ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ကြ မည် ဆိုသည်ကို ပြီးခဲ့သည့် သြဂုတ် ၉ ရက်က ကျင်းပခဲ့သည့် အစည်းအဝေးတွင် ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း။
       
ယင်းအစည်းအဝေးတွင် ကျန်သည့် လ ၃ဝ အတွင်း ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်း များနှင့် စပ်လျဉ်းပြီး လုပ်ငန်း ကဏ္ဍအလိုက် လက်တွေ့အောင်မြင် ပြီးမြောက်သည်အထိ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည့် Delivery Unit / Taskforce များဖြင့် မြေပြင် ကွင်းဆင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ထည့်သွင်း ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း။
       
ဒုတိယသမ္မတ၊ ဝန်ကြီးများ ဦးဆောင်သည့် Cabinet Committee များ၏ အောက်တွင် Cabinet  Sub- committee / Delivery Unit ၂၆ ခု ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခု တွေ့ဆုံသည့် ဒုတိယဝန်ကြီး များသည် ယင်းဆပ်ကော်မတီများ၏ အဖွဲ့ခေါင်းဆောင်၊ ဥက္ကဋ္ဌများဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတ၏ အထူးတာဝန်ပေး Taskforce  လက်ရုံးများအဖြစ် ယုံကြည်အားကိုးစွာ တာဝန်ပေးအပ်လိုသည့်အတွက် ယခုကဲ့သို့ တွေ့ဆုံခြင်း ဖြစ်ပါကြောင်း။
         
မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ကို ခေတ်သစ်၊ စနစ်သစ် ဒီမိုကရေစီနိုင်ငံအဖြစ် ပြုပြင် ပြောင်းလဲပေးရသည့် တာဝန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အခြေခံ အုတ်မြစ်ချပေးရသည့် တာဝန်နှစ်ရပ်ကို ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုကို ကမ္ဘာက အသိ အမှတ်ပြုသည်အထိ သိသိသာသာ ပြောင်းလဲပေးနိုင်ခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွား တိုးတက်အောင် ဆောင်ရွက်သည့် အပိုင်းတွင်မူ အရင်းအနှီး၊ နည်းပညာ ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည် များ များစွာ လိုအပ်ခြင်းကြောင့် စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ အခြေခံမူဘောင် (Framework for Ecomonic and Social Reforms - FESR) နှင့်အညီ ကြိုးပမ်းဆောင်ရွက်နေ သော်လည်း အချို့ကဏ္ဍများတွင် သိသိသာသာ တိုးတက်သော်ငြား အချို့ကဏ္ဍများကိုမူ ဆက်လက် ကြိုးပမ်းဆောင်ရွက်ရအုံးမည့် အနေအထား ရှိနေပါကြောင်း။
         
ဤနေရာတွင် မိမိတို့အစိုးရယန္တရား၏ စွမ်းဆောင်ရည်နှင့် ပုဂ္ဂလိကကဏ္ဍ၏ စွမ်းဆောင်ရည်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အဓိက ကျသည့်အတွက် ကောင်းမွန်သော အုပ်ချုပ်မှု စနစ်ရှိသည့် သန့်ရှင်းသောအစိုးရ ယန္တရားဖြစ်အောင် ပြုပြင်ပြောင်းလဲနေ သကဲ့သို့ လူမှု အဖွဲ့အစည်းများ အပါအဝင် ပုဂ္ဂလိကကဏ္ဍ အားကောင်းပြီး စွမ်းအားမြင့်မားလာအောင် အားပေး မြှင့်တင်ရေး မူဝါဒကို ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက် ရာတွင် အစိုးရပိုင်းက ဦးဆောင်ပြီး ပုဂ္ဂလိကကဏ္ဍ လူမှု အဖွဲ့အစည်းများနှင့် နီးကပ်စွာ ညှိနှိုင်းပူးပေါင်းကာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  ပြည်သူတို့၏ လူမှုစီးပွား လိုအပ်ချက်များကို လက်တွေ့အကောင်အထည်ဖော် နိုင်ရေးအတွက် ယခုကဲ့သို့ ဒုတိယဝန်ကြီးများနှင့် ဌာနစုံ ပါဝင်သောအဖွဲ့က မြေပြင်တွင် အချိန်ပေးညှိနှိုင်း ဖြေရှင်းဆောင်ရွက်ရန် စီစဉ်ခြင်း ဖြစ်ပါကြောင်း။
       
ပြည်ထောင်စုဝန်ကြီးများနှင့် ဌာနအသီးသီးသည် မူလပုံမှန် တာဝန်များနှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ပြင်ဆင်ပြောင်းလဲရသည့် လုပ်ငန်းတာဝန်များကြောင့် သီးခြားကွင်းဆင်းရန် အချိန်မပေးနိုင်ခြင်း၊ အချိန်ပေးပါကလည်း တစ်ရက်နှစ်ရက်အပြင် ပို၍ အောက်ခြေတွင် ထိတွေ့ဆောင်ရွက်နိုင်သည့် အခြေအနေ မပေးခြင်း၊ အစိုးရ၏ ရုံးလုပ်ငန်း စနစ် များကို ခေတ်နှင့်အညီ လျင်မြန်သွက်လက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများ၏ Mind Set နှင့် လုပ်နည်း လုပ်ဟန်များကို အချိန်ယူပြီး ပြုပြင်ပြောင်းလဲရန် လိုအပ်ခြင်းတို့ကြောင့် ဒုတိယဝန်ကြီးများကို Delivery Unit / Taskforce အဖြစ် မူလသမားရိုးကျ လုပ်နည်းလုပ်ဟန်မှ ခွဲထွက်ပြီး ပိုမို၍ အကျိုးရှိ ထိရောက်အောင် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဦးတည်တာဝန်ပေးခြင်း ဖြစ်ပါကြောင်း။
       
ထို့ကြောင့် ဒုတိယဝန်ကြီးများ အနေဖြင့် မိမိတို့လုပ်နေကျ ရုံးလုပ်ငန်း သမားရိုးကျပုံစံအစား သွက်သွက်လက်လက်၊ ထက်ထက်မြက်မြက် တီထွင်ကြံဆ၊ တွေးခေါ်မြော်မြင်ပြီး လုပ်ငန်း ကဏ္ဍအလိုက် သိသိသာသာ တိုးတက်အောင် ပုဂ္ဂလိက အသင်းအဖွဲ့များ၊ လူမှုအဖွဲ့ အစည်းများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ Delivery Unit / Taskforce များနှင့် မြေပြင်ကွင်းဆင်းထိတွေ့ကာ ရလဒ်ကောင်း ရရှိမည့် နည်းလမ်းနှင့် အစီအမံများကို ဆောင်ရွက်ကြရန် အလေးထားတိုက်တွန်း မှာကြားလိုပါကြောင်း။
       
Delivery Unit / Taskforce များကို အစိုးရအဖွဲ့ ဆပ်ကော်မတီတာဝန်ကိုပါ ပေးအပ် ရခြင်းမှာ လွှတ်တော်ကော်မတီ အသီးသီးက ဆိုင်ရာကဏ္ဍအလိုက် ဥပဒေပြုစုခြင်းနှင့် အစိုးရဌာနများ၏ လုပ်ငန်းကဏ္ဍများ ဆွေးနွေးညှိနှိုင်းခြင်းတို့ ပြုလုပ် ရာတွင် ဌာနကိုယ်စားလှယ် အချို့သာ သွားရောက်ဆွေးနွေးခဲ့ပြီး ပြန်လည်တင်ပြ အကောင်အထည် ဖော်မှု အပိုင်းတွင် အားနည်းလျက် ရှိသည့်အတွက် လွှတ်တော်ကော်မတီများက ဆွေးနွေးရန် ဖိတ်ကြားသည့်အခါတွင် ကဏ္ဍအလိုက် ဌာနစုံ ပါဝင်သည့် အစိုးရအဖွဲ့ ဆပ်ကော်မတီများက အဖွဲ့စနစ်ဖြင့် သွားရောက်တွေ့ဆုံခြင်းအားဖြင့်  အစိုးရနှင့် လွှတ်တော် ဆက်ဆံ ဆောင်ရွက်မှု ပိုမိုအဆင်ပြေ ချောမွေ့စေရန်လည်း ရည်ရွယ်ခြင်း ဖြစ်ပါကြောင်း။
       
လွှတ်တော်ကော်မတီများနှင့် ဆွေးနွေးပြီးသည့်အခါတွင် ပြည်ထောင်စုဝန်ကြီးများ ပါဝင် ဖွဲ့စည်းထားသည့် အစိုးရ အဖွဲ့ ကော်မတီများထံသို့ ပြန်လည်တင်ပြဆွေးနွေးခြင်းအားဖြင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်း များ ပိုမိုပီပြင်သွက်လက် လာမည် ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့ ဆပ်ကော်မတီများ အနေဖြင့် အစိုးရအဖွဲ့ တာဝန် ထမ်းဆောင်ရန် ကျန်ရှိသည့် လ ၃ဝ အတွင်း လုပ်ငန်းကဏ္ဍအလိုက် သိသာထင်ရှားသည့် တိုးတက်မှု အကျိုးရလဒ် (Result-Based Performance) များရရှိအောင် ကြိုးပမ်း ဆောင်ရွက်ပေးကြရန်နှင့် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့နေသည့် လုပ်ငန်းကဏ္ဍ များတွင် ပြည်သူများ၏ လူမှုစီးပွား တိုးတက်ရေးကို အဟန့်အတား၊ အခက်အခဲ ဖြစ်နေသည့် ပြဿနာရပ်များကို ညှိနှိုင်းဖြေရှင်းပေးရန် အလေးအနက် မှာကြားလို ပါကြောင်း။
       
ယခုဆိုလျင် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ ဖွဲ့စည်းပေးထားပြီး လုပ်ငန်းကဏ္ဍ အလိုက် ပေါင်းစပ်ညှိနှိုင်းရေး တာဝန်များကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး များအား တာဝန်ပေးအပ်ထားပြီး ဖြစ်သည့်အတွက် အစိုးရအဖွဲ့ ဆပ်ကော်မတီများ အနေဖြင့် အစိုးရအဖွဲ့ ကော်မတီ၊ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အသိပေးတင်ပြတိုင်း ပေါင်းစပ် ညှိနှိုင်းရေး တာဝန်ခံ ဝန်ကြီးများထံသို့လည်း အမြဲသတင်းပို့ တင်ပြခြင်းဖြင့် နိုင်ငံတော်သမ္မတ အနေဖြင့် ချက်ချင်းလမ်းညွှန်စရာ ရှိသည်ကို လမ်းညွှန်ဆောင်ရွက် ပေးသွားနိုင်မည် ဖြစ်ပါကြောင်း၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပြီး၍ အတည်ပြု ထုတ်ပြန်ရန် ရှိသည့် အချို့ကိစ္စရပ်များကိုလည်း အများပြည်သူ သိရှိအောင် ထုတ်ပြန်ကြေညာ ပေးသွားရန် မှာကြားလိုပါကြောင်း။
       
နိဂုံးချုပ်အားဖြင့် ယခုကဲ့သို့ ဒုတိယဝန်ကြီးများကို အထူးတာဝန်များ ပေးအပ်ပြီး လွှတ်တော် နှင့် အစိုးရအကြား၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများ အကြား၊ ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ ပုဂ္ဂလိက အသင်းအဖွဲ့များ၊ လူမှုအဖွဲ့အစည်း များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အကြားတွင် အဓိကနေရာမှ ပင်တိုင်ဦးဆောင် လှုပ်ရှား၊ ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်သည့်အတွက် မိမိကိုယ်တိုင်နှင့် မိမိအဖွဲ့ဝင် ဌာနဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ဘာသာရပ် ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည် ပြည့်ဝမှုရှိအောင် လေ့လာကြိုးပမ်း ဆောင်ရွက်ကြရန်၊ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်မှု ပြုရာတွင် ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ပြီး မိမိတို့ကြောင့် အစိုးရတစ်ဖွဲ့လုံး ဂုဏ်သိက္ခာ မထိခိုက်စေဘဲ မိမိတို့ အစိုးရတစ်ဖွဲ့လုံးအပေါ် ပြည်သူက ယုံကြည်အားကိုးလာအောင် ဆောင်ရွက်ကြရန်၊ မိမိတို့ ဆောင်ရွက်ကြမည့် လုပ်ငန်းကဏ္ဍများအလိုက် လ ၃ဝ အတွင်း ဦးစားပေး ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများသည် မိမိတို့ဝန်ကြီးဌာန များအတွက် သာမက မိမိနိုင်ငံ၊ မိမိတို့ပြည်သူအတွက် ဖြစ်သည်ဟူသော စိတ်စေတနာဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင် ရွက်ကြရန်၊ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ကြရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများသည် မြေပြင် တွင် လက်တွေ့ အကောင်အထည်ဖော်ရန် အခက်အခဲ ရှိနေပါက ပြန်လည်တင်ပြပြီး ခေတ်စနစ်နှင့် ဆီလျော်၍ မြေပြင်တွင် လက်တွေ့ ကျင့်သုံးနိုင်မည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရန် လိုအပ်ပါက ပြန်လည် တင်ပြဆောင်ရွက် ကြရန်၊ မိမိတို့ ကွင်းဆင်းဆောင်ရွက်ရသည့် ကိစ္စရပ်များသည် တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများကြောင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်များနှင့် အမိန့် ညွှန်ကြားချက် အဟောင်းများကြောင့် အတားအဆီး၊ အခက်အခဲ ဖြစ်နေပါက သက်ဆိုင်ရာ အစိုးရအဖွဲ့ ကော်မတီသို့ ချက်ချင်းတင်ပြပြီး လျင်မြန်စွာ ဖြေရှင်း ဆောင်ရွက်သွားကြရန်၊ မိမိတို့ ဆောင်ရွက်သမျှသည် ပြည်သူများ၏ လူမှုစီးပွားရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒများကို အလေး ထား ဆောင်ရွက်သည့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဖြစ်သည့် အားလျော်စွာ ပြည်သူများ၏ အကြံပြု ချက်များကိုလည်း အလေးထားလက်ခံပြီး ဖြေရှင်းဆောင်ရွက် ပေးကြရန်၊ ဌာနဆိုင်ရာ အချို့တွင် အမိန့်ရမှ လုပ်တတ်သည့် အခြေအနေမှ အောက်ခြေတွင် ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည်များကို ဥပဒေနှင့်အညီ တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ရဲရဲဝံ့ဝံ့ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းကို အစိုးရယန္တရား၊ ဌာနဆိုင်ရာများအကြား အစိုးရအဖွဲ့ ဆပ်ကော်မတီ များက နိုင်ငံတော် သမ္မတ၏ တိုက်ရိုက်အထူး တာဝန်ပေးအပ်သည့် အဖွဲ့များ ပီပီ စံနမူနာပြ ဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် မှာကြားသည်။
       
ပြည်ထောင်စုအစိုးရ ဆပ်ကော်မတီများအဖြစ် နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာ ဆပ်ကော်မတီ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ၊ ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ၊ လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍ ဆပ်ကော်မတီ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ဆပ်ကော်မတီ၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ စီးပွားရေး ပူးပေါင်းညှိနှိုင်းရေး ဆပ်ကော်မတီ၊ အခွန်အကောက်ဆိုင်ရာ ဆပ်ကော်မတီ၊ စွမ်းအင်သယံ ဇာတနှင့် ဓာတ်သတ္တုဆိုင်ရာ ဆပ်ကော်မတီ၊ စီမံကိန်း နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆပ် ကော်မတီ၊  အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ ဆပ်ကော်မတီ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ဆပ်ကော်မတီ၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးရေး ဆပ် ကော်မတီ၊ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေး ရာ ဆပ်ကော်မတီ၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဆပ်ကော်မတီ၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဆပ်ကော်မတီ၊ ဥပဒေကြမ်းဆိုင်ရာ ဆပ်ကော်မတီ၊ နိုင်ငံသားများ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆပ်ကော်မတီ၊ ကာကွယ်ရေးဆိုင်ရာ ဆပ်ကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဆပ်ကော်မတီ၊ တိုင်းရင်းသားရေးရာ ဆပ်ကော် မတီ၊ အလုပ်သမားရေးရာ နှင့် တောင်သူလယ်သမားရေးရာ ဆပ်ကော်မတီ၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ဆပ်ကော်မတီ၊ မြေအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှု ဆပ်ကော်မတီ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆပ်ကော်မတီဟူ၍ ဆပ်ကော်မတီ ၂၆ ခုကို ဖွဲ့စည်း ထားရှိကြောင်း သိရှိရသည်။


.. www.MyanmarExpress.net
 

ရှိုင်းကုမ္ပဏီ ပိုင်ရှင် ဦးနုရ်အာလောမ် ၏ အခွန်ရှောင်မှုအကြောင်း (အိပ်ဖွင့်ပေးစာ)

From : ရှင်ဥတ္တမ
အလိုတော်ပြည့် ကျောင်းတိုက်


Eleven မှာ ရေးထားတဲ့ နာမည်ကြီး မွတ်ဆလင် သူဌေးတွေ အခွန်ရှောင်တဲ့အကြောင်း ဖတ်လိုက်ရလို့  သိထားတာလေးတွေ ရေးလိုက်ပါတယ်။ ဦးဇင်းက ရခိုင်ကပြည်ကနေ ရန်ကုန်ကို ပြောင်းလာတဲ့ သံဃာတစ်ပါးပါ။ ရခိုင်မှာနေ ကတည်းက ရှိုင်းကုမ္ပဏီပိုင် ဦးအောင်ဇော်ဝင်း တို့အကြောင်း သိပါတယ်။ ဦးဇင်းတင်မဟုတ်ဘူး ဘူးသီးတောင်၊ မောင်းတောတစ်ဝိုက်က လူအားလုံး သိပါတယ်။ ဦးအောင်ဇော်ဝင်း တို့ မောင်နှမ အားလုံးက ဘင်္ဂလီ မွတ်ဆလင်တွေပါ။ ဦးအောင်ဇော်ဝင်းရဲ့ ကုလားနာမည်တွေက ဦးနုရ်အာလောမ်၊ ဦးဇော်ကိရ်အာမက် ဆိုပြီး ခေါ်ကြပါတယ်။ မောင်းတောက ငါးခူရ ရွာကနေ ရန်ကုန်ရောက်သွားပြီး ဒဂုံ ယောမင်းကြီးလမ်းက သမ္မတကွန်ဒိုမှာ ချမ်းသာနေပါတယ်။ ရှိုင်း ကုမ္ပဏီဆိုရင် ရန်ကုန်မှာ မသိတဲ့လူမရှိပါဘူး။ အခုဆိုရင် ရှိုင်းကုမ္ပဏီရဲ့  ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးအနေနဲ့ ရှိနေပြီး ညီဖြစ်သူ ဦးမျိုးကိုကိုဝင်းကို မန်နေဂျင်း ဒါရိုက်တာ ၊ ညီမဖြစ်သူ ဒေါ်မျိုးဝင်း ကို ဒါရိုက်တာ၊ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဦး ကို ဒါရိုက်တာ လုပ်ခိုင်းထားပါတယ်။ ရှိုင်းကုမ္ပဏီ ရုံးခန်းကို မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလ မှာ ဖွင့်ထားပြီး ဝန်ထမ်း ၃၀၀ ကျော်လောက် ရှိမယ်ထင်ပါတယ်။ 

ဦးအောင်ဇော်ဝင်း ဟာ ငယ်ငယ်ကတည်းက အစိုးရနဲ့ နီးစပ်အောင် ပေါင်းပြီး အမျိုးသား မှတ်ပုံတင်ရအောင် လုပ်ခဲ့လို့ အခုဆိုရင် ကြံ့ဖွတ် ပါတီက မောင်းတောမြို့ လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် အမတ်ကြီးတောင် ဖြစ်နေပါပြီ။  ရှိုင်းကုမ္ပဏီ ဖွင့်ပြီးချိန်မှာလည်း အစိုးရနဲ့ နီးစပ်အောင်ပေါင်းပြီး ပြည်ထဲရေး၊ စက်မှု(၁) နဲ့ ဟိုတယ်/ခရီး ဝန်ကြီးဌာနက အဆောက်အအုံတွေ၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး ပြင်တာတွေကို ဝင်လုပ်ခဲ့ပါတယ်။ ရှိုင်းကုမ္ပဏီဟာ မင်္ဂလာတောင်ညွန့် ၅၁ လမ်းမှာ ၆ ထပ်တိုက် တစ်လုံး၊ ၁၀၁ လမ်းမှာ ၈ ထပ်တိုက်၊ တာမွေ ၁၃၉ လမ်းမှာ ၅ ထပ်တိုက်၊ ကမာရွတ် မြဇေယျာလမ်းမှာ ၈ ထပ်တိုက်၊ စေတနာသုခလမ်းမှာ ၈ ထပ်တိုက်၊ သင်္ဃန်းကျွန်း ကန်တော်လမ်းမှာ ၆ ထပ်တိုက်၊ လှိုင်မြို့နယ် သီရိလမ်းမှာ ၆ ထပ်တိုက်၊ မာလာမြိုင်လမ်းသွယ် ၄ မှာ ၆ ထပ်တိုက်၊ ကြည့်မြင်တိုင် ထီးတန်းလမ်း မှာ ၆ ထပ်တိုက် တွေကို ဆောက်လုပ်ရောင်းချခဲ့ပေမယ့် ၂၀၀၉၊ ၂၀၁၀၊ နဲ့ ၂၀၁၁ အတွက် အခွန် တစ်ကျပ်မှ မဆောင်ခဲ့ဘူးလို့ အခွန်ရုံးက တကာတစ်ယောက်က ပြောပါတယ်။ ပြီးရင် ရှိုင်း ကုမ္ပဏီက ဗီယက်နမ်နိုင်ငံက အိမ်ဆောက်ပစ္စည်းနဲ့ အလှဆင်ပစ္စည်းတွေကို တစ်ဦးတည်း တင်သွင်းခွင့် ယူထားပါတယ်။ ဒါပေမယ့် နှစ်စဉ် အခွန်ရှောင်ပြီး ကုန်သွယ်ခွန် ခုချိန်ထိ တစ်ပြားတစ်ချပ် မှ မပေးဘူးလို့ သိရပါတယ်။ အဲဒါတွေကို စုံစမ်းဖော်ထုတ်ပြီး အရေးယူပေးဖို့ MyanmarExpress.net မှ တဆင့် တောင်းဆိုပါတယ်။



အမှတ်(၈)၊ မြဇေယျာလမ်း၊ (၃)ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဦးသန်းထွဋ်ပိုင်မြေကွက်၌ ၂၀၁၃ ခုနှစ်တွင် ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်ဆဲဖြစ်သော                         (၈)ထပ်အဆောက်အဦအားတွေ့ရပုံ

ဦးအောင်ဇော်ဝင်းဟာ မောင်းတောနဲ့ ရန်ကုန်ကို အသွားအပြန်လုပ်နေတာပါ။ ရန်ကုန်မှာ ရှာလို့ရသမျှကို မောင်းတောနဲ့ ရခိုင်ပြည်နယ်တွင်းမှာ အစ္စလာမ်ဘာသာ ပြန့်ပွားရေးနဲ့ ဘင်္ဂါလီကူညီရေး လုပ်ငန်းတွေကို လုပ်နေပါတယ်။ ဒါကြောင့် သူတို့ဆီက ဆောက်လုပ်ရေးပစ္စည်းဝယ်တဲ့လူတွေ၊ သူတို့ကို ဆောက်ခိုင်းသူအားလုံးဟာ အစ္စလာမ်ဘာသာ ပြန့်ပွားရေးအတွက် တဖက်လက်နဲ့ ကူညီနေတာပဲဖြစ်ပါတယ်။ အစ္စလာမ်ဘာသာတွေ ပြည့်နှပ် ပြန့်ပွားလာတာနဲ့ ဗုဒ္ဓဘာသာလည်း အလိုလို နေရာဖယ်ပေးရတာ ဦးအောင်ဇော်ဝင်း နေခဲ့တဲ့ မောင်းတောက သက်သေပါ။ မြို့လယ်မှာ ဗလီတွေ ပြည့်နေပြီး ဘုန်းကြီးကျောင်းတွေ၊ ဗုဒ္ဓဘာသာ စေတီတွေက မြို့ပြင်မှာပဲ ရှိပါတော့တယ်။ အခုဆိုရင် မောင်းတော တင်မဟုတ်တော့ပါဘူး။ မြန်မာနိုင်ငံ အနှံ့အပြားက မြို့တိုင်းနီးပါးမှာ မြို့လယ် နာရီးစဉ်အနား၊ ဈေးနား တွေမှာ ဗလီတွေ နေရာယူနေတာ အားလုံးအမြင်ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင် ကြီးထွားလာတာတာနဲ့အမျှ ဗုဒ္ဓဘာသာ နဲ့ တခြားဘာသာဝင်တွေ တိမ်ကောဖို့ လမ်းစဖြစ်ပါတယ်။ ဒီကနေ့ အစ္စလာမ်ဘာသာ ကြိးဆိုးနေတဲ့ နိုင်ငံတွေမှာ နေ့စဉ်နဲ့အမျှ ဗုံးခွဲလို့ သေဆုံးနေတဲ့ အနိဌာရုံတွေကို မြင်ရမှာပါ။ ထိုင်းတောင်ပိုင်းမှာဆိုရင် အစ္စလာမ်ဘာသာဝင်တွေက ပစ်သတ်လို့ ဗုဒ္ဓဘာသာဘုန်းကြီးတွေ ဆွမ်းတောင် ထွက်မခံရဲတော့ပါဘူး။ တနေ့ကျရင် မြန်မာအနောက်ပိုင်းလည်း ဒီလိုပဲဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အစ္စလာမ်ဘာသာ ပြန့်ပွားရေးအတွက် အဓိက ဒေါက်တိုင် ခရိုနီ သူဌေးတွေကို အစိုးရဖက်ကလည်း ဥပဒေအရ တိတိကျကျ အခွန်ကောက်သင့်ပြီး ပြည်သူလူထုတစ်ရပ်လုံးကလည်း ဝယ်ယူအားပေးခြင်းမလုပ်ပဲ အသံတိတ်ဆန္ဒပြဖို့ လိုပြီဖြစ်ကြောင်း ဗုဒ္ဓသာသနာ ထာဝရတည်တံ့စေရေးအတွက် အကျိုးမြှော် နှိုးစော်လိုက်ရပါတယ်။ 

ဆက်လက် ဖတ်ရှုရန်.. မွတ်ဆလင် ပိုင် နိုင်ဂရု နဲ့ ချယ်ရီဦး တို့ အခွန်ပေးဆောင်မှု ထိပ်ဆုံး ၅၀၀ စာရင်းထဲ ဘာကြောင့်မပါရတာလဲ http://www.myanmarexpress.net/2013/09/blog-post_27.html

.. www.MyanmarExpress.net
 

ဒါယိကာမကြီး ဒေါ်စု သို့ ပေးစာ

From : ..Ashin Nanissara


ဒါယိကာမကြီး ဒေါ်စုရေ ... ဒါယိကာမကြီးက ဒီတိုင်းပြည်က လူကြီးပိုင်းဆိုတော့လည်း ဒီတိုင်းပြည်ရဲ့ ပြည်သူ့အသံကိုတော့ အထူးနားထောင်ပါ ... အခု တိုင်းပြည်မှာ ဒါယိကာမကြီးနဲ့ စပ်လို့ ပွက်လောညံနေပါတယ်။ တစ်ခါခါမှာ တော့ ပုထုဇဥင်္ဆိုတာ မာနကြီးတတ်လွန်းပါတယ်။ တစ်ချို့က မှားနေလျက်နဲ့ အမှားကို ဆုပ်ကိုင်ပြီး မာနတွေကြီးနေတယ်။ တစ်ခါခါမှာတော့ မှန်ပါရဲ့... ဒါပေမယ့် လူအများလက်ခံလောက်အောင် ... ချပြဖို့ ရှင်းပြဖို့ တာဝန်ကို ဥပေက္ခာပြုထားပြီးတော့ ... ငါမှန်တာပဲ ဘယ်သူ့ဂရုစိုက်ရမှာလဲလို့ဆိုတဲ့ မာန်ကြီးကို ဆုပ်ကိုင်ထားတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ... မာနဆိုမှတော့ အကုသိုလ်ပါပဲ။ မကောင်းကျိုးကို ပေးမှာပါပဲ။ အထူသဖြင့်တော့ အခု ဖြစ်နေတာတွေအပေါ်ဒါယိကာမကြီး တစ်ခုခု ရှင်းလင်းသင့်တယ်လို့ထင်ပါတယ်....။ (( ကိုယ့်အတွက်မဟုတ်တောင် တိုင်းပြည်အတွက် လူမျိုးအတွက် သာသနာအတွက်ပေါ့ )) မွတ်ဆလင်နဲ့ ကိစ္စမှာ ဒါယိကာမကြီးပြောခဲ့တဲ့ တစ်ချို့ စကားတွေဟာ လူတွေရဲ့ ထိုးနက်စရာဖြစ်နေပါတယ်။ အဲ့ဒီကိစ္စတွေကို ဒီအတိုင်းပဲ ထားတော့မလား။ ဒါယိကာမကြီး ပြောပြောနေတဲ့ တရားမျှတမှုဆိုတဲ့ စကားတွေ အလုပ်တွေဟာ မိမိတစ်ဦးအတွက်လက်ကိုင်ပြုထားသင့်တာမှန်ပေမယ့် တစ်ခါခါ လူမျိုးများစွာ လူပေါင်းများစွာ ကြားမှာ စကားအားဖြင့် ချပြဖို့ ခက်ခဲတယ်လို့ ထင်ပါတယ်။ ပါကစ္စတန်ရဲ့ နောက်ခံသမိုင်း ... အာဖဂန်နစ္စတန်ရဲ့ နောက်ခံသမိုင်းကို မြန်မာရော ကမ္ဘာကပါ ကောင်းကောင်းကြီး သိနေတယ် ဒါယိကာမကြီးရေ။ ဒီတော့လေ ... တစ်ထွာတစ်မိုက်ဥာဏ်နဲ့ ဆရာလိုက်လုပ်တယ်ပြောပြော မွတ်ဆလင်မြန်မာအရေးမှာ တရားမျှတမှုတွေ အော်တာထက် ... ကမ္ဘာမှ သူတို့နဲ့ပတ်သက်လို့ ဘယ်လိုကိုင်တွယ်နေသလဲ ဆိုတဲ့ လုပ်ထုံးလုပ်နည်းကိုတော့ ... အလေးထားဖို့ လိုတယ်လို့ ထင်ပါတယ်။ဒါယိကာမကြီး ကျန်းမာပါစေ ...

 .. www.MyanmarExpress.net