Subscribe to our RSS Feed

ထိုင်းငါးခိုးလှေအား တပ်မတော်(ရေ) စစ်ရေယာဉ်မှ ဖမ်းမိဖြစ်စဉ်အကျဉ်း

From : ..Myanmar Navy


တနသာင်္ရီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၅၇) ရေတပ်အခြေစိုက်စခန်း (ဇာဒက်ကြီး) ကွပ်ကဲမှုအောက်ရှိ စစ်ရေယာဉ်မှူး ဗိုလ်မှူးဇော်ဇော်ကျော် ဦးစီး ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၂၆) သည် စက်တင်ဘာ (၂၁) ရက်နေ့ ၀၂၃၀ အချိန်ခန့်တွင် မြန်မာ့ရေပိုင်နက်အတွင်း ငါးခိုးဝင်ဖမ်းသော ယိုးဒယားငါးခိုးဝါးလတ် ယာနားသံသီးပါ ၀ဲဘက်အစီး လက်ကူးလှေအား တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်နေသော USAGI နှင့် PABUK မုတ်သုန်မုန်တိုင်း သတိပေးချက်များ အမြင့်ဆုံးထုတ်ပြန်ထားချိန် (လှိုင်းအမြင့် ၂ မက် မှ ၃ မက်ကျော်) ကြေညာထားသည့် ရာသီဥတု လှိုင်းလေပြင်းထန်ပြီး မိုးသက်မုန်တိုင်းများ သည်းထန်စွာ ကျရောက်နေချိန်တွင် နှစ်ဘက်အပြန်အလည် ထိတွေ့ပစ်ခတ်မှုများအကြားမှ စစ်ရေယာဉ်၊ လူ၊ လက်နက် အထိအခိုက် အကျအဆုံး၊ အပျက်အစီးမရှိဘဲ မြန်မာ့ရေပိုင်နက်အတွင်းသို့ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ယိုးဒယားငါးခိုးဝါးလတ် လက်ကူးလှေအား တရားခံမဲ့ဖမ်းဆီးရမိခဲ့။

အဆိုပါ ယိုးဒယားငါးခိုးလှေပေါ်မှ လှေသား (၁၄) ဦးမှာ ရေထဲသို့ခုန်ချထွက်ပြေးခဲ့ရာ ယိုဒယားနယ်နမိတ်အနီး အရောက်တွင် ယိုဒယားစစ်ရေယာဉ်မှ လာရောက်ကယ်ဆယ်သွားကြောင်း သိရသည်။ ဖမ်းမိခိုးလှေနှင့်အတူ US Rifle, Cal .30 M1 အမျိုးအစား သေနတ် (၁)လက်၊ ၀.၃၀ လက်မ ကျည် (၈) တောင့်ပါ ကျည်ကဒ် ၂၈ ခုနှင့် ၀.၃၀ လက်မ ကျည် စုစုပေါင်း (၂၂၀)တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။

ယခုအချိန်တွင် စစ်ရေယာဉ် (၄၂၆) သည် ဇာဒက်ကြီးစခန်းအတွင်း ပြန်လည်ရောက်ရှိ အခြေပြုကာ ကြံ့ခိုင်မှုများပြုလုပ်လျက်ရှိနေပါသည်။ ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၂၆) မှ ဖမ်းဆီးရမိခဲ့သော တရားမ၀င် ငါးခိုးဝါးလတ်လှေသည် ကော့သောင်းမြို့နယ် ဆလုံကျွန်းအနောက်ဘက် ရေတိမ်ကုန်းနေရာများ၊ ဇာဒက်ကြီးကျွန်း အရှေ့ဘက်ရေပြင်နှင့် ယိုးဒယားရေစပ်မျဉ်းတစ်လျှောက်၊ ငှက်သိုက်ကျွန်းနှင့် ကြက်မောက်ကျွန်း ၀န်းကျင်နေရာများသို့ အုပ်စုလိုက် အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းလေ့ရှိပြီး ဒေသခံမြန်မာပိုက်လှေငယ်များ၊ မြန်မာငါးဖမ်းလှေငယ်များ၊ ငါးမြှုန်းလှေငယ်များအား မကြာခဏ ဆိုသလို လက်နက်ဖြင့် ပစ်ခတ်ခြိမ်းခြောက် အနိုင်ကျင့်နေသည့် ယိုးဒယားနိုင်ငံ ရနောင်းခရိုင်မှ လိုင်စင်မဲ့ ငါးခိုးလှေများအုပ်စုအနက်မှ (၁)စီးဖြစ်ကြောင်း သတင်းရရှိပါသည်။

Photo: ထိုင်းငါးခိုး ပုံစံတူလှေများ။

မှတ်ချက်။ News of Myeik တွင် ဖော်ပြခဲ့သော သတင်းဖြစ်ပြီး ဆီလျော်အောင် အနည်းငယ် ပြင်ဆင်ရေးသားပါသည်။


.. www.MyanmarExpress.net
 

3 comments:

ခိုး စား နေ တာ ကြာ လှ ပေါ့ ကွယ်

ထိုင်းး တ ရုတ် သူ ခိုး ကြိး တွေ ပါ Pku

1-GOOD JOB DONE BY OUR MYANMAR NAVY.
2-WE NEED WELL EQUIP NAVY.
3-NEED MORE NAVAL SHIPS TO PROTECT ALL ILLEGAL LANDING OF BOAT PEOPLE ALONG OUR COAST LINE ESPECIALLY IN GOOD SEASON.
4-NEED TO INTRODUCE COAST GUARD FOR
OUR LONG COAST LINE..
5-WE MAKE SURE OUR TERRITORIAL WATER,
FISHERY ZONES AND INTERNATIONAL WATERS.
6-LONG LONG AGO ALL SEAS IN OUR WORLD
HAD PLENTY OF FISH.
7-NOW A DAY THE FISH POPULATION IS REDUCING SO BAD BECAUSE OVER CATCHING
FISH TO MEET THE WORLD DEMANDING MARKET AND BECAUSE OF SEA POLLUTION.
8-NOW A DAY LOT OF FISHERMEN ARE TRYING TO GET MORE CATCH FROM THE SEA BELONGED TO ANOTHER COUNTRIES..
9-WE SHOULD TAKING VERY CAREFULLY TO
HANDLE SUCH KIND OF SITUATION.
9-OF COURSE OUR NAVY AND COAST GUARD
GIVE SUPPORT AND PROTECTION TO OUR FISHING FLEETS.
10-WE ALSO NEED TO ADVISE OUR FISHERMEN
FOR SAFETY AT SEAS AND HOW TO TACKLE
IF ENCOUNTER ANY PROBLEM.
11-WE NOTICED INDIA AUTHORITY ARREST AND
DETAINED OUR FISHERMEN NEAR ANDAMAN SEA.
12-SOME COUNTRY UPDATING POSSIBLE BEST
FISHING ZONES IN ALL SEAS AND OCEANS.
13-FISH ARE LOOK LIKE STAY TOGETHER IN
SEPARATE PLACES UNDER THE SEAS.
14-WE NEED TO MAKE PLAN TO REGROW
FISH POPULATIONS IN OUR SEAS FOR FUTURE.
15-WE NEED TO CONTROL OIL POLLUTION VERY EFFECTIVELY IN ALL HARBORS,AND SEAS AROUND ABOUT 200 MILES FROM THE COAST LINE.
16-NOW A DAY SEAS AND ISLANDS ARE VERY IMPORTANT FOR NATIONAL INTERESTS
BECAUSE VERY GOOD CHANCE TO GET OIL
AND GAS FROM THE SEAS.
17-PLEASE CONSIDER AND PROMOTE NAVIGATIONAL AIDS FOR OUR COAST LINE
AND TO LAY DOWN GOOD AND EFFECTIVE
METEOROLOGICAL WARNING TO ALL FISHERMEN AND MARINES.
AND TO INSTALL WEATHER FAX MACHINE TO
ALL VESSELS LIKE GLOBAL POSITIONING
SYSTEM.
NOTICES TO MARINERS SHOULD TAKING CARE
BY MARINE DEPARTMENT AND MYANMAR NAVY.

Warmest Congratulations to our Myanmar Navy. Please continues to protect our National Marine resources. Which had been continuously plundered by our neighbors with complicity of our corrupted and irresponsible relevant Authorities.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်