Subscribe to our RSS Feed

စည်းရုံးရေးဆိုတာ နားလည်ဖို့လိုတယ်

နိုင်ငံရေးဆိတ်သုဉ်းလုနီးပါး အခြေအနေမျိုးနဲ့ နှစ်ပေါင်း ၅၀ လောက်နေခဲ့ကြရလေတော့ နိုင်ငံရေးသမားမျိုးဆက်ပြတ်သလို ဖြစ်သွားတယ်။ နိုင်ငံရေးကိုလွတ်လွတ်လပ်လပ်လုပ်လို့ရတဲ့ခေတ်ကို သိမီခဲ့သူတွေနဲ့ နိုင်ငံရေးသမားကြီးတွေ ရှိတန်သလောက်ရှိနေသေးပေမယ့် ရှစ်ဆယ်ကျော်၊ ကိုးဆယ်ကျော်အရွယ်တွေ ဖြစ်ကုန်ကြပြီဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါကြရှာတော့ဘူး။


ကြေညာချက်တွေဝေကြ


၂၀၁၀ နိုဝင်ဘာ ၇ ရက်မှာ ရွေးကောက်ပွဲလုပ်မယ်လို့အစိုးရကကြေညာပြီး ပါတီတွေဖွဲ့စည်းတည်ထောင်ခွင့်ပေးလိုက်တဲ့အခါမှာ တစ်နိုင်ငံလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ အသွေးအရောင်တူသူတွေစုပေါင်းပြီး ပါတီထောင်ကြတယ်။ တိုင်းရင်းသားလူမျိုးစုတွေကလည်း သူတို့ဒေသ သူတို့လူမျိုးကိုအခြေခံပြီး ပါတီထောင်ကြတယ်။ အဲဒီနောက်တော့ ထုံးစံအတိုင်း မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေ လုပ်ကြတယ်။ အများအားဖြင့်တော့ ကြေညာချက်တွေရိုက်ပြီး ရပ်ကွက်ထဲလိုက်ဝေကြတယ်။ လူစုလူဝေးနဲ့ တရားပွဲတွေဘာတွေ သိပ်မလုပ်နိုင်ကြဘူး။ ပါတီတွေအတွက်ကောင်းသွားတာက ဂျာနယ်တွေတစ်ရာ့လေးငါးဆယ်လောက် ရှိနေတာဖြစ်တယ်။



ဂျာနယ်တွေ တာဝန်ကျေ


ဂျာနယ်တွေက ပါတီတွေနဲ့အမတ်လောင်းတွေအကြောင်း ပြည်သူလူထုသိအောင် အမျိုးမျိုးသတင်းပေးကြတယ်။ လူငယ်ဂျာနယ်သမားတွေ တာဝန်ကျေကြတယ်။ ကျေးဇူးတင်စရာသိပ်ကောင်းတယ်။ ဂျာနယ်တွေက မျှမျှတတဖြစ်အောင် ကြိုးစားကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်ကျော် ပါတီစုံခေတ်ကလို မလိုတဲ့ပါတီအဖွဲ့အစည်းကို နည်းလမ်းမျိုးစုံသုံးပြီး အပုပ်ချတာမျိုးကင်းရှင်းကြတယ်။ ပုပ်လို့ပေါ်လာတဲ့ပါတီနဲ့ လူပုဂ္ဂိုလ်တွေကိုတောင် ဖုံးဖုံးဖိဖိနဲ့ သက်သက်ညှာညှာရေးကြတာတွေ့ရတယ်။



စည်းရုံးရေးဆိုတာနားမလည်ကြ


သတင်းသမားတစ်ယောက်အနေနဲ့ စောင့်ကြည့်လေ့လာရင် ဘာသွားတွေ့ရလဲဆိုတော့ နိုင်ငံရေးပါတီတွေနဲ့ အမတ်လောင်းတွေအားလုံး မဲဆွယ်တာပဲလုပ်တတ်ပြီး စည်းရုံးရေးမလုပ်နိုင်ကြဘူးဆိုတဲ့ အားနည်းချက်ဖြစ်တယ်။ တော်တော်များများက စည်းရုံးရေးဆိုတာကို နားမလည်ကြတာ။ ကြေညာချက် စာရွက်စာတမ်းတွေဝေတာနဲ့ တရားဟောတယ်ဆိုတာက မဲဆွယ်တာပဲ။ စည်းရုံးတာမဟုတ်ဘူး။ စည်းရုံးတယ်ဆိုတာက ရွေးကောက်ပွဲတစ်ပွဲအတွက် တစ်ပွဲထိုးလုပ်တာမဟုတ်ဘူး။ ကိုယ့်ပါတီကို နှစ်နှစ်ကာကာယုံကြည်ထောက်ခံတဲ့ အမာခံပါတီဝင်တွေဖြစ်အောင်လုပ်ရတာဖြစ်တယ်။ ကိုယ့်ပါတီရဲ့ မူဝါဒလမ်းစဉ်တွေကို ကြေကြေညက်ညက်နားလည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လိုသူတွေဖြစ်လာအောင် လုပ်ရတာဖြစ်တယ်။



အမာခံမဟုတ်ဘူး


မဲဆွယ်စဉ်ကာလမှာ ရွေးကောက်ပွဲနိုင်ရင် ဘာလုပ်ပေးပါမယ်ဆိုတဲ့ ကြေညာချက်ကိုသဘောကျပြီး မဲထည့်တဲ့မဲဆန္ဒရှင်ဆိုတာက ကိုယ့်အတွက် စိတ်ချရတဲ့အမာခံအဖြစ်ယူဆလို့မရဘူး။ နောက်တစ်ယောက်က ကိုယ့်ထက်သာအောင်လုပ်ပေးပါမယ်ပြောရင် ပြောတဲ့ဘက်ကိုပါသွားမှာပဲ။ ဒါမှမဟုတ် ရှေးဖဆပလခေတ်က ပျူစောထီးတွေလို သေနတ်ပြပြီးခြောက်ရင်လည်း ကြောက်လို့ပါသွားမှာပဲ။ ဘယ်လိုအန္တရာယ်မျိုးမဆိုရင်ဆိုင်ပြီး ကိုယ်ယုံကြည်တဲ့ပါတီဘက်က ရပ်တည်မယ်ဆိုတာက ပါတီရဲ့မူဝါဒလမ်းစဉ်ကိုနှစ်နှစ်ကာကာ ယုံကြည်လို့ဝင်လာတဲ့ပါတီဝင်တွေသာဖြစ်တယ်။



အမည်မခံဘဲထည့်ဝင်


အဲဒီလို ပါတီဝင်မျိုးများများရအောင်စည်းရုံးနိုင်တာကို စည်းရုံးရေးကောင်းတယ်လို့ခေါ်တယ်။ သူတို့က မူဝါဒကိုယုံကြည်တဲ့အတွက် ၀င်ကြေးတို့ လစဉ်ကြေးတို့ပေးပြီးဝင်လာကြတယ်။ အခွင့်အရေးလိုချင်လို့ ၀င်ကြတာမဟုတ်ဘူး။ ကိုယ့်အိတ်ထဲက ပိုက်ဆံထုတ်ပြီးဝင်လာကြတာ။ အနောက်နိုင်ငံတွေမှာ 'Paid Member' လို့ခေါ်တဲ့ အဲဒီလိုပါတီဝင်မျိုးတွေကိုမှ အမာခံလို့သတ်မှတ်နိုင်တယ်။ ပါတီရန်ပုံငွေလိုတယ်ဆိုရင်လည်း သူတို့က၀ိုင်းရှာပေးကြတယ်။ နိုင်ငံရေးခေတ်မှာ နိုင်ငံရေးပါတီတွေဟာ ဒီနည်းနဲ့ပဲရပ်တည်ကြတယ်။ ပါတီကစည်းရုံးရေးကောင်းရင် ကောင်းသလောက် ရန်ပုံငွေတောင့်တောင့်တင်းတင်းရှိလာတယ်။ သူဌေးသူကြွယ်တွေကလည်း မူကြိုက်လို့ဖြစ်ဖြစ်၊ လူကြိုက်လို့ဖြစ်ဖြစ် အလုံးအရင်းနဲ့ထည့်ဝင်လေ့ရှိတယ်။ အကျိုးလိုလို့ ညောင်ရေလောင်းသူတွေရှိသလို မူ ဒါမှမဟုတ်လူကိုကြိုက်လို့ အမည်မခံဘဲ ထည့်ဝင်လှူဒါန်းသူတွေလည်းရှိပါတယ်။



လူထုကမဏ္ဍိုင်


စည်းရုံးရေးလုပ်တယ်ဆိုတာ ကိုယ့်မူဝါဒလမ်းစဉ်ကိုလူတွေသိအောင်ချပြပြီး လူထုထောက်ခံမှုများသထက်များအောင် လုပ်ခြင်းဖြစ်တယ်။ လူထုထောက်ခံမှုအပြည့်အ၀ အခိုင်အမာရရှိတဲ့ပါတီ ဒါမှမဟုတ် လူပုဂ္ဂိုလ်ဟာ ရှင်သန်ရပ်တည်မှုအတွက် ဘာမှပူစရာမလိုဘူး။ အမာခံပါတီဝင်တွေနဲ့ လူထုကကျောရိုးမဏ္ဍိုင်အဖြစ် နောက်ကအမြဲထောက်ခံရပ်တည်ပေးမှာဖြစ်တယ်။ အရေးကြီးဆုံးအချက်က ကိုယ်ကိုင်စွဲတဲ့မူဝါဒလမ်းစဉ်တွေဟာ လူထုရဲ့လိုအပ်ချက်နဲ့ အမြဲတမ်းတစ်ထပ်တည်းကျနေဖို့ပဲဖြစ်တယ်။ ဆန္ဒစွဲအားကြီးပြီး ခြေလှမ်းကရှေ့ကိုသိပ်ကျွံနေလို့မဖြစ်သလို နှေးကွေးထုံထိုင်းပြီး လူထုရဲ့နောက်မြီး ဆွဲလုပ်နေလို့လည်း မဖြစ်ဘူး။ လူထုနဲ့အမြဲတမ်း တစ်သားတည်းရှိနေရမယ်။



တစ်သွေး၊ တစ်သံ၊ တစ်မိန့်


ဒီတစ်ကြိမ်ရွေးကောက်ပွဲမှာတော့ စည်းရုံးရေးသဘောနားမလည်ရုံသာ မဟုတ်သေးဘူး။ တော်တော်များများက မူဝါဒလမ်းစဉ်ဆိုတာတောင် ဘာမှန်းမသိကြတာတွေ့ရတယ်။ ဒါလည်း သူတို့ကိုအပြစ်မတင်ပါဘူး။



ပြည်သူကရှေ့အများကြီးရောက်


တပ်မတော်အစိုးရက ဒီမိုကရေစီလမ်းကိုသွားမယ်ဆိုပြီး ပါတီတွေထောင်ခွင့်ပေး၊ ရွေးကောက်ပွဲကျင်းပပေးလုပ်ခဲ့ပေမယ့် ထူထောင်လိုက်တဲ့ နိုင်ငံရေးပါတီတွေကိုယ်တိုင်က နိုင်ငံရေးဆိုတာဘာမှန်းသိပ်သိကြသေးတာမဟုတ်ဘူး။ အားလုံးသောပါတီတွေက ဒီမိုကရေစီနဲ့ဈေးကွက်စီးပွားရေးဆိုတဲ့ ယေဘုယျမူဝါဒကိုသာပြောနိုင်ကြတယ်။ ဘယ်လိုဒီမိုကရေစီလည်း၊ ဘယ်ပုံစံနဲ့ဈေးကွက်စီးပွားရေးလဲဆိုတဲ့ တိကျရေရာတဲ့လမ်းစဉ်မျိုးချပြနိုင်တာမရှိပါဘူး။ ဒီနေ့ မဲဆန္ဒရှင်ပြည်သူလူထုက နိုင်ငံရေးပါတီတွေထက်ရှေ့ကို အများကြီးရောက်နေတယ်။ ဒီမိုကရေစီဆိုတာ ဘယ်လိုဒီမိုကရေစီမျိုးလဲ ယိုးဒယားဒီမိုကရေစီမျိုးလား၊ အရှေ့အလယ်ပိုင်းက ဘုရင်တွေနဲ့ စော်ဘွားတွေရဲ့ ဒီမိုကရေစီမျိုးလားဆိုတာ အတိအကျသိချင်ကြတယ်။



ယေဘုယျနဲ့မလုံလောက်


ဈေးကွက်စီးပွားရေးမှာလည်း ဂျပန်တို့၊ အမေရိကန်တို့ကပုံစံလား၊ တရုတ်က ဈေးကွက်စီးပွားရေးပုံစံလား၊ ဗီယက်နမ်ပုံစံလားဆိုတာ ရေရေရာရာသိချင်ကြတယ်။


(လူထုစိန်ဝင်း
)

သား ဆဲတက်နေပြီ အဖေ



ဆဲဆိုခြင်း ဆိုတာက ဘယ်ရှုထောင့်ကနေ ကြည့်ကြည့် မကောင်းတဲ့ အရာတစ်ခုပါ။ ကလေးတစ်ယောက် ဆဲတက်နေတာက သူကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်ကျင်အနေအထား၊ မျိုးရိုးဗီဇ တို့နဲ့လည်း သက်ဆိုင်မယ်ထင်တာပဲ။ ပျားသကာ လိုချိုလှစေ ဆိုပြီး သင်ကြားခဲ့ရဖူးတယ်။ ပီယ၀ါစာ ချစ်ခင်ဖွယ် စကားကို ဆိုပါ။ ဖရုဿဝါစာ ရုန့်ရင်းကြမ်းတမ်းသော စကားကို မဆိုပါနဲ့ဆိုပြီးလည်း သင်ကြားခဲ့ရဖူးတယ်။ ချိုချိုသာသာ ပြုံးပြုံး ရွှင်ရွှင်နဲ့ ပြောရင် လူတိုင်း ကြိုက်ကြတယ်။ အခု ကျွန်တော် ဆဲ တက်နေပြီ။ အောင်မင်း တစ်ယောက် တစ်ယောက်တည်း ထိုင်ပြီး အတွေးနယ်ချဲ့နေတယ်။

"ငါ့ကိုများ နင်ကပြောတယ်ပေါ့လေ။ ဟုတ်လား။ ငါဘယ်သူလဲဆိုတာ နင်.... နားမလည်ဘူးလား.. ဟဲ.. ကောင်မရဲ့။"

"နင်ဘာသာ ဘာကောင်မဖြစ်ဖြစ်ပေါ့။ xxx မရဲ့။ ငါ့ညီမကို ပြောတာ နင့်ဘာသာ ထင်ချင်ရာထင်။ မိပွေးတဲ့နော်။ တစ်ပွေးတည်းရှိတယ်။ လာမစမ်းနဲ့။ ကိုယ်နဲ့မဆိုင် ဘာမှကို ၀င်မပြောနဲ့ သတ္တိရှိရင် ထွက်လာခဲ့"

ကြားနေကျ ရန်ပွဲတွေထဲ အောင်မင်း တစ်ယောက် သက်ပြင်းချမိတယ်။ အမြဲတမ်းလိုလို ဒီရပ်ကွက်မှာ ဒီလို ဆဲသံ၊ ဆိုသံ တွေနဲ့မ မိုးမလင်းရင် ပုံမှန်ကို မဟုတ်တော့ဘူး။ အသက်က ငယ်သေးတော့ ဘာကြောင့် ဒီလို ရန်တွေဖြစ်နေမှန်း မသိပေမယ့် ဆဲသံ ဆိုသံ ကတော့ အမြဲတမ်းကြားနေရတက်တယ်။

သူငယ်ချင်းတွေနဲ့ အချင်းချင်းလည်း ဆဲလိုက်ဆိုလိုက် စ နောက်နေပေမယ့် အချင်းချင်းတွေ စိတ်မဆိုးကြ။ ဒါပေမယ့် နှုတ်က ၀သီလို ပါသွားတော့ အိမ်မှာ တစ်ချက် သူငယ်ချင်းကို နှုတ်က ထွက်ပြီးပြောမိတယ်။

"xxxမသား။ မင်း ဘယ်သွားမလို့လဲ"

"ဒီနားပါကွာ"

ဖေါင်း

လူကို ပူထူသွားတယ်။ မျက်လုံးကလည်း ကြယ်တွေ၊လတွေ အကုန်မြင်လိုက်ရတယ်။ နှုတ်ခမ်းကလည်း သွေးအတောင့်လိုက် ထွက်ကြသွားတယ်။ အဖေက နောက်ကနေ ဇတ်ပိုးကို ရိုက်လိုက်ခြင်းပင်။ အကြောင်းအရင်းကတော့ "ဆဲ" တဲ့ အတွက်ကြောင့်ပင်။လူကြီးလူကောင်းတွေဆိုရင် မဆဲဘူး။ သားဆရာမ ဦးလေးဆိုကြည့် အဖေတို့လို့ စာမတက်၊ပေမတက်လူတွေကို ဆက်ဆံတာတောင်မှ ကျွန်တော်၊ ကျွန်တော်နဲ့ ယဉ်ယဉ်ကျေးကျေးပြောတယ်။ ဆဲ တယ်ဆိုတာက အရိုင်းအစိုင်းတွေ အလုပ်ပါသားရယ် ဆိုပြီး ဆုံးမတယ်။

အဲဒီအချိန်ကတည်းက အောင်မင်း မဆဲတော့။ မဆဲဖြစ်တာ တော်တော်ကြာနေပြီ။ ဒီလိုနဲ့ ရက်တွေ၊ လတွေ၊ နှစ်တွေ အလီလီ ပြောင်းလာလိုက်တာ အသက် ၂၅ နှစ်အရွယ်တောင် ရောက်လာခဲ့ပြီ။ အလုပ်ခွင်ထဲကို ရောက်နေပြီ။

"Fxxx out"
"What are you doing Mxxxxx Fxxxxx?"
"I don't want to see your Fxxxxxx face"

အိုး.. မိုးကိုမွှန်နေတာပါပဲ။ မိုးလင်းပြီးဆိုတာနဲ့ အဆဲသံတွေ စကြားနေရပြီ။ ကိုယ်တစ်ခုခု မှားပြီဆိုတာနဲ့ လာပြီ။ အဲဒီတော့ ကျွန်တော်လည်း ပြန်ပြီး ဆဲတက်နေတယ် အဖေ။ အထက်ကလူက အောက်ကလူကို ဆဲ။ အောက်ကလူက သူ့အောက်ကလူကို ဆဲ နဲ့ လည်ပတ်နေကြတယ်အဖေ။ ဒါပေမယ့် သူတို့တွေ ပညာတက်ကြတယ်။ ကြောင်လျှာသီး တကားကားနဲ့ အရမ်း စမက် ကျတဲ့ လူတွေ ဆဲနေကြတယ်။

"ဟေ့ကောင်အောင်မင်း။ တစ်ယောက်တည်း ဘာလုပ်နေတာလဲ"
တခန်းထဲနေတဲ့ သူငယ်ချင်း မင်းသိန်း ပြောတော့မှ အတွေးစပြတ်သွားတယ်။
"ဒီလိုပါပဲကွာ"

"မင်းကို ငါပြောရဦးမယ်သိလား။ ငါ့ အလုပ်ထဲကလေ ဟိုကောင် အင်ဂျင်နီယာဆိုတဲ့ ကောင်ကို ငါပညာပေးလိုက်တာ ဒီကောင်တော့ အထုတ်ထမ်းပြန်ရတော့မယ်"

"ဟင်"

"ဒီလိုကွ။ ဒီကောင်က ဆရာကြီးလိုလို ဘာလိုလိုနဲ့ကွာ။ တကယ်က အဲလောက်လည်း တက်တာ မဟုတ်ဘူး"
"နေပါဦး။ သူတက်မတက် ဆုံးဖြတ်ရမှာ အလုပ်ရှင်ပါကွာ။ အလုပ်ရှင် ကြိုက်လို့တောင် ခန့်လိုက်တာပဲ။ တကယ် မတက်တဲ့ သူက တဖြည်းဖြည်း သူ့ဘာသာ လွင့်သွားမှာပါ။ မင်း ပညာပေးစရာလည်း မလိုပါဘူးကွ"
"ထားပါကွာ။ မင်းကလည်း စကားစ မဖြတ်စမ်းပါနဲ့။ ဒီကောင်နဲ့ငါနဲ့က အတူတူဆိုပေမယ့် ဆိုဒ်ထဲမှာ နေရာကွဲတယ်ကွ။ အဲဒါ တစ်နေ့ သူ့နေရာဖက်ကို ကိစ္စ တစ်ခုရှိလို့ သွားတော့ ညနေခင်းမှာ Run မယ့် ရေပိုက်တွေ ရှိတယ်။ အဲဒီမှာ Valve တစ်လုံးတက်ဖို့ ကျန်နေတယ်။ ဘေးနားမှာလည်း တက်မယ့် valve က ရှိနေတယ်။ အဲဒါ ငါက ကောက်ပြီး ပိုက်မှာ နှစ်ရစ်လောက်၊ သုံးရစ်လောက် လက်နဲ့ ရစ်ပေးလိုက်တယ်။ သူတို့က ငါ လက်နဲ့တပ်ထားတဲ့ valve ကို မြင်တော့ သေချာ တပ်ထားတယ်ထင်ပြီး ကျန်တဲ့ အလုပ်တွေ လုပ်နေကြလေရဲ့။ ဟော..ညနေခင်း ။ ရေလည်း လွှတ်လိုက်ရော ဖောင်းဆိုပြီးတော့ ကွာ ။ ရေတွေ ထွက်လာလိုက်တာ အဲဒီကောင် မျက်နှာကို ထားစရာကို မရှိဘူးဟေ့။ သူဌေးကလည်း ဆူလိုက်တာ ပြောမနေနဲ့တော့"

အောင်မင်း နားထောင်နေရင်းနဲ့ ဒေါသ အလိပ်လိပ် ထွက်လာတယ်။

"ဟေ့ကောင်။ ငါxxမသား။ မင်းတော်တော် ယုတ်မာပါ့လားကွဟင်။ မင်းကြောင့် သူများ အပြစ်မရှိပဲ ထမင်းအိုးကွဲပြီ xxမသားရ။ အေး မင်းပြောသလို သူတကယ်ကို အရည်အချင်းမရှိရင် သိပ်မကြာပါဘူးကွာ။ အခုဟာ မင်းကကိုက မနာလိုဖြစ်နေပြီးတော့ သက်သက် လိုက်ယုတ်မာတာပဲ။ "

"ဟေ့ကောင်။ မင်း ငါ့ကို ဆဲစရာမလိုဘူး။ ငါလည်း မဆဲဘူး။ ငါ့ကို ဆဲတာလည်း မကြိုက်ဘူး။ "

"အော်...အော်.. လူယဉ်ကျေးကြီးပေါ့ဟုတ်လား။ အောင်မင်းကို ယဉ်ကျေးတယ်လို့ မထင်နဲ့။ ရိုင်းတယ်..ရိုင်းတာမှ ပက်ပက်စက်စက် ကို ရိုင်းတယ်။ သိလား။ ဟေ့ကောင် xမသား ။ မင်းလိုတော့ မယုတ်မာဘူးကွ။ ထွီ။ ဒီနေ့ကစပြီး မင်း ငါ့ကို စကားလည်းပြောစရာမလိုဘူး။ "

"နေစမ်းပါဦး။ ဟိုဖက်က မင်း အဖေမိုလို့ မင်းက နာရတာလားကွ။ "

"တော်စမ်း မင်းသိန်း။ ငါမင်းကို ဆက်စကားမပြောချင်ဘူး xမသား။ ယောက်ျားပဲကွာ ရှင်းချင်ရင် တည့်ရှင်း။ မင်းမိုလို့ နောက်ကျော ကို ဓါးနဲ့ထိုးရတယ်လို့ကွာ။ အေး..မင်းသိအောင် ငါ့ အဘိဓါန်ထဲက စကားလုံးတစ်လုံးမင်းကို ပြောပြမယ်။ ရန်သူကို တန်းတူအခွင့်အရေးပေးပြီးမှ တိုက်ပါ။ တဲ့။ နားလည်လား။ ရိုးရိုးမင်းမြင်အောင်ပြောရမယ်ဆိုရင် ငါ့ရန်သူက လက်ဗလာ၊ ငါ့လက်ထဲမှာ ဓါးတစ်ချောင်းရှိနေတယ်ဆိုရင် သူ့အတွက် ဓါးတစ်ချောင်း ရှာပေးရင်ပေး၊ မဟုတ်ရင် ငါ့လက်ထဲက ဓါးကို လွင့်ပစ် ပြီးမှ တိုက်မယ် လို့ဆိုလိုတာ။ ဒါက မင်းမြင်သာအောင်ပြောပြတာ မင်းသိန်း။ တော်ပြီကွာ။ ဒီအိမ်မှာလည်း မင်းနဲ့ အတူမနေတော့ဘူး ။ အိမ်ပြောင်းမယ်"

တကယ်ပဲ အရိုင်းအစိုင်းကောင် ဖြစ်နေပြီလား။ ပြန်စဉ်းစားလိုက်တယ်။
"မြွေမှန်ရင် တွင်းဝင် ဖြောင့်ရမယ်၊ လူမှန်ရင် ရိုးသားဖြောင့်မတ်ရမယ်" တဲ့ ငယ်ငယ်က အဖေ ပြောဖူးတယ်။
"ဆဲတယ် ဆိုတာ အရိုင်းအစိုင်းကောင်" တဲ့။
လမ်းလျှောက်ရင်း အတွေးတွေက ဟိုဟိုဒီဒီ။ ငါ မင်းသိန်းကို ဆဲ လိုက်တာ လွန်သွားလား မသိဘူး။ အမှန်တကယ်ဆို သူပြောတာတွေ မကြားချင်ယောင်ဆောင် နေရင် ပြီးရော။ ဒါမှမဟုတ် ဒီဖက် နားက ၀င် ဟိုဖက်နားက ထွက်ပေါ့။ အဲဒါဆို ဘာမှ ဒေါသထွက်စရာမလိုဘူး။ ဒါပေမယ့်လည်း မကြားတာမှမဟုတ်တာ ကြားနေတာပဲ။ မသိတာမှ မဟုတ်တာ သိနေတာပဲ။ အဲဒီတော့ ဒေါသ က ထွက်မှာ ထွက်မှာပဲ။ အဲဒီတော့ အဲလို စိတ်ထားရှိတဲ့ ကောင်အတွက် ဒီစကားက အထိုက်တန်ဆုံးပဲ။ ဟုတ်တယ်။ ငါ မလွန်ဘူး။

အဖေရေ....။ သားကို ခွင့်လွှတ်ပါ အဖေ။ မဆဲပါနဲ့လို့ပြောတာကို နားမထောင်တာမဟုတ်ပါဘူး။ ငယ်ငယ်တုန်းက ပတ်ဝန်းကျင်မကောင်းပေမယ့် အဖေရဲ့ သွန်သင်မှုကြောင့်တော့ အဆဲ ပျောက်ခဲ့ရတယ်။ အခုတော့.......။

ဒါပေမယ့်လေ တွေ့ကရာ လူကို လိုက်ဆဲနေတာတော့ မဟုတ်ဘူးအဖေ။ မင်းသိန်းလို့ ယုတ်မာတဲ့ ကောင်တွေ အတွက်တော့ သား ဆဲတက်တယ်အဖေ။ အဖေ့ရဲ့သားက အရိုင်းအစိုင်း ဖြစ်ချင်ဖြစ်နေမယ်အဖေ။ ဒါပေမယ့် ဘယ်တုန်းကမှ မယုတ်မာခဲ့ဘူးအဖေ။ အရိုင်းအစိုင်းရဲ့ ဖြူစင်မှုကို တမလွန်က အဖေ ကျေနပ်မှာပါ။

အောင်မင်း တစ်ယောက် တစ်ယောက်တည်း ရေရွတ်ရင်း ထွက်လာခဲ့တယ်။
ရှေ့မှာ အမြုတ် တစီစီနဲ့ ဘီယာဆိုင်.......
ဆိုင်ထဲဝင်ကာနီးမှာ အောင်မင်းတစ်ယောက် ပြုံးလိုက်သေးတယ်။

လေးစားစွာဖြင့်
ခနွဲ (မြင်းခြံ)


Myanmar Express

The foolish, the clever and the wise (လူမိုက်၊ လူလိမ်မာ နဲ့ ပညာရှိ)


DESTINATION The foolish live their lives without a destination. Floating along aimlessly, Often finding themselves at the starting conditions. The clever often set unreachable destination, Bearing these burdens on their shoulders, Always reading where they stand with dis-satisfaction The wish knew their ultimate destination in life, Meeting small destination on the ladder to success, They achieve hope and happiness thought out their journey.


ပန်းတိုင်


လူမိုက်တို့သည် ဘ၀မှာ ရည်မှန်းချက် ပန်းတိုင်မရှိဘဲ နေထိုင်ကြသည်။
ဦိးတည်ရာ လွင့်မျောလျှက် ရံဖန်ရံခါ မူလအခြေနေတိုင်း ရှိနေတတ်ကြသည်။

(မှန်၏။ ပန်းတိုင်ပျောက်ပြီး အခြေအနေအရ ဟိုယောင်ယောင်၊ ဒီယောင်ယာင် လုပ်နေသော အတိုက်အခံ လူမိုက်ကြီး၊ လူမိုက်လေး များဆင်ခြင်စရာ)



လူလိမ္မာတို့ သည်ရံဖန်ရံခါ မရောက်နိုင်သော ပန်းတိုင်များကိုချမှတ်ကြသည်။ ၄င်းတို့ဧ။် ပုခုံးတွင် ထိုဝန်ထုတ် ၀န်ပိုးကို ထမ်းလျှက် ရောက်နေသောနေရာကို စိတ်တိုင်းမကျဘဲ ရှိနေကြသည်။

ပညာရှိတို့ သည်ဘ၀ဧ။်အမြင့်ဆုံးပန်းတိုင်ကိုသိကြသည်။ အောင်မြင်မှု လှေကားထက်တွင် ပန်းတိုင်ငယ်များကိုတွေ့ လျှက် မျော်လင့်ချက်နဲ့ ပျော်ရွှင်မှုရကြသည်။

----xxxx----



THOUGHTS The foolish act and then afterward This leads to mistakes and endless trouble. The clever think first and act afterward, And often ride in labyrinth of imagination. May times their thoughts obstruct their courage. The wise act out of thought and think as they act, Making activity practical and possible. They are safe from illusion, save energy and time, And travel the smooth path to success

အတွေးစိတ်ကူးများ

လူမိုက်သည်ပြုလုပ်ပြိးမှစဉ်းစားသည်။
ထို့ ကြောင့် အမှားများနှင့် အဆုံးမဲ့ သောပြသာနာများဖြစ်စေသည်။

(မှန်၏။ အတွေးစိတ်ကူးညံ့ဖျင်းပြီး ဆုံးဖြတ်ချက်တို့မှားယွင်းမှုကြောင့် ဟိုမမှီ၊ ဒီမမှီ ဖြစ်နေသော အတိုက်အခံ လူမိုက်ကြီး၊ လူမိုက်လေး များဆင်ခြင်စရာ)




လူလိမ္မာတို့ သည်ပထမဆုံးစဉ်းစားတွေးခေါ်ပြိးမှပြုမူဆောင်ရွက်သည်။ ရံဖန်ရံခါစိတ်ကူးယဉ်ဝင်္ကာပါတစ်ခုထဲ မှာစိးမျောကြသည်။ ၄င်းတို့ ဧ။်စိတ်ကူးများကရဲ စွမ်းနိုင်စွမ်းကိုဖျက်ဆိးသည်။

ပညာရှိတို့ သည်တွေးခေါ်စဉ်းစားပြိး ပြုလုပ်မှုတိုင်းတွေးခေါ်စဉ်းစားသည်။ လက်တွေ့ ကျပြိး ဖြစ်နိုင်ချေရှိသော လှုပ်ရှားမှုပြုလုပ်သည်။ သူတို့ သည် အတွေးအာရုံမှားခြင်းမှ ကင်းလွတ်ပြိး စွမ်းအားနှင့် အချိန်ကိုသက်သာစေသည်.. ထို့ကြောင့် အောင်မြင်ခြင်းသို့ သွားရာခရီိးလမ်းသည်ချောမွေ့ သည်။


----xxxx----




SPEAKING The foolish like to argue. They only create conflicts and contradictions. Instead of gaining knowledge. The clever like to ask. They create relationship and gain knowledge. The wise tend to remain silent; They observe deeply and propose the appropriate.


စကားပြောခြင်း

လူမိုက်သည်ငြင်းခုန်ရသည်ကိုနှစ်သက်သည်။ ဗဟုသုတရယူမည့်အစားဆန့် ကျင်ဘက် ပြောဆိုခြင်းသာ ဖန်တီိးသည်။

(သွေးထွက်အောင် မှန်၏။ ငြင်းခုန်ခြင်းကို အလုပ်ကြီး အကိုင်ကြီး တစ်ခုထင်ကာ တိုက်ပွဲ ဝင်နေကြ၏။ ဆန့်ကျင်ဖက်ကို ဖန်တီးပြောဆိုရာတွင် သူမတူအောင် ကျွမ်းကျင်ကြသော အတိုက်အခံ လူမိုက်ကြီး၊ လူမိုက်လေး များဆင်ခြင်စရာ)





လူလိမ္မာသည်မေးမြန်းရသည်ကိုနှစ်သက်သည်။ သူတို့ သည်ခင်မင်ရင်းနှီိးသောအပေါင်းသင်းကိုဖန် တိးပြိးဗဟုသုတရရှိကြသည်။

ပညာရှိတို့ သည်ဆိတ်ငြိမ်စွာနေလိုသည်။ သူတို့ သည်နက်နဲစွာလေ့ လာမှုပြုလျှက် သင့်တော်သည့် အရာကို အကြံပြု ပြောဆိုကြသည်။


----xxxx----




CRITICISM The foolish enjoy criticizing others. And therefore lack sincere friends. The clever only criticizing themselves. Other find them difficult to understand and leave them alone. The wise do not criticizing anyone. They realize people are constantly changing and striving to be there best. They forgot all criticism and gain true friends.


ဝေဖန်ခြင်း

လူမိုက်တို့ သည် သူတစ်ပါးကို ဝေဖန်ရခြင်းဖြင့်ပျော်ရွှင်ကြရသည်။ ထို့ ကြောင်ရိုးဖြောင့်သောမိတ်ဆွေ မရှိကြပေ။

(မှန်၏။ ယောင်္ကျား၊ မိန်းမ၊ ကလေး နှင့် ခွေး ကိုပါ မကျန်အောင် ဝေဖန်ကြ၏။ ဝေဖန်ခြင်းကို အလုပ်ကြီးအကိုင်ကြီးသဘောထား၍ နှစ်ချိုက်စွာ လုပ်နေကြသာ အတိုက်အခံ လူမိုက်ကြီး၊ လူမိုက်လေး များဆင်ခြင်စရာ)

လူလိမ္မာတို့ သည် မိမိကိုယ်သာဝေဖန်ကြသည်။ အခြားသူများသည် သူတို့ အား နားလည်ရန် ခက်ခဲသောအခါ ထားရစ်ခဲ့  ကြ သည်။

ပညာရှိတို့ သည်မည်သူတစ်ဥိးတစ်ယောက်ကိုမှဝေဖန်ခြင်းမပြု။ သူတို့ သည် လူတို့ သည်အမြဲတမ်း ပြောင်းလဲလျှက် အောင်းဆုံးဖြစ်အောင်ကြိုးပမ်းသည်ကိုနားလည်သည်။ သူတို့ သည်ဝေဖန်မှုအားလုံးကို မပြုလုပ်ရန်ဆုံးဖြတ်ထားသဖြင့် မိတ်ဆွေစစ်ကိုရရှိကြသည်။


----xxxx----




CHARACTER
The foolish are so overbearing. They leave no space for any improvement. The clever are willing to learn and practice everything. But can never learn all. The wise never consider themselves the best. But always perform to their best naturally.


ကိုယ်ပိုင်အရည်အသွေး

လူမိုက်တို့ သည်မိမိကိုယ်မိ ဟုတ်လှပြိ အထင်ရှိကြသည်။ မှန်ပြိဟု တထစ်ချ ယုံကြည်ကြသည်။ သူတို့ သည်မည်သည့်  တိုးတက်မှု ကိုမျှမရရှိပါ။

(မှန်၏။ ကိုယ်လုပ်တာကိုမှ အဟုတ်ထင်ကြ၏၊ ကိုထင်တာကိုမှ အမှန်ယူဆကြ၏။ ထို့ကြောင့် ၂၂ နှစ်ကြာသည်အထိ ဘာမှ တိုးတက်မှု မရရှိဖြစ်နေကြသော အတိုက်အခံ လူမိုက်ကြီး၊ လူမိုက်လေး များဆင်ခြင်စရာ)




လူလိမ္မာတို့ သည်အရာရာတိုင်းကိုလေ့ လာသင်ယူလေ့ ကျင့်ရင်စိတ်အားသန်လှသည်။ သို့ သော် အားလုံး ဘယ်တော့မှ မသင်ယူနိုင်ပါ။

ပညာရှိတို့ သည်မိမိသာလျှင်အကောင်းဆုံးဟု ဘယ်သောအခါမှမယူဆပေ။ သို့ သော်အမြဲတမ်း မိမိဘက်က အကောင်းဆုံးဖြစ်အောင် ပြုမူဆောင်ရွက်သည်။



ခင်မင်လေးစားသော
ရွှေအိမ်စည်ခေါ်မွန်ပျိုချော



Myanmar Express

ကိုယ်ကျိုးရှာသမားများနဲ့ မအပ်စပ်တဲ့အလုပ်


လတ်တလော ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်း ၁၇၀ လောက်ရှိတယ်လို့ သိရတယ်။ အဲဒီ ၁၇၀ လောက်ထဲက စတုတ္ထမဏ္ဍိုင်ထဲ အကျုံးဝင်တဲ့ သတင်းဂျာနယ်ပေါင်း ၆၀ လောက်ရှိတယ်။


အခါမလပ်စောင့်ကြည့်

သတင်းဂျာနယ် ၆၀ လောက်ပဲ စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုခဲ့လေတော့ ကျန်တာတွေကို စတုတ္ထမဏ္ဍိုင်ထဲထည့်သွင်းမထားဘူးလားလို့ မေးစရာရှိတယ်။ ဘယ်နိုင်ငံမှာမဆို သတင်းစာနဲ့ သတင်းဂျာနယ်၊ မဂ္ဂဇင်းများကိုပဲ စတုတ္ထမဏ္ဍိုင်ထဲပါဝင်တယ်လို့ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ရဲ့လုပ်ရပ်တွေကို နေ့စဉ်အခါမလပ်စောင့်ကြပ်ကြည့်ရှုပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဖြစ်တဲ့ ပြည်သူလူထုကြီးကို အစီရင်ခံတင်ပြတဲ့ တာဝန်ကိုထမ်းဆောင်နေရတဲ့အတွက်ဖြစ်တယ်။ ဒါကြောင့်သတင်းစာနဲ့ သတင်းမီဒီယာတွေကို ‘watch dog’ အိမ်စောင့်ခွေးလို့ ခေါ်ခဲ့ကြတာဖြစ်တယ်။


ဘ၀ချင်းမတူ

စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးမ၀င်ဘူးလို့ဆိုတဲ့အတွက် ကျန်တဲ့ဟာတွေကအလကားပဲ အသုံးမကျဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် ပညာရေး၊ ကျန်းမာရေး၊ အားကစားကဏ္ဍများ အရေးကြီးသလို ဖျော်ဖြေရေးလည်းလိုအပ်တယ်။ ဒါပေမယ့် အဲဒီကဏ္ဍများရဲ့သဘာဝက အဓိကမဏ္ဍိုင်ကြီးသုံးရပ်ကို စောင့်ကြပ်ကြည့်ရှုတဲ့ ‘watch dog’ သဘာဝမဟုတ်ဘူး။ သတင်းစာနဲ့ သတင်းမီဒီယာလုပ်ငန်းတွေကသာ စောင့်ကြည့်ပြီး ပြည်သူကို အစီရင်ခံတင်ပြတဲ့အလုပ်ကိုလုပ်တာဖြစ်လို့ စတုတ္ထမဏ္ဍိုင်လို့ခေါ်တာဖြစ်တယ်။



လူသူတော်ကောင်းကြီးတွေ

စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ထားတဲ့အတွက် သတင်းမီဒီယာအလုပ်ဟာ အင်မတန်မှကိုတာဝန်ကြီးတယ်။ နိုင်ငံသားတိုင်းလိုက်နာကျင့်ကြံရတဲ့ နိုင်ငံသားကျင့်ဝတ်အပြင် အင်မတန်တင်းကြပ်တဲ့ သတင်းသမားကျင့်ဝတ်တွေကိုလည်း လိုက်နာစောင့်ထိန်းရတယ်။သတင်းသမားကျင့်ဝတ်တွေကို အတိအကျအမှန်အကန် လိုက်နာစောင့်ထိန်းနိုင်ရင် အဲဒီပုဂ္ဂိုလ်ဟာ အလွန့်အလွန်ဖြူစင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ သတ်မှတ်နိုင်ပါလိမ့်မယ်။ ဆရာဂျာနယ်ကျော်ဦးချစ်မောင်လို၊ ဆရာလူထုဦးလှလို ပုဂ္ဂိုလ်များဟာ လူတွေကြားမှာ အင်မတန်ရှားတဲ့လူသူတော်ကောင်းကြီးတွေပါ။ အင်မတန်ထူးချွန်ထက်မြက်တဲ့ သတင်းစာဆရာကြီးများလည်း ဖြစ်ကြတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက ဒီခေတ်မှာရှားတယ်။ ကမ္ဘာမှာကိုရှားတာ။ တော်သူတွေပေါပါတယ်။ တော်လည်းတော်ပြီး လူသူတော်ကောင်းကြီးတွေလို့လည်းခေါ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကတော့တွေ့ဖို့ မလွယ်ပါဘူး။



လူတော်ဆိုတာ

လူတော်လူကောင်းလို့ပြောတဲ့အခါမှာ အကျယ်ဝိတ္တာရချဲ့ပြီးပြောဖို့ နည်းနည်းတော့လိုအပ်တယ်။ လူတော်ဆိုတာနဲ့ပတ်သက်လို့ကတော့ ပြောစရာမရှိပါဘူး။ ပညာရပ်နယ်ပယ်တစ်ခုခုမှာ ထူးထူးချွန်ချွန် ကျွမ်းကျင်တတ်မြောက်ထားသူကို လူတော်လို့ခေါ်ကြတာပါပဲ။ နိုင်ငံလူမျိုးကွဲပြားခြားနားမှုမရှိ၊ စံနှုန်းတစ်ခုတည်းပါပဲ။ တောင်အာဖရိကနိုင်ငံသား နှလုံးအစားထိုးခွဲစိတ်ကုသမှုလုပ်ခဲ့တဲ့ ဆရာဝန်ကြီး ခရစ္စတီယန်ဘားနာ့ဒ်ဟာ အမေရိကန်ရောက်တော့လည်း နှလုံးခွဲစိတ်ကုသဆရာဝန်ကြီးအဖြစ် အသိအမှတ်ပြုကြတာပါ။ အင်္ဂလန်က တွေးခေါ်ပညာရှင်ကြီးဘာထရန်ရပ်ဆဲလ်ကို ကမ္ဘာတစ်ခုလုံး ကလည်းတွေး ခေါ်ပညာရှင်ကြီးအဖြစ် လေးစားကြပါတယ်။


လူကောင်းဆိုတာ

လူကောင်းဆိုတာကျတော့ ပြောစရာနည်းနည်းရှိလာတယ်။ ဘာကြောင့်လဲဆိုတော့ လူကောင်းလို့ သတ်မှတ်တဲ့နှုန်းစံက လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ နိုင်ငံတစ်ခုနဲ့တစ်ခု မတူကြလို့ဖြစ်တယ်။ အလွယ်ဆုံးဥပမာပေးရရင် အရက်ကိစ္စကိုပြချင်တယ်။ အရက်သောက်တာကို ကမ္ဘာ့လူမျိုးတိုင်းလိုလိုကအပြစ်ကြီးတစ်ခုလို့ မယူဆကြတော့ဘူး။ အရက်သောက်တတ်လို့ လူကောင်းမဟုတ်ဘူးလို့ မသတ်မှတ်ဘူး။ ဗုဒ္ဓဘာသာလက်ခံကျင့်သုံးတဲ့ မြန်မာလူမျိုးတွေကတော့ အရက်သောက်တာကို အပြစ်ကြီးတစ်ခု၊ သီလပျက်ယွင်းမှုတစ်ခုလို့သဘောထားတယ်။ အရက်သောက်သူကို လူကောင်းလို့ မမြင်နိုင်ကြဘူး။ ဘုရားဂေါပကရွေးရင် တခြားစာရိတ္တပိုင်းမှာ ဘယ်လောက်ပဲကောင်းကောင်း၊ အရက်သေစာသောက်စားသူဆိုရင် ၀င်ရောက်အရွေးခံခွင့်တောင်မရှိပါဘူး။ ဂေါပကအဖွဲ့တိုင်းရဲ့စည်းမျဉ်းမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားကြတယ်။


တောင်ပေါ်မြေပြန့်ခြားနားမှု

ဒါပေမဲ့ မြန်မာပြည်မှာလည်း တောင်ပေါ်နဲ့မြေပြန့်မတူတာမျိုးတော့ ရှိသေးတယ်။ မြေပြန့်သားတွေက အရက်သောက်တာကို သီလပျက်ယွင်းမှုအဖြစ် ရှုမြင်ပေမယ့် အလွန်ချမ်းအေးတဲ့ တောင်ပေါ်ဒေသတွေမှာတော့ ဒီလိုမမြင်တော့ဘူး။ အအေးဒဏ်ကိုကာကွယ်ဖို့ လူကြီးလူငယ်ကျားမ မရွေးအရက်သောက်ကြတယ်။ အနောက်နိုင်ငံတွေမှာလည်း ဒီလိုကွဲပြားမှုတွေရှိကြတာပဲဖြစ်တယ်။ အင်္ဂလိပ်ဘောလုံးသမားတွေ အိမ်ထောင်ဖက်အပေါ်သစ္စာမစောင့်မှုကြောင့် ပြဿနာဖြစ်ရတဲ့သတင်းတွေ အမြဲမပြတ်သတင်းစာတွေမှာဖတ်နေရတယ်။ အင်္ဂလိပ်တွေကဒီကိစ္စကိုတော်တော် ရေးကြီးခွင်ကျယ် သဘောထားတယ်။ ပြင်သစ်ဘောလုံးလောကမှာတော့ ဒါမျိုးတွေကိုသတင်းစာတွေကရေးကြီးခွင်ကျယ် လုပ်ပြီးရေးလေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ပြင်သစ်နိုင်ငံမှာက အိမ်ထောင်ဖက်အပြင်ချစ်သူ(Lover) ထားတာမျိုးကမဆန်းတော့တဲ့ကိစ္စအဖြစ် သဘောထားကြလို့ဖြစ်တယ်။ ယောက်ျား၊ မိန်းမဘယ်သူမဆို 'ချစ်သူ' ထားကြတာပဲလို့ ပြောလေ့ရှိတယ်။


မတားပါဘူး

အတိအကျ အခိုင်အမာပြောချင်တာတစ်ခုတော့ရှိတယ်။ မြန်မာလူမျိုးအဖြစ်နဲ့ မြန်မာနိုင်ငံမှာ နေထိုင်နေသမျှကာလပတ်လုံး မြန်မာလူမျိုးတို့ရဲ့ ရိုးရာအစဉ်အလာဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေကို စောင့်ထိန်း လိုက်နာရမယ်ဆိုတဲ့အချက်ဖြစ်တယ်။



မျက်စိရှက်လို့


အထက်မှာပြောခဲ့တဲ့ စတုတ္ထမဏ္ဍိုင်ကိစ္စမှာလည်း နိုင်ငံနဲ့လူမျိုးအလိုက် ကွဲပြားခြားနားတဲ့နှုန်းစံတွေရှိကြတယ်။ သတင်းသမားဆိုတာ အဖြစ်မှန်၊ သတင်းမှန်ကို အတိအကျအမှန်အကန် ရေးသားတင်ပြရတယ်။ ဒါပေမဲ့ နိုင်ငံနဲ့လူမျိုးရဲ့ဓလေ့ထုံးစံယဉ်ကျေးမှုအလိုက် ခြားနားချက်တော့ရှိကြတယ်။ မှုခင်းသတင်းတစ် ပုဒ်ကိုဖော်ပြရာမှာ အနောက်နိုင်ငံများ က မှုခင်းကျူးလွန်သူရော၊ ကျူးလွန်ခံရသူကိုပါ နာမည်လိပ်စာအတိအကျဖော်ပြလေ့ရှိတယ်။ ဂျပန်နိုင်ငံမှာတော့ သတင်းမီဒီယာအများစုက နာမည်နဲ့လိပ်စာနေရာမှာ ကွက်လပ်ထားဖော်ပြကြတယ်။ အနောက်နိုင်ငံသတင်းစာတွေမှာ မျက်နှာဖုံးသတင်းအဖြစ် အသားပေးဖော်ပြလေ့ရှိတဲ့ သတင်းတစ်မျိုးဆိုရင် မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ရေးသားဖော်ပြဖို့ဆိုတာထား။ ဖတ်ရမှာတောင်မျက်စိရှက်လို့ ကျော်ဖတ်သွားရတယ်။

စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်လို့ မကြာခဏလာမေးကြတဲ့ လူငယ်တွေကို မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားကောင်း တစ်ယောက်အခေါ်ခံရဖို့က နိုင်ငံခြားမှာထက်ပိုခက်တဲ့အကြောင်း အမြဲပြောပြဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာရဲ့ သြဇာရိပ်ကြီးမားတဲ့နိုင်ငံဖြစ်တော့ မြန်မာတွေက 'သီလ' ပိုင်းကို သိပ်အလေးထားတဲ့အတွက်ဖြစ်တယ်။



သာသနာပြုနဲ့တူတဲ့အလုပ်

အရက်သောက်တာကြောင့် စာနယ်ဇင်းသမားကောင်းမဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။ အရက်လုံးဝမသောက်ပေမယ့် တခြားနည်းမျိုးစုံနဲ့ ပျက်စီးနေတဲ့ စာနယ်ဇင်းသမားတွေလည်း အများကြီးရှိပါတယ်။ အဓိကအကျဆုံးကတော့ စာနယ်ဇင်းသမားအလုပ်ကို ခုတုံးလိုအသုံးချပြီး ကိုယ်ကျိုးစီးပွားရှာတဲ့အလုပ်မျိုး မလုပ်ဖို့ဖြစ်ပါတယ်။ စာနယ်ဇင်းအလုပ်ဆိုတာ သာသနာပြုလုပ်ငန်းနဲ့တူတဲ့ မွန်မြတ်တဲ့အလုပ်ဖြစ်တယ်၊ ကိုယ်ကျိုးရှာသမားများနဲ့ လုံးဝမအပ်စပ်တဲ့ အလုပ်ဖြစ်တယ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။


စီးပွားရေးပိတ်ဆို့မှု (Sanction) နှင့် ပတ်သက်၍


၁။ ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းပေးဖို့ တိုင်းရင်းသားပါတီ ၅ ခု (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ) မှ ဒီလ ၁၆ ရက် တနင်္ဂနွေနေ့ တုန်းက တောင်းဆို ခဲ့ပါတယ်..။

၂။ မြန်မာစစ်အစိုးရအပေါ် အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ (EU) တို့က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတာတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ဒီလ ၁၆ ရက် တနင်္ဂနွေ နေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။

၃။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီလ ၁၉ ရက်နေ့ ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက်သွယ် စကားပြောခဲ့ပါတယ်...။

၎။ မြန်မာနိုင်ငံအပေါ် တားဆီးပိတ်ဆို့မှုတွေ ဒဏ်ခတ်ထားတာကို လောလောဆယ် ရုပ်သိမ်းပေးဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒီလ ၂၁ ရက် သောကြာနေ့က ပြောဆိုလိုက်ပါတယ်။

၅။ စီးပွားပိတ်ဆို့မှုတွေကို ဘယ်သူတွေက အားပေးနေလဲ?? နိုင်ငံတော် ချမ်းသာမှာ၊ ပြည်သူတွေ စီးပွားတိုးတက်မှာကို ဘယ်သူတွေ စိုးရိမ်နေလဲ?? နိုင်ငံတော် ဆင်းရဲအောင် ဘယ်သူတွေ အားပေးနေလဲ သိသာထင်ရှားလှ၏။ ၂၀၁၀ ခုနှစ် မေလ တုန်းကလည်း အလားတူ ဖြစ်စဉ် မျိုး ရှိခဲ့၏။ http://myanmarexpress.blogspot.com/2010/05/blog-post_15.html တွင် ကြည့်နိုင်သည်။

၆။ “တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကို စာနာတယ်၊ ထောက်ထားတယ်၊ လေးစားတယ်။ သို့သော် ဒီကိစ္စတွေဟာ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် တိုင်းရင်းသားတွေမှာ ထိခိုက် နစ်နာတယ်ဆိုတာ ဟုတ်ရော ဟုတ်ရဲ့လား၊ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားတွေကို ဖျက်ဆီးနေတဲ့ စစ်အစိုးရရဲ့ လက်ချက်ကြောင့်၊ စစ်အစိုးရရဲ့ အုပ်ချုပ်မှု ညံ့ဖျင်းမှုကြောင့်၊ စစ်အစိုးရရဲ့ စီးပွားရေး စီမံကိန်းတွေ မှားယွင်းမှုကြောင့်၊ စစ်အစိုးရရဲ့ တိုင်းပြည်ငွေကြေး ကိစ္စတွေမှာ ကွပ်ကဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်တာတွေလား၊ အဲဒါတွေကို ပိုင်းခြားပြီး၊ သေချာစဉ်းစားပြီးတော့ တိတိကျကျ တင်ပြပါ။” ဟု NLD ပါတီရဲ့ အမှုဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်က ဆိုပါတယ်။

၇။ မဖွံ့ဖြိုးဘူးဆိုတဲ့ ကိစ္စမှာတော့ Factors တွေ အများကြီးထဲမှာ Sanction ဆိုတာလည်း တခုပါတယ်ပေါ့ဗျာ။ အဲဒီဒေသတွေမှာ Fရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကDI ပေါ့၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ Technology တွေ မရောက်တာထက် စာရင် ရောက်လာရင်တော့ တစုံတရာ Improve ဖြစ်လာနိုင်တယ်ပေါ့ဗျာ။ Sanction ကို ရုပ်ရုံနဲ့တော့ တိုင်းရင်းသားဒေသ အားလုံးဟာ တခါတည်း အပြီးအပိုင် ဖွံ့ဖြိုးတိုးတက်သွားမယ်လို့တော့ ကျနော်တို့ ဆိုလိုတာ မဟုတ်ပါဘူး။ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးဖို့အတွက် တာဝန်ရှိတဲ့ အချက်အလက်တွေကတော့ အများကြီး၊ အများကြီးရှိတယ်။ အဲဒီထဲမှာ Sanction ဆိုတာ အချက်တခု ပါတယ်ပေါ့ဗျာ။" ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကပြော၏။

၈။ မြန်မာနိုင်ငံရဲ့ ပြည်သူ လူထုတွေဆီက နိုင်ငံရေး လောကကို ဂယက် ရိုက်စေတယ်။ စီးပွားရေးအရ အလုပ်လက်မဲ့တွေ များလာတယ်။ အဲဒီ အတွက်ကြောင့် ကျန်းမာရေး ကိစ္စတွေ၊ ပညာရေး ကိစ္စတွေကို ဆုံးရှုံး သွားစေတယ်။ မြင့်မားလာရမယ့် အစား နိမ့်ကျလာတဲ့ အခါမှာ စားဝတ်နေရေး ကိစ္စထဲမှာ ရုန်းကန်နေရတော့ နိုင်ငံရေးထဲ စိတ်ဝင်စားမှုက လျော့နည်း သွားတယ်။ ကျွန်တော်တို့ ကတော့ စီးပွားရေး ပိတ်ဆို့တာဟာ ကျွန်တော်တို့ နိုင်ငံကို အားမပေးတဲ့ အပြင် ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ တိုးတက်ရာ တိုးတက် ကြောင်းတွေကို အဟန့်အတား ဖြစ်စေတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က ဒီဟာကို ဆန့်ကျင်တယ်။” ဟု ၈၈မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီမှ ဦးသန်းဦး က ပြောခဲ့သည်။

၉။ နဂိုကတည်းက sanction နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့တဲ့ နည်းနဲ့ လုပ်တာကို ဆန့်ကျင်တယ်လေ။ အဲဒီအတွက်ကိုပဲ လှုပ်ရှားမှု တစ်ခုအနေနဲ့ ပြုလုပ်ခဲ့တယ်။ လှုပ်ရှားမှုတွေ ရှိခဲ့တယ်။ သက်သက်မဲ့ အနိုင်ကျင့်တယ်လို့ နိုင်ငံရေး ဗန်းပြပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ၀င်စွက်ဖက်ပြီးတော့ ဒီလိုလုပ်တာ အနိုင်ကျင့်တယ်လို့ပဲ ယူဆပါ တယ်" ဟု ၀ံသာနု NLD ပါတီမှ ဒေါ်နန်းရွှေကြာ က ပြောခဲ့သည်။

၁၀။ “စီးပွားရေး ပိတ်လိုက်တော့ ဘာဖြစ်လဲဆိုတော့ လူတွေရဲ့ စားဝတ်နေရေး၊ အဆင်မပြေနိုင်ဘူး။ အလုပ်အကိုင် အခွင့်အလမ်းတွေ မပေါများတော့ဘူး။ ရင်းနှီးမြှုပ်နှံမှုတွေ မလာတော့ဘူးပေါ့။ မလာတော့ ပြည်သူတွေ စားဝတ်နေရေး ဒုက္ခရောက်တယ်။ ဒုက္ခရောက်မယ် ဆိုလို့ရှိရင် ပြည်သူတွေ အနေနဲ့ အကျပ်အတည်း ဖြစ်လာလို့ရှိရင် လမ်းပေါ်ထွက် ဆန္ဒပြတာတို့ လုပ်မယ်ပေါ့ဗျာ။ အဲဒီလို လုပ်လို့ရှိရင် စစ်အုပ်ချုပ်ရေး အစိုးရ ပြုတ်ကျမယ်ဆိုပြီးတော့ သူတို့က အဲလို ရည်ရွယ်တာပေါ့နော်။ ပြည်သူကို အကျိုးပြုတာ မဟုတ်ဘူး။ တကယ် မဖယ်ရှားနိုင်ရင် ရည်ရွယ်ချက် ကလေ၊ နောက်တစ်ခုက သူတို့ လုပ်လိုက်တဲ့ ရည်ရွယ်ချက်က စစ်အုပ်ချုပ်ရေး အစိုးရကို ဖျက်သွားမယ်ဆိုတဲ့ မူက မမှန်ဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အဲလိုလုပ်ပြီးပေါ့ဗျာ။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း စီးပွားရေး ပိတ်ဆို့တာကို လက်ခံတယ်။ တိုင်းပြည် အတွက် လိုအပ်တဲ့ အခန်းကဏ္ဍက လမ်းပေါ်ထွက် ဆန္ဒပြမယ်ပေါ့ဗျာ။ ပြပြီဆိုရင် ဒီအစိုးရကလည်း ကျွန်တော်တို့ကို နှိမ်နင်းမှပဲ။ နှိမ်နင်းတယ်ဆိုရင် ကျွန်တော်တို့ သေမယ်ဗျာ။ ထောင်ကျ မယ်ဗျာ။ အဲဒါတွေက ပြည်သူကို လက်တွေ့ မကျဘူး။ သူတို့ လုပ်ရပ်က ပြည်သူကို အကျိုးမပြုဘူး။ ပြည်သူကို အကျိုးယုတ်စေတယ်။" ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ မှ ဦးအောင်မျိုးဦး က ပြောခဲ့သည်။

၁၁။ “Sanctions ကို မထောက်ခံဘူး ဆိုတာက ဒီစီးပွားရေး ပိတ်ဆို့မှု အရေးယူလိုက်တဲ့ အတွက်ကြောင့် ပထမ အချက်က ပိတ်ဆို့ခံရတဲ့ နိုင်ငံမှာ စီးပွားရေး ကျဆင်း သွားမယ် ဆိုရင် ကျပ်တည်း သွားမယ် ဆိုရင် စာရိတ္တတွေ ပျက်ပြားလာမယ်။ ခိုးလာ လုလာ ဆိုးလာမယ်။ ပညာ မသင်နိုင်တဲ့ အတွက်ကြောင့် အသိတရားတွေ နိမ့်ကျသွားမယ်။ အဲတော့ ဒီမိုကရေစီနဲ့ ပိုပြီးတော့ ဝေးသွားမယ်။ ဒီမိုကရေစီ ဆိုတာက စီးပွားရေး တိုးတက်ရမယ်။ လူနေမှု မြင့်ရမယ်။ အသိမြင့်ရမယ်။ တစ်ဆင့်ပြီး တစ်ဆင့် ညီမှ ဖြစ်မှာကိုး။ အဲဒါကြောင့် ဒါကို နံပါတ် ၁ အနေနဲ့ ကန့်ကွတ်တယ်။ နံပါတ် ၂ အနေနဲ့ ဒီနေ့ကာလက ဆန်ရှင်ကာလ မဟုတ်တော့ဘူး။ ၁၉ ရာစုက အင်္ဂလန်ကနေ ဆန်ရှင် လုပ်တယ်ဆိုရင် အနည်းနဲ့ အများထိတယ်။ တစ်ကမ္ဘာလုံးမှာ အရင်းရှင် စနစ်ကပျံ့ပြီး ပေါ်ပေါက်နေတာ။ အရင်းရှင်စနစ် ဆိုတာ ဗဟိုဦးစီး ရှိတာ မဟုတ်ဘူး။ ဒါကြောင့် စီးပွားရေး ပိတ်ဆို့မှုလုပ်တာဟာ သူတို့အတွက် မထိရောက်ဘူး။ ဟု ခေတ်သစ်ပြည်သူ့ပါတီ မှ ဦးထွန်းအောင်ကျော် က ပြောခဲ့သည်။

မြန်မာနိုင်ငံကို တစစီ ပိုင်းမယ့် အမေရိကန်၏ အစီစဉ်


မိမိတို့၏ အယူအဆ မှားယွင်းမှု၊ စီမံမှုညံ့ဖျင်းခြင်းကြောင့် တစ်နေ့တခြား ဒီရေလို တိုးလာတဲ့ အစိုးရရဲ့ခြေလှမ်းတွေကို မတားနိုင်တဲ့ အဆုံး ပြည်သူအားလုံး ဆင်းရဲစေတဲ့ စီးပွားပိတ်ဆို့မှုကို ထောက်ခံတဲ့ NLD


စီးပွားရေး ချို့နေသည့် မိသားတစ်စုမှ ကလေးငယ်တစ်ဦး


ငွေ ၁၀၀၀ ကို လုနေကြသည့် လူတစ်စု


ဘာပြောပြော ၁၉၉၀ ရွေးကောက်ပဲနဲ့ ကာကွယ်ပြောဆိုနေတဲ့ ဦးတင်ဦး နှင့် ၆၅၊ ၇၄၊ ၈၈၊ ၉၀၊ ဒီပဲရင်း၊ စက်တင်ဘာ.. စတဲ့ သမိုင်းဝင် ရှေးဟောင်း အထောက်အထား ဆိုတာတွေကိုပဲ အမြဲထမ်းပိုးထားတဲ့ ဒေါ်စုကြည်


ဝီကီလိခ်ကြောင့် အရှက်လှလှကွဲခဲ့ရတဲ့ အမေရိကန် ပြန်ထောင်စု


သံတမန်ဆက်ဆံတဲ့ နိုင်ငံများအပေါ် အမေရိကန်ရဲ့ မကောင်းခဲ့မှုအမှန်တရားများကို အရေအတွက် သိန်းချီပြီးဖွင့်ချမှုကြောင့် ခြေချုပ်မိနေတဲ့ ဂျူလီယံ အာဆန်း


ကမ္ဘာ့အလည်မှာ မျက်နှာမပြရဲဖြစ်ခဲ့ရတဲ့ အမေရိကန် ပြန်ထောင်စု



ဘယ်သူမှ တန်ဖိုးမထားတဲ့ အမေရိကန်


မြန်မာပြည်သူအားလုံး ဆင်းရဲတွင်းနက်စေမည့် နိုင်ငံတိုင်းအပေါ် ကြီးစိုးချယ်လှယ်လိုသည့် အမေရိကန် ပြည်ထောင်စု၏ စီးပွားပိတ်ဆို့မှုကို အားပေးသည့် ဒေါ်စုကြည်

ဒေါ်လာမျိုးဆက် အဓွန့်ရှည်စေသော်

ဆောင်းလေရူးသည် တသုန်သုန် တစ်ဝှေ့ဝှေ့တိုက်ခတ်လျှက် ရှိသည်တစ်ကား။ ဘော်ငွေ သော်တာလ၀န်းလေးကမူ ဇန်န၀ါရီည၏ ကောင်းကင်ထက်ဝယ် ချိတ်ဆွဲ တွယ်ကပ် တင့်တယ်လျှက် ရှိပေဘိတကား ။ အကျွန်ုပ် သည် မတွေ့ရတာ အတော်ကြာပြီဖြစ်သော အိုင်ပီ မိုးချီးဇွန်း ၏ ဖိတ်ကြားချက်အရ ပြည်ပြေးအဖွဲ အတိုက်ခံများ ဆီသို့ ဆိုက်ကပ် ခိုနားလျှက် ရှိတော့ပေသည်တမုံ့ ။ အနို့ဖြစ်ရာ အနှီညချမ်းကမူ အကျွန်ုပ်နှင့် ဒေါ်လာထိုင်စား အတိုက်အခံများဟုဆိုသူများသည် စားပွဲဝိုင်းကြီးပေါ်တွင် ကောင်းပေ့ဆိုသော စားကောင်းသောက်ဖွယ်များကို တည်ခင်းပြီး ဒေါ်လာအရေးကြိုးပန်းချက်များနှင့် ရှေ့လျှောက် လုပ်ဆောင်ရန်များကို ဆွေးနွေး တိုင်ပင်လျှက်ရှိသည်တကား ။


အမှန်ဆိုစေမူ ကျွန်ုပ်သည် ဌာနေကြီးသို့ မရောက်ဖြစ်သည်မှာ အချိန်အနည်းငယ်ပင် ကြာခြေပြီ ကျွန်ုပ်မရောက်ဖြစ်သည်မှာလဲ ဒေါ်လာခွဲတမ်း နည်းသောကြောင့်တစ်ခုတည်းမဟုတ်ပဲ ကျွန်ုပ်၏ အမြှောင် အငယ် အပျော် မယားပေါင်းသောင်းခြောက်ထောင်ထံသို့ ၀င်ရောက်ခစားနေရသောကြောင့်လဲ ပါပေသည် ။


သို့သော်လည်း ယခုမူ ကျွန်ုပ်မသွားလို့ မဖြစ်သောအကြောင်းများကြောင့် မဖြစ်မနေရောက်လာရခြင်းဖြစ်ပေသည် အကြောင်းမှာကား မြောက်များစွာသော ပြည်ပြေးအတင်းပြော ပါတီများမှ တစ်ခုဖြစ်သော ကျွန်ုပ်တို့ အဖွဲ့တွင် အနည်းငယ်သော အရိုးအရင်းလေး ကိုက်ဝါးရရုံ အတန်ငယ်မျှ မြောက်ပေးလိုက်ရုံနှင့် ဥတက်အောင်ကမည်ဟု ဆုံးဖြတ်ချက်ချထားဟန်ရှိသော ပြည်ပြေးလက်သစ် ဒေါ်လာချစ်လေးများမှာ အညွန့် တစ်လူလူနှင့် ထွက်ပြုပြီး လာချေပြီဟု အိုင်ပီ မိုးချေးဇွန်း၏ ပြောပြချက်အရ ကျွန်ုပ်မှာ ပိတိထောပဏာရ ၀မ်းသာစွာဖြစ်သောကြောင့် ယအခုကဲ့သို့ ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်လေသည် ။ ထို့ကြောင့်ပင် အိုင်ပိ မိုးချီးဇွန်း ပြုလုပ်သော ညစာစားပွဲသောက်ပွဲမုးပွဲရစ်ပွဲ တွင် အနှီ ဒေါ်လာစားလက်သစ်လေးများ နှင့် တွေ့ဆုံသမှု ပြုခဲ့ရခြင်းပင် ဖြစ်တော့ ဘိချေပါသည်တမုံ။


ကျွန်ုပ်က…

“ကိုင်း… အိုင်ပီ မိုးချီးဇွန်းရေ..

အဆွေကသာ ဥင်္ီးဆောင်ပြီး ဒေါ်လာစား နိုင်ငံရေးသမား ပွင့်သစ်စများနှင့် မိတ်ဆက်သမှု ပြုပါလင့်”

ကျွန်ုပ်က ၏သို့ဆိုလိုက်သည်နှင့် ယမကာတန်ခိုးနှင့် ယစ်ခိုးဝေနေသော မျက်လုံးများဖြစ့် ပွင့်သစ်စ ဒေါ်လာစားများအား ဝေ့လျှက်ကြည့်ရှုပြီး

၂၀၁၀ ခုနှစ်အတွက် မှတ်သားသင့်ဆုံး သတင်းထူး
(အဖွဲ့ချုပ်အလံ TATOO ကို ဒီဆိုင်မှာထိုးခဲ့တာပါတဲ့)


“ဟောသည့် လူငယ်ကတော့ ပညာဥာဏ်နည်း လူတော့ထဲမှာ မဟုတ်တာအကုန်လုပ်ပြီး ရှက်ကြောက်ဗျာဟာ မရှိလတဲ့ ခေတ်သစ်ဂုဏ်ဆောင် ဒေါ်လာမောင်ပါပဲဗျ.. သည် သူငယ်လေးကတော့ မတန်မရာ အမည်ကညာ မှတ်ယူထားတဲ့ အင်္ဂလိပ်စပ် ထိန်လင်း တက်တူးထိုးတဲ့အကြောင်း သူ့တိရှပ်မှ သရဲပုံလေး အကြောင်းများကို ပြည်သူများစိတ်ဝင်စားအောင် ခက်ခဲပင်ပန်းစွာဖြင့် နောင်လာနောက်သား သားမြေးမြစ်များ အမှတ်ယူလောက်အောင် သတင်းထူးမှာ ရေးသားနိုင်တဲ့ သူငယ်လေးပေါ့…”

“သြော် သြော် ဒေါ်လာစား စွမ်းပကားများနှင့် ပြည့်စုံသူပေပဲ”


ဒီမိုကရေစီရဖို့ဆိုရင် သားကတော့ ဒီလိုပဲ ချွတ်ချပစ်လိုက်တာပဲ


အိုင်ပီမိုးချီးမှပင် ဆက်လက်ပြီး မိတ်ဆက်ပေးသည်မှာ

“ဟောသဟိုက ဒေါ်လာမျိုးဆက် ထင်မှတ်လောက်အောင်ပင် စွမ်းဆောင်နိုင်သူဖြစ်၏ အကြင်သူ၏ အရည်အချင်းကား မြှောက်ပေးလျှင် အကုန်လုပ်၏ ဒေါ်လာရဘလျှင် ချေးပင်စား၏ ငယ်ပါတန်းလန်း မရှက်တမ်းပဲ လမ်းမထက်လည်း တက်ရဲပေ၏ … နိုင်ငံရေးအမြင်ကား လွန်စွာကျွယ်ဝ၏ မောခ့် လီနင် စတာလင် ဆိုတာ ယောင်ယမ်းပြီးမျှပင် မကြားဖူး နိုင်ငံတော်သီချင်းပင် အစအဆုံး မရပေ သို့ကြောင့် နှောင်းချိန်ကာ အနည်းငယ်အတွင်းမှာ အင်မတန်ကြော်ကြားလာအံ့ ။”

အိုင်ပီမိုးချီးမှ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ အရည်အချင်းများကို ထုပ်ဖေါ်မိတ်ဆက်ပြီး…

“အကြင်လူငယ်တွေကား ကျွန်ုပ်တို့ ပြည်ပြေးအတင်းပြောအဖွဲကြီး၏ အနာဂတ်လူငယ်များဖြစ်ပေရာ ထိုသူများသည်လည်း ဒေါ်လာအရေးအတွက် ဆွေတရာ မောင်တစ်ကျိတ် ပင့်ဖိတ်ပြီးလျှင် ၀ိုင်းဝန်း အတင်းပြော ရန်ပင် အကြံအစည် ရှိသူများဖြစ်ပေသည် ထို့ကြောင့် ကျွန်ုပ်တို့ အဖွဲကြီးမှာလဲ အဘယ်ခေတ် အဘယ်အချိန်မျှ တိမ်ကောမည် မဟုတ်တန်ရာ..။”

ဟု အားရ၀မ်းသာ ပြောလေသည်…

ထိုသို့ သောက်စားပြောဆိုရင်း ကျွန်ုပ်မှာ တစ်စုံတစ်ရာကို သတိရပြီး အိုင်ပီ မိုးချီးအား မေးလိုက်လေသည်

“အိုင်ပီ မိုးချီးရေ ကျွုန်ုပ်ယခုမှပင် သတိရပြီး မေးစရာ တစ်ခုပေါ်လာလေပြီ….”

အိုင်ပီမိုးချီးမှ

“မေးလဗျာ”

“ဒေါ်လာအရေး အသက်မပေးပေမယ့် ကလေးသူငယ် ကစားဟန်ဖြင့် အမြင့်ခုန်ချတဲ့ ဟို ကုလား မြဂွေးသမီး ငွေချေးပွင့်ငုံ ဆိုတဲ့ ကုလားမလည်း မတွေ့တာ အတော်ကြာပြီး ငြိမ်ချက်သား ကောင်းနေပါလားဗျ”

“အော် အဲကုလားမလဲ ဖအေကုလား လင်ငနွား အားကိုးနဲ့ နေရာလေးများရမလားလို့ ချောင်ကလောင် ဇနပုတ်ကထွက်ပြီး ရှိသမျှ အစွမ်းနဲ့ ဖြစ်ညှစ်ရမ်းကြည့်တာပေါ့ အခြေအနေမကောင်းတော့လဲ အလာရှေ့မှာ ဘလီတက်နေလား လင်ရှေ့မှာ အပီနှပ်နေလားတော့ မသိပါဘူး …”



ပေါင်မုန့်စားရင်တောင် ဒါမျိုးမှ မီးမီးကြိုက်ကြိုက်


“အော်အော်… ကောင်းပါ့ဗျာ ခွဲတမ်းပေးဖို့ တစ်ယောက်လျှော့တာပေါ့….

ကဲ … အိုပီ မိုးချီးရေ အချိန်အခါလည်း လင့်နေတော့ ကျွန်ုပ်လည်းပြန်အုံးမှဗျ ဒီနေ့ ပွဲကိုလာရတာ ကျွန်ုပ်ဖြင့် တယ်အားရှိသဗျ အခုလို ဒေါ်လာစားလူငယ်လေးတွေနဲ့ သူတို့ရဲ့ အရည်အချင်းတွေကို မြင်ရတာဖြင့် လွန်စွာ နှစ်ထောင်းအားရဖြစ်သဗျာ…..”

“အင်းပေါ့ဗျာ ဒါကတော့ ကျွန်ုပ်တို့လိုပဲ အရည်အချင်းအတွေးအခေါ်စဉ်းစားဥာဏ်နည်းတဲ့ သူတွေ မွေးမြူထားရမပေါ့ ဒါမှလဲ ကျုပ်တို့ရည်ရှည်လုပ်စားလို့ရမှာပေါ့…”

“အင်းပါဗျာ … ကဲကဲ ကျုပ်သွားပြီဗျို့”

ကျွန်ုပ်သည် စီးတော် ကားပေါ်သို့ မတက်ခင် အိုင်ပီမိုးချီးအား မည်သူမျှ မကြားအောင် စကားတစ်ခွန်းကို တိုးတိုးလေးပြောခဲ့လေသည်…

“အိုင်ပီရေ နိုင်ငံရေးသမားတိုင်း နိုင်ငံမကောင်းကြောင်းမပြောဘူးဗျ ဒါပေမယ့် နိုင်ငံမကောင်းကြောင်း ပြောပြီး ဒေါ်လာစားတတ်ရင်တော့ နိုင်ငံရေးသမား အမည်ခံလို့ရတယ်နော့”

ထိုသို့ပြောပြီး ကျွန်ုပ်မှာထွက်လာခဲ့လေသည် နောက်တွင်ကျန်ခဲ့သော အိုပီမိုးချီးဇွန်၏ အစီပျံဖောင်းပွနေသော မျက်နှာသည် ကျွန်ုပ်စကားကြောင့် ရှောက်သီးပုတ်ကဲ့သို့ဖြစ်နေမည်မှာ ဧကန်မလွဲပင် ဖြစ်ချေမည်။



ပင်တိုင်ဆောင်းပါးရှင်
နေနက်




Myanmar Express

mmDailyNews ၏ ၂၀၁၀ မြန်မာ့နိုင်ငံရေး သတင်းမှတ်စု


ချစ်သော ပရိသတ်များသို့

၂၀၁၀ ပြည့်နှစ်အတွင်း လူထုရဲ့ စိတ်ဝင်စားမှု အခံရဆုံး မြန်မာ့နိုင်ငံရေး သတင်းများကို ကျွန်တော်တို့ ကြိုးစား စုစည်း တင်ဆက်ပေးလိုက်ပါတယ်။ ဒီသတင်း ရီဗျူးလေးဟာ မြန်မာအွန်လိုင်းစာမျက်နှာများပေါ်မှာ ပရိသတ်များ ကြိုက်နှစ်သက်ကြတဲ့ သတင်းမှတ်တိုင်လေးတစ်ခု၊ အချင်းချင်း ဝေမျှစရာ သတင်းရီဗျူးလေးတစ်ခု ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ၀မ်းမြောက်မိမှာပါ။ ဆက်လက်ပြီး ကဏ္ဍအလိုက် ၂၀၁၀ ဆိုင်ရာ သတင်းရီဗျူးများကို တင်ဆက်ပေးသွားဦးမှာမို့ စောင့်မျှော်ဖတ်ရှု နိုင်ပါတယ်။

mmDailyNews
အယ်ဒီတာများ စုစည်း ရေးသားသည်



ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ၀န်ကြီးအဖြစ် ခန့်အပ်ထားသော ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်န၀ါရီလ ၁၅ ရက်နေ့က စိမ်းလဲ့ကန်သာ နိုင်ငံတော်အိမ်တော်၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။


ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ၁၉၉၀ ပြည့်နှစ် ရလဒ်အား ပယ်ဖျက်ကြောင်း ကြေညာ

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို အရေးယူ ဆောင်ရွက်ခြင်း တစ်စုံတစ်ရာ မရှိဘဲ ပျက်ပြယ်ပြီ ဖြစ်ကြောင်းနှင့် ဆယ်စုနှစ် နှစ်ခုခန့်အတွင်း ပထမဦးဆုံး အကြိမ်ဖြစ်သည့် ၂၀၁၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများကို နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနများမှ မတ်လ ၈ ရက်နေ့က ကြေညာခဲ့သည်။


ရွေးကောက်ပွဲ ကော်မရှင် စတင်ဖွဲ့စည်း

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ကော်မရှင်ကို အငြိမ်းစား စစ်ဥပဒေချုပ် ဦးသိန်းစိုး ဦးဆောင်စေ၍ ဖွဲ့စည်းကြောင်း မတ်လ ၁၀ ရက်နေ့က ကြေညာခဲ့သည်။


ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများကို ကြေညာ

ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ နည်းဥပဒေများကို မတ်လ ၁၇ ရက်နေ့က ကြေညာခဲ့သည်။


NLD ပါတီ ရွေးကောက်ပွဲ မ၀င်ဖြစ်တော့ခြင်း

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထောက်ခံမဲ အများစု ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် နိုင်ငံရေး ပါတီအဖြစ် ထပ်မံ မှတ်ပုံမတင်ရန် ဗဟိုဦးစီး အဖွဲ့ဝင်များက တညီတညွတ်တည်း ဆုံးဖြတ်၍ မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာကာ ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်းမှ ထွက်ခွာ ခဲ့သည်။


တည်ဆဲ တပ်မတော် အစိုးရဘက်မှ ရွေးကောက်ပွဲဝင်ရန် စတင် ဖွဲ့စည်း

ဧပြီလကုန်ပိုင်းတွင် တည်ဆဲအစိုးရ၏ အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့နှင့် အရာရှိကြီး အချို့ တပ်မတော်ရာထူးများမှ အနားယူခဲ့ကြပြီး ၁၉၉၃ ခုနှစ်က စတင်၍ လူမှုရေး အသင်းအဖွဲ့အဖြစ် ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ကြသည်။


အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မြန်မာပြည်သို့ လာရောက်

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာန၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်ပဲလ် သည် မေလ ၉ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့သည်။

စက်သုံးဆီဆိုင်များ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့




ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တစ်ခု

နှစ်ဆန်းပိုင်းတွင် နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင်များ အားလုံးကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် ဇွန်လ ၁၀ ရက်နေ့တွင် ပုဂ္ဂလိကပိုင် စက်သုံးဆီအရောင်းဆိုင်များ တစ်နိုင်ငံလုံး တစ်ပြေးညီ ဖွင့်လှစ်ခဲ့သည်။


၆၃ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီများ တက်ရောက်ခွင့် စတင်ရရှိ

ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးခဲ့ကြသော မြန်မာ့အမျိုးသားခေါင်းဆောင် အာဇာနည်ကြီးများအား တသလွမ်းဆွတ် ဂါရ၀ပြုသော အထိမ်းအမှတ်ဖြင့် ၆၃ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပမြဲအတိုင်း ဇူလိုင်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ နံနက် ၈ နာရီအချိန်တွင် ကျင်းပခဲ့ရာ နိုင်ငံရေးပါတီများ ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ် စတင် တက်ရောက်ခွင့် ရရှိခဲ့ကြသည်။


အာဆီယံနိုင်ငံများ အပေါ် ဟီလာရီကလင်တန်၏ အမြင်


အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က အာဆီယံနှင့် သက်ဆိုင်သော ဒေသတွင်း ဖိုရမ်များသည် အာရှတိုက် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက ကျသော ဗိသုကာများပင် ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံသို့ ဇူလိုင်လက ရောက်ခဲ့စဉ် သုံးသပ်ပြောကြားခဲ့သည်





မြန်မာသံရုံးမရှိသော နိုင်ငံမှ နိုင်ငံသားများမှ လွဲ၍ မည်သည့် နိုင်ငံခြားသား ခရီးသည်ကိုမှ ဆိုက်ရောက်ဗီဇာ မပေးတော့ဟုဆို



မြန်မာနိုင်ငံတွင် ယခုနှစ် မေလ ၁ရက်နေ့က စတင်၍ ပထမဆုံး စတင် ကျင့်သုံးခဲ့သည့် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးသည့် စနစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် ရပ်နားခဲ့ပြီး ယခုလ ၈ ရက်နေ့မှ စတင်၍ ခြွင်းချက်ဖြင့်သာ ကျင့်သုံးတော့မည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်မှု ညွှန်ကြားရေးဦးစီးဌာနမှ ကြေငြာချက်များ ထုတ်ပြန်ခဲ့သည်။





အာဆီယံနိုင်ငံ အချင်းချင်း ကုန်သွယ်ခွန် ကင်းလွတ်ခွင့် (AFTA) ကို ၂၀၁၁ ခုနှစ်တွင် စတင်ကျင့်သုံးတော့မည်ဟု ကြေညာ





အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ ဒေသတွင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံကြား ကုန်သွယ်ခွန် ကင်းလွတ်ခွင့်စနစ်ဖြင့် ကုန်သွယ်မှုကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှ စတင်၍ ကျင့်သုံးတော့မည် ဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက်နေ့က သတင်းရရှိသည်။









တရားမ၀င်ယာဉ်များ လိုင်စင်ထုတ်ပေးနေခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ဆိုင်း



တရားမ၀င်မော်တော်ယာဉ်များကို ၈၅% အခွန်ဆောင်စေ၍ လိုင်စင်ထုတ်ပေးနေခြင်းကို စက်တင်ဘာ ၂၃ ရက်နေ့မှ စ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ဆိုင်းခဲ့သည်။
မြ၀တီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ မူဆယ်၊ ကော့ကရိတ်၊ ဘားအံ၊ မော်လမြိုင် စသော နယ်မြို့များတွင် စက်တင်ဘာ လဆန်းမှစ၍ ဤလုပ်ငန်းစဉ်ကို ရပ်နားခဲ့ပြီး စက်တင်ဘာ လကုန်ပိုင်းတွင်မူ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ရပ်နားလိုက်ခြင်း ဖြစ်သည်။




ဆင်ဖြူတော် တစ်စီး ထပ်မံ ပေါ်ထွန်းလာခဲ့

စက်တင်ဘာလ ၂၃ ရက်နေ့တွင် နိုင်ငံပိုင် မီဒီယာများက ပဉ္စမမြောက် ဆင်ဖြူတော် ပေါ်ထွန်းကြောင်း ကြေညာခဲ့သည်။


ထိုင်း-မြန်မာ နယ်စပ်၌ လက်နက်ကိုင်“၀”လူမျိုးအချို့နှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့





စက်တင်ဘာ ၂၇ နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနှင့်နယ်စပ်၌ လက်နက်ကိုင်“၀”လူမျိုးအချို့နှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ထိုင်းစစ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း Bangkok Post သတင်းအရ သိရှိရသည်။ အိတ်များသယ်ယူလာသော “၀”လူမျိုးလက်နက်ကိုင် (၆)ယောက်အုပ်စုတစ်စု (၀.ပြည်ထောင်စုတပ် UWSAမှဟု သတင်းစာက ဖော်ပြထား)က မြန်မာနယ်စပ်မှ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ဒေသရှိ Doi Langသို့ ဖြတ်ကျော်ဝင်ရောက်လာစဉ် ထိုင်းစစ်တပ်က စစ်ဆေးကြည့်ရှုရန် ရပ်တန့်ခိုင်းခဲ့ရာမှ သေနတ်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းစစ်တပ်မှ Col Somsak Nin-ubon ၏ ပြောကြားချက်များဖြင့် ဘန်ကောက်ပို့စ်သတင်း၌ ဖော်ပြသွားခဲ့သည်။





ရွေးကောက်ပွဲနှင့် ရက်တိုက်နေသော MNL ပွဲစဉ်များ ရက်ရွှေ့ပြောင်း ကျင်းပခဲ့
၂၀၁၀ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ရက်တိုက်လျှက် ရှိသော မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များကို ရက်ရွှေ့ဆိုင်း ကျင်းပခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပရန် တစ်ရက်အလို ဖြစ်သော နိုဝင်ဘာ ၆ ရက်နေ့ တောင်ကြီးမြို့တွင် ကျင်းပမည့် ကမ္ဘောဇအသင်းနှင့် ဥဿာယူနိုက်တက်တို့ ပွဲစဉ် နှင့် မုံရွာမြို့တွင် ကျင်းပမည့် ဇေယျာရွှေမြေအသင်းနှင့် ရတနာပုံအသင်းတို့ ပွဲစဉ် နှစ်ခုကို တစ်ရက်စောကာ နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသွားခဲ့ပြီး ရွေးကောက်ပွဲ ရက်နှင့် တိုက်နေသော နိုဝင်ဘာ ၇ရက်နေ့ သုဝဏ္ကကွင်းတွင် ကျင်းပမည့် နေပြည်တော်FCနှင့် မကွေးFC တို့ပွဲစဉ်ကို နိုဝင်ဘာ၉ရက် သို့မဟုတ် ၁၀ ရက်နေ့သို့ ရွှေ့ပြောင်း ကျင်းပခဲ့သည်။





နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့များကို ဖိတ်ကြားရန် အစီအစဉ်မရှိဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ပြောကြားခဲ့



၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်တွင်းရှိ သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂမှ တာဝန်ရှိသူများမှ အပ ပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများကို ဖိတ်ကြားရန် ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်တွင် အစီအစဉ် မရှိကြောင်း၊ နိုင်ငံတကာမှ သတင်းထောက်များ လာရောက်ခွင့် ပြု မပြု ဆိုသည့်ကိစ္စမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန စသည့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ အပိုင်းသာ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုးမှ ယခုလ ၁၈ ရက်နေ့က နေပြည်တော်တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

သံတမန်များသည် သက်ဆိုင်ရာ နိုင်ငံများ၏ ကိုယ်စားလှယ်များ ဖြစ်သောကြောင့် ထိုနိုင်ငံအသီးသီးမှ လူများကို ထပ်မံဖိတ်ကြားရန် မလိုတော့ဟု ထင်မြင်မိကြောင်း၊ မြန်မာနိုင်ငံသည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အတွေ့အကြုံရှိကြောင်း၊ ရွေးကောက်ပွဲဟူသည် အခြားနိုင်ငံများအတွက် မဟုတ်ဘဲ မိမိတို့ နိုင်ငံအတွက်သာ ဖြစ်၍ ပြည်သူလူထု ရှေ့မှောက်တွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့လျှင် ပြည်သူအများ၏ ယုံကြည်မှုကို ရရှိလာမည် ဖြစ်ကြောင်း ယခုလ ၁၈ ရက်နေ့၊ နေပြည်တော်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲအကြို ပြင်ဆင်ထားမှုလုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်းနှင့် မဲရုံတွင် မဲပေးပုံ သရုပ်ပြပွဲတွင် ပြည်တွင်းပြည်ပမှ သတင်းထောက်များ၏ မေးမြန်းမှုကို ဤကဲ့သို့ ပြန်ကြားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါပွဲတွင် တက်ရောက်ခဲ့သူ ပြည်တွင်းသတင်းထောက် တစ်ဦးက mmDailyNews သို့ ပြောပြခဲ့သည်။








မန္တလေးမြို့တွင် နိုင်ငံတကာအဆင့်မီ မြန်မာနိုင်ငံ အမျိုးသား အားကစားဥယျာဉ်ကို တည်ဆောက်မည်





မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့တွင် နိုင်ငံတကာအဆင့်မီ အမျိုးသား အားကစားဥယျာဉ် တစ်ခုကို တည်ဆောက်တော့မည်ဟု သိရသည်။ အရှေ့တောင်အာရှနှင့် အာရှ အားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်ရန် အတွက် ရည်ရွယ်ဆောက်လုပ်သော အဆိုပါ အမျိုးသား အားကစားဥယျာဉ်သည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၆၈ လမ်းနှင့် ၇၃ လမ်းကြား၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြား ၁၂၄ ဧက အကျယ်ရှိသော မြေပေါ်တွင် ဆောက်လုပ်သွားမည်ဟု ကြားသိရသည်။

မြန်မာနိုင်ငံ အမျိုးသား အားကစားဥယျာဉ် စီမံကိန်းတွင် ပရိသတ် သုံးသောင်းဆန့် ဘောလုံးကွင်းတစ်ကွင်း၊ ပိုက်ကျော်ခြင်း အလေးမ တင်းနစ် ဘိုးလင်း စသည်တို့အတွက် အားကစားရုံများ၊ ရေကူးကန်၊ သေနတ်ပစ်ကွင်း၊ မြားပစ်ကွင်းနှင့် စက်ဘီး လေ့ကျင့်ရေးကွင်းများကို ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။










အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ တန်ဖိုးရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်း ဘက်စုံစီမံကိန်း



သင်္ဘောဆိပ်ကမ်း၊ အကြီးစားနှင့် အလတ်စား စက်ရုံများ ရေနံလှောင်ကန်များ နှင့် ကျောင်းများ ဆူပါမားကတ်များ၊ ပန်းခြံများ၊ ကွန်ဒိုတိုက်ခန်းများ ပါဝင်သော မြို့တစ်မြို့တို့ပါဝင်သော ဇုန်ငါးဇုန် ခွဲခြား ထားသည့် ထားဝယ်ရေနက်ဆိပ်ကမ်း ဘက်စုံစီမံကိန်းကို ထိုင်းနှင့် အီတလီ ပူးတွဲကုမ္ပဏီ မှ အမေရိကန် ၁၃ ဘီလီယံ အကုန်အကျခံကာ တည်ဆောက်သွားမည်ဟု သတင်းရရှိသည်။
အဆိုပါ မြန်မာ့ပထမဆုံး အထူးစီးပွားရေးဇုန် (Special Economic Zone) ဖြစ်သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် တန်ချိန် နှစ်သောင်းမှ ငါးသောင်းအထိ ရှိသော ပင်လယ်ကူးသင်္ဘောကြီးများ ၂၅ စင်းအထိ တပြိုင်နက် ဆိုက်ကပ်နိုင်မည် ဖြစ်သော ဆိပ်ခံတံတား ၂၂ ခု၊ သင်္ဘောတည်ဆောက်ပြုပြင်ရေး စက်ရုံများ၊ ရေနံထုတ်လုပ်ရေး စက်ရုံများ၊ သံမဏိစက်ရုံ၊ တစ်နေ့လျှင် မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်မည် ဖြစ်သော ရေအားလျှပ်စစ် စက်ရုံများနှင့် ရေနံပိုက်လိုင်းများ ပါဝင်မည် ဖြစ်သည်။

အဆိုပါ အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်း နယ်စပ်ဒေသအထိ အရှည် ၁၀၆ မိုင်ရှိ ရှစ်လမ်းသွား အဝေးပြေးလမ်းမကြီးကို ဖောက်လုပ်သွားမည် ဖြစ်ပြီး အဆိုပါလမ်းမကြီးသည် ထိုင်းနိုင်ငံ ကန်ချနာဘူရီမြို့၊ ဘန်ကောက်မြို့၊ ကမ္ဘောဒီးယားနိုင်ငံ ဆစ်ဆိုဖုန်မြို့သို့ ရောက်ရှိမည် ဖြစ်ပြီး ဆစ်ဆိုဖုန်မြို့တွင် လမ်းမကြီးနှစ်ခု ထပ်မံခွဲသွားမည် ဟု သိရသည်။













နိုင်ငံတော် အလံသစ်ကို စတင် ပြောင်းလဲ အသုံးပြု



ဝါစိမ်းနီ သုံးရောင်ခြယ် ကြယ်ဖြူ တစ်လုံးပါ နိုင်ငံတော် အလံသစ်ကို အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လယ် ၃ နာရီ ကျော်ခန့်က တစ်နိုင်ငံလုံး စတင် လွှင့်ထူ ပြောင်းလဲ အသုံးပြုစေခဲ့သည်။

နှစ်နှစ်ဆယ်အတွင်း ပထမဆုံး အနေဖြင့် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပ
မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၂၀ ခန့်အတွင်း ပထမဆုံး ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့က တစ်နိုင်ငံလုံး၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် တည်ဆဲအစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် သတင်းယူခဲ့ကြသည့် ပြည်ပသတင်းဌာနပေါင်း ၁၉ ခု ခန့် ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၅၉ သန်းကျော်တွင် မဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းကျော် ရှိပြီး၊ ရွေးကောက်ပွဲဝင် ပါတီ ၃၇ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၀၇၁ ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈၂ ဦး၊ စုစုပေါင်း ၃၁၅၃ ဦး တို့သည် လွှတ်တော်သုံးရပ်၏ အမတ်နေရာ ၁၁၇၁ နေရာတို့အတွက် မဲရုံပေါင်း လေးသောင်းခန့် မှ ရလဒ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲ အပြီးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက လွှတ်တော် သုံးရပ်ပေါင်းတွင် ပျမ်းမျှ ၈၀% ခန့် အနိုင်ရရှိသွားခဲ့သည်။




မြ၀တီမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူအချို့ သေဆုံးဒဏ်ရာများ ရရှိ၊ ဘုရားသုံးဆူမြို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွါး



ကေအန်ယူ အဖွဲ့တစ်ဖွဲ့သည် နိုင်ဝင်ဘာလ ၈ ရက်နေ့ (ရွေးကောက်ပွဲ ကျင်းပပြီးသည့် နောက်တစ်ရက်) နံနက် ၈ နာရီ ၄၅ မိနစ်က ကရင်ပြည်နယ် မြ၀တီမြို့၏ တောင်ဖက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် မြ၀တီမြို့တွင်း ငါးနေရာသို့ ကျရောက် ပေါက်ကွဲခဲ့ရာ ဒေသခံ ပြည်သူ သုံးဦး သေဆုံးပြီး လူပေါင်း ၂၀ ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြခဲ့သည်။

၎င်းအပြင် လက်နက်ကြီး ပစ်ခေတ်မှုကြောင့် မြ၀တီမြို့အပြင်ဖက် ထိုင်းနိုင်ငံ မဲစောက်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအနီး နှင့် တရုတ်ဘုံကျောင်း အနီးတို့တွင် ကျည်ဆံ ပေါက်ကွဲမှုများ ဖြစ်ပွါးခဲ့ရာ လူအချို့ ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖေါ်ပြသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင်ပင် နေ့လည် ၁၂ နာရီအချိန်၌ ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့သို့ သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ကလည်း မြို့၏ မြောက်ဖက်ခြမ်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခေတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး စစ်သားလေးဦးနှင့် မြို့နယ် သစ်တောဝန်ထမ်း တစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ရေးသားခဲ့သည်။

ပြည်ပ သတင်းမီဒီယာများတွင်မူ မြန်မာ့မီဒီယာများက ရေးသားခဲ့သလို ကေအန်ယူ အဖွဲ့ဖြစ်သည်ဟု မဖေါ်ပြခဲ့ဘဲ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော်ဟု လူသိများသည့် DKBA အဖွဲ့မှ ဗိုလ်မှူး နှုတ်ခမ်းမွှေးခေါ် စောလားပွယ် ၏ တပ်ဖွဲ့နှင့် မြ၀တီမြို့တွင် တိုက်ပွဲ ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူပင် DKBA တပ်ဖွဲ့ တစ်ခုနှင့် ဘုရားသုံးဆူတွင်လည်း တိုက်ပွဲ ဖြစ်ခဲ့ကြောင်း တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ၂၀၀၀၀ ခန့် ထိုင်းနိုင်ငံအတွင်း ၀င်ရောက် ခိုလှုံခဲ့ကြရကြောင်း၊ မနေ့က မြ၀တီမြို့တွင် အေးချမ်းသွားပြီဖြစ်သဖြင့် စစ်ဘေးဒုက္ခသည်အချို့ နေရပ်ပြန်ခဲ့ကြပြီ ဖြစ်ကြောင်း ဖေါ်ပြခဲ့ကြသည်။








ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းအထိ မီးရထားလမ်းနှင့် ရေနံပိုက်လိုင်း နှစ်ခုတပြိုင်နက် သွယ်တန်း ဖောက်လုပ်သွားရန် စီစဉ်နေ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ တိုက်ရိုက် မီးရထားလမ်း ဖောက်လုပ်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ရထားလမ်းကို ကျောက်ဖြူ - အမ်း - မင်းဘူး - မကွေး - မန္တလေး - လားရှိုး - မူဆယ်မြို့များကို ဖြတ်သန်း ဖောက်လုပ်သွားမည် ဖြစ်ပြီး တရုတ်နယ်စပ် ဂျီဂျိုမှ ကူမင်းမြို့အထိ လမ်းပိုင်းကို တရုတ်နိုင်ငံမှ တာဝန်ယူ ဆောက်လုပ်သွားမည် ဖြစ်သည်ဟု ကြားသိရသည်။





ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်

အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ရေကူး၍ ၀င်ရောက်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်မှု ပုဒ်မအရ နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရက်စေ့ပြီ ဖြစ်သောကြောင့် လွတ်မြောက်လာခဲ့သည်။ အိမ်ပတ်ဝန်းကျင်နှင့် တက္ကသိုလ်ရိပ်သာလမ်း တလျောက် စောင့်ကြိုနေကြသော လူအုပ်ကြီးကို နှုတ်ဆက်စကား ပြောကြားခဲ့ပြီး နောက်တစ်နေ့ မွန်းတည့်တွင် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ရှေ့တွင် မိန့်ခွန်းပြောကြားခဲ့ရာ လူပေါင်းမြောက်မြားစွာ တက်ရောက် အားပေး ခဲ့ကြသည်။


ဂျာနယ် ၉ စောင် ထုတ်ဝေခွင့် ရပ်နားခံခဲ့ရ

စာပေစိစစ်ရေး ဆိုင်ရာ စည်းမျဉ်းဥပဒေများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ပြည်တွင်းထုတ် သတင်းဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် တစ်ပတ်နှင့် နှစ်ပတ်စီ ရပ်နားခဲ့သည်။ အဆိုပါ ဂျာနယ်များမှာ First 11 အားကစားဂျာနယ် နှင့် သတင်းဂျာနယ်များ ဖြစ်ကြသော The Voice Weekly, 7Days News, Venus News, The Hot News စသော ဂျာနယ်များ ဖြစ်ခဲ့သည်။



First-11 ဘောလုံး ဂျာနယ် တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် ထင်ရှားသော ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်မှုနှင့် ပတ်သက်ပြီး မျက်နှာဖုံး၌ Sunderland Freeze Chelsea United Stunned By Villa & Arsenal Advance to Grab Their Hope ဆိုသည့် ဆန်းဒါးလန်း အသင်းက ချယ်လ်ဆီးအသင်းကို အနိုင်ကစားနိုင်မှုကို ဦးတည် ရေးသားထားသော စာသားများကို အရောင်များ ခွဲလျက် " ဒေါ် စုလွတ်မြောက်ပြီ မျှော်လင့်ချက်တွေကို ညီညွတ်စည်းလုံးပြီး တိုးတက်ကြိုးစား ရယူကြ" ဟု အဓိပ္ပါယ်ရသော SU FREE UNITED & ADVANCE TO GRAB THE HOPE ဟူသည့် စာတန်းကို ဂျာနယ် မျက်နှာဖုံး၌ အရောင်ခွဲ ဖေါ်ပြမိသလို ဖြစ်ခဲ့ရသဖြင့် ပြန်ကြားရေး ၀န်ကြီးဌါန စာပေစီစစ်ရေးက ဂျာနယ်လ် ထုတ်ဝေခွင့် ၂ ပတ် ပိတ်ပင် အရေးယူခဲ့ကြောင်း ဘီဘီစီ သတင်းတစ်ပုဒ်အရ သိရသည်။



မင်းသမီး မစ်ရှယ်ယိုး မြန်မာပြည်သို့ လာရောက်

ဟောင်ကောင်ဂျက်မဟု လူသိများသော ဟောလိဝုဒ်နှင့် ဟောင်ကောင် ရုပ်ရှင်မင်းသမီး မစ်ရှယ်ယိုးသည် ရုပ်ရှင်ဇာတ်ဝင်ခန်း အချို့ ရိုက်ကူးရန် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။


အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး လာရောက်

ဒီဇင်ဘာလ ၇ ရက်နေ့က အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျိုးဇက်ယွန်း မြန်မာနိုင်ငံသို့ လေးရက်ကြာ ခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ၄င်းပြောဆို ခဲ့သော စကားများတွင် အိုဘားမားလက်ထက် အမေရိကန် အစိုးရသည် ရွေးကောက်ပွဲအပြီး တက်လာမည့် မြန်မာအစိုးရသစ်နှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုပြုလုပ်သွားရန် ရည်ရွယ်ထားသည်ဟု ပါရှိခဲ့သည်။ ထိုနေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။


သုံးနှစ်တာခန့် ပိတ်ထားခဲ့သော ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ် ပြန်လည်ဖွင့်လှစ်ခဲ့



ထိုင်း-မြန်မာ နယ်စပ် ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်သော ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ဒီဇင်ဘာလပထမပတ်က ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ထိုသို့ ဂိတ်ပြန်ဖွင့်လိုက်သည့် အတွက် စီးပွားရေး လုပ်ငန်းရှင်များနှင့် အလည်အပတ် ဈေးဝယ်သွားလိုသော ဒေသခံများ အတွက် လွယ်ကူချောမွေ့သွားစေကြောင်း ကြားသိရသည်။



ပြီးခဲ့သော နိုဝင်ဘာလက နယ်မြေ မတည်ငြိမ် မအေးချမ်းမှုများ ရှိခဲ့သော်လည်း ဒီဇင်ဘာလ၌ အေးချမ်းမှု ရရှိခဲ့ပြီ ဖြစ်သောကြောင့် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။

တော်လိုက်တဲ့ အောင်လင်းထွဋ်


တပ်မတော်ထဲမှာ (သို့မဟုတ်) တပ်မတော်နဲ့ ဆိုင်တဲ့ ထူးခြားဖြစ်စဉ်တွေဖြစ်ရင် အတိုက်အခံ ဒေါ်လာစား မီဒီယာတွေရဲ့ အားကိုးတကြီး မေးမြန်း အကြံတောင်းရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတော့ ဦးအောင်လင်းထွဋ် ဆိုတဲ့ ပြည်ပြေး တစ်ယောက်ပဲဖြစ်ပါတယ်။ ထောက်လှမ်းရေး ခေတ်ကောင်းတုန်းက ထောက်လှမ်းရေးမှာ ကောင်းကောင်းကြီး ယူလာခဲ့ပြီးမှ ခေတ်မကောင်းချိန်မှာ တိုင်းတပါးသား ခံယူသွားသူဖြစ်ပါတယ်။ တပ်မတော်မှာ ဗိုလ်မှူး အဆင့်သာ တာဝန်ထမ်းဆောင်ဖူးသော်လည်း တပ်မတော်တစ်ခု လုံးအကြောင်းကို ခရေစေ့တွင်းကျ သိရှိသူသကဲ့သို့ တပ်မတော်ထဲ မရောက်ဖူးသူများကို ဖောနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ မီဒီယာတို့က ထင်မြင်ချက်တောင်းတိုင်း အမြဲ ကျိန်းသေဖြစ်မယ်ဆိုတဲ့ ထင်မြင်ချက်မျိုး ပေးတတ်ပါတယ်။ ပေးလိုက်တဲ့ထင်မြင်ချက်တိုင်းကလည်း တက်တက်စင်အောင် လွဲစမြဲပါပဲ။

လက်တလောအားဖြင့် မနေ့က ခန့်မှန်းခဲ့တဲ့ ဦးအောင်လင်းထဋ်ရဲ့ ခန့်မှန်းချက်ကတော့ မနေ့က ထုတ်ပြန်တဲ့ တပ်မတော်က လွှတ်တော် ကိုယ်စားလှယ်တွေအကြောင်းပါပဲ။ အမည်စာရင်း မထွက်လာခင်မှာပဲ ဦးအောင်လင်းထွဋ် က ထင်မြင်ချက်ပေးခဲ့ပုံက

“အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ၂ ရပ်မှာတော့ တပ်မတော်ကနေ အနိမ့်ဆုံး ဗိုလ်မှူးကြီးအဆင့် အထက်ရှိတဲ့ လူတွေကို ရွေးချယ် တာဝန်ပေးမယ်လို့ ထင်ပါတယ်။ အဲဒီလို ရွေးချယ် တာဝန်ပေးတဲ့ အခါမှာ တိုင်းမှူးတွေရှိမယ်၊ တပ်မမှူးတွေရှိမယ်၊ ကာကွယ်ရေး ၀န်ကြီးဌာနက အထူးစစ်ဆင်ရေး အဖွဲ့မှူးတွေရှိမယ်၊ ဒီအဖွဲ့မှူးတွေကတော့ မပါမနေရ အနေနဲ့ ပြည်သူ့လွှတ်တော်ထဲမှာ ပါလာပါလိမ့်မယ်။
“အလားတူ စစ်ရုံးမှာရှိတဲ့ စစ်ထောက်ချုပ်တို့၊ စစ်ရေးချုပ်တို့၊ ကျန်တဲ့ ညွှန်ကြားရေးမှူး ရုံးတွေမှာရှိတဲ့ ဗိုလ်ချုပ်တွေကလည်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပါလာကြမှာ ဖြစ်ပါတယ်။”
တဲ့....

မှန်းလိုက်တာကတော့ အနိမ့်ဆုံး ဗိုလ်မှူးကြီးပါတဲ့... တကယ်ဖြစ်လာတာကတော့ အမြင့်ဆုံး ဗိုလ်မှူးကြီးအဆင့်တွေဖြစ်ပြီး ဗိုလ်မှူးကြီးတောင် ဆယ်ဂဏာန်း မပြည့်ပါဘူး။

အရင်တစ်ခါတုန်းကလည်း ဦးခင်ညွန့်ဗွီဒီယိုဖိုင် အသံမပါပဲထွက်လာတုန်းက တလွဲခန့်မှန်းခဲ့ပါသေးတယ်။ နောက်ပိုင်း အသံနဲ့ထွက်လာတေဲ့ အရှက်ကွဲရပြန်ပါတယ်။

အဲ့လို အရည်အချင်းပြည့်ဝတဲ့ ဦးအောင်လင်းထွဋ်ကို မြန်မာ့တပ်မတော် ဆိုင်ရာ အရာရာသိရှိသူအဖြစ် ယုံကြည် ဆရာတင်နေကြခြင်းက အတိုက်အခံတို့ရဲ့ အဆင့်နဲ့ တပ်မတော်အကြောင်း နားလည်သိမြင် တွေးတော့မှု ညံ့ဖျင်းပုံ ကြာလေ ဆိုးလေးပါပဲ ဆိုတာကို ဖော်ပြနေပါတယ်...။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်စာရင်း

မိုးနဲ့မြေ ဆီနဲ့ရေ ကွာခြားချက်...

အတိုက်အခံဆိုတာ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ရှိလည်း ရှိသင့်ပါတယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လောကတွေမှာလဲ ရှိသလို နိုင်ငံရေးလောကမှာ ပိုပြီး ရှိသင့်ပါတယ်။ အတိုက်အခံရှိခြင်းကြောင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေ ပိုမိုတိုးတက်စေပါတယ်။

အတိုက်အခံထဲမှာမှ စီးပွားရေး အတိုက်အခံဆိုတာ တဖက်က စီးပွားရေး သမား နဲ့ ယှဉ်ပြိုင် တိုက်ခိုက်ခြင်း အဆင့်သာရှိပါတယ်။ နိုင်ငံရေးအတိုက်အခံဆိုတာ နိုင်ငံ့ဦးလျှောင် အစိုးရနှင့် အစိုးရအဖွဲ့အစည်းနဲ့ ယှဉ်ပြိုင် တိုက်ခိုက်ရတာကြောင့် ပိုပြီး သတ္တိရှိဖို့၊ အနစ်နာခံဖို့၊ စွန့်လွှတ်စွန့်စားဖို့၊ ခံယူချက်ကောင်းဖို့၊ အများကြီးလိုအပ်ပါတယ်။

ယနေ့မြန်မာ့နိုင်ငံရေးလောကမှာ အမည်ပေါင်းစုံနဲ့ နိုင်ငံရေးအတိုက်အခံအဖွဲ့ပေါင်း မရေမတွက်နိုင်အောင် ရှိပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့အစည်းက ဘယ်တစ်ယောက်တစ်လေမှ ပြည်သူလူထုနဲ့ နိုင်ငံ့အရေး ပြောင်းလဲစေဖို့ ကိုယ့်ကိုယ်ကို မစတေးရဲ၊ အနစ်နာမခံရဲပါဘူး။ စကားကြီးစကားကျယ်များဖြင့် လေလုံးထွားရင်း သာ အဝေးမှ လက်သီးလက်မောင်း တန်းပြနေရဲကြတာပါ။

လက်ရှိအတိုက်အခံအားလုံးရဲ့ အခြေအနေနဲ့ စိတ်ရင်းသဘောအမှန်ကို မြန်မာပြည်သူအားလုံး သိရှိထားပြီးလို့ ဘယ်သူကမှ မထောက်ခံခဲ့၊ အားမပေးခဲ့သလို လူအင်အားအရလည်းကောင်း၊ ငွေးအင်အားအရလည်းကောင်း ကူညီခြင်းမပြုခဲ့ကြပါဘူး။

အတိုက်အခံတို့ဟာ ကိုယ့်နိုင်ငံ အစိုးရရဲ့ အပြစ်တွေ၊ မကောင်းကြောင်းတွေကို နိုင်ငံတကာက အစိုးရတွေနဲ့နှိုင်းယှဉ်ပြောတတ်ကြသလို ကိုယ့်နိုင်ငံရဲ့ တိုးတက်မှု နှေးကွေးခြင်းကို နိုင်ငံတကာနဲ့ နှိုင်းယှဉ်ပြောတတ်ကြပါတယ်။ ဒါပေမယ့် သူများနိုင်ငံတွေရဲ့ အတိုက်အခံတွေရဲ့ စွန့်လွတ်စွန့်စားမှု၊ အနစ်နာခံမှု၊ အပြောင်းအလဲအတွက် ကိုယ့်ကိုယ့်ကို စတေးမှု တွေကိုတော့ မသိချင်ယောင်ပဲ ဆောင်နေကြပါတယ်။

မြန်မာအတိုက်အခံအားလုံးက တကယ်ထူးခြားတဲ့ ပြောင်းလဲမှုကို မလုပ်လိုကြပါဘူး။ လုပ်ဖို့လဲ သတ္တိမရှိကြပါဘူး။ အားအားယားယား ထိုင်ပြီး အတင်းတုပ်ဖို့ပဲ လုပ်တတ်ကြပါတယ်။ အနှစ် ၂၀ ကျော် ဒီလိုပဲ ညံ့ဖျင်းမှုတွေပဲ လုပ်ခဲ့လို့ ခုထိ အတိုက်အခံတို့ကြောင့် ပြောင်းလဲသွားတဲ့ တိုးတက်မှု တစ်စုံတစ်ရာ မပြနိုင်သလို၊ ပြည်သူတို့ရဲ့ ယုံကြည်မှု တစ်စုံတစ်ရာ မရခဲ့ပါဘူ။

မြန်မာပြည်သူတို့အနေနဲ့လည်း အဓိပ္ပါယ်မရှိတဲ့ အလုပ်တွေနဲ့ပဲ ပျော်မွေ့နေပြီး နိုင်ငံရေး အပြောင်းအလဲ ထိထိရောက်ရောက် ဖြစ်အောင် ကိုယ့်ကိုယ်ကို မစတေးရဲတဲ့ သူရဲပေါကြောင် အတိုက်အခံတွေကို သတိထားကြဖို့လိုပါတယ်။ အားလုံးက ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး အပေါစားအလုပ်တွေလုပ်၊ အပေါစားစကားတွေပြောပြီး သူရဲကောင်းလုပ်ကာ အထောက်အပံ့တွေကို စားသောက်နေခြင်းသာဖြစ်ပါတယ်။

အောက်မှာကြည့်ပါ။ တူနီးရှားနဲ့ ထိုင်းနိုင်ငံမှ အတိုက်အခံတို့ရဲ့ သမိုင်းတင်မယ့် နိုင်ငံရေး အတွက် ကိုယ့်ကိုယ်ကို စွန့်လွှတ်အနစ်နာခံမှုတွေ ဖြစ်ပါတယ်။ မြန်မာအတိုက်အခံတွေနဲ့တော့ မိုးနဲ့မြေ ဆီနဲ့ရေ လို ကွာခြားလွန်းပါတယ်။

တူနီးရှား နိုင်ငံမှ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြခဲ့သည့် လှုပ်ရှားမှု






ထိုင်းနိုင်ငံမှ သွေးများကို ဖေါက်ပြီး ဆန္ဒပြခဲ့သည့် လုပ်ရှားမှု








မြန်မာသူရဲကောင်း အတိုက်အခံတို့၏ အဲ့ဖွယ် စွန့်လွှတ်အနစ်နာခံလှုပ်ရှားမှုများ

ကိုယ့်ကိုယ်ကိုတော့ မီးမရှို့ရဲပါ.... ဒါပေမယ့်
မြန်မာ နိုင်ငံရေး အပြောင်းအလဲဖြစ်ဖို့အတွက် အလံဟောင်းကိုတော့ မီးရှို့ခဲ့ကြသည်


ကိုယ့်ကိုယ်ကိုတော့ မီးမရှို့ရဲပါ.... ဒါပေမယ့်
မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် အလံသစ်ကို မီးရှို့ခဲ့ကြသည်



မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က အလံဟောင်းကို ချနင်းခဲ့ကြသည်

မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က အလံသစ်ကို ချနင်းခဲ့ကြသည်


ကိုယ့်နိုင်ငံအလံကို မီးရှို့ချနင်းခဲ့ကြပေမယ့် အမေရိကန် အလံကိုတော့ ကိုင်ဆောင် လွှင့်ထူပေးခဲ့ကြသည်



မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က အကျီတစ်ထည်တည်းကိုပဲ မချွတ်တမ်းဝတ်ခဲ့ကြသည်

မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က ပန်းချီဆွဲခဲ့ကြသည်
(လက် ၄ ချောင်းကို ဆေးတို့ပြီး ခြစ်ထားခြင်းမဟုတ်ပါ)


မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က ဈေးရောင်းခဲ့ကြသည်

မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က လူပြောင်၊ လူနောက်လုပ်ခဲ့ကြသည်


မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က သီချင်းဆိုပြီး အချို့က ဟိုဖက်တိုးလိုက် ဒီဖက်တိုးလိုက်နဲ့ ကခဲ့ကြသည်



သွေးနီနီရဲရဲတွေတော့ ဖောတ်ပြီး မသွန်ရဲပါ.... ဒါပေမယ့်
မြန်မာ ပြည်သူအားလုံး ကောင်းစားစေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က သင်္ဘောဆေး နီနီရဲရဲတော့ သုပ်ခဲ့ကြသည်


မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က ခုန်ချကြခဲ့သည်


တစ်ကိုယ်လုံး မီးမရှို့ရဲပါဘူး... ဒါပေမယ့် တစ်ကိုယ်လုံးတော့ ချွတ်ရဲပါတယ်။



မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က အင်္ဂလန်သား တစ်ဦးကို လူကြားသူကြားမှာ ဤသို့ အရှက်စွန့်...
မှားလို့
အသက်စွန့် ကာကွယ် ခဲ့ကြသည်


မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က စစ်ဗိုလ်ကြီးလုပ်ခဲ့ကြသည်


မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က blogspot, facebook, cbox, နဲ့ လေလှိုင်းများမှ ပါးစပ်နှင့် ကိုယ့်ကိုယ်ကို မီးရှို့ခဲ့ကြ၊ သွေးဖောက်ခဲ့ကြသည်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် သံဃာ အချို့က အမျိုးသမီး တစ်ဦးကို ကန်တော့ခဲ့ကြသည်

မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် သံဃာအချို့က နှာခေါင်းစီးများ ဝတ်ဆင်၍ မေတ္တာ၊ ဂရုဏာ ပွားခဲ့ကြသည်.


မြင်ရတွေ့ရတာတွေကတော့ မိုးနဲ့မြေ ဆီနဲ့ရေလိုပဲ ကွာခြားလှလွန်းပါတယ်။ အတိုက်အခံ သူရဲကောင်းများအားလုံးလည်း ရှက်ကြပါ။ မြန်မာပြည်သူများလည်း မြန်မာ အတိုက်အခံများရဲ့ တကယ်တမ်း ဘာမှ မလုပ်ရဲ မကိုင်ရဲ ဖြစ်နေကြတာတွေကို သတိပြုကြပါ......။


Myanmar Express