Subscribe to our RSS Feed
Showing posts with label မှုခင်းသတင်း. Show all posts
Showing posts with label မှုခင်းသတင်း. Show all posts

ဖိုက်တာ (သို့မဟုတ်) အသွင်ယူမုဆိုး

From : .. popular



ဖုန်းမြည်သံကြောင့် အိတ်ထဲမှ ဖုန်းကို ကိုတင်ထွန်း(အမည်လွှဲ)တစ်ယောက် ဆွဲထုတ်လိုက်သည်။ မျက်နှာပြင်ပေါ်တွင် ပေါ်နေသော ဖုန်းနံပါတ်က လာနေကျဖုန်း နံပါတ်တစ်ခုဖြစ်မှန်း သိလိုက်သော်လည်း မလေးမစားမပြောရဲ။ ထို့ကြောင့် ရိုကျိုးစွာနှင့်ပင် စတင်နှုတ်ဆက် လိုက်ရသည်။ နှစ်ဖက်အပြန်အလှန် ဖုန်းပြောဆိုမှုက အချိန်သိပ်မကြာလိုက်။ ဖုန်းပြောပြီး ပြီးချင်း  သပ်သပ်ရပ်ရပ်ဖြစ်နိုင်မည့် ဝတ်စုံ တစ်စုံကို အဝတ်ပုံထဲမှ ရွေးချယ်ဝတ်ဆင်လိုက်ရင်းသူ၏ခြေလှမ်းကို ညဥ့်ငှက်တို့၏ အစာရှာရာနေရာတစ်ခုထံသို့ ဦးတည်လိုက် သည်။ ဆာလောင်နေသူနှင့် အစာရှာသူတို့အချိန်တိုအတွင်း အဆင်ပြေပြေနှင့် တွေ့လိုက်ရသည့်အတွက် သူ့ကိုယ်သူပင် မယုံကြည်။ သူခြေ လှမ်းစလှမ်းချိန်က အဖမ်းအဆီးများနေသည့် ယခုကဲ့သို့ သော ကာလထဲတွင် ညဉ့်ငှက်လေးကို အလွယ်တကူရလိမ့် မည် မဟုတ် ဟု  ခေါင်းထဲဝင်လာခဲ့သောအတွေး ကြောင့်ဖြစ်သည်။ မည်သို့ပင် ရှိစေကာမူ အချိန်သည် ငွေဟုပြောနေကြသည့်ခေတ်တွင် အကျိုးမဲ့ မကုန်ဆုံးစေရန်နှင့် လုပ်ငန်းစရန် နှစ်ဦး သားဈေးခပ်ပေါပေါ တည်းခိုခန်းတစ်ခုဆီသို့ သွားလိုက်ကြသည်။

အခန်းထဲရောက်ပြီး အတန်ကြာတော့ နှစ်ဦးသားကိုယ်တွင် အဝတ်တို့ကဗလာနတ္ထိ။  ခဏအကြာတွင် အမျိုးသားဖြစ်သူက အပေါ့ အပါးသွားသည့်ဟန်ဖြင့် အိပ်သာထဲဝင်ကာ  မိန်းကလေးမသိ အောင်တစ်ဖက်သို့ ဖုန်း Missed Call တစ်ချက်ပေးလိုက်သည်။ သိပ် မကြာလိုက်ပါ။ အပြင်ဘက်မှ အခန်းတံခါးခေါက်သံကြောင့် အာသီသဖြေဖျောက်သူနှင့် ဘဝဆာလောင်သူတို့ပွဲက တစ်ဝက် တစ် ပျက် မှာရပ်လိုက်ရပြီး အဆုံးသတ်တွင် ရဲကမိန်းကလေးကို ဖမ်းလိုက်တော့သည်။ ”ဒါက ကျွန်တော့်အလုပ်ပဲ”ဟု အဆိုပါဇာတ်ကွက်၏ မင်း သားဖြစ်သူ အသက် ၃ဝ ကျော်အရွယ်ရှိ နေပြီဖြစ်သော ကိုတင်ထွန်းက အထက်ပါဖြစ်စဉ်ကို ရှင်းပြသည်။ သူသည် ရန်ကုန်တိုင်းဒေ သကြီးအတွင်း လူဦးရေ ထူထပ်သိပ်သည်းသော မြို့နယ်တစ်ခုတွင် နေထိုင်ပြီး ယောင်္ကျားပီသသည့် ရုပ်ရည်ကိုပိုင်ဆိုင် ထားသူဖြစ် သည်။ ယင်းအပြင် နိုင်ငံတွင်း တရားမဝင် ဥပဒေချိုးဖောက်သည့်ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်ထားသော ကိစ္စတစ်ခုကိုဖော်ထုတ်ရာတွင် အရေးပါ သောဇာတ်ကောင်နေရာကို ယူထားရသူတစ်ဦးလည်းဖြစ်ပြန်သည်။ ကိုတင်ထွန်းကဲ့သို့ လူမျိုးတို့သည် နေရာအနှံ့ အထူးသဖြင့် မြို့ကြီးများတွင် အများစုရှိနေကြပြီး ညဥ့်ငှက်ဖမ်းဆီးရာတွင် အရေးပါသည့်နေရာ တစ်နေရာကို ကိုယ်စီကိုယ်င ရနေ ကြပါသည်။ ၎င်း တို့ကို အဆင့်မြင့်ရဲအရာရှိတို့က ‘ဖိုက်တာ’ဟုခေါ်ကြပြီး၊ ရဲတပ်သားတို့ကတော့ အင်ဖော်မာ (ရဲသတင်းပေး)ဟု ထိုသူတို့ကို အ မည် တပ်ကြသည်။ ထိုနေရာကို ရရှိရန်အတွက် ကာယကံရှင်ဖြစ်သူမှာ မကြောက်မရွံ့၊ လည်လည်ဝယ်ဝယ်နှင့် လုပ်ရဲကိုင်ရဲရှိမှဖြစ် သည်။ ယင်းအပြင် တရားဥပဒေစိုးမိုး ရေး ဆောင်ရွက်နေသူတို့နှင့် ရင်းနှီးရဦးမည်။ အထက်ပါအရည်အချင်းများ နှင့်ပြည့်စုံသူသည် ၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေအရပြစ်မှုကျူးလွန်သော အမျိုးသမီးတို့ကို ဖမ်းဆီးရာ၌ အစိုးရသက်သေအဖြစ် ပါ ဝင်ဆောင် ရွက်နိုင်မည် ဖြစ်သည်။

ဖိုက်တာတို့ သရုပ်ဆောင်ကြပုံ

ပြည့်တန်ဆာအမှုများတွင် အသွင်ယူကာ ဖော်ထုတ်ခြင်းဟု ဖော်ပြလျှင် ဖိုက်တာတို့နှင့်သာဖြစ်သည်။ထိုသူသည် ရဲကပေးသည့် မိတ္တူ ယူ ထားသော ကျပ်ငွေကို ကိုင်ဆောင်ကာ ပြည့်တန်ဆာမိန်းကလေးတို့ကို လိင်ကိစ္စအလို့ငှာ ခေါ်ယူပြီး ပျော်ပါးပေးကြရသည်။ တစ် ဝက် တစ်ပျက်သော်လည်းကောင်း၊ အပြည့်အဝသော်လည်း ကောင်းပျော်ပါးရပြီး၊ ပြီးစီးလျှင် ရဲက ၎င်းထံတွင်ရှိနေသော မိတ္တူဆွဲထားသော ကျပ်ငွေပုံနှင့် မိန်းကလေး ထံတွင်ရှိနေသည့် ကျပ်ငွေတို့ကို တိုက်ဆိုင်စစ်ဆေးပြီး ဖမ်းဆီးလိုက်တော့သည်။ မဖမ်းဆီးမီကြိုတင်၍ ရဲနှင့်ဖိုက်တာက အချိတ်အဆက်လုပ်ထားကြ ပြီး၊ မည်သည့်နေရာတွင် ရှိနေမည်ကို လည်း ပြောထားကြရသည်။ အများ အားဖြင့် ဖိုက် တာတို့သည် ပြည့်တန်ဆာတို့မသိရှိနိုင်သည့် မျက်နှာစိမ်း တို့ ဖြစ်ကြသည်။

ဘာ့ကြောင့် ဖိုက်တာတွေ ရှိနေကြတာလဲ

နိုင်ငံတွင် တရားမဝင်လိင်ကိစ္စ  နှင့် ပတ်သက်ပြီးဖမ်းဆီးရာတွင် သက်သေရရန် အခက်အခဲရှိသဖြင့် ရဲတပ်ဖွဲ့က ဖိုက်တာတို့ကို အသုံးချရ သည်ဟု အငြိမ်းစားဒုတိယရဲမှူးကြီး ဦးညွန့်လှိုင်က ပြောသည်။ ”လိင်နဲ့ ပတ်သက်တဲ့ ဈေးကွက်မှာ ထပ်လျက်ကြီးမိဖို့ဟာက ခက် တယ်လေ။ မိရင် သမီးရည်းစားစသဖြင့် ပြစ်မှုကို ငြင်းလို့ရတာလည်း ရှိတယ်”ဟု ၎င်းကပြောသည်။ထို့ကြောင့် တစ်ဖက်မိန်းကလေး မငြင်းဆန်နိုင်ရန် ယင်းသက်သေကို အသုံးပြုရကြောင်းရှင်းပြသည်။ ထို့ ပြင် အရပ်သားကို အသုံးချခြင်းက ဥပဒေနှင့်ညီညွတ်သည်ဟု ၎င်းက ဆက်ပြောသည်။ ဖိုက်တာနေရာတွင် ရဲများ ပါဝင်သရုပ်ဆောင်၍မရပေ။ အရပ်သားများသာ သရုပ်ဆောင်ကြရသည်။ အ ဘယ့်ကြောင့်ဆိုသော် ပြည်သူတို့၏ အဝေဖန်ခံရနိုင်ခြင်း နှင့်ဥပဒေအရ ထောက်ပြခံရနိုင်သောကြောင့်ဟု ရဲအရာရှိတို့ က ပြောကြ သည်။ ပြည့်တန်ဆာတို့၏ပြောပြချက်အရ အနှေးယာဉ်နင်းသူအချို့၊ အခွေရောင်းသူအချို့၊ တက္ကစီမောင်း သူအချို့တို့ကို ရဲက ဖိုက် တာအဖြစ် အသုံးချမှုရှိသည်ဟု ပြောသည်။ တချို့ကလည်း ထိုသူတို့ထက် ရပ်ကွက်ထဲ လက်ရဲဇက်ရဲရှိသော သူတို့နှင့် ဟု ပြောကြသည်။ သို့သော်လည်းရဲက ၎င်းတို့သည် မှုခင်းကျဆင်းရေးကိုကူညီကြသူတို့သာဖြစ်သည်ဟု တုံ့ပြန်ကြသည်။ လက်ပတ်နီများ၊ စွမ်းအား ရှင်များ ပုံစံနှင့် ဖိုက်တာတို့ ဆင်တူ၊ မတူ မည်သူမျှ တိတိကျကျမပြောကြပေ။ ဖိုက်တာတို့သည် ယင်းအလုပ်ကိုသာ ဇောက်ချလုပ်သည်မဟုတ်၊ ကျန်သော မှုခင်းကျဆင်း ရေးကိစ္စတို့တွင် ရဲကိုသတင်းပေးကြ သေးသည်ဟု သိရသည်။

ဖိုက်တာတွေနဲ့ဖမ်းတာက
ခုနောက်ပိုင်းပိုများလာတယ်

အစိုးရသစ်လက်ထက် ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ၂ဝ၁၃ ခုနှစ် သြဂုတ်လအထိ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေအရ အရေးယူ ဖမ်းဆီးရမိခဲ့သော ပြည့်တန်ဆာ ၅ဝဝဝ နီးပါးတွင် အသွင်ယူ ဖမ်းဆီး သော ပြည့်တန်ဆာ ပုဒ်မ ၃(ခ)နှင့် ဖမ်းလိုက် သည့် ပြည့် တန် ဆာတော် တော်များ ပါဝင်နေသည်။ လုပ်သက်၂ဝ ကျော်ရှိ  ပြည့် တန်ဆာအမျိုးသမီးတစ်ဦး ကလည်းယင်း အပေါ်မှန် ကန်ကြော င်း ထောက်ခံသည်။ ”အခုလတွေမှာဆို ပိုဆိုးပါတယ်။ တစ်နိုင်ငံလုံးအနှံ့ကို ဖိုက်တာတွေနဲ့ပဲ ဖမ်းနေတာ”ဟု Sex Worker အဖွဲ့တစ်ဖွဲ့ တွင်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ ယခင်ကကဲ့သို့ အိတ်ထဲတွင် မိတ်ကပ်နှင့်ကွန်ဒုံးပါလျှင် အဖမ်းခံနေရခြင်းမျိုး ခုနောက်ပိုင်း မရှိတော့ဘဲ ယင်းနေရာကို ဖိုက်တာဖြင့် ရဲကအလွယ်တကူအစားထိုးလိုက်သည်ဟု ၎င်းက စွပ်စွဲသည်။ ”နုံနုံအအ မိန်းကလေးတွေ အများကြီးပါသွားတယ်။ တော်ရုံကြည့်တတ်သူက မပါပါဘူး။ တကယ်ဝယ်စားမယ့်သူနဲ့ ထောင်ဖမ်းမယ့်သူကိုခွဲခြားတတ်ဖို့က အတွေ့ အကြုံလို တယ်လေ”ဟု သူမက ဆက်ပြောသည်။ ရဲအရာရှိများကတော့ ”မည်သူမဆို အခြားသူတစ်ဦး တစ်ယောက် ပြည့် တန် ဆာ အဖြစ်ဖြင့် စီးပွားရှာဖွေရရှိသည်ကိုသိလျက်နှင့် ထိုသူရှာဖွေရရှိသော စီးပွားကို လုံးဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေမှီ၍ အ သက်မွေးမြူလျှင်”ဆိုသည့် ပြည့်တန်ဆာပုဒ်မ၅(၁)၊ ကျော်ကြားမှုဖြစ်သော ပြည့်တန်ဆာ ပုဒ်မ ၇(၁) စသည်များဖြင့် မှုခင်းကျဆင်းရေး တို့ကို လုပ်ဆောင်နေကြောင်း ပြောသည်။ ”ရဲအရေးပိုင်တဲ့ အမှုအခင်းအားလုံးကို ဖမ်းဆီးရမှာက ရဲရဲ့တာဝန်ပဲလေ”ဟု ရဲတပ်ဖွဲ့မှရဲ မှူးကြီးအဆင့်ရှိသူတစ်ဦးက ပြောသည်။ထို့ကြောင့်လားမသိ နှစ်စဉ်တစ်နိုင်ငံလုံးတွင် ပြည့်တန်ဆာအမှု ပေါင်း ၂ဝဝဝ နီးပါးနှင့်အထက် ရဲက ဖမ်းဆီးနိုင်ခဲ့သည်။

ပြည့်တန်ဆာနှင့်မြန်မာ

ယခင်ခေတ်ကာလများက အနီးစပ်ဆုံး မင်းတုန်းမင်းလက်ထက် မှာပင်ပြည့်တန်ဆာလုပ်ငန်းသည် မန္တလေးနေပြည်တော်တွင် ရှိခဲ့ သည် ဟု မှတ်တမ်းများအရ သိရသည်။သို့သော်လည်း လွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ်တွင်ပြည့်တန်ဆာကို ဥပဒေချိုးဖောက် သူ ဟု သတ်မှတ်လိုက်ပြီး၊ ပပျောက်ရေးပြီး နောက်နှိပ်ကွပ်ရေးအက်ဥပဒေဟု အမည်ပြောင်းပြီး ပြင်းပြင်းထန်ထန် တားဆီးခဲ့ သည်။ ထောင် ဒဏ်နှင့်ဖြစ်သည်။ ပြည့်တန်ဆာလုပ်စားသူ၊ ခေါင်းနှင့်လုပ် စားရန်စည်းရုံးသူစသည်ဖြင့် အသီးသီး ကို ထောင် ဒဏ် အပြစ် ချန ည်းဖြင့် ဖြစ်သည်။ ထိုဥပဒေက လက်ရှိအချိန်အထိ အာဏာတည်မြဲလျက်ရှိသည်။ ၂ဝဝ၈ ခုနှစ်တွင် အမှုပေါင်း ၂ဝ၅၃ မှု၊ ၂ဝဝ၉ ခုနှ စ်တွင်၂ဝ၂၂ မှု၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၁၉၇၃ မှု၊ ၂ဝ၁၁ တွင် ၁၉၅၆ မှု၊ ၂ဝ၁၂ သြ ဂုတ်အထိ  ၁၈၃၂  မှုနှင့် ၂ဝ၁၃ သြဂုတ်အထိ ၁ဝ၁၉ မှု စသည်ဖြင့် ရဲက ပြည့်တန်ဆာတို့ကို ဖမ်းဆီးခဲ့ သည်။ သို့သော်လည်း နိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းက မပပျောက်ခဲ့ပေ။ တားဆီးနေရင်း၊ နှိပ်ကွပ်နေရင်းကြားထဲမှ ရှင်သန်ကြီးထွားနေသည်။

နိုင်ငံတကာနှင့် ပြည့်တန်ဆာ

ပြည့်တန်ဆာလုပ်ငန်းကို ၄၉ ရာခိုင်နှုန်းသော ကမ္ဘာ့နိုင်ငံတို့တွင် တရားဝင်ခွင့်ပြုပေးထားပြီး၊ ၃၉ ရာ ခိုင်နှုန်းသောနိုင်ငံတို့တွင် တရားဝင် ခွင့်မပြုထားကြောင်းနှင့် ကျန် ၁၂ ရာခိုင်နှုန်းသောနိုင်ငံတို့တွင် အကန့် အသတ်ဖြင့် ခွင့်ပြုထားသည်ဟု ၂ဝ၁၅ ဧပြီလ ၁ ရက်နေ့ထုတ် Pro Con.org ၏အစီရင်ခံစာတွင် နိုင်ငံ တကာနှင့် ပြည့်တန်ဆာအနေအထားကို ဖော်ပြထားသည်။ နိုင်ငံပေါင်း ၁ဝဝ ကို အခြေပြု ထားသည့် ယင်းအစီရင်ခံစာတွင် ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ တောင်ကိုရီး ယား၊ မြောက် ကိုရီး ယားနိုင်ငံ တို့ပါဝင်ပြီး မြန်မာအကြောင်းကိုမူ စစ်တမ်းတွင် မဖော်ပြထားပေ။ သို့သော်လည်း မြန်မာအတိုင်း ပင် ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘော ဒီးယား၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီး ယားနိုင်ငံတို့သည် ပြည့်တန်ဆာလုပ်ငန်းကို နိုင်ငံထဲတွင် တရားဝင်ခွင့်ပြုမထားသည်မှာ တူ ညီနေသည်။ ထိုထဲမှ ထိုင်းနိုင်ငံသည် တရားဝင်ခွင့်ပြုမထားသော်လည်း နိုင်ငံသားအများစုက လက်ခံထားရာ ပြီးခဲ့သည့်နှစ် က  နိုင်ငံ ဂျီဒီ ပီ၏ ၃ ရာခိုင်နှုန်း ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလျံအထိ ပြည့်တန်ဆာလုပ်ငန်းမှ ရခဲ့သည်ဟု ယင်းစစ်တမ်း တွင် ဖော်ပြ ထားသည်။

ထို့အတူ ဖိလစ်ပိုင်တွင် Bar Girl အမည်ဖြင့် ဘားကောင်တာတို့တွင် မှတ်ပုံတင်ဆေးစစ်ပြီးခွင့်ပြုမှုတော့ ရှိသည်။ ကမ္ဘောဒီးယားမှာမူ ထူးခြားလှသည်။ ဥပဒေအရ ခွင့်ပြုမထားသော်လည်း တားမြစ်ထားမှုမရှိသည့်အတွက် ပြည့်တန်ဆာများသည် ရဲတပ်ဖွဲ့ဝင်တို့၏ ထင် သလို ပြုမူဆက်ဆံမှုကို ခံနေကြရသည်ဟု စစ်တမ်းကဖော်ပြထားသည်။ အဆို ပါစစ်တမ်းတွင် ခွင့်ပြုမထားသော နိုင်ငံ တို့မှ ပြည့် တန် ဆာတို့ကို ရဲက ဖမ်းဆီးရာတွင် အင်ဖော်မာ၊ သတင်းပေး၊ အရပ်သားများကို အများစု အသုံးချကြသည်ကို တွေ့ရသည်။

မြန်မာဖိုက်တာတို့၏ အခန်းကဏ္ဍ

ယနေ့ကဲ့သို့သော ဒီမိုကရေစီခေတ်တွင် လိင်အလုပ်သမားများသည် ၎င်းတို့၏ အခွင့်အရေးကို တောင်းဆိုလာသည်။ ဗုဒ္ဓဘာ သာ နိုင် ငံဖြစ်သည့်အတွက် ခွင့်မပြုသင့် ကြောင်းကန့်ကွက်သူရှိသလို၊ ရှောင်လွှဲ၍ မရသောကိစ္စများဖြစ်သည့်အတွက် ကျန်း မာရေး မထိ ခိုက်နိုင် ဟုဆို ကာခွင့်ပြုပေးသင့်ကြောင်း တောင်းဆိုသူတို့ကလည်း ရှိနေပြန်သည်။ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး အငြင်းပွားမှုများ များစွာပေါ်ေ ပါက်ခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ပြည့်တန်ဆာထံသွားသော ယောက်ျားသားများကိုယ်တိုင်က ပတ်ဝန်းကျင်၊ လူမှုအသိုင်း အ ဝိုင်းကြား မထုတ်ဖော်ရဲကြ။ ပြည့်တန်ဆာတို့ဆိုလျှင် ပို၍ပင်ဆိုးနေလိမ့်မည်။ အသိုင်းအဝိုင်းက လုံးဝလက်ခံမ ထားသော ကြောင့် ဖြစ် သည်။ ထိုသို့သော အခြေအနေတွင် ဖိုက်တာတို့၏အနိုင်ကျင့်ခံရမှု၊ စော် ကားမှုတို့ကို ခံနေရသော ပြည့်တန်ဆာများက ဒုနှင့်ဒေး ရှိကြမည်သာ။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ် ဒေါ်စန္ဒာမင်းကတော့ ဖိုက်တာများအသုံးချဖမ်းမှုကို ကန့်ကွက်သည်ဟု ဆိုလာ သည်။ ”ရှာဖွေသူရှိလို့၊ လုပ်စားတဲ့သူ ရှိတာ။ ဒါ ရှင်းရှင်းလေးပဲ။ ရှာဖွေသူ ပါဖမ်းလိုက်ရင် ပပျောက်လျော့နည်းသွားမှာပဲ။ ဖိုက်တာက ပြည့်တန်ဆာကို ပြစ်မှုကျူးလွန်ချင်လာအောင် လှုံ့ဆော်နေသူတစ်ဦးပဲ”ဟု သူမကပြောသည်။ လိင်အလုပ်သမ အဖွဲ့အစည်း တစ်ခုတွင် လုပ်ကိုင်ခဲ့ဖူးသူ ပြည့်တန်ဆာတစ်ဦးက ”ဘာမှမလုပ်ဘဲ သူက ရဲလက်အပ်မလား။ စိတ်ကြိုက်လုပ်ပြီးမှ ရဲလက်အပ်တာ”ဟု ဆိုသည်။ ကာမအပြင်၊ ပစ္စည်းယူသွားသူလည်း ရှိသည်ဟု သူမက ညဉ့်ငှက်လေးများ၏ အတွေ့အကြုံကို ဖြန့်ဝေသည်။ သို့သော် ဇာတ်ဆောင်တိုင်းတော့မဟုတ်ဟု သူမက ဆက်ပြောသည်။ ”သနားတတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ နည်းတယ်”ဟု ၎င်းက ဆို သည်။ အထက်ပါ အဖြစ်အပျက်များသည် ဖုန်းခေါ်သံတစ်ခုမှ အစပြုခဲ့ခြင်း ဖြစ်နိုင်ပါသည်။

တူ..တူ.. တူ ..တူ.. တူ ..တူ …..။

ပေါ်ပြူလာနယူးစ်အဖွဲ့


.. https://www.facebook.com/MyanmarExpress
 

ရန်ကုန်တွင် ကားတံခါးဖွင့် ပစ္စည်းခိုးသူ များလာ

From : .. William Htike


အရေးကြီးလို့ အားလုံး share ပေးကြပါ။ ကျွန်တော့်လိုအဖြစ်မျိုး တစ်ခြားလူတွေ မခံစားရစေချင်လို့ပါ။
လှည်းတန်းနဲ့ အနီးနားတစ်ဝိုက် (နောက်ကြာရင် ရန်ကုန်ရဲ့ တစ်ခြားနေရာတွေလဲ ပါလာနိုင်ပါတယ်) မှာ အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ လုယူမှု၊ ခိုးယူမှုတွေ ဖြစ်နေတယ်လို့ ယူဆလို့ ရပါတယ်။

ဒီနေ့ကျွန်တော် လှည်းတန်း စံရိပ်ငြိမ် ၂ လမ်းထဲက ဆေးခန်းတစ်ခုကို ကိစ္စရှိလို့ သွားရပါတယ်။ ကျွန်တော့်ကားကို အင်းစိန်လမ်းမပေါ်၊ စံရိပ်ငြိမ် ၁ လမ်းနဲ့ ၂ လမ်း ကြားထဲမှာ ရပ်လိုက်ပါတယ်။ ကားရပ်၊ ကားပေါ်ကဆင်းပြီး ကားကို ခါတိုင်းလိုပဲ remote key နဲ့ ပိတ်ပါတယ်။ ဒါပေမယ့် remote နဲ့ ပိတ်လို့မရဖြစ်နေတော့ "အော်..... ငါ့ remote တော့ ကြောင်နေပြန်ပြီ ထင်တယ်" ဆိုပြီး ဒီတိုင်း သော့နဲ့ လှည့်ပြီး ပိတ်ခဲ့ပါတယ်။ ပြီးတော့ driver ဘက်ခြမ်းက တံခါးနှစ်ဖက်ကို ပိတ်မပိတ် သေချာ ဆွဲကြည့်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဟိုဘက်ခြမ်းကိုတော့ သွားမစစ်ကြည့်ခဲ့မိဘူးပေါ့။

ဒီလိုနဲ့ ကျွန်တော် အဲ့ဆေးခန်သွားပြီး ၁၀ မိနစ်လောက်ပဲကြာပါတယ် ကျွန်တော့် ကားဆီပြန်ရောက်ပါတယ်။ ကားတံခါးဖွင့်ပြီး အထဲလဲဝင်ထိုင်လိုက်ရော ကားထဲမှာ ထားခဲ့တဲ့ i pad air 2, laptop, GL ပိုက်ဆံအိတ်နဲ့ အထဲကပိုက်ဆံ၊ မှတ်ပုံတင်၊ လိုင်စင်၊ MPU Card တွေ အားလုံး စုစုပေါင်းတန်ဖိုးငွေ ဆယ့်နှစ်သိန်းဖိုးလောက် အခိုးခံထားရပါတယ်။

ကျွန်တော် ကားရပ်ထားတဲ့နားက ဖုန်းဆိုင်ကိုမေးကြည့်တော့ ပုဆိုးနဲ့ လူတစ်ယောက် ကားတံခါးဖွင့်၊ ကားထဲအသာလေးဝင်ထိုင်ပြီးတော့ ကားထဲက ပစ္စည်းတွေကို အေးအေးဆေးဆေး စိမ်ပြေနပြေ ယူ၊ ကားတံခါးပြန်ပိတ်ပြီး ထွက်သွားတာတဲ့ဗျာ။ သူတို့ အနေနဲ့ကျတော့ ကားပိုင်ရှင်လိုလို၊ ကားပိုင်ရှင်နဲ့ အတူတူပါလာတဲ့ လူလိုလို ထင်တာပေါ့ဗျာ။ သူတို့အနေနဲ့ ကြည့်ရင်လဲ သူခိုးလို့ ဘယ်ထင်မိပါ့မလဲ။
နေ့ခင်းကြောင်တောင်၊ လမ်းမလယ်ခေါင် လူမြင်ကွင်းကြီး၊ ပြီးတော့ အချိန် ၁၀ မိနစ်လောက် အတွင်း မှာ ကားထဲက ပစ္စည်းတွေအားလုံးကို အသာလေးခိုးသွားတာနော်။ ကဲ ..... အစ်ကိုတို့၊ အစ်မတို့ ရေ ..... သူတို့ ဘယ်လိုခိုးသွားပါလိမ့် ဆိုတာကို စဉ်းစားကြည့်တော့ ဖြစ်နိုင်ချေကို သုံးသပ်ကြည့်ရင် .....

၁။ ကျူးလွန်သူတွေဟာ လုံးဝ တစ်ယောက်တည်း မဖြစ်နိုင်ပါဘူး။ သေသေချာချာ အကွက်ချ စီစဉ်ပြီး ပိပိရိရိ ကို လုပ်သွားတာပါဗျာ။

၂။ သူတို့ဟာ လှည်းတန်းလို လူတွေ၊ ကားတွေ အရမ်း ရှုပ်တဲ့နေရာမျိုးကို အခွင့်ကောင်းယူ၊ အသုံးချပြီး ခိုးသွားကြတာပါ။

၃။ ကျွန်တော်ကားပေါ်က ဆင်းတဲ့အချိန်မှာ ကျွန်တော့် ကားဘေးနားမှာ လူတွေ အရမ်းရှုပ်နေပါတယ်။ သူတို့လူတွေပဲလား၊ ဘယ်သူတွေလဲတော့ မသိဘူးပေါ့။

၎။ ဖြစ်နိုင်တာက ကျွန်တော်ကားပေါ်က စဆင်းတဲ့ အချိန်မှာ တစ်ဖက်ခြမ်းက နောက်ကားတံခါးလေးကို ကျွန်တော်မသိအောင် သူတို့လူတစ်ယောက်က လမ်းသွားရင်းနဲ့ အသာလေး ဖွင့်ခဲ့မှာပါ။ ပြီးတော့ ဆက်ပြီးတော့ လမ်းလျှောက်ထွက်သွားမှာပေါ့။

၅။ အဲတာကြောင့်မို့လို့ ကျွန်တော် remote key နဲ့ ကားတံခါးပိတ်တဲ့ အခါမှာ ကားတံခါးတစ်ခု ပွင့်နေတဲ့ အတွက်ကြောင့်မို့လို့ ပိတ်လို့ မရတာပါ။ ဒါပေမယ့် ရုတ်တရက် အဲလို ဘယ်စဉ်းစားမိပါ့မလဲဗျာ။ ကိုယ့် remote key က ကြောင်နေလို့ ပိတ်လို့ မရတာလို့ ပဲ ထင်တာပေါ့။ အဲဒါနဲ့ ပဲ ရိုးရိုး ဒီတိုင်းပဲ သော့လေးနဲ့ လှည့်ပြီး ပိတ်လိုက်မိတာပေါ့။

၆။ အဲဒီနေရာမှာကားတွေ၊ လူတွေ အရမ်းရှုပ်နေတော့ ဟိုဘက်ကို တစ်ကူးတစ်က သက်သက်ကြီး သွားပြီး ကားတံခါးတွေကိုလဲ မစစ်မိဘူးပေါ့ဗျာ။ ဒီလိုပဲ ကိုယ့်ဘက်ခြမ်းက တံခါးနှစ်ပေါက်ကိုပဲ စစ်ပြီး ထွက်လာမိတာပေါ့။

၇။ အဲဒီမှာတင် ကျွန်တော်လဲထွက်သွားပြီးရော သကောင့်သားတွေထဲကတစ်ယောက်က ကားပိုင်ရှင်လိုလို၊ ကားပိုင်ရှင်အသိလိုလိုနဲ့ အဝေး တစ်နေရာကနေ ရောက်လာပြီး အသင့် ဖွင့်ထားပေးပြီးသားဖြစ်တဲ့ ကားတံခါးကိုဆွဲဖွင့်ပြီး ကားထဲကအဖိုးတန် ပစ္စည်းတွေ အကုန်လုံးကို စိမ်ပြေနပြေ မွှေနှောက်ပြီးတော့ သမ သွားတော့တာပဲဗျို့။
ပိုက်ဆံတန်ဖိုးကသိပ်အကြောင်းမဟုတ်ပေမယ့် laptop ရော၊ အရေးကြီးတဲ့ကဒ်တွေရော ပါသွားတော့ ဒုက္ခရောက်ရတာပေါ့ဗျာ။

အနီးနားတစ်ဝိုက်ကလူတွေ ပြောကြတာကတော့ ဒီနားတစ်ဝိုက်မှာ ဒီလို ကားတွေအခိုးခံရတာ သုံးလေးငါးကြိမ်ရှိပြီလို့ ဆိုပါတယ်။ ဟိုနေ့ ကလဲ အဲ့နားကဘဏ်ကနေ သိန်းလေးရာလောက် ပါသွားတယ်တဲ့။ ကျွန်တော်ကားရပ်ထားတဲ့နားက ဖုန်းဆိုင်ကလဲ ဟိုတစ်နေ့က သူတို့ဆီက ဖုန်းတစ်လုံး အခိုးခံလိုက်ရသေးတယ်လို့ ပြောပါတယ်။ ဖုန်းဆိုင်ကလဲ ကူညီပြီး သူတို့ CCTV ကနေ စစ်ကြည့်ပေးပါတယ်။ ဒါပေမယ့် CCTV က လမ်းအထိမရောက်ဘူး။ အခုတော့ ရဲတိုင်ထားပါတယ်။

ကျွန်တော့ အတွက်ကတော့ စိတ်လျှော့ထားလိုက်ပါပြီ။ ပြီးခဲ့တာလဲပြီးခဲ့ပြီ။ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရပေါ့ဗျာ။ ဘယ်တတ်နိုင်ပါ့မလဲ။
ဒါပေမယ့် ကျန်တဲ့ တစ်ခြားလူတွေကိုတော့ ကျွန်တော် ကြုံရသလို ခံလိုက်ရတာမျိုး မဖြစ်စေချင်လို့ ဒီစာကို အချိန်ကုန်ခံပြီး ရေးလိုက်ရပါတယ်။
လူတွေ၊ ကားတွေ အရမ်းရှုပ်တဲ့နေရာတွေကို တတ်နိုင်သမျှ မသွားပဲရှောင်ပါ။ ကားထဲမှာ တန်ဖိုးကြီးပစ္စည်းတွေ ဖြစ်နိုင်ရင် မထားခဲ့ပါနဲ့။ ကားပေါ်က ဆင်း၊ ကားတံခါးပိတ်ပြီး တိုင်း ကားရဲ့ လေးဘက်လေးတန်လုံး ကား lock တွေ ကျရဲ့လား သေချာစစ်ပြီး မှ ကားနားက ခွာကြပါ။
အားလုံး မတော်မတရား ခိုးယူခံရခြင်းက ကင်းဝေးကြပါစေ။


.. https://www.facebook.com/MyanmarExpress
 

ဆိုင်ကယ် ၅ စီးနှင့် လူ ၆ ယောက်ကို တိုက်သတ်သည့် ယဉ်မောင်းအား ဖမ်းဆီး

From : .. ရဲဇာနည်
















၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ ည ၆ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ ၃၂ လမ်း၊ ၆၂ x ၆၃ လမ်းကြားတွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်ရပ်ကွက်နေ ကျော်ဇင်မင်း (၂၄)နှစ်မောင်းနှင်လာသော 7B/xxxxx “စူပါမန္တလာရိုင်ရယ်” ၀က်ဂွန်ယာဉ်သည် ဆိုင်ကယ် ၂ စီးအား ၀င်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေးစဉ် ၆၂x၆၃ လမ်းထောင့်ရှိ ဓါတ်တိုင်အား ထပ်မံတိုက်မိကာ (၆၇)လမ်းအတိုင်း မြောက်မှတောင်သို့ ဆက်လက်မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ ထိုသို့မောင်းနှင် ထွက်ပြေးရာ မဟာအောင်မြေမြို့နယ်၊ (၆၂)လမ်း၊ (၃၉x၄၀)လမ်းကြားရှိ အနော်ရမ္မံဥယျာဉ်ရှေ့၌ ဆိုင်ကယ်(၃)စီးနှင့် ရပ်တန့်ထားသည့် 7B/xxxx အေဒီဗင်ယာဉ်တို့အား ထပ်မံတိုက်မိပြီး ဆက်လက်မောင်းနှင်ထွက်ပြေးစဉ် ၎င်းအား (၆၂xသိပ္ပံ)လမ်းဆုံ၌ မီးပွိုင့်တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့သည်။

 ယာဉ်တိုက်မိမှုကြောင့် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်နေ ဦးသန်းမြင့်ဦး (၅၆)နှစ်ပါ ၄ ဦးတို့တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မဟာအောင်မြေမြို့နယ်နေ မအိမွန်ငြိမ်း (၂၁)နှစ်ပါ ၃ ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ကျော်ဇင်မင်းအား အမှတ်(၃)နယ်မြေ ရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်လည်းကောင်း၊ မဟာအောင်မြေမြို့မရဲစခန်း ယာဉ်(ပ)၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 .. www.MyanmarExpress.net
 

လှိုင်သာယာလက်ဖက်ရည်ဆိုင်လူသတ်မှု လူငယ်သုံးဦးကို ရုံးထုတ်

From : .. 7day


 လှိုင်သာယာလက်ဖက် ရည်ဆိုင်ထဲ၌ လူသတ်မှုကျူးလွန် ခဲ့သော လူငယ်သုံးဦးကို မြောက် ပိုင်းခရိုင်တရားရုံး ဩဂုတ် ၁၃ ရက် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၉ ရက်ညတွင် လှိုင် သာယာမြို့နယ်၊ အမှတ်(၁၉)ရပ် ကွက်၊ ဗိုလ်အောင်ကျော်လမ်း ပေါ်ရှိ  လက်ဖက်ရည်ဆိုင်တစ် ဆိုင်၌ စားသုံးသူချင်းခိုက်ရန် ဖြစ်ပွားရာမှ  လူသတ်မှုကျူးလွန်ခဲ့ သော လူငယ်ငါးဦးထဲမှ သုံးဦးကို အင်းစိန်မြို့နယ်၊  မြောက်ပိုင်းခရိုင်တရားရုံးတွင် ဩဂုတ် ၁၃ ရက်ညနေက ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တွေ့ရှိရသည်။


‘‘သားက ရမ်းရမ်းကားကား လူငယ်ထဲမှာမပါဘူး။ သူငယ်ချင်း တွေနဲ့တော့ အဲဒီလက်ဖက်ရည် ဆိုင်မှာ ညဘက်တွေထိုင်နေကျ ပါ။ လူငယ်သဘာဝတစ်ယောက် နဲ့တစ်ယောက် နောက်နောက် ပြောင်ပြောင်နေတတ်တာကို လူ စိမ်းတွေက မသိဘူး။ ဆူညံနေ တယ်ဆိုပြီး သားတို့သူငယ်ချင်း တွေကို ဆိုင်ရှင်နဲ့မောင်းထုတ်ခိုင်း တာ။ သားတို့က တောင်းပန်သေး တယ်။ အဲဒီလူက ခက်ရင်းနဲ့ စထိုးလို့ သားမျက်နှာက သွေးထွက်လာတာနဲ့ ဒေါသထွက်ပြီးကောက်ရတဲ့ဓားနဲ့ ထိုးလိုက်တာပါ’’ဟု ဓားဖြင့်ထိုးခဲ့သော လူငယ်၏ မိခင်က ခုခံပြောဆိုသည်။

 ဇူလိုင် ၁၈ ရက်တွင် ပြစ်မှု ကျူးလွန်သူငါးဦးကို မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ ရာ ပြစ်မှုကျူးလွန်သူ အသက် (၁၃)နှစ်နှင့် (၁၇)နှစ်အရွယ် လူ ငယ်နှစ်ဦးကို လှိုင်သာယာမြို့နယ် တရားရုံးမှ ကလေးသူငယ်ပြစ်မှု ဖြင့် စစ်ဆေးနေကြောင်း သတင်း ထုတ်ပြန်သည်။

‘‘ဥပဒေအကြံတောင်းတင်ပြီးရုံးထုတ်စစ်ဆေးနေတာ။ နောက်တစ်ချိန်းကိုတော့ ဩဂုတ် ၂၀ ရက်ပြန်ချိန်းလိုက်တယ်’’ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ရုံးထုတ်ချိန် ဩဂုတ် ၁၃ ရက် နံနက်ကတည်းက လူသတ်မှု ၃၀၂၊ နာကျင်စေမှု ၃၂၃ နှင့်အားပေးကူညီမှု ၁၁၄ ပုဒ်မများဖြင့်  တရားရင်ဆိုင်နေရသော လူငယ်သုံးဦး၏ မိသားစုဝင်များ မှာ အင်းစိန်မြို့နယ်၊ မြောက်ပိုင်း ခရိုင် အချုပ်ခန်းဘေးတွင် စောင့် ဆိုင်းနေခဲ့ကြသည်။
 

.. www.MyanmarExpress.net
 

အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဗို့အား ၆၆၀၀ ရှိ ထရန်စဖော်မာ ဓာတ်ကြိုးကိုင်ကာ အဆုံးစီရင်မှု သာကေတတွင် ဖြစ်ပွား

From : .. eleven


အမျိုးသားတစ်ဦး ဗို့အား ၆၆၀၀ ရှိ ထရန်စဖော်မာ လျှပ်စစ်ဓာတ်ကြိုးအားကိုင်ကာ အဆုံးစီရင်မှု သာကေတမြို့နယ်၊ (၂)ရပ်ကွက်အတွင်း ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

သြဂုတ် ၅ ရက် နံနက် ၈ နာရီခွဲခန့်တွင် သာကေတမြို့နယ် ၊ (၂)ရပ်ကွက်၊ စည်ပင်လိုင်းခန်းနေ ကို.....(၄၅)နှစ်သည် အဆိုပါ (၂) ရပ်ကွက် သဒ္ဓါရုံလမ်းနှင့် အနော်မာလမ်းဆုံရှိ ဗို့အား ၆၆၀၀ ရှိ ထရန်စဖော်မာလျှပ်စစ်ဓာတ်ကြိုးနှစ်ချောင်းအား လက်နှစ်ဖက်ဖြင့် သွားရောက်ကိုင်သဖြင့် ဓာတ်လိုက်ကာ လဲကျသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ မိသားစုစီးပွားရေးအဆင်မပြေ၍ စိတ်ညစ်နေသူဖြစ်ပြီး တစ်ခါတလေ၌ အရက်ကြောင်ကြောင်ကာ လျှောက်သွားနေတတ်ကြောင်း ယင်းရပ်ကွက်နေ ပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

သာကေတမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းဝင်းက “သေဆုံးသွားတဲ့သူက အရက်ကြောင်ကြောင်ပြီးတော့ ထရမ်စဖော်မာဓာတ်ကြိုးကို သွားကိုင်မိလို့ဓာတ်လိုက်ပြီး သေသွားတာပါ။ နဂိုက အဲဒီထန်စဖော်မာက ခြံစည်းရိုးခတ်ထားခြင်း မရှိဘူး။ ရပ်ကွက်နေသူတွေအတွက် လျှပ်စစ်အန္တရာယ် စိုးရိမ်ရတဲ့အတွက် ခြံစည်းရိုးတွေကျကျနနခတ်ပြီး ပိတ်ထားတာ။ ခု သူကဘယ်လိုဝင်ပြီးတော့ ခုလိုဖြစ်သွားတာလဲဆိုတာတော့ မသိပါဘူး။ နောက်ဒီလိုဖြစ်စဉ်မျိုးတွေမဖြစ်အောင် လက်ကမ်းစာစောင်တွေဝေ၊ ဟောပြောပွဲတွေ လုပ်ဖို့ရှိပါတယ်။ လုပ်လည်း လုပ်နေပါတယ်” ဟု သြဂုတ် ၅ ရက် နံနက်ပိုင်းက ပြောကြားသည်။

သေဆုံးသူတွင် သမီးခြောက်ယောက်ရှိကာ အငယ်ဆုံးကို မွေးဖွားသည်မှာ သုံးရက်လောက်သာရှိသေးပြီး ဇနီးသည်မှာ မီးတွင်းထဲ၌ပင် ရှိသေးကြောင်း ၎င်းတို့မိသားစုစီးပွားရေးမှာလည်း အဆင်မပြေကြောင်း၊ ၎င်းမှာ မိသားစုအား ဆိုက်ကားနင်းကာ ကျွေးမွေးနေရသူဖြစ်ကြောင်း ပြောပြခဲ့သည်။ သာကေတမြို့မရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေးဆောင်ရွက်မည်ဟု သိရသည်။


.. www.MyanmarExpress.net
 

လှိုင်သာယာ လက်ဖက်ရည်ဆိုင်တွင်း လူသတ်မှု စီစီတီဗီဖိုင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေ (ဗွီဒီယို)

From : .. 7day


လှိုင်သာယာမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အ မျိုးသားတစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သည့် စီစီတီဗီမှတ်တမ်းဖိုင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့က ထိုသို့ အင်တာနက်ပေါ်မ တင်ကြရန်သတိပေးထားသည်။

အဆိုပါ စီစီတီဗီရုပ်သံဖိုင် သည် ဖေ့စ်ဘွတ်ခ်တွင်ပျံ့နှံ့နေရာ လူအများကြည့်ရန် မသင့်လျော်သောကြောင့် တားမြစ်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ Yangon Police ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။

‘‘ကြည့်ရှုသူပြည်သူများအ နေဖြင့် စိတ်ထိခိုက်ခြင်း၊ စိတ်အ နှောင့်အယှက်ဖြစ်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အပြင် မလိုလားအပ် သောပြဿနာများဖြစ်ပွားလာနိုင် ပြီးတစ်ဦးတစ်ယောက်၏ လုံခြုံ ရေးကို ထိခိုက်နိုင်ဖွယ်ရှိသဖြင့် အလားတူဗီဒီယိုဖိုင်များ နောင် တွင် ဖော်ပြခြင်းမပြုပါရန်မေတ္တာ ရပ်ခံအပ်ပါသည်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတိ ပေးသည်။

သို့သော် မှုခင်းနှင့်ဆက်နွှယ် နေသည့်အဆိုပါ စီစီတီဗီဖိုင်မည် ကဲ့သို့ ထွက်ပေါ်လာသည်ကိုမူမ သိရှိရပေ။

လှိုင်သာယာမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ ဗိုလ်အောင် ကျော်လမ်းဘေးရှိ လက်ဖက်ရည် ဆိုင်တစ်ဆိုင်၌ ဇွန် ၉ ရက်ညက စားပွဲဝိုင်းတစ်ဝိုင်းစီတွင် ခေါက်ဆွဲစား၊ လက်ဖက်ရည်သောက်နေကြသော အမျိုးသားသုံးဦးနှင့် လူငယ်ငါးဦးတို့ ရန်ဖြစ်ခဲ့ကြသည်။ တစ်ဖက်ဝိုင်းမှ လူငယ်တစ်ဦးက လက်သီးဖြင့်စထိုးရာ ခေါက်ဆွဲကြော်စားနေသော သေဆုံးခဲ့သူက ခက်ရင်းဖြင့် ပြန်ထိုးသည်။ ထိုအခါ လူသတ်သမားက ဓားဖြင့်အချက်ပေါင်းများစွာပြန်ထိုးပြီးနောက်နှစ်ဦးကိုလည်း ထိုလူငယ်များက ဓာတ်ဘူးနှင့်ရိုက်၊ ခြေထောက်ဖြင့်ကန်၊ လက်သီးဖြင့် ၀ိုင်းထိုးခဲ့သည်။

ယင်းကဲ့သို့ အက်ရှင်ဇာတ်ကားဆန်ဆန် ဖြစ်ပွားသည့် လူသတ်မှုတစ်ခုလုံးကို ဆိုင်ရှိစီစီတီဗီက ရိုက်ကူးခဲ့သည်။

ထိုသို့ အုပ်စုဖွဲ့ထိုးသတ်ခဲ့သ ဖြင့် တစ်ဦးသေဆုံးပြီးကျန်နှစ်ဦး လည်း ဒဏ်ရာများရခဲ့၍ လှိုင် သာယာဆေးရုံတွင်အတွင်းလူနာ များအဖြစ် ဆေးကုသခဲ့ရသည်။ ယင်းသို့ ကျူးလွန်သူများကို လှိုင်သာယာမြို့မရဲစခန်းက ပြစ်မှု ပုဒ်မ ၃၀၂/၃၂၅/၁၄၄ဖြင့်အမှုဖွင့် လှစ်ပြီးဆယ်ကျော်သက်လေးဦး နှင့် အသက်(၂၄)နှစ်အရွယ်ရှိအမျိုး သားတစ်ဦး၊ စုစုပေါင်း ငါးဦးတို့ကို ဖမ်းဆီးထားပြီး အမှုစစ်ဆေးဆဲဖြစ်ကြောင်း စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 

ဗွီဒီယိုကြည့်ရန်
https://www.youtube.com/watch?v=kOp8hyDTSKM&feature=youtu.be

.. www.MyanmarExpress.net
 

NLD ပါတီဝင်ဟောင်း သစ်ထူးလွင် လိမ်ညာလှုံ့ဆော်ခဲ့သည့် အဓမ္မပြုခံရမှု ယနေ့ရုံးထုတ်မည်

From : .. 7day


NLD ပါတီဝင်ဟောင်း သစ်ထူးလွင် လိမ်ညာလှုံ့ဆော်ခဲ့သည့်  အမျိုးသားနှစ်ဦးက ၎င်းကို အဓမ္မပြုကျင့်ကြောင်း ပျဉ်းမနားရဲစခန်းတွင် လိမ်လည်တိုင်ကြားခဲ့သည့် မဖြူဖြူမင်း(ခ)က တုံးမကို ယနေ့ဇူလိုင် ၂၃ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှ နေကဖေးနှင့် ဆန်းကဖေးပိုင်ရှင်ညီအစ်ကိုနှစ်ဦီးက ၎င်းကို အဓမ္မပြုကျင့်ကြောင်းပျဉ်းမနားရဲစခန်းတွင် ဇွန်လ၂၉ရက်က တိုင်ကြားခဲ့ခြင်းဖြစ်ပြီး မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)၏ စစ်ဆေးချက်အရ လိမ်လည်တိုင်ကြားခြင်းဖြစ်နေသောကြောင့် ၎င်းကိုအမှုပြန်ဖွင့်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုအမှုကို စီအိုင်ဒီမှ တိုက်ရိုက်ကိုင်တွယ်နေကာ ဇူလိုင် ၂၂ ရက်တွင် ပျဉ်းမနားတရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး မည်ဖြစ်ကြောင်း နေပြည်တော်မှုခင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

လူမှုရေးပြဿနာရှိနေသည့် မိသားစုနှစ်စုမှ တစ်ဖက်နှင့်တစ်ဖက် အမှုဆင်ထောင်ချရန်ကြိုးစားရာမှ မန္တလေးမြို့တွင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးကာ ၁၄ ဦးဒဏ်ရာရရှိခဲ့သည်။

မန္တလေးပဋိပက္ခတွင်ပါဝင်သူ ၄၉ ဦးကို ထိန်းသိမ်းထားပြီး ရှစ်ဦး လွတ်မြောက်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
 

.. www.MyanmarExpress.net
 

ရန်ကင်းလူသတ်မှု တရားခံကို သေဒဏ်ချမှတ်

From : ..7day

ရန်ကင်းမြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် ခေါင်းဖြတ်လူသတ်မှုတွင် ပြစ်မှုကျူးလွန်သူကို အရှေ့ပိုင်းခရိုင်တရားရုံးမှ ဇူလိုင် ၂၂ ရက်တွင် သေဒဏ်အမိန့်ချမှတ်လိုက် သည်။

ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက်အတွင်း ပြီးခဲ့သည့် မတ်လ ၁၅ ရက်က ဟင်းဝယ်ရန် နေအိမ်မှ ထွက်လာခဲ့သော မောင်မောင်ကြီးက လမ်းတွင် အရက်သောက်ပြီး ပြန်လာသူ အသက် (၂၂) နှစ်အရွယ် ချစ်ပို(ခ)ဝေယံဖြိုးက မတော်တဆပခုံးချင်းတိုက်မိရာမှ ချစ်ပိုက မကျေနပ်၍ ၎င်းအားလူအများရှေ့တွင် ထိုးကြိတ်ကာ လည်ပင်းကို ဓားရှည်ဖြင့် အချက်ပေါင်းများစွာခုတ်၍ သတ်ခဲ့ကြောင်း ပြစ်မှုထင်ရှား၍ ဇူလိုင် ၂၂ ရက်တွင် တွဲဖက်ခရိုင်တရားသူကြီးက သေဒဏ်အမိန့်ချမှတ်ခဲ့ ခြင်းဖြစ်သည်။

‘‘ချစ်ပို(ခ) ဝေယံဖြိုးသည် အခင်းဖြစ်ပွားစဉ် သေသူအား သတ်သင့်၊ မသင့်စဉ်းစားချိန်ရှိပြီး ဦးလေးဖြစ်သူက လာတားစဉ် ဦးလေးလည်း ဦလေးအလုပ်လုပ်၊ ကျွန်တော်လည်း ကျွန်တော့်အလုပ်လုပ်မယ်ဟု ပြောဆိုကာ မလှုပ်ရှားနိုင်သူကို အသေသတ်ခဲ့ခြင်းပြစ်မှုထင်ရှားခဲ့၍ ၎င်းကို စွဲချက်တင်ပုဒ်မ-၃၀၂(၁)(ခ) အရ သေဒဏ်အမိန့်ချမှတ်သည်’’ဟု တွဲဖက်ခရိုင်တရားသူကြီး ဦးငြိမ်းမြင့်ကပြောသည်။

အဆိုပါအမှုကို တရားသူကြီးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့အတည်ပြုရန် ဆက်လက်တင်ပြမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူကလည်း ခုနစ်ရက်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ အယူခံဝင်နိုင်ကာ တရားခံမိသားစုက အယူခံဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


.. www.MyanmarExpress.net
 

တာချီလိတ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းနံရံပြို လူ ၇ ဦးသေဆုံး



တာချီလိတ်မြို့တွင် ဇူလိုင် ၁၂ ရက်ည သန်းခေါင်းယံမှစတင်ပြီး မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၁၃ ရက် နံနက် ၂ နာရီအချိန်တွင် ၀မ်ကောင်းရပ် ကွက် အိမ်အမှတ် ၆/၄၃၃ ဦးကျော်ထွေးလင်း ပိုင်နေအိမ်နှင့် ၃ ခန်းတွဲ အိမ်တန်း လျား၏ ဘေးနံရံ အမြင့်ပေ ၂၀ ရှိ ကျောက်ရိုးစီဖို့မြေ ပြိုကျမှုကြောင့် နေအိမ်များ ပျက်စီး ပြိုကျခဲ့သည်။ မြေပြိုကျမှုကြောင့် အိမ်တန်းလျားပိုင်ရှင် ဦးကျော်ထွေးလင်း အသက်(၃၈)နှစ်၊ ဇနီးဒေါ်ယဉ်နု အသက်(၃၇)နှစ်နှင့် လသားအရွယ်သားတစ်ဦး၊ အိမ်ငှါးနေထိုင်သူ ဦးခင်မောင် သောင်း(၄၅) နှစ်၊ဇနီး ဒေါ်ဝင်း ဆန်း(၂၅)နှစ်၊သားမှုံကြီး(၈)နှစ်နှင့်သမီး မပေါက်တူး (၅)နှစ်တို့သည်လည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ မြေပြိုကျရာနေရာသို့ တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီးဇော်နိုင်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ၊ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၀င်များ ၊ကြက်ခြေနီ၊မီးသတ်တပ်ဖွဲ့ဝင်များ နှင့်ရပ်ကွက် ပြည်သူများမှ စက်ယန္တယား ကြီးနှင့်အတူ ကယ်ဆယ် ရှာဖွေရေးလုပ်ငန်းများဆောင်ရွက် ခဲ့ကြောင်းနှင့် သေဆုံးသူများ သင်္ဂြိုဟ် နိုင်ရေး၊ အိုးမဲ့ အိမ်မဲ့ဖြစ်သွား သူများ အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ကူညီ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
 
ကူးယူချင်ရင် ခွင့်ပြုချက်တောင်းပါ၊ သတင်းအပြည့်အစုံကို အဲ့ဒါကို နိပ်ပြီး ဆက်ဖတ်နိုင်ပါသည်>> http://www.www.tachileik.net/2014/07/mm.html
.. www.MyanmarExpress.net
 

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် အတွင်း ငွေနှင့် ပစ္စည်းများ ခိုးယူ နေသည့် အဖွဲ့အား ဖော်ထုတ် ဖမ်းဆီး ရမိ

From : .. MWD


ဇွန် ၃ဝ ရက် နံနက် ၉ နာရီခန့်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပ ဆိုက်ရောက်/ထွက်ခွာ၌ ခရီးသည်များ အပ်နှံထားသော ခရီးဆောင်အိတ်များ အတွင်းမှ ငွေနှင့် အခြားတန်ဖိုးရှိ ပစ္စည်းများအကြိမ် ကြိမ် ခိုးယူနေသည့် အဖွဲ့အား လေကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ် မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပ ဆိုက်ရောက်/ထွက်ခွာတွင် ခရီးသည်များ အပ်နှံထားသော ခရီးဆောင် အိတ်များအတွင်းမှ ငွေနှင့်အခြားတန်ဖိုးရှိ ပစ္စည်းများ ပျောက်ဆုံးမှုဖြစ်စဉ် မကြာခဏဖြစ်ပေါ် လျက်ရှိပြီး သက်ဆိုင်ရာ လေကြောင်းလိုင်းများက တာဝန်ယူဖြေရှင်းမှု နည်းပါးသဖြင့် ခရီးသည်များက လေကြောင်း ရဲတပ်ဖွဲ့(ရန်ကုန်) သို့ မကြာခဏ လာရောက် တိုင်ကြားခဲ့သည်။

အဆိုပါ ပစ္စည်းပျောက်ဆုံးမှုများနှင့် ပတ်သက်၍ လေကြောင်းရဲ တပ်ဖွဲ့ခွဲ(ရန်ကုန်) မှ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် CCTV ကင်မရာ တာဝန်ကျ တပ်ဖွဲ့ဝင်များဖြင့် မသင်္ကာသူများအား စောင့်ကြည့်ခြင်း၊ လေဆိပ် အတွင်းသို့ ဝင်ရောက် ခိုးယူသူများ၏ သတင်းအား နီးစပ်ရာမြို့နယ်များရှိ နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်မေးမြန်း စုံစမ်းခြင်းတို့ကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း နေ့စား အလုပ် လုပ်ကိုင်ကြသည့် အထွေထွေ လုပ်သား လေးဦး သည် ရန်ကုန်လေဆိပ် ခရီးသွား/ခရီးလာများထံမှ ပစ္စည်း ခိုးယူနေသူများ ဖြစ်ကြောင်း စုံစမ်းဖော်ထုတ် ရရှိခဲ့သည်။

၎င်းတို့မှာ ဘုန်းမြင့်ကျော်(ခ) ကုလား (ဘ) ဦးမြင့်ဦး အမှတ်(၂၄) ကမ်းနား အလယ်ရပ်ကွက် ရတနာသုခ လမ်း အင်းစိန်မြို့နယ်၊ စိုင်းသီဟနိုင်(ခ) ငစိုင်း (ဘ) ဦးဝင်းနိုင် အမှတ်(၄၅)၊ ဘီအိုစီလမ်း မင်္ဂလာဒုံမြို့နယ်၊ ချက်ကြီး(ခ) သန့်ဇင်ဝင်း (ဘ) ဦးရဲလွင် အမှတ်(၁၅/ဇ) ကျန်စစ်သားလမ်း အနန်းပင်ရပ်ကွက် မင်္ဂလာဒုံ မြို့နယ်၊ နေမျိုးအောင်(ဘ) ဦးစန်းညွန့်အောင် အမှတ်(၄၅) ဘီအိုစီလမ်း မင်္ဂလာဒုံမြို့နယ်တို့ ဖြစ်ကြသည်။ ၎င်းတို့အား စစ်ဆေးခဲ့ရာ ၂ဝ၁၄ ခုနှစ် ဧပြီလအတွင်း တရုတ် လေကြောင်းလိုင်း (CI) လေယာဉ်ပေါ်သို့ ခရီးဆောင်အိတ်များ အတင်/ အချ ဆောင်ရွက်စဉ် ၎င်းတို့လေးဦးအနက် ဘုန်းမြင့်ကျော်(ခ) ကုလားနှင့် ချက်ကြီး(ခ) သန့်ဇင်ဝင်းတို့မှ လူအဝင်/အထွက် စောင့်ကြည့်ပေးခဲ့ပြီး နေမျိုးအောင်နှင့် စိုင်းသီဟနိုင် (ခ) ငစိုင်းတို့က လေယာဉ် ဝမ်းဗိုက်အတွင်းရှိ ခရီးဆောင် အိတ်များအား ရှာဖွေခဲ့ရာ ခရီးဆောင် အိတ်တစ်လုံး (အမျိုးအစားမမှတ်မိ) အတွင်းမှ တယ်လီဖုန်းအခွံဖြင့် ထည့်ထားသော ဒေါ်လာ ၁ဝဝ တန် အရွက် ၅ဝ အနက်မှ အရွက် ၄ဝ ဒေါ်လာ ၄ဝဝဝ အား နေမျိုးအောင်က ယူဆောင်သွားခဲ့ပြီး ကျန်ဒေါ်လာ ၁ဝဝ တန် ၁ဝ ရွက်အား ချန်ထားခဲ့ကြောင်းနှင့် ၎င်းနောက် နေမျိုးအောင်မှ ဒေါ်လာ ၄ဝဝဝ အား ရောင်းချခဲ့ရာ မြန်မာကျပ် ငွေ ၃၆ သိန်း ရရှိခဲ့ပြီး ၎င်း တို့လေးဦး တစ်ဦးလျှင် ကိုးသိန်းစီ ခွဲဝေယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

၎င်းတို့လေးဦးအား ဇွန် ၃ဝ ရက် ညပိုင်းတွင် လေကြောင်း ရဲတပ်ဖွဲ့ခွဲ(ရန်ကုန်) က မင်္ဂလာဒုံမြို့နယ် မြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးပို့ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၃၇၉) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ဆက်လက်၍ ကွင်းဆက်တရားခံများ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနမှ သတင်း ရရှိသည်။


.. www.MyanmarExpress.net

အဓမ္မပြုကျင့်ပြီး အသေသတ်မြေမြှုပ်ခံရသော မိန်းကလေး မသေဘဲ ပြန်လာအမှုဖွင့်

From : .. 7day

အသက်မပြည့်သေးသူ အချင်းချင်း (၁၃)နှစ်အရွယ် မိန်း ကလေးကို အဓမ္မပြုကျင့်ပြီး အ သေသတ်ကာ မြေမြှုပ်ထားခဲ့မှု ဖြင့် (၁၆) နှစ်အရွယ် အမျိုးသား ငယ်တစ်ဦးကို အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။

ပန်းမထိပ်ရွာအနီးရှိ တော ထဲသို့ ထင်းခုတ်သွားကြရာမှ အ သက် (၁၃) နှစ်အရွယ်မိန်းကလေး ကို (၁၆)နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်ပြီး လည်ပင်းကို ပုဆိုးဖြင့် ချည်နှောင်ဆွဲခြင်း၊ လက်ကောက်ဝတ်များကို ဓားဖြင့် ခုတ်ခြင်းနှင့် ဗိုက်ကို အချွန်ဖြင့် ထိုးခြင်းများ ပြုလုပ်ခဲ့ပြီး သေ သည်အထင်ဖြင့် တွင်းကို လက်ဖြင့်တူး၍ မြှုပ်ထားခဲ့ခြင်းဖြစ်ကြောင်း မိုးကုတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ် ဦးနှင့် ကျူးလွန်ခံရသူ၏ မိဘများက ပြောသည်။

သို့သော် မိန်းကလေးမှာ မသေဘဲ နာရီဝက်ခန့်အကြာတွင် သတိရကာ နေအိမ်သို့ ပြန်လာခဲ့ သဖြင့် အချိန်မီဆေးရုံတင်ကုသ နိုင်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ကောင်မလေးက မောင်နှမ ၀မ်းကွဲတော်သူနှစ်ဦးနဲ့ ထင်းခွေ ထွက်သွားတဲ့အချိန် ကောင်လေး ကလည်း လိုက်သွားပြီး ကျန်တဲ့ ကလေးနှစ်ယောက် ပြန်သွားတဲ့ အချိန်မှာ ဖြစ်သွားတယ်လို့ သိရ တယ်။ မြေကြီးကို လက်နဲ့ယှက် မြှုပ်ပြီး သစ်ရွက်နဲ့ပဲ အုပ်တယ်။ မျက်နှာကို ချန်ထားခဲ့တော့ မသေ ဘဲ ကလေးက ပြန်လာနိုင်လို့ အ ခုလို အမှုကို ဖော်ထုတ်လိုက်နိုင် တာပါ’’ ဟု အထက်ပါ ရဲအရာရှိ က ပြောသည်။

‘‘လက်ကောက်ဝတ်တွေကို ဓားနဲ့ခုတ်တယ်လို့ ပြောတယ်။ အခုတော့ လည်ပင်းကလည်း ပုဆိုးနဲ့ချည်ထားလို့ ရောင်နေတဲ့ အပြင် လက်မှာလည်း ဓားဒဏ်ရာ တွေ၊ ဗိုက်ကိုလည်း ထိုးမိထားတဲ့ ဒဏ်ရာနဲ့ ဆေးရုံတက်နေရတယ်’’ ဟု မိန်းကလေး၏ မိခင်က ပြော ကြားသည်။

အဆိုပါအမျိုးသားမှာ ကျူးလွန်ပြီးနောက် အိမ်ပြန်လာကာခြင်းခတ်နေပြီး မိန်းကလေး မသေဘဲ ရွာပြန်လာသည်ကို သိသောအခါ ထွက်ပြေးသောကြောင့်ညတွင်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
 

.. www.MyanmarExpress.net
 

ပြည်လမ်းပေါ်က ကားရှစ်စီး ဆင့်တိုက်မှု မြင်ကွင်းများ

From : .. 7day


 ရန်ကုန်မြို့ ပြည်လမ်း ပြည်သူ့ရင်ပြင်ရှေ့တွင် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ကားရှစ်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။

ပြည်သူ့ရင်ပြင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးတို့ရှေ့ ပြည်လမ်းဆူးလေဘက်သို့ သွားသော လမ်းမဘက်ခြမ်းတွင် လင်ခရူဆာဆိုက်ကနက်စ်ကားက ပွိုင့်မိ၍ရပ်နေသော ကားများကို ဆက်တိုက် တိုက်မိခဲ့ခြင်းဖြစ်ပြီး ထိုကားအပါအ၀င် အိမ်စီးကားခြောက်စီး၊ အငှားကားနှစ်စီး  စုစုပေါင်းရှစ်စီး ဆင့်တိုက်ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာမှ 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။
 









ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရှင်စောပုလမ်းနှင့် အလုံလမ်းကြား ပြည်လမ်းပိုင်းကို ၄၅ မိနစ်ခန့် ပိတ်ခဲ့ကာ ယခုအခါ လမ်းပြန်ဖွင့်လိုက်ပြီဖြစ်သည်။

ယာဉ်တိုက်မှုစတင်ဖြစ်ပွားခဲ့သော ဆိုက်ကနက်စ်ကားမောင်းသူကို ခေါ်ယူစစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။


.. www.MyanmarExpress.net
 

ကန့်ဘလူတွင် ကျောင်းသူတစ်ဦးကို ရေသန့်ဘူးထဲ လိင်စိတ်ကြွဆေး ခပ်တိုက်၍ အဓမ္မပြုကျင့်ပြီး အင်တာနက် တင်မည်ဟု ခြိမ်းခြောက် သူ မွတ်ဆလင် တစ်ဦး ကို အမှုဖွင့်

From : ..YDNB

ရွှေဘိုခရိုင် ကန့်ဘလူမြို့ ၌ ဧပြီ ၁၄ ရက်တွင် ဒသမတန်း ကျောင်းသူ တစ်ဦးကို ရေသန့်ဘူး ထဲ၌ လိင်စိတ်ကြွဆေး ခပ်တိုက်၍ သားမယား အဖြစ် ပြုကျင့်ခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ် ဟန်လင်းမြို့ ဟောင်းတွင် နေထိုင်သည့် တေဇာဝင်း (ခ) မွတ်တား သည် ကန့်ဘလူမြို့ မြန်မာ - အာရဗီ သိပ္ပံကျောင်း၌ ကျောင်းတက်ရန် ဇနီးဖြစ်သူ၏ အဒေါ် နေအိမ်၌ သွားရောက် နေထိုင် ခဲ့သည်။ ထိုသို့ တည်းခို နေထိုင်စဉ် ဧပြီ ၁၄ ရက် ည ၁၂ နာရီက အဆိုပါ နေအိမ် အပေါ်ထပ်တွင် စာကျက် နေသည့် အသက် ၁၅ နှစ်အရွယ် ၁ဝ တန်း ကျောင်းသူ မ----၏ ရေသန့်ဘူးကို ရေဖြည့် ပေးမည်ဟု တေဇာဝင်း (ခ) မွတ်တား က ယူဆောင် သွားခဲ့ပြီး အဆိုပါ ရေသန့်ဘူး အတွင်းမှ ရေများကို မ----- က သောက်သုံး မိခဲ့ရာ ကိုယ်ခန္ဓာ ခြေလက်များ လှုပ်ရှားမရ ချိန်၌ တေဇာဝင်း (ခ) မွတ်တားက အလို မတူဘဲ အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန် ၂ဝ ရက်က အမည်မသိသူ တစ်ဦးသည် မ----၏ မိဘများထံ ရောက်လာပြီး စာတစ်စောင် နှင့် ဒီဗွီဒီ အခွေ တစ်ချပ်ကို တေဇာဝင်း (ခ) မွတ်တား က ပေးခိုင်း၍ လာရောက် ပေးကြောင်း ပြောပြ၍ ပေးသွား ခဲ့သည်။ အဆိုပါ စာကို မ---၏ မိဘများက ဖွင့်ဖောက် ကြည့်ရာ တေဇာဝင်း (ခ) မွတ်တား က မ----ဆို သူနှင့် သားမယား အဖြစ် နေထိုင်ပြီး ဖြစ်ကြောင်း၊ အပျိုစင် ဘဝကို ဖျက်ဆီးပြီး ဖြစ်ကြောင်း၊ မ-----နှင့် သားမယား အဖြစ် နေထိုင်သည် ကို ဗီဒီယို ရိုက်ကူး ထားကြောင်း၊ ထိုအခွေကို ပို့လိုက်ကြောင်း၊ မ----နှင့် ၄င်းကို မပေး စားပါဘဲ တိုင်ကြားပါက အင်တာနက် ပေါ်တင်ပြီး တစ်ကမ္ဘာလုံး သိ၍ အရှက်ရ စေမည် ဖြစ်ကြောင်း၊ အဆိုပါစာတွင် ခြိမ်းခြောက် ဖော်ပြထား သည်ကို မ-----၏ မိဘများက ဖတ်ရှုသိရှိ ခဲ့ရသည်။ ထို့ကြောင့် မ------မိဘများက ကန့်ဘလူမြို့မ ရဲစခန်းသို့ အမှုဖွင့် အရေးယူ ပေးရန် တိုင်တန်း ခဲ့သည်။

အဆိုပါ တိုင်တန်းချက် နှင့် ပတ်သက် ၍ ကန့်ဘလူမြို့မ ရဲစခန်းက ဇွန်၂၇ ရက် ည ၈ နာရီခွဲက တေဇာဝင်း (ခ) မွတ်တား ကို ပြစ်မှုကြီး ဖြစ်စဉ် အမှတ်၈/၂ဝ၁၄ (ပ)၁၇၇/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့် ဆာင်ရွက်လျက် ရှိကြောင်း သိရှိရသည်။


.. www.MyanmarExpress.net
 

မုဒိန်းကောင် မြဒေါင်း အား ထောင် အနှစ် (၄၀) ချ

From : UD

ကသာမြို့နယ် အင်းရွာကျေး ရွာ၌ လွန်ခဲ့သောနှစ်နှစ်ကျော် ခန့်က (၁၂နှစ်)အရွယ် မိန်းကလေး အား အဓမ္မပြုကျင့်သတ်ဖြတ်ခံရ သည့် အမှုကို ယခုလ ၂၃ရက်တွင် ကသာခရိုင် တရားရုံးတော်က အမှုနှစ်ရပ်ပေါင်း ထောင်အနှစ် ၄ဝ ပြစ်ဒဏ်တစ်မျိုးစီချမှတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကသာမြို့နယ်အင်း ရွာရဲစခန်းပိုင် အင်းရွာလမ်းခွဲ၌ ၂ဝ၁၂ခုနှစ် ဇူလိုင် ၆ ရက်တွင် တရားလိုဦးငြိမ်း၏ဇနီးဒေါ်ကြိုင်က သမီးဖြစ်သူ မလှလှ(၁၂နှစ်)အား အင်းရွာလမ်းခွဲသို့ ဈေးဝယ်ခိုင်းရာ ပျောက်ဆုံးနေ ၍ရှာဖွေရာ အင်းရွာ လမ်းခွဲရှိ ဦးသန်းဇော်၏ကြံခင်း အနီး သေဆုံးနေသဖြင့် အင်းရွာရဲ စခန်းသို့ ၂ဝ၁၂ခုနှစ် ဇူလိုင် ၇ ရက်က တိုင်တန်းထားရှိရာ (ပ) ၇၇/၂ဝ၁၂၊ ပြစ်မှုပုဒ်မ-၃ဝ၂ အရ ရဲအုပ်မြတ်စိုး စခန်းမှူးက လက်ခံ စစ်ဆေးခဲ့သည်။

အဆိုပါ တရားခံ မြဒေါင်းအားဖမ်းဆီးပြီး ၂ဝ၁၂ ခုနှစ် သြဂုတ် ၁ဝ ရက် စွဲချက် အမှတ် ၈၇/၂ဝ၁၂ ဖြင့်တရားစွဲ ဆိုတင်ပို့ခဲ့ရာ ကသာခရိုင်တရားရုံး က ရာကြီးအမှတ် ၅၉/၂ဝ၁၂ဖြင့် ၂ဝ၁၂ ခုနှစ် သြဂုတ် ၁ဝရက်တွင် စတင်ကြားနာစစ်ဆေးခဲ့ရာ တရား သူကြီး ဦးသက်ထွန်းက တရားလို၊ သက်သေ၊ တရားခံစစ်ဆေးချက် များအရ အမှုကိုပြစ်မှုပုဒ်မ-၃ဝ၂/ ၃၇၆ အရ ကြားနာစစ်ဆေးပြီး တရားခံ မြဒေါင်း(ခ)အောင်မိုး (အသက်၆ဝ) အား ပြစ်မှု ၃ဝ၂ အရ ထောင်ဒဏ်နှစ်၂ဝ၊ ပြစ်မှု ၃၇၆ အရ ထောင်ဒဏ်နှစ် ၂ဝ ပြစ်ဒဏ်တစ်မှုစီ ချမှတ်လိုက်ရာ ထောင်ဒဏ် နှစ် ၄ဝ ချမှတ် လိုက်ကြောင်း ခရိုင်တရားရုံးတော် မှသိရသည်။


 .. www.MyanmarExpress.net
 

ရန်ကုန်လေဆိပ်နှင့် ဆိပ်ကမ်းများကို ဖောက်ခွဲမှုပြု လုပ်ရန်ကြံစည်ထား သူများကို အင်တာပိုလ် ဖော်ထုတ်

From : .. Democracy today Daily Newspaper

ရန်ကုန်၊ ဧပြီ ၂၈- ရန်ကုန်အပြည် ပြည်ဆိုင်
ရာ လေဆိပ်နှင့်ရန်ကုန်မြို့ ရှိ ဆိပ်ကမ်းများ
အား အကြမ်းဖက် ဖောက်ခွဲမှုပြုလုပ်ရန်
ပါကစ္စတန်နိုင်ငံ မှ အစွန်းရောက်အဖွဲ့တချို့က
လုပ် ဆောင်ရန်ကြံစည်ထားခြင်းကို အပြည်


ပြည် ဆိုင် ရာ ရဲတပ် ဖွဲ့အင်တာပိုလ် က ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း က ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ ကြီးတစ်ဦးက ဒီမိုကရေစီ တူးဒေး သတင်းစာသို့ အတည်ပြုပြော သည်။

ပါကစ္စတန်ရဲတပ်ဖွဲ့နှင့် အင်တာ ပိုလ်တို့၏ ပူးပေါင်းဖော်ထုတ်ချက် အရ အဆိုပါအစွန်းရောက်အဖွဲ့ သည် ယင်းအစီအစဉ်ကို လတ်တလော အနေဖြင့် ကြံစည် ထားခြင်းသာဖြစ် ပြီး ယခုနှစ်အတွင်း အကောင် အထည် ဖော်ရန်ကြံစည်နေမှုများကို စာရွက် စာတမ်းအထောက် အထားများ ကို သိမ်းဆည်းရမိခဲ့သော်လည်း ကြံ စည်သူတချို့မှာ ထွက်ပြေး လွတ် မြောက်နေ ဆဲဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

အဆိုပါအရာရှိက ''အင်တာ ပိုလ်က အကြောင်းကြားတယ်။ မြန်မာ နိုင်ငံမှာ ဘာသာရေးနဲ့ ဆက်နွှယ်ပြီး ဖြစ်နေတဲ့ပြဿ နာတွေ ကို မကျေနပ် လို့လုပ် မယ့် ပါကစ္စတန်က အစွန်း ရောက်တချို့ကို တားဆီးနိုင်ခဲ့တယ် လို့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အကြောင်းကြား ထားလို့ပါ။ ဒီကိစ္စနဲ့ ပတ်သက် ပြီး လုံခြုံရေးတွေကိုလဲ စနစ် တကျလုပ်ဖို့ ညွှန်ကြားထား ပါတယ်''ဟု ပြောသည်။


မြန်မာနိုင်ငံ ရှိ လေဆိပ်၊ ရေဆိပ် များတွင် လုံခြုံရေးများကို အထူးတင်း ကျပ်ထားကြောင်း၊ အထူးသဖြင့်    ပြည်ပ မှဝင်ရောက် လာသည့်   နိုင်ငံခြား သား များ ကို တစ်ဦးချင်းကျပ်မတ်စစ်ဆေး နေကြောင်း လေကြောင်းရဲတပ်ဖွဲ့ မှူး ရုံးမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုံခြုံရေးတာဝန်ထမ်း ဆောင်နေသူတစ်ဦးက ''အခုတလော နိုင်ငံခြားသားတွေဆီက ကျည်ဆန် တွေ၊ ရွှေထည်တွေနဲ့ တရားမဝင်ပစ္စည်း တော်တော်များ များ ဖမ်းဆီးရမိတာ တွေတော့ရှိတယ်။ ဘလက် လစ်ဖြစ် နေတဲ့နိုင်ငံခြား သားတွေ့ရင် လေဆိပ် ကတာဝန်ရှိသူတွေကမေးမြန်းပြီး သံရုံးကနေတစ် ဆင့်   ပြန်လွှတ် တာ တွေလဲရှိတယ်။ လုံခြုံရေး တော့တင်း ကြပ်ထားတယ်''ဟု ပြောသည်။

လက်နက်ငယ်များနှင့်အတူ တမူးမြို့၌ တရုတ်နိုင်ငံသား ၈ ဦးအား ဖမ်းဆီးရမိ

From : .. MOI


စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့၌ ဧပြီ ၂၅ ရက်ညနေပိုင်းက တရုတ်နိုင်ငံသား ၈ ဦးအား မော်တော်ယာဉ် တစ်စီး၊ လက်နက်ငယ် ၈ လက်၊ ကျည်ဆံများ၊ လက်ပစ်ဗုံးများ၊ ဆက်သွယ်ရေး စကားပြောစက်များ၊ မြန်မာနိုင်ငံမြေပုံ တစ်ချပ်၊ တယ်လီဖုန်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရှိရသည်။

ဧပြီ ၂၅ ရက် ညနေ ၄ နာရီ မိနစ် ၂ဝ ခန့် တွင် တမူးမြို့အဝင် ၃ မိုင် စစ်ဆေးရေးဂိတ်သို့ ကလေးဘက်မှ ကားတစ်စီးမီးထိုးမောင်းနှင်လာသဖြင့် စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးအဖွဲ့က စစ်ဆေးတားဆီးရာ ရပ်တန့် ပေးခြင်းမရှိ ဘဲ တမူးမြို့အတွင်း မောင်းပြေးသဖြင့် ကားနောက်သို့ လိုက်လံဖမ်းဆီးခဲ့သည်။

အဆိုပါ မော်တော်ယာဉ်သည် မြို့အတွင်းမှ ဝင်ရောက်လာသည့် လမ်းကြောင်း အတိုင်း ပြန်လှည့်မောင်းနှင်ခဲ့ရာ ညနေ ၄ နာရီ ၃၅ မိနစ်တွင် မြို့အဝင် ၃ မိုင်ဂိတ်၌ ပိတ်ဆို့ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသော ကားမှာ တိုယိုတာ အမျိုးအစား Double Cab ဖြစ်ပြီး ယာဉ်ပေါ်တွင် တရုတ်လူမျိုး ၈ ဦး စီးနင်းလိုက်ပါလာကာ ၎င်းတို့နှင့်အတူ လက်နက်ငယ် ၈ လက်၊ လက်နက် ငယ်ကျည် ၁၈၆ဝ၊ လက်ပစ်ဗုံး ၃၁ လုံး၊ ဆက်သွယ်ရေးစကားပြောစက် ၅ လုံး၊ တရုတ်စာဖြင့် ရေးသားထားသော မြန်မာနိုင်ငံ မြေပုံ တစ်ချပ်၊ စစ်သုံး ဓားမြှောင် ၃ ချောင်း၊ လက်ကိုင်ဖုန်း ၄ လုံး၊ စစ်သုံးချပ်ဝတ် တန်ဆာ ၈ စုံ၊ အဝေးကြည့် မှန်ပြောင်းတစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသည့် တရုတ်လူမျိုး ၈ ဦးမှာ စီချွန်ပြည်နယ်နေ ကျန်းကျိန် (၁၇) နှစ်၊ ကျန်းယိန် (၁၇)နှစ်၊ ရန်ရှော်ဟုန် (၁၉) နှစ်၊ ကွမ်စီပြည်နယ်နေ ဖန်းစင်းချိန် ( ၂၁) နှစ်၊ ဟိုပေပြည်နယ်နေ လျှိုလျန် (၂၁) နှစ်၊ ကွေကျိုးပြည်နယ်နေ လျှိုယယ်ချန်း (၁၉) နှစ်၊ အန်းဝှီးပြည်နယ်နေ ဟန်လုလု ( ၂၅) နှစ် နှင့် လီထယ် (၂၂) နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့အနက် ကားမောင်းသူ ဟန်လုလုအား စကားပြန်ဖြင့် ပဏာမ စစ်ဆေးမေးမြန်း ချက်အရ ၎င်းတို့အဖွဲ့သည် ကိုးကန့်နယ်မြေ တန့်ယန်းအထက် ဖက်ရှိ မိုင်းကြက်ရွာတွင် စစ်သင်တန်း တက်ရောက် နေရာမှ တပ်စုမှူးဖြစ်သူ ဝူကြာဖူ ဆိုသူအား သတ်ပြီး စခန်းအတွင်းရှိ သော့တန်းလန်းဖြင့် တွေ့ရှိသောကား ကို တက်မောင်းယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဖြစ်စဉ် အမှန်ပေါ်ပေါက်စေရေးအတွက် ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


.. www.MyanmarExpress.net
 

ဥပဒေစိုးမိုးရေး တွင်တွင်အော်နေသော်လည်း စည်းကမ်းမဲ့စွာဖြင့် အရှက်မဲ့စွာ ဆန္ဒပြခဲ့သည့် ၀င်းချိုနှင့် နေမျိုးဇင်အား တရားရုံးမှ သက်ညှာစွာဖြင့် ထောင်ဒဏ်သုံးလချမှတ်



ဆန္ဒထုတ်ဖော်မှုအများစုတွင် ပါဝင်လှုပ်ရှားသူ ပါလေရာငါးပိချက်ဟု လူသိများသူ ဦးဝင်းချိုနှင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ကို အနောက်ပိုင်း ခရိုင်တရားရုံးက ဧပြီ ၁ ရက်တွင် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလစီ ချမှတ်လိုက်သည်ဟု ဦးဝင်းချို၏ဇနီး ဒေါ်အေးအေးသန်းက မဇ္ဈိမကို ပြောသည်။


“သုံးလလို့ပြောတယ်။ ဒဏ်ငွေဖြစ်မယ်လို့ ထင်ထားတာ မဟုတ်ဘဲ ထောင်ဒဏ်ချလိုက်တာ။ ဒီနေ့ ၁၂နာရီ က အမိန့်ချလိုက်တာ”ဟု ပြောသည်။

လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ဦးဝင်းချိုနှင့် နေမျိုးဇင်တို့သည် ဇန်န၀ါရီလ ၈ ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် တရားဝင်ခွင့်ပြုချက်မရရှိဘဲ မိမိသဘောဖြင့် ဆန္ဒထုတ်ဖော်ခဲ့ရာမှ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

“ရုံးချိန်လေးကြိမ်မြောက်တွင် တရားရုံးက အမိန့်ချမှတ်လိုက်တာ”ဟု ဒေါ်အေးအေးသန်းက ပြောသည်။


- Mizzima

၂၆နှစ်အမျိုးသမီး ၁၃နှစ်အရွယ်ကောင်လေးအား မုဒိမ်းကျင့်မှုဖြင့် တရားစွဲခံထားရ

From : The Melting Pot 4 U
 

ဒီကေတာမြို့ အလာဘားမားပြည်နယ်နေ လောရန်ဘေကာဆိုသူမှာ ၁၃နှစ်အရွယ်ကောင်လေးအား ဓမ္မာတာကိုလွန်ဆန်ပြီး မုဒိမ်းကျင့်မှုဖြင့်တရားစဲ
ွဆိုခြင်းကိုခံ ထားရသည်။ အဆိုပါအမျိုးသမီး သည်အာမခံကြေးဒေါ်လာ၂၀၀၀၀ဖြင်
့မော်ဂန်ကောင်တီအကျဉ်းမှသောကြာနေ့ မှစပြီးအပြင်တွင်နေထိုင်ခွင့်ပြုထားသည်။

ဦးလေးဖြစ်သူက အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့်

From : Mizzima 

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ်

သာရှိကြသည့် ကလေးငယ်နှစ်ဦးကို ဦးလေးတော်စပ်သူက သားမယားဖြစ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီခွဲ က အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။