Subscribe to our RSS Feed

စီးပွားရေးပိတ်ဆို့မှု (Sanction) နှင့် ပတ်သက်၍


၁။ ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းပေးဖို့ တိုင်းရင်းသားပါတီ ၅ ခု (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ) မှ ဒီလ ၁၆ ရက် တနင်္ဂနွေနေ့ တုန်းက တောင်းဆို ခဲ့ပါတယ်..။

၂။ မြန်မာစစ်အစိုးရအပေါ် အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ (EU) တို့က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတာတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ဒီလ ၁၆ ရက် တနင်္ဂနွေ နေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။

၃။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီလ ၁၉ ရက်နေ့ ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက်သွယ် စကားပြောခဲ့ပါတယ်...။

၎။ မြန်မာနိုင်ငံအပေါ် တားဆီးပိတ်ဆို့မှုတွေ ဒဏ်ခတ်ထားတာကို လောလောဆယ် ရုပ်သိမ်းပေးဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒီလ ၂၁ ရက် သောကြာနေ့က ပြောဆိုလိုက်ပါတယ်။

၅။ စီးပွားပိတ်ဆို့မှုတွေကို ဘယ်သူတွေက အားပေးနေလဲ?? နိုင်ငံတော် ချမ်းသာမှာ၊ ပြည်သူတွေ စီးပွားတိုးတက်မှာကို ဘယ်သူတွေ စိုးရိမ်နေလဲ?? နိုင်ငံတော် ဆင်းရဲအောင် ဘယ်သူတွေ အားပေးနေလဲ သိသာထင်ရှားလှ၏။ ၂၀၁၀ ခုနှစ် မေလ တုန်းကလည်း အလားတူ ဖြစ်စဉ် မျိုး ရှိခဲ့၏။ http://myanmarexpress.blogspot.com/2010/05/blog-post_15.html တွင် ကြည့်နိုင်သည်။

၆။ “တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကို စာနာတယ်၊ ထောက်ထားတယ်၊ လေးစားတယ်။ သို့သော် ဒီကိစ္စတွေဟာ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် တိုင်းရင်းသားတွေမှာ ထိခိုက် နစ်နာတယ်ဆိုတာ ဟုတ်ရော ဟုတ်ရဲ့လား၊ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားတွေကို ဖျက်ဆီးနေတဲ့ စစ်အစိုးရရဲ့ လက်ချက်ကြောင့်၊ စစ်အစိုးရရဲ့ အုပ်ချုပ်မှု ညံ့ဖျင်းမှုကြောင့်၊ စစ်အစိုးရရဲ့ စီးပွားရေး စီမံကိန်းတွေ မှားယွင်းမှုကြောင့်၊ စစ်အစိုးရရဲ့ တိုင်းပြည်ငွေကြေး ကိစ္စတွေမှာ ကွပ်ကဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်တာတွေလား၊ အဲဒါတွေကို ပိုင်းခြားပြီး၊ သေချာစဉ်းစားပြီးတော့ တိတိကျကျ တင်ပြပါ။” ဟု NLD ပါတီရဲ့ အမှုဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်က ဆိုပါတယ်။

၇။ မဖွံ့ဖြိုးဘူးဆိုတဲ့ ကိစ္စမှာတော့ Factors တွေ အများကြီးထဲမှာ Sanction ဆိုတာလည်း တခုပါတယ်ပေါ့ဗျာ။ အဲဒီဒေသတွေမှာ Fရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကDI ပေါ့၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ Technology တွေ မရောက်တာထက် စာရင် ရောက်လာရင်တော့ တစုံတရာ Improve ဖြစ်လာနိုင်တယ်ပေါ့ဗျာ။ Sanction ကို ရုပ်ရုံနဲ့တော့ တိုင်းရင်းသားဒေသ အားလုံးဟာ တခါတည်း အပြီးအပိုင် ဖွံ့ဖြိုးတိုးတက်သွားမယ်လို့တော့ ကျနော်တို့ ဆိုလိုတာ မဟုတ်ပါဘူး။ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးဖို့အတွက် တာဝန်ရှိတဲ့ အချက်အလက်တွေကတော့ အများကြီး၊ အများကြီးရှိတယ်။ အဲဒီထဲမှာ Sanction ဆိုတာ အချက်တခု ပါတယ်ပေါ့ဗျာ။" ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကပြော၏။

၈။ မြန်မာနိုင်ငံရဲ့ ပြည်သူ လူထုတွေဆီက နိုင်ငံရေး လောကကို ဂယက် ရိုက်စေတယ်။ စီးပွားရေးအရ အလုပ်လက်မဲ့တွေ များလာတယ်။ အဲဒီ အတွက်ကြောင့် ကျန်းမာရေး ကိစ္စတွေ၊ ပညာရေး ကိစ္စတွေကို ဆုံးရှုံး သွားစေတယ်။ မြင့်မားလာရမယ့် အစား နိမ့်ကျလာတဲ့ အခါမှာ စားဝတ်နေရေး ကိစ္စထဲမှာ ရုန်းကန်နေရတော့ နိုင်ငံရေးထဲ စိတ်ဝင်စားမှုက လျော့နည်း သွားတယ်။ ကျွန်တော်တို့ ကတော့ စီးပွားရေး ပိတ်ဆို့တာဟာ ကျွန်တော်တို့ နိုင်ငံကို အားမပေးတဲ့ အပြင် ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ တိုးတက်ရာ တိုးတက် ကြောင်းတွေကို အဟန့်အတား ဖြစ်စေတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က ဒီဟာကို ဆန့်ကျင်တယ်။” ဟု ၈၈မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီမှ ဦးသန်းဦး က ပြောခဲ့သည်။

၉။ နဂိုကတည်းက sanction နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့တဲ့ နည်းနဲ့ လုပ်တာကို ဆန့်ကျင်တယ်လေ။ အဲဒီအတွက်ကိုပဲ လှုပ်ရှားမှု တစ်ခုအနေနဲ့ ပြုလုပ်ခဲ့တယ်။ လှုပ်ရှားမှုတွေ ရှိခဲ့တယ်။ သက်သက်မဲ့ အနိုင်ကျင့်တယ်လို့ နိုင်ငံရေး ဗန်းပြပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ၀င်စွက်ဖက်ပြီးတော့ ဒီလိုလုပ်တာ အနိုင်ကျင့်တယ်လို့ပဲ ယူဆပါ တယ်" ဟု ၀ံသာနု NLD ပါတီမှ ဒေါ်နန်းရွှေကြာ က ပြောခဲ့သည်။

၁၀။ “စီးပွားရေး ပိတ်လိုက်တော့ ဘာဖြစ်လဲဆိုတော့ လူတွေရဲ့ စားဝတ်နေရေး၊ အဆင်မပြေနိုင်ဘူး။ အလုပ်အကိုင် အခွင့်အလမ်းတွေ မပေါများတော့ဘူး။ ရင်းနှီးမြှုပ်နှံမှုတွေ မလာတော့ဘူးပေါ့။ မလာတော့ ပြည်သူတွေ စားဝတ်နေရေး ဒုက္ခရောက်တယ်။ ဒုက္ခရောက်မယ် ဆိုလို့ရှိရင် ပြည်သူတွေ အနေနဲ့ အကျပ်အတည်း ဖြစ်လာလို့ရှိရင် လမ်းပေါ်ထွက် ဆန္ဒပြတာတို့ လုပ်မယ်ပေါ့ဗျာ။ အဲဒီလို လုပ်လို့ရှိရင် စစ်အုပ်ချုပ်ရေး အစိုးရ ပြုတ်ကျမယ်ဆိုပြီးတော့ သူတို့က အဲလို ရည်ရွယ်တာပေါ့နော်။ ပြည်သူကို အကျိုးပြုတာ မဟုတ်ဘူး။ တကယ် မဖယ်ရှားနိုင်ရင် ရည်ရွယ်ချက် ကလေ၊ နောက်တစ်ခုက သူတို့ လုပ်လိုက်တဲ့ ရည်ရွယ်ချက်က စစ်အုပ်ချုပ်ရေး အစိုးရကို ဖျက်သွားမယ်ဆိုတဲ့ မူက မမှန်ဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အဲလိုလုပ်ပြီးပေါ့ဗျာ။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း စီးပွားရေး ပိတ်ဆို့တာကို လက်ခံတယ်။ တိုင်းပြည် အတွက် လိုအပ်တဲ့ အခန်းကဏ္ဍက လမ်းပေါ်ထွက် ဆန္ဒပြမယ်ပေါ့ဗျာ။ ပြပြီဆိုရင် ဒီအစိုးရကလည်း ကျွန်တော်တို့ကို နှိမ်နင်းမှပဲ။ နှိမ်နင်းတယ်ဆိုရင် ကျွန်တော်တို့ သေမယ်ဗျာ။ ထောင်ကျ မယ်ဗျာ။ အဲဒါတွေက ပြည်သူကို လက်တွေ့ မကျဘူး။ သူတို့ လုပ်ရပ်က ပြည်သူကို အကျိုးမပြုဘူး။ ပြည်သူကို အကျိုးယုတ်စေတယ်။" ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ မှ ဦးအောင်မျိုးဦး က ပြောခဲ့သည်။

၁၁။ “Sanctions ကို မထောက်ခံဘူး ဆိုတာက ဒီစီးပွားရေး ပိတ်ဆို့မှု အရေးယူလိုက်တဲ့ အတွက်ကြောင့် ပထမ အချက်က ပိတ်ဆို့ခံရတဲ့ နိုင်ငံမှာ စီးပွားရေး ကျဆင်း သွားမယ် ဆိုရင် ကျပ်တည်း သွားမယ် ဆိုရင် စာရိတ္တတွေ ပျက်ပြားလာမယ်။ ခိုးလာ လုလာ ဆိုးလာမယ်။ ပညာ မသင်နိုင်တဲ့ အတွက်ကြောင့် အသိတရားတွေ နိမ့်ကျသွားမယ်။ အဲတော့ ဒီမိုကရေစီနဲ့ ပိုပြီးတော့ ဝေးသွားမယ်။ ဒီမိုကရေစီ ဆိုတာက စီးပွားရေး တိုးတက်ရမယ်။ လူနေမှု မြင့်ရမယ်။ အသိမြင့်ရမယ်။ တစ်ဆင့်ပြီး တစ်ဆင့် ညီမှ ဖြစ်မှာကိုး။ အဲဒါကြောင့် ဒါကို နံပါတ် ၁ အနေနဲ့ ကန့်ကွတ်တယ်။ နံပါတ် ၂ အနေနဲ့ ဒီနေ့ကာလက ဆန်ရှင်ကာလ မဟုတ်တော့ဘူး။ ၁၉ ရာစုက အင်္ဂလန်ကနေ ဆန်ရှင် လုပ်တယ်ဆိုရင် အနည်းနဲ့ အများထိတယ်။ တစ်ကမ္ဘာလုံးမှာ အရင်းရှင် စနစ်ကပျံ့ပြီး ပေါ်ပေါက်နေတာ။ အရင်းရှင်စနစ် ဆိုတာ ဗဟိုဦးစီး ရှိတာ မဟုတ်ဘူး။ ဒါကြောင့် စီးပွားရေး ပိတ်ဆို့မှုလုပ်တာဟာ သူတို့အတွက် မထိရောက်ဘူး။ ဟု ခေတ်သစ်ပြည်သူ့ပါတီ မှ ဦးထွန်းအောင်ကျော် က ပြောခဲ့သည်။

မြန်မာနိုင်ငံကို တစစီ ပိုင်းမယ့် အမေရိကန်၏ အစီစဉ်


မိမိတို့၏ အယူအဆ မှားယွင်းမှု၊ စီမံမှုညံ့ဖျင်းခြင်းကြောင့် တစ်နေ့တခြား ဒီရေလို တိုးလာတဲ့ အစိုးရရဲ့ခြေလှမ်းတွေကို မတားနိုင်တဲ့ အဆုံး ပြည်သူအားလုံး ဆင်းရဲစေတဲ့ စီးပွားပိတ်ဆို့မှုကို ထောက်ခံတဲ့ NLD


စီးပွားရေး ချို့နေသည့် မိသားတစ်စုမှ ကလေးငယ်တစ်ဦး


ငွေ ၁၀၀၀ ကို လုနေကြသည့် လူတစ်စု


ဘာပြောပြော ၁၉၉၀ ရွေးကောက်ပဲနဲ့ ကာကွယ်ပြောဆိုနေတဲ့ ဦးတင်ဦး နှင့် ၆၅၊ ၇၄၊ ၈၈၊ ၉၀၊ ဒီပဲရင်း၊ စက်တင်ဘာ.. စတဲ့ သမိုင်းဝင် ရှေးဟောင်း အထောက်အထား ဆိုတာတွေကိုပဲ အမြဲထမ်းပိုးထားတဲ့ ဒေါ်စုကြည်


ဝီကီလိခ်ကြောင့် အရှက်လှလှကွဲခဲ့ရတဲ့ အမေရိကန် ပြန်ထောင်စု


သံတမန်ဆက်ဆံတဲ့ နိုင်ငံများအပေါ် အမေရိကန်ရဲ့ မကောင်းခဲ့မှုအမှန်တရားများကို အရေအတွက် သိန်းချီပြီးဖွင့်ချမှုကြောင့် ခြေချုပ်မိနေတဲ့ ဂျူလီယံ အာဆန်း


ကမ္ဘာ့အလည်မှာ မျက်နှာမပြရဲဖြစ်ခဲ့ရတဲ့ အမေရိကန် ပြန်ထောင်စု



ဘယ်သူမှ တန်ဖိုးမထားတဲ့ အမေရိကန်


မြန်မာပြည်သူအားလုံး ဆင်းရဲတွင်းနက်စေမည့် နိုင်ငံတိုင်းအပေါ် ကြီးစိုးချယ်လှယ်လိုသည့် အမေရိကန် ပြည်ထောင်စု၏ စီးပွားပိတ်ဆို့မှုကို အားပေးသည့် ဒေါ်စုကြည်

9 comments:

ဒေါ်စုအနေနဲ့ကတော့ ပိတ်ဆို့မူ့ကိုသူ့ရဲ့ပါတီ အ
နိုင်မရမချင်း ပယ်ဖျက်စေချင်မှာမဟုတ်ပါဘူး
သူ့ပါတီအနိုင်ရတဲ့အချိန်မှာမှ ပိတ်ဆို့မူ့ရုတ်သိမ်း
တာကိုတောင်းဆိုပါလိမ့်မယ် ဒါမှလဲ သူ့ပါတီ လက်ထက်မှာ ထူးခြားတဲ့တိုးတက်မူ့မျိုးဖြစ်လာ
နိုင်မှာကိုး အဲ့လိုဖြစ်မှပြည်သူတွေက သူတို့ကို အသည်းစွဲ ဖြစ်မယ် ဒါမှလဲ ပါတီ အဓွန့်ရှည်မယ်
တခြားပါတီလက်ထက်မှာ ပိတ်ဆို့မူ့ရုတ်သိမ်း
လိုက်လို့တိုးတက်မူ့တွေရှိသွားခဲ့ရင် သူတို့ပါတီ
အနေနဲ့ တဖြည်းဖြည်းမေးမှိန်ပျောက်ကွယ်သွား
မယ် ဆိုတာကို ဒေါ်စုအနေနဲ့သိပုံရပါတယ် နောက်ပီးတခြားပါတီတွေ လက်ထက်မှာဒီ
ပိတ်ဆို့မူ့တွေကိုကြောင့်အလုပ်အကိုင်အခက်အခက်တွေကို ထောက်ပြပီးအမျိုးမျိုး အသံကောင်းဟစ်နိုင်တာပေါ့ အမှန်တကယ်တော့ ဒေါ်စုက ပြည်သူတွေအတွက်ကောင်းဖို့ ဆိုတာမျိုး လုံး
ဝမဟုတ်ပဲ သူခေါင်းဆောင်ဖြစ်ဖို့သာ ရှေးရူနေတာဖြစ်ပါတယ် ဒါကလဲအပြစ်တခု လို့တော့ဆိုလို့မရဘူး သူတို့ပါတီရပ်တည်မူ့အ
တွက်အရေးကြီးတဲ့နောက်ဆုံး လက်နက်ကြီး မဟုတ်လား တခြားပါတီတွေလို သတ္တိရှိရှိ ယှဉ် ပြိုင်မူ့အစား ဖြတ်လမ်းနည်းနဲ့ လိုက်နိုင်တဲ့ လူညံ့တွေရဲ့အလွယ်လိုက်အသံကောင်း ဟစ်နိုင်တဲ့နည်းလမ်းပေါ့ဗျာ သေချာတာကတော့ ဘယ်ပါတီတက်တက်
(ဒေါ်စု)ခေါင်းဆောင်တဲ့ပါတီမတက်မခြင်း မြန်မာနိုင်ငံဟာ မှန်ကန်တဲ့ဒီမိုကရေစီ ဖော်ဆောင်နိုင်ခြင်းမရှိသေးဘူးဆိုတဲ့စကား ကိုဒေါ်စုအနေနဲ့ လက်ကိုင်ထားမှာ တော့ မလွဲပါဘူးဗျာ (မှန်ကန်တဲ့ဒီမိုကရေစီ ဆိုတာ -- ဒေါ်စုခေါင်းဆောင်မူ့ကိုဆိုလိုတာလား လို့တော့ တွေးတောစရာပေါ့ဗျာ)

သိပ်မအမှန်တွေမပြောနဲ့ အဆဲခံရလိမ့်မယ် :P

စီပွား ရေး ပိတ်ဆို့ မူကို ပြည်သူ(ပြည်တွင်းက) ဘယ်တစ်ဦးတစ်ယောက်ကမှ လည်း မလိုလား ပါဘူး..
ပြည်သူမဟုတ်တဲ့( သူကို သူ ဘာ မှတ်လည်း မသိ) တစ်ယောက်က ပဲ အတင်း တိုက် တွင်းနေတာ ပါ..
ဝမ်းနည်းစရာကောင်းတာ က 90 ကနေ95 အထိ အမြင်မှန်မ ရသေးဘူး ဆိုရင် လက်ခံလို့ရသေးတယ်..2011 ရောက်နေပြီ နှစ်တွေလည်းတော်တော် ကြာနေပြီ ..အိမ်မက်ဟောင်းကြီးကို ဆက် မက် နေသေးတာ တော့ အံ့သြတယ်..အန်တီစု အနေနဲ့ တကယ်သာ တိုင်းပြည်ကို ချစ်မယ်ဆိုရင် လေလုံးပြစ်နေမှာနဲ့ စာရင် တကယ်လက်တွေ့ မှာ သူကိုယ်တိုင် ပြည်သူ့ ဆန္ဒကို ဦးစားပေးသင့်နေပြီ လို့ ထင်ပါတယ်..
( ပြည်တွင်း က လို့ ဘာလို့ ထည့်ပြောတာလည်း...ပြည်ပက ကောင်တွေကတော့ သူတို့ မှ မထိတာ ... ပေါက်က လျောက်အော်နေမှာပဲ..အဲတော့ အဲကောင်တွေ ကတော့ စီးပွားရေး ဖွင့် တာနဲ့ စာရင် စီးပွားရေးပိတ်ဆို့နေတာ က သူတို့ အတွက် အခွင့်အလမ်းကောင်းမယ်လို့ ထင်နေလား မသိ...

အဲဒီ.အဘွားကြီးက..သောက်ရူးပါကွာ..ဘာမှစောက်ဖြစ်
ရှိတာမဟုတ်ဖူး

ပြည်သူတွေက ကြားညှပ်တာပါ.. ရင်နာစရာ အကောင်းဆုံးက မျိုးဆက်သစ် ကလေးတွေပဲ
မိဘ က မပြေလည်တော့ က လေးတွေ ကံဆိုးရှာတယ်..။ဘယ်ဘက်က ကြည့်ကြည့်
ဒေါ်စု စနက် ဆို တာ အားလုံး အမြင်မှန်ရနိုင်ရင်
တော့ ၀မ်းသာစရာ သတင်းပဲပေါ့ဗျာ..။

ကိုယ်စီးတဲ့မြင်းအထီးမှန်းမသိအမမှန်းမသိဆိုတာအဲဒါပဲဗျ..ခေါင်းဆောင်လုပ်ချင်၇င်အတွေးအခေါ်ဆိုတာသူများထက်သာ၇တယ်..ပြည်သူလူထုကသူစမ်းသပ်စ၇ာသက်မဲ့အ၇ုပ်တွေမဟုတ်ဘူးဗျ..ဒီဟာကိုလုပ်၇င်ဘယ်လိုဖြစ်လာမယ်ဆိုတာအတွေးအခေါ်အကောင်းဆုံးစာ၇င်းထဲပါတဲ့ဒေါ်စုအနေနဲ့ အ၇င်ဆုံးသိထားသင့်ပါတယ်..အခုမှလာပြီးကျားကိုက်မှအပေါက်လေးနဲ့ လားလုပ်လို့ ဖြစ်နိုင်ပါ့မလား..ကိုယ့်ဖာသာပဲစဉ်းစားကြည့်ပါ စီးပွားေ၇းအပိတ်ဆို့ ခံထား၇တာနဲ့ မခံ၇တာဘယ်ဟာပိုကောင်းသလဲဆိုတာ..တခြားဟာတွေလျောက်လက်ညှိုးထိုးမနေပါနဲ့ 

ကိုယ့်နိုင်ငံသူနိုင်ငံသားတွေအပေါ် သားသမီးကဲ့သို့ချစ်ခင်ပါသော အမေစုခင်ဗျာ ကလေးငယ်များကို ချစ်သောအားဖြင့် နို့မတိုက်ပဲ အငတ်ခံ အသေသတ်နေတာလား? ပါးစပ်က ချစ်ပြနေပြီး လက်တွေ့မှာတော့ နင်တို့တစ်မျိုးလုံးသေမှ ငါအာဏာရမှာဆိုပြီး ကိုယ့်လက်ထဲ အာဏာမရောက်ရောက်အောင် လုပ်ယူနေတာလား။ အမေစုအတွက် အမေစုဦးဆောင်မှုကို ယုံကြည့်လို့ အသက်ပေး ဇတေးခံခဲ့တဲ့ ပြည်သူပြည်သားတွေ ထောင်သောင်းမက ရှိနေပါပြီ။ ဒီလောက် သက်ရကျေနပ်ပါတော့ အမေရယ်။ ခုလဲ အနုနည်းနဲ့ လမ်းပေါ်ထွက် ဆူပူခိုင်းနေပြန်ပီ။ ငတ်အောင်ထား ငတ်လာရင် ထွက်ဆူ ထွက်ဆူတော့ ပစ်သက်ခံရ။ ဒါတွေကိုထိုင်ကြည့်ပြီး ပျော်နေတာလား။

အမေ့ကို မုန်းတဲ့ သားသမီးတွေ တဖြည်းဖြည်း များလာလိမ့်မယ် အမေ။ အမေမှားတာတွေကို ပြင်ပြီး ပြည်သူကို တကယ် လုပ်ကျွေးလှည့်ပါတော့။ အမေကယ်မှ နိုင်ငံဆင်းရဲတွင်းက လွတ်မှာအမေ။ အမေသာ ပညာသားပါပါ ပူးပေါင်းပြီး နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အစိုးရနဲ့တူတူ ရပ်တည်ပေးမယ်ဆိုရင် ကျွန်တော်တို့လို အဝေးရောက်သားသမီးတွေ ကိုယ့်မြေကိုယ့်ရေကို ပြန်လာပြီး အလုပ်လုပ်ခွင့်တွေ ရလာမှာပါ။ အမေသာ အာဏာရလာမယ့် အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး နိုင်ငံတကာကို မျက်နှာပြပေးယုံနဲ့ နိုင်ငံတကာက လူတိုင်း ကျွန်တော်တို့နိုင်ငံကို လာပြီး ရင်းနှီးမြုပ်နှံကြမှာပါ။ သားသမီးတွေ ထမင်းဝတာမြင်ပြီး အမေပြုံကြည့်စမ်းပါအမေရယ်။ သားတို့လဲ အမေ့အတွက် ဂုဏ်ယူချင်ပါတယ်။

အမေ့ကိုချစ်တဲ့
အဝေးရောက်သားငယ်။

စီးပွားရေး ပိတ်ဆို့တယ်ဆိုတာ နောက်ဆုံးတော့ ပြည်သူတွေပဲ ဒုက္ခခံစားရတာပါ ပိတ်ဆို့တာ မသိမ်းတော့လည်း အနည်းနဲ့အများတော့ နှစ်ဘက်လုံးနစ်နာတာပါပဲ ချမ်းသာတဲ့ နိုင်ငံက ပိတ်ဆို့တော့ နည်းနည်းထိခိုက်မယ် ပိတ်ဆို့ခံ နိုင်ငံက ဆင်းရဲတော့ များများဆင်းရဲမယ် အခုအချိန်မှာ ဖွင့်သင့်ပြီ၊ အနောက်အုပ်စုပြောတဲ့ လူသားချင်းစာနာထောက်ထားတယ်ဆိုတာ လူတွေအဆင်ပြေ ဖို့လေ ပိတ်ဆို့တာဖွင့်သင့်ပါပြီ၊ နိုင်ငံလဲ ပြောင်းလဲသင့်သလောက် ပြောင်းလဲလာပြီးပဲ စီးပွားရေးလမ်းတွေ ဖွင့်ကြပါ၊ လက်ရှိ နိုင်ငံအတွက်လုပ်မယ့်သူတွေ အင်ပြည့်အားပြည့် နိုင်ငံအတွက် လုပ်နိုင်အောင် ဖွင့်ပေးလိုက်ပါ၊ ပြည်သူဘက်ကတော့ နိုင်ငံကို ဘယ်သူအကျိုးပြုပြု ကောင်းရင် လက်ခံပေးသွားမှာပါ။ ဟိုလူလုပ်မှ ဒီလူလုပ်မှ တွေလုပ်မနေပါနဲ့။ ဘယ်သူလုပ်လုပ် အကျိုးပြုဖို့ပဲ လိုတာပါ….. သိချင်တာ တစ်ခုတော့ ရှိပါတယ် ပိတ်ဆို့မှုတွေဖွင့်ပါပြီတဲ့ သူတို့အကျိုးရှိလို့လာပြီး စီးပွားရေး လုပ်ကြတာမလား၊ သူတို့အတွက်သူတို့လာတာ မြန်မာက ရမယ့်အကျိုးကျေးဇူးက ရသင့်တာထက် ပိုရမှာဘာမှ မရှိဘူး ကိုယ်လုပ်မှကိုစားရမှာ… ဒါကြောင့် ပိတ်ဆို့တာကို ကန့်ကွက်တယ် ပိတ်ဆိုမှုတွေဖယ်ရှားပါ… ဖွင့်ပေးမယ်ဆိုပြီး ကျေးဇူးရှင်ကြီးလိုလိုဘာလိုလို လာမလုပ်နဲ့ ကျေးဇူးတင်စရာ ဘာမှ မရှိဘူး..
ပြီးတော့ ပြောသေးတယ် ဟိုပညာသင်ဆု ဒီပညာသင်ဆု ပေးမယ် ဘာငွေကြေးကို ဘယ်လိုချေးမယ် ဆိုပြီး ပညာရေး ကျန်းမာရေး စတာတွေကောင်းအောင်လုပ်ပေးမယ် ဆိုပြီး နိုင်ငံခြားသား အမတ်တွေက လာရင်ပြောကျတယ် အခုထိဘာလုပ်ပေးသေးလို့လဲ ဘယ်နိုင်ငံခြားသားမှ အနစ်နာခံ ပြီးလာ မလုပ်ပါဘူး။ သူ့အတွက် ဒါမှမဟုတ် သူနိုင်ငံအတွက် တစ်စုံတစ်ရာ အကျိုးရှိလို့သာ လာကြမှာပါ။ ဖွင့်ပေးစရာ ရှိတာဖွင့်သင့်ပါတယ် မြန်မာလူမျိုးတွေလည်း ကိုယ့်နိုင်ငံကောင်းအောင် လုပ်နိုင်ကြပါတယ်…

စီးပွားရေး ပိတ်ဆို့တယ်ဆိုတာ နောက်ဆုံးတော့ ပြည်သူတွေပဲ ဒုက္ခခံစားရတာပါ ပိတ်ဆို့တာ မသိမ်းတော့လည်း အနည်းနဲ့အများတော့ နှစ်ဘက်လုံးနစ်နာတာပါပဲ ချမ်းသာတဲ့ နိုင်ငံက ပိတ်ဆို့တော့ နည်းနည်းထိခိုက်မယ် ပိတ်ဆို့ခံ နိုင်ငံက ဆင်းရဲတော့ များများဆင်းရဲမယ် အခုအချိန်မှာ ဖွင့်သင့်ပြီ၊ အနောက်အုပ်စုပြောတဲ့ လူသားချင်းစာနာထောက်ထားတယ်ဆိုတာ လူတွေအဆင်ပြေ ဖို့လေ ပိတ်ဆို့တာဖွင့်သင့်ပါပြီ၊ နိုင်ငံလဲ ပြောင်းလဲသင့်သလောက် ပြောင်းလဲလာပြီးပဲ စီးပွားရေးလမ်းတွေ ဖွင့်ကြပါ၊ လက်ရှိ နိုင်ငံအတွက်လုပ်မယ့်သူတွေ အင်ပြည့်အားပြည့် နိုင်ငံအတွက် လုပ်နိုင်အောင် ဖွင့်ပေးလိုက်ပါ၊ ပြည်သူဘက်ကတော့ နိုင်ငံကို ဘယ်သူအကျိုးပြုပြု ကောင်းရင် လက်ခံပေးသွားမှာပါ။ ဟိုလူလုပ်မှ ဒီလူလုပ်မှ တွေလုပ်မနေပါနဲ့။ ဘယ်သူလုပ်လုပ် အကျိုးပြုဖို့ပဲ လိုတာပါ….. သိချင်တာ တစ်ခုတော့ ရှိပါတယ် ပိတ်ဆို့မှုတွေဖွင့်ပါပြီတဲ့ သူတို့အကျိုးရှိလို့လာပြီး စီးပွားရေး လုပ်ကြတာမလား၊ သူတို့အတွက်သူတို့လာတာ မြန်မာက ရမယ့်အကျိုးကျေးဇူးက ရသင့်တာထက် ပိုရမှာဘာမှ မရှိဘူး ကိုယ်လုပ်မှကိုစားရမှာ… ဒါကြောင့် ပိတ်ဆို့တာကို ကန့်ကွက်တယ် ပိတ်ဆိုမှုတွေဖယ်ရှားပါ… ဖွင့်ပေးမယ်ဆိုပြီး ကျေးဇူးရှင်ကြီးလိုလိုဘာလိုလို လာမလုပ်နဲ့ ကျေးဇူးတင်စရာ ဘာမှ မရှိဘူး..
ပြီးတော့ ပြောသေးတယ် ဟိုပညာသင်ဆု ဒီပညာသင်ဆု ပေးမယ် ဘာငွေကြေးကို ဘယ်လိုချေးမယ် ဆိုပြီး ပညာရေး ကျန်းမာရေး စတာတွေကောင်းအောင်လုပ်ပေးမယ် ဆိုပြီး နိုင်ငံခြားသား အမတ်တွေက လာရင်ပြောကျတယ် အခုထိဘာလုပ်ပေးသေးလို့လဲ ဘယ်နိုင်ငံခြားသားမှ အနစ်နာခံ ပြီးလာ မလုပ်ပါဘူး။ သူ့အတွက် ဒါမှမဟုတ် သူနိုင်ငံအတွက် တစ်စုံတစ်ရာ အကျိုးရှိလို့သာ လာကြမှာပါ။ ဖွင့်ပေးစရာ ရှိတာဖွင့်သင့်ပါတယ် မြန်မာလူမျိုးတွေလည်း ကိုယ့်နိုင်ငံကောင်းအောင် လုပ်နိုင်ကြပါတယ်…

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်