Subscribe to our RSS Feed

ကိုရီးယား နိုင်ငံတွင် ပြည်တွင်းမှ လုပ်သားများ သွားရောက် အလုပ် လုပ်ကိုင်လျက်ရှိနေ

From : mrtv4

ကိုရီးယား နိုင်ငံဟာ ပြည်တွင်းမှ လုပ်သားများ ခေါ်ယူတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံ အနက်မှ ပြည်တွင်းမှ လုပ်သား ခေါ်ယူမှုမှာ အလယ်အလတ် အဆင့် နေရာမှာ
ရှိနေတာ ဖြစ်တယ်လို့ ကိုရီးယား နိုင်ငံမှ မြန်မာနိုင်ငံရဲ့ ဌာနေ ကိုယ်စားလှယ် ဖြစ်တဲ့ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို လုပ်သား ခေါ်ယူမှုနဲ့ ပတ်သက်ပြီး ကိုရီးယား နိုင်ငံမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ပြည်တွင်းမှ လုပ်သား တွေဟာ ရိုးသား ကြိုးစားတဲ့ အတွက် ကိုရီးယား နိုင်ငံမှ လုပ်ငန်းရှင်တွေ အနေနဲ့လည်း ကြိုက်နှစ်သက်တာ ဖြစ်တဲ့ အတွက် ဒီလို အလယ်အလတ် ခေါ်ယူမှုပိုပြီး တိုးလာ စေချင်တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်းမှ လုပ်သား ခေါ်ယူတဲ့  နိုင်ငံပေါင်း ၁၅ နိုင်ငံ အနေနဲ့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်၊ နီပေါနဲ့ ပါကစ္စတန် အစရှိတဲ့ နိုင်ငံတွေ ပါဝင်တာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အပါအ၀င် ကိုရီးယား နိုင်ငံ အနေနဲ့ ယခု ၂၀၁၃ ခုနှစ်ထဲမှာ ပြည်ပနိုင်ငံ ၁၅ နိုင်ငံမှ လုပ်သား ခြောက်သောင်းခွဲ ခေါ်ယူ သွားမှာဖြစ်ပြီး လုပ်သား ငါးသောင်းခွဲကို အသစ် အနေနဲ့ ထပ်မံ ခေါ်ယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ခေါ်ယူရာ မှာလည်း မြန်မာနိုင်ငံမှ လုပ်သားများ ကိုတော့ ငါးထောင်ကျော် ခေါ်ယူဖို့ အစီအစဉ်များ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။


. www.MyanmarExpress.net
 

ကေအိုင်အေကို ကချင်ပြည်နယ်သားတို့ ရွံ့မုန်းနေကြလေပြီ

From : http://www.kachindailynews.com/2013/01/blog-post_8989.html

ကချင်ပြည်နယ်မိုးညှင်းမြို့နယ်အတွင်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံကတော့ တပ်မတော်နဲ့ KIA လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေးလုပ်ဆောင်စေချင်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတကြီး၏အမိန့်အတိုင်းထိုးစစ်များရပ်ဆိုင်းစေချင်သည်။ တပ်မတော်၏ ထိုးစစ်များကြောင့်ဟူသော အကြောင်းပြချက်များဖြင့် ကချင်လက်နက်ကိုင်များ မိုးညှင်းမြို့နယ်အတွင်း သွားလာလှုပ်ရှားလျက်ရှိနေသည်။ မိုးညှင်းမြို့နယ်အတွင်းKIA တပ်ဖွဲ့များ သွားလာရာ တွင်  အရပ်သား အသွင်မျိုးဖြင့်သွားလာနေသည့်အတွက် အရပ် သားနှင့်ကေအိုင်အေခွဲခြားမရဖြစ်နေသည်။ 

KIA တပ်ဖွဲ့ဝင်အချို့မှာ အရပ်ဝတ် ၀တ်ကာမော်တော်ဆိုင်ကယ်များဖြင့် စီးနင်းသွားလာပြီး အစိုးရ ရုံးများ ရှေ့ရောက်မှ လက်ပစ်ဗုံးများဖြင့်ပစ်ပြေးခြင်းများပြုလုပ်လျက်ရှိသည်။KIA တပ်ဖွဲ့များ၏ အဖျက်လုပ်ရပ် ပေါင်းစုံ ကြောင့် ဒေသခံပြည်သူများကြောက်လန့်အားငယ်နေကြရာ မိုးညှင်းမြို့နယ်အတွင်း KIA လက်နက်ကိုင်များ ကင်းရှင်းအောင်လုပ်ဆောင်ပေးရန် လိုလားလျက်ရှိသည်။ အေးချမ်းတည်ငြိမ်သော လူမှု ပတ်ဝန်းကျင် ကို အခြား ပြည်နယ်တိုင်းဒေသကြီးရှိပြည်သူများနည်းတူ တည်ဆောက်လိုသော်လည်း KIA တပ်ဖွဲ့များရှိနေခြင်းကြောင့် နေ့စဉ်စိတ်ဆင်းရဲသောကရောက်လျက်ရှိကြောင်း မိုးညှင်းမြို့က ကုန်သည်ကြီးများ အဖွဲ့က ပြောဆိုပါသည်။
 
 www.MyanmarExpress.net
 

စည်းကမ်းပျက်၊ စာမေးပွဲကျ ကျောင်းထုတ်ခံ ကျောင်းသားများအား ဆရာဝန် ပြန်ပေးလုပ်ရန် အစီအစဉ်မရှိ

From : http://www.oppositeyes.info/2013/01/blog-post_4666.html



ဗကသ ဆိုတဲ့ ထောင်ထွက် ကျောင်းသား အဖွဲ့က မန္တလေးမှာ စာနယ်ဇင်းတွေ၊ ကျောင်းသား မိဘတွေ၊ ကျောင်း သားတွေစုပြီး ဒီကိစ္စကို လုပ်ကြတော့ ထောင်ထွက် လူမိုက်တွေပဲ။ ဒါလုပ်တာ မဆန်းပါဘူး ဆိုပြီး ခပ်ပေါ့ပေါ့ ထားမိတယ်။
နောက်တစ်ခါ ဒီကိစ္စကို အန်အယ်လ်ဒီက ပြည့်တန်ဆာ ကိစ္စ တရားဝင် လုပ်ချင်တဲ့ ဒေါ်စန္ဒာမင်းကြီးဆီ သွား ပြောကြ တာ၊ လူတွေ စုပြီး တွေ့ဆုံကြတာ မြင်တော့လည်း သာမ န်ပဲလို့ ထင်ခဲ့မိတယ်။
နောက်ဆုံး ဒီကိစ္စကြီးက လွှတ်တော်ထဲ ရောက်လာတော့ တကယ်ကို စိတ်ပျက်ခဲ့မိပါတယ်။ ဖြေကြားချက်နဲ့ မေးမြန်းချက်ကို လေ့လာကြည့်ပါ။
=================
ဦးသိန်းထွန်းဦး၊ အမရပူရမဲဆန္ဒနယ်၏ မေးမြန်းချက်အားကျန်းမာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် မှ ပြန်လည်ဖြေကြားချက်-

၂၀၁၁ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် မှ ၅၁ ဦး၊ ဆေးတက္ကသိုလ် မန္တလေးမှ ၁၂၈ ဦး ၊ ဆေးတ က္ကသို လ် (၂) ရန်ကုန်မှ ၄၃ ဦး၊ ဆေးတက္ကသိုလ် မကွေးမှ ၃၇ ဦးရှိသည့်အတွက် များစွာ ကွာခြားခြင်း မ ဟုတ် ဘဲ တစ်ဝက်ခန့်များခြင်း ဖြစ်ပါကြောင်း၊ ဆေးတက္ကသိုလ်များတွင် ချမှတ်ထားသော စာမေးပွဲ စည်း မျဉ်း စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသွားပြီး ဆေးတက္ကသိုလ်များ၏ ပထမနှစ်သင်တန်း မောင်မယ် သွင်ကြိုဆိုပွဲတွင် ကျောင်းသားကျောင်းသူ များနှင့်တကွ မိဘအုပ်ထိန်းသူများပါ သိရှိရန် အချက် များနှင့်‌ အဆိုပါစာမေးပွဲဆိုင်ရာစည်းမျဉ်း စည်းကမ်းများကို ပါမောက္ခချုပ်မှ ရှင်းလင်း ပြောကြားခဲ့ပြီး အဆိုပါစည်းကမ်းချက်များ အား ကျောင်းသားကျောင်းများနှင့် မိဘ အုပ်ထိန်းသူများ သိရှိပြီးဖြစ်ကြောင်း ဝန်ခံ ကတိထိုးခဲ့ပြီး တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့အချိန်သည် ပြည်သူလူထု၏ ကျန်းမာရေး အဆင့် အတန်းမြှင့် တင်ရန် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အစဉ်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အ ရည် အချင်း မြင့်မားသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့်‌ မွေးထုတ်ပေးရန် အေ ကာင် အထည်ဖော် နေသောအချိန်ဖြစ်ကြောင်း၊ လူသားတို့၏ အသက်နဲ့ဆိုင်သော ကျန်းမာရေး စောင့်ေ ရှာက်မှုကို တာဝန်ယူ ဆောင်ရွက် ပေးရသည့် အရည်အသွေးပြည့်ဝသော ဆရာဝန် ကောင်းများ မွေးထုတ်ပေးရေး ဆောင်ရွက်နေ ချိန်လည်း ဖြစ်ကြောင်း၊ ဆေးတက္ကသိုလ် (မကွေး)၏ ပြဿနာ တစ်ခုအနေနဲ့ စဉ်စားရန် မဟုတ်ပဲ ဆေးတက္ကသိုလ် ၄ ခုလုံးကိုလဲ ခြုံငုံ စဉ်းစား ရန်လိုအပ်ကြောင်း၊ နှစ်တို ကိစ္စမဟုတ်ပဲ နှစ်ပေါင်းများစွာကိစ္စ ဖြစ်ပါသဖြင့် ယခုမေးမြန်းသော မေးခွန်းအား အစီအစဉ် လက်ရှိ မရှိသေး ပါကြောင်း ပြန်လည် ဖြေကြားသွား ပါသည်။
=============================================
ဦးသိန်းထွန်းဦး၊ အမရပူရမဲဆန္ဒနယ်၏ မန္တလေးဆေးတက္ကသိုလ်ပညာသင်ခွင့် ရပ်စဲခြင်း ခံရသောကျောင်းသားကျောင်းသူများအား ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား ဖြေလျော့၍ ဆေးတက္ကသိုလ် (မန္တလေး) သို့ ဆေးပညာပြန်လည်သင်ယူခွင့်ပြုရန်နှင့် စပ်လျဉ်းသည့်မေးခွန်း။

မန္တလေးဆေးတက္ကသိုလ်တွင် ဆေးပညာဘာသာ ရပ်သင်ကြားနေကြသော ကျောင်းသား ကျောင်းသူများ သည် တစ်နှစ်တွင် ကျောင်းသားဦးရေ ၁၀၀ ကျော် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူ ခွင့်ရပ်စဲခြင်း ခံခဲ့ ရကြောင်း၊ အခြား ဆေးကျောင်းနှင့်‌ မန္တလေး ဆေးတက္ကသိုလ် ကျောင်း တို့နှင့်နှိုင်းယှဉ်လျှင် အဆ မတန် များပြားကြောင်း၊ ဆေးကျောင်း တက်စဉ် ဆေးတက္ကသိုလ် စည်းမျဉ်း စည်းကမ်းအရ ပညာသင်ယူခွင့်‌ ရပ် စဲခြင်း ခံခဲ့ရသော်လည်း ဆေးကျောင်းသား ကျောင်းသူတို့သည် အကျင့် စာရိတ္ထ အရာတွင် အဘက် ဘက်မှ မှတ်ကျောက် အတင်ခံနိုင် ကြသူများလည်း ဖြစ်ကြကြောင်း၊ နိုင်ငံတော်အတွက် အရေးပါလှသော လူ့ စွမ်း အား အရင်းအမြစ်များ ရရှိစေရန် မိမိတို့တိုင်းပြည် အတွင်းရှိ လူသားအရင်းအမြစ် အစစ် အမှန်ဖြစ်ေ သာ ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများကို ပညာသင်ယူခွင့်ရပ်စဲလိုက်ခြင်းသည် ကျောင်း သား မိဘများ၊ ကျောင်းသား များနှင့်အတူ နိုင်ငံတော် အတွက်လည်း နစ်နာကြောင်း၊ ထို့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၆၈၊ ၃၆၆ နှင့် ၃၄၇ တို့အားရှင်းလင်း ပြောကြားသွားပြီး မန္တလေးဆေး တက္ကသိုလ် ပညာ သင်ခွင့် ရပ်စဲခြင်းခံခဲ့ရသော ကျောင်းသား ကျောင်းသူများအား ချမှတ်ထားသော စည်း မျဉ်း စည်းကမ်း များအား ဖြေလျှော့၍ ဆေးတက္ကသိုလ် မန္တလေးသို့ ဆေးပညာ ပြန်လည်သင်ယူခွင့်ပြုရန် အစီအ စဉ်ရှိ မရှိ သိရှိလိုပါကြောင်း မေးမြန်း သွားပါသည်။

အစိုးရတပ်နှင့် KIA တိုက်ပွဲကြောင့် ဒေသခံများ ဒဏ်ရာရသေကြေမှုများဖြစ်ပေါ်

From : http://www.kachindailynews.com/2013/01/kia_3887.html

ဇန်န၀ါရီ (၂၉) ရက်နေ့က KIA လက်နက်ကိုင်တပ်ဖွဲ့ကနေပြီး အင်အား (၄၀) လောက်နဲ့ မရမ်းရွာနားမှာရှိတဲ့ အစိုးရရဲ့ အမြောက်တပ်ကို ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မရမ်းရွာမှ ဒေသခံ တစ်ဦးမှ ပြောပါသည်။ KIA တပ်သားတွေရဲ့ လေ့ကျင့်သားမပြည့်ဝမှုနှင့် ပရမ်းပတာပစ်ခတ်မှုတွေကြောင့် KIA မှပစ်ခတ်လိုက် တဲ့ ဗုံးသီးနှင့် ကျည်ဆံတွေဟာ တပ်စခန်းအနီးအနားမှာရှိတဲ့ အရပ်သားနေအိမ်တွေ အပေါ် ကျရောက်ပြီး (၂၅) နှစ်အရွယ် ကလေးတစ်ယောက်သေဆုံးသွားခဲ့ပါသည်။

ဦးဂျမ်မော်လို့ခေါ်တဲ့ အသက် (၉၀) ကျော်အဖိုးကြီးတစ်ယောက်နဲ့ အသက် (၄၀) ၀န်းကျင်ရှိ တဲ့ ယောင်္ကျား တစ်ယောက်နှင့် (၂) နှစ်အရွယ်ခန့် ကလေးတစ်ယောက် ဒဏ်ရာရပြီး   မြစ်ကြီးနား   ပြည်သူ့ဆေးရုံကြီး ကို ပို့ဆောင်လိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါသည်။ ကချင်ပြည်နယ် လဂျားယန်ဒေသလို အစိုးရတပ်တွေ တိုက်ခိုက်မှုပြီးသွားတဲ့ နောက်ပိုင်းမှာ KIA တပ်တွေဟာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အစိုးရတပ်မဟုတ်တဲ့ နေရာတွေကို မကြာခဏဆိုသလို ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အပြစ်မဲ့တဲ့ ရွာသူ/ရွာသားတွေဟာ မကြာခဏဆိုသလို ထိခိုက်သေဆုံးလျက်ရှိနေကြောင်းသိရှိရပါသည်။
ကချင်ပြည်သူတွေအနေနဲ့ ယခင်တုန်းက KIA တပ်ဖွဲ့အပေါ် ယုံကြည်ကိုးစားမှုရှိခဲ့သော်လည်း ယနေ့ အချိန်အခါမှာတော့ KIA တပ်ဖွဲ့ရှိနေခြင်းသည် မိမိတို့ ကချင်တိုင်းရင်းသား ပြည်သူတွေကို ထိခိုက်နစ်နာစေတဲ့ အတွက် အလိုမရှိတော့ဘူး။ KIA တပ်ဖွဲ့ကို အစိုးရတပ်တွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေမှုန်းလိုက်တာ က ပိုကောင်းတယ်လို့ မရမ်းရွာမှာနေထိုင်ကြတဲ့ ဒေသခံတွေက ပြောပြ ခဲ့ပါသည်။
 www.MyanmarExpress.net
 

စည်းကမ်းအမဲ့ဆုံး ရန်ကုန်လူထုအတွက် လာမယ့် ဖေဖော်ဝါရီလ အတွင်း အမှိုက်ပုံးများ ထပ်မံ ချထား ပေးသွားမည်

From : mrtv4

ရန်ကုန် မြို့တွင်းမှာ အမှိုက်ပုံးများ ထပ်မံ ချထားပေးမှုကို လာမယ့် ဖေဖော်ဝါရီလ အတွင်းမှာ ထပ်မံ ချထား ပေးဖို့အတွက် လျာထားလျက် ရှိတာ ဖြစ်တယ်လို့
ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ချထားပေးမှုဟာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ ရန်ကုန်မြို့ကို အမှိုက် ကင်းစင်ပြီး သန့်ရှင်း သာယာ စေဖို့အတွက် နေ့စဉ် အမှိုက်သိမ်းမှုများ အပြင် အမှိုက်များ စနစ်တကျ စွန့်ပစ် နိုင်ဖို့ အတွက် အမှိုက်ပုံး အလုံးရေ နှစ်ထောင့် ခြောက်ရာ ကို ထပ်မံ ချထား ပေးသွားမှာ ဖြစ်ပါတယ်။

ဒီလို ချထား ပေးရာမှာလည်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ နယ်နမိတ် အတွင်း မြို့နယ် ၃၂ မြို့နယ်မှာ လက်ရှိ ချထားပေးတဲ့ နေရာတွေ အပြင် အခြား အမှိုက်ပုံး မထားရှိ ရသေးဘဲ နေရာ များမှာပါ ထပ်မံ ချထား ပေးသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီ ချထား ပေးရာမှာလည်း ၆၆၀ လီတာ ဆံ့ အမှိုက်ပုံးနဲ့ ၂၄၀ လီတာ ဆံ့ အမှိုက်ပုံးများ ချထား ပေးသွားမှာ ဖြစ်ပြီး အမှိုက်ကန် အဖြစ် သတ်မှတ်ထားတဲ့ ၀ါးကပ်ကန် တွေရှိတဲ့ နေရာများမှာ ထားရှိ သွားမှာ ဖြစ်ပါတယ်။ အခု လက်ရှိ မှာတော့ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ နယ်နိမိတ် အတွင်း မြို့နယ် ၃၂ မြို့နယ်မှာ ၆၆၀ လီတာ ဆံ့ အမှိုက်ပုံးနဲ့ ၂၄၀ လီတာ ဆံ့ အမှိုက်ပုံး စုစုပေါင်း အလုံး နှစ်ထောင် ခန့် ချထား ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။

 www.MyanmarExpress.net
 

KIO/KIA တို့၏ အပစ်မရပ်ရေးလမ်းစဉ်နှင့်လုပ်ရပ်များ

From : http://www.kachindailynews.com/2013/01/kiokia_30.html

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြာရှည်လာတာနဲ့အမျှ ဒေသခံပြည်သူတွေ ဒုက္ခမျိုးစုံ   တွေ့ကြုံ နေလျက်ရှိပြီး ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ အဖွဲ့အစည်းပေါင်းစုံကနေ ကချင်ပြည်နယ်ကြီးမှာ စစ်ရပ်စဲပြီး ငြိမ်းချမ်းရေးလုပ်ဆောင်ကြဖို့ တောင်းဆိုနေကြလျက်ရှိသည်။ ရန်ကုန်ကနေလိုင်ဇာ အထိ လမ်းလျှောက်ပြီး ငြိမ်းချမ်းရေး တောင်းဆိုနေကြသလို ဒေသခံပြည်သူတွေကိုယ်နှိုက်ကလဲ စာတမ်းတွေ ကိုင်ဆောင်ကာ ဆန္ဒပြပြီး ငြိမ်းချမ်းရေး တောင်းဆိုနေကြောင်းသိရှိရသည်။ အမျိုးသား လွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကလဲ ငြိမ်းချမ်းရေး လုပ်ဆောင်ကြဖို့တောင်းဆိုနေ ဒါကြောင့် လဲ နိုင်ငံတော် သမ္မတက တပ်မတော်အနေနဲ့ ထိုးစစ်တွေ ရပ်ဆိုင်းထားဖို့အမိန့်ထုတ်ပြန်လိုက်ပါသည်။

 စစ်ပွဲဆိုတာ တစ်ဖက်သတ်ထဲရပ်ဆိုင်းထားလို့မရသလို အဲလိုရပ်ဆိုင်းခဲ့ရင်လဲ ကိုယ့်စစ်သားတွေ ကို သေတွင်းထဲ ပို့လိုက်သလို ဖြစ်နေမှာပါ။ ထိုးစစ်တွေရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားတဲ့   နောက် ပိုင်း မှာ KIA တပ်တွေအနေနဲ့ ရဲစခန်း၊ တပ်စခန်းနဲ့ပြည်သူတွေသွားလာတဲ့ကားရထားတွေကို မိုင်းခွဲ   ဖောက်ခွဲမှုတွေ တိုးမြှင့် လုပ်ဆောင်နေပါတယ်။ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဘက်က ကျဆုံး ဒဏ်ရာရ မှုတွေရှိနေပြီး တိုက်ပွဲ တွေရပ်ဆိုင်းခြင်းမရှိဘူးဖြစ်နေပါသည်။ နိုင်ငံတော်အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ KIO/KIA အဖွဲ့ရဲ့ ပြန်ကြားချက်အဖြေကိုစောင့်နေလျက်ရှိပါသည်။ KIO ကတော့ သူတို့အနေနဲ့ အစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးမှာမဟုတ်ဘဲ UNFC အနေနဲ့ဆွေးနွေးဖို့   ပြန်ကြား ခဲ့ကြောင်း သိရှိရသည်။
          ငြိမ်းချမ်းရေးဆွေးနွေးရေးကိစ္စနဲ့ပတ်သက်လို့ ဇန်န၀ါရီ ၂၈ ရက်နေ့က KIA တပ်မဟာ(၅) ခန်းမဆောင် မှာ ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အက်စ်ဂွမ်မော်က `` မိမိတို့ အနေနဲ့UNFC ကိုဦးဆောင်ဆွေးနွေးခိုင်းမှာဖြစ်ပေမယ့် UNFC ကလဲ KIA ကိုယ်စားလှယ်တွေ မတက် ရောက်ဘဲ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြန်ကြားထားပါတယ်။ KIA မတက်ဘဲ UNFCက ဦးဆောင်ဆွေးနွေးခဲ့လို့ ပြဿနာရှိလာခဲ့ရင် သူတို့တရားခံအဖြစ်မခံနိုင်ဘူးလို့ပြောနေပါတယ်။ ဒါကြောင့် KIA အဖွဲ့ကခေါင်းဆောင်တွေ တက်ရောက်ရမှာ ဖြစ်လို့ဖေဖော်ဝါရီ ၅ ရက်နေ့မတိုင်မီ အစိုးရတပ်တွေ ကို ပြန်တိုက်ကြရပါမယ်။ဒါကြောင့် အစည်းအဝေး တက်ရောက်လာသူခေါင်းဆောင်အားလုံးက လူသစ်တွေစုဆောင်း၊ ရိက္ခာတွေရှာဖွေထားပြီး အမာခံတပ်ဖွဲ့ဝင်   တွေ ရွေးချယ် ထားကြ ဖို့´´  ပြောဆို ညွှန်ကြားခဲ့ကြောင်း ဌာနချုပ်သတင်းရပ်ကွက်မှရရှိသည်။
          KIC ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လက သူ့ရဲ့အမြင်ကိုပြောဆိုခဲ့ရာမှာတော့ `လိုင်ဇာဌာနချုပ်ဟာ KIAရဲ့ ဂုဏ်သိက္ခာဖြစ်တာမို့ လိုင်ဇာမကျဆုံးရေးသက်စွန့်ကြိုးပမ်းကာကွယ်ကြပါ။ ဖေဖော်ဝါရီ ၅ ရက်နေ့ ဟာ ကချင် တွေရဲ့တော်လှန်ရေးနေ့ဖြစ်တဲ့အတွက် အဲဒီနေ့မတိုင်မီ အစိုးရတပ်တွေ သိမ်းထားတဲ့ စခန်းမှန်သမျှ ပြန်တိုက်ကြ ပါ။ လက်ရှိအစိုးရတပ်တွေ သိမ်းထားတဲ့တောင်ကုန်းတွေဟာ အရေးပါတဲ့   တောင်ကုန်းတွေ ဖြစ်နေတာမို့ ကချင် တွေရဲ့ သိက္ခာ၊ KIAရဲ့ နာမည် မကျအောင်ပြန် တိုက်ကြပါစို့`` လို့ ပြောကြားခဲ့ကြောင်း တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရသိရှိသည်။
          ကချင်ပြည်နယ်အတွက် အစိုးရနဲ့KIO/KIA ဆွေးနွေးပွဲတွေဟာ အမည်ခံသက်သက်သာဖြစ်နေပြီး ဆုံးဖြတ်ချက်၊သဘောတူညီချက်ထွက်ပေါ်မလာမှာကိုကချင်ငြိမ်းချမ်းရေးအကျိုးဆောင်နဲ့ခရစ်ယာန် ဘုန်းတော် ကြီးတွေက ပူပန်စိုးရိမ်နေကြပါတယ်။ ဦးအင်ဘန်လ အနေဖြင့် သတင်းမီဒီယာတွေကတစ်ဆင့် KIA တပ်ဖွဲ့တွေ အတွက် ၀ါဒဖြန့်ချီမှုတွေလုပ်နေပေမယ့် ထင်သလောက်အောင်မြင်မှုမရရှိခဲ့ပါဘူး။ ကချင် တိုင်းရင်းသား   ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအင်ဇော်နော်ကတော့ KIA အနေနဲ့ စစ်တပ်နဲ့မဆိုင်နဲ့ အရပ်ဘက်ပစ်မှတ်တွေ မတိုက်ခိုက်သင့်ဘူးလို့ပြောဆိုပါတယ်။ ဒီလိုမျိုးတိုက်ခိုက်နေတာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ပြန်ဖျက်ဆီးနေ သလိုဖြစ်နေတယ်လို့ထောက်ပြ ပြောဆိုထားပါတယ်။



. www.MyanmarExpress.net
 

သန်းထွဋ်အောင် နှင့် ကျော်မင်းဆွေ တို့အနေဖြင့် ဦးရဲထွဋ် ကို စံနမူနာထား အတုယူသင့် ဟု ဆို


သန်းထွဋ်အောင် နှင့် ကျော်မင်းဆွေ တို့အနေဖြင့် ဦးရဲထွဋ် ကို စံနမူနာထား အတုယူသင့် ကြောင်း နည်စည်းမခြား မြန်မာသတင်းထောက်များ အဖွဲ့မှ ဝါရင့်သတင်းစာ ဆရာ တစ်ဦးမှ ပြောဆိုလိုက်သည်။

ဇန်န၀ါရီလ ၂၈ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် သတင်းမှန်ကို ဓာတ်ပုံမှားယွင်းဖော်ပြခဲ့ဖြင်းအတွက် ဇန်န၀ါရီလ ၃၀ ရက်နေ့ ညပိုင်းတွင် ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်မှ facebook စာမျက်နှာတွင် ချက်ချင်း သိက္ခာရှိရှိတောင်းပန်ခဲ့ ပြီး ယနေ့ထုတ်သတင်းစာများတွင်လည်း အကျယ်တဝင့် ရှင်းလင်းဖော်ပြခဲ့သည်။



ပြီးခဲ့တဲ့ ၂၀၁၂ နှစ်လည်ပိုင်းက Eleven Media မှ Facebook ပေါ်မှ ၎င်းတို့အားဆဲဆိုသူကို ဦးရဲထွဋ် ဖြစ်နိုင်ကြောင်း နာမည်တပ်ကာ ရေးသားခဲ့သည့်အပြင် ဦးရဲထွဋ်၏ ဓာတ်ပုံကိုပါ စွပ်စွဲဖော်ပြ ရေးသားခဲ့သည်။ မီဒီယာ ကျင့်ဝတ်နှင့်မညီ သိက္ခာမဲ့စွာ ရေးသားမှုအတွက် ဦးရဲထွဋ်မှ

 "ကာယကံရှင်ကိုမေးမြန်းပြီး သက်ဆိုင်သူ၏ တုန့်ပြန်ပြောကြား ချက်များကို ထည့်သွင်းရေးသားခြင်းကို Eleven ဂျာနယ်က လုပ်လေ့လုပ်ထမရှိလှသောကြောင့် အပြစ်တင်ရန်လည်းမရှိပါ။"

ဟု လိမ္မာပါးနပ်စွာ ဖြေရှင်းခဲ့သည်။ Eleven Media မှ သန်းထွဋ်အောင် နှင့် ဝေဖြိုးမှ ၎င်း၏ မှားယွင်းစွပ်စွဲမှုအတွက် တောင်းပန်ခဲ့ခြင်း မရှိခဲ့ခြေ။ ယခုလည်း အရှက်ကင်းမဲ့စွာ မျက်နှာပြောင်တိုက်ပြီး ဦးရဲထွဋ်ထံ သတင်းလိုချင်သဖြင့် မျက်နှာချိုသွေးလျှက်ရှိကြောင်း သိရသည်။ ထိုအချိန်က ဦးရဲထွဋ်၏ ဖြေရှင်းချက်အပြည့်အစုံကို http://www.myanmarexpress.net/2012/05/eleven-media_30.html တွင် ဖတ်ရှုနိုင်သည်။

ထို့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း မှ တောင်းပန်ခိုင်းသည်ကိုလည်း Eleven Media မှ လုံးဝ တောင်းပန်ခဲ့ခြင်းမရှိပေ။



၎င်းကိစ္စနှင့်ပတ်သတ်၍ Eleven Media သည် မစင် စားခိုင်းလျှင်သာ စားမည်ဖြစ်ပြီး တောင်းပန်ခိုင်းပါက လုံးဝ တောင်းပန်မည်မဟုတ်ကြောင်း မန္တလေးမြို့ရှိ အမည်မဖော်လိုသူ သတင်းထောက်တစ်ဦးက မှတ်ချက်ပေးခဲ့သည်။

မှားယွင်းမှုအတွက် သိက္ခာရှိရှိတောင်းပန်တတ်သော ဦးရဲထွဋ်အား သန်းထွဋ်အောင်နှင့် ဝေဖြိုးသာ မက ကျော်မင်းဆွေလည်း အတုယူသင့်ကြောင်း အဆိုပါ သတင်းစာဆရာမှ ဆက်ပြောခဲ့သည်။ မကြာသေးခင်က The voice weekly ဂျာနယ်မှ ဓာတ်ပုံ မှားယွင်းဖော်ပြမှု ရှိခဲ့သော်လည်း ဦးရဲထွဋ်ကဲ့သို့ သိက္ခရှိရှိတောင်းပန်ခဲ့ခြင်းမရှိခဲ့ပေ။


ဒါ့အပြင် ဘီဘီစီ၊ မဇ္ဈိမ နှင့် အခြား ပြည်ပအခြေစိုက်မီဒီယာများလည်း မြန်မာ့အလင်းကို အတု ယူသင့်ကြောင်း ဝေဖန်မှုများ ရှိနေသည်။  ပြီးခဲ့သည့် ၂၀၁၁ နိုဝင်ဘာလတွင်မဇ္ဈိမ သတင်းဌာနမှ ဓာတ်ပုံ မှားယွင်းဖော်ပြရုံမျှ မက သတင်းပါ မှားယွင်းဖော်ပြခဲ့သော်လည်း အစိုးရသတင်းစာကဲ့သို့ သိက္ခရှိရှိတောင်းပန်ခဲ့ခြင်းမရှိပဲ မီဒီယာ ကျင့်ဝတ်နှင့်မညီစွာ မျက်ကွယ်ပြုခဲ့သည်။


ထိုစဉ်က သတင်းမှားအား မြန်မာလိုတင်မက အင်္ဂလိပ်လိုပါတင်ပြီး သူများဆီက သတင်းနဲ့ လုပ်စားခဲ့သည်။






သတင်းမှားနှင့် ပတ်သက်၍ 7day မှ ဖြေရှင်းခဲ့သော်လည်း 7day မှ သတင်း အား ကော်ပီ ယူပြီး ခဲ့သည့် မဇ္ဈိမ သတင်းဌာနမှာ တောင်းပန်ခြင်းလည်းမရှိ၊ ဖြေရှင်းခြင်းလည်း မရှိခဲ့ပေ။ ဖြစ်စဉ်အပြည့်အစုံကို http://www.myanmarexpress.net/2011/11/blog-post_17.html တွင်ဖတ်ရှုနိုင်သည်။


အလားတူပင် ဘီဘီစီ သတင်းဌာနမှလည်း ရခိုင်ပြည်နယ်အား ရိုဟင်ဂျာပြည်နယ်ဟု ဓာတ်ပုံ မှားယွင်းဖော်ပြခဲ့ဖူးပြီး အစိုးရသတင်းစာများကဲ့သို့ မှားယွင်းမှုအတွက် အများပြည်သူအား တောင်းပန်ခဲ့ခြင်း မရှိခဲ့ခြေ။ အဆိုပါ သတင်းများအား http://www.myanmarexpress.net/search/label/%E1%80%98%E1%80%AE%E1%80%98%E1%80%AE%E1%80%85%E1%80%AE%20%E1%80%80%E1%80%AF%E1%80%AD%20%E1%80%A1%E1%80%AC%E1%80%B8%E1%80%B1%E1%80%95%E1%80%B8%E1%81%BE%E1%80%80%E1%80%95%E1%80%AB%E1%80%90%E1%80%9A%E1%80%B9 တွင် ဖတ်ရှုနိုင်သည်။

ကိုယ်တိုင်ကျင့်ဝတ်သိက္ခာနှင့် မညီညွတ်သော သတင်းသမားများမှာ မြန်မာလူမျိုးအများဆုံးဖြစ်ပြီး ၎င်း တို့မှ သိက္ခာရှိရှိတောင်းပန်ရဲသောသူများအား အတုမယူသည့်အပြင် အမျိုးမျိုးပုတ်ခက်ဝေဖန် ပြောဆိုလျှက်ရှိကြောင်း သိရသည်။



 
 www.MyanmarExpress.net

မီဒီယာ သမားတွေ ကြောင့် KIA စစ်ရှုံးခဲ့သလော

From :  မြန်မာ့သားကောင်း

 

ပြည်ထောင်စု တပ်မတော် နဲ့ ကေအိုင်အေ တို့ တိုက်ပွဲတွေ ဖြစ်ပွားနေစဉ် မှာ ကေအိုင်အေ အဖွဲ့တွေက မီဒီယာ သမားတွေ ကို လိုင်ဇာ နဲ့ ရှေ့တန်း စစ်ပြေပြင် ကို ခေါ်ယူပြီး သူတို့ စစ်တိုက်တာ မှန်သယောင် ခေါ်ပြခဲ့
ကြပါတယ်။

အထူးသဖြင့် ယခင် အစိုးရ လက်ထက်က တပ်မတော် ကို အစဉ်အမြဲ ဆန့်ကျင်ဘက် အမြင်နဲ့ ရေးခဲ့တဲ့ ဧရာဝတီ သတင်းထောက်တွေ ကိုပါ။ (အခုလဲ သတင်းထောက်ကျင့်ဝတ်နဲ့ မညီ နိုင်ငံတော် နဲ့ တပ်မတော် ရဲ့ နိုင်ငံတော် လုံခြုံရေး စီမံကိန်း အချို့ကို ထုတ်လွှင့် ရေးသားနေတုန်းပါ။)

ကေအိုင်အေ ခေါင်းဆောင်တွေက အရပ်ကူပါ၊ လူဝိုင်းပါ အနေနဲ့ သတင်းထောက် တွေ ကို ခေါ်ပြခဲ့တယ်။ အဲဒီမှာ ကေအိုင်အေ တပ်ဖွဲ့တွေ ရဲ့ နေထိုင်လှုပ်ရှားမှု့တွေ၊ စခန်းနေရာယူပုံတွေ၊ ကေအိုင်အေတပ်ဖွဲ့ဝင်
တွေ ကိုင်ဆောင်တဲ့ လက်နက်တွေ အင်တာနက်ပေါ်မှာ မမြင်ချင် မတွေ့ချင် အဆုံး ပလူကို ပျံနေခဲ့ပါတယ်။

ဒီပုံတွေ ဟာ သာမန် အရပ်သူ အရပ်သားတွေအတွက် ဘာမှ မဟုတ်ပေမဲ့ စစ်ပညာကို စနစ်တကျ လေ့လာထားတဲ့ အစိုးရ စစ်သားတစ်ယောက်
အနေနဲ့ စခန်းကုန်း ဓါတ်ပုံ၊ စစ်သည်တစ်ယောက် ၀တ်ဆင်ထားတဲ့ ချပ်ဝတ်တန်ဆာကို ကြည့်လိုက်တာနဲ့ ကေအိုင်အေ ရဲ့ အားနည်းချက်၊ အားသာချက်ကို ရှင်းကနဲ သိနိုင်ပါတယ်။

စစ်တိုက်ရင် ကိုယ် အင်အား နည်းနေရင် ရန်သူ့အမြင်မှာ များသယောင်၊ များရင် နည်းသယောင်၊ ငြိမ်နေရင် လှုပ်ရှားနေတယ် ထင်အောင်၊ လှုပ်ရှားနေရင် ရန်သူက ငြိမ်နေတယ်လို့ ယူဆအောင် လှည့်စားရတာပါ။

ကေအိုင်အေ ကတော့ အဲဒီ စစ်သဘောတရားကို မလိုက်နာပဲ သူတို့ အကြောင်း အလုံးစုံသိအောင် မီဒီယာသမားတွေကို စခန်းကုန်းတွေ လိုက်ပြနေပါတော့တယ်။ မီဒီယာမှာ ပဲ ၀ါဒဖြန့်ဖို့ အားသန်နေခဲ့ပါတယ်။
နောက်တစ်ခါ သံသယဖြစ်စရာ အချက်ကတော့ ကေအိုင်အေ သူတို့ စခန်းတွေ နဲ့ လိုင်ဇာကို ခေါ်ပြတဲ့ သတင်းထောက်တွေထဲမှာ သာမန် သတင်းထောက်တွေ ပါနိုင်သလို အစိုးရ သတင်းထောက်တွေလဲ ပါနိုင်ပါတာကိုပါ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ကေအိုင်အေ ဟာ စိတ်ဓါတ်နဲ့ လက်နက် အခြေပြု ထားတဲ့ တိုက်စွမ်းရည် မှာ အမြဲတမ်းလေ့ကျင့်ထားသော စစ်တပ် ကို မမှီခဲ့တာကြောင့်ရော ၊ သူတို့လုပ်ရပ်တွေ မှန်ကန်ကြောင်း ၀ါဒ ဖြန့်ချင်ဇော နဲ့ သတင်းထောက်တွေ ကို သူ့တို့ စခန်းတွေ မြို့တွေကို ၀င်ခိုင်းပြီး ရိုက်ခိုင်းခဲ့တဲ့ ဓါတ်ပုံတွေ ကြောင့် ကေအိုင်အေ တို့ စစ်ရှုံးခဲ့ရပေပြီ။


  www.MyanmarExpress.net
 

မေဇင်အေး(ခေါ်)ဒီမိုဖက်တီး(ခေါ်)ခွန်ဒီးယမ်အကြောင်း ပြောကြားမှု

From : ပလေတို ဒီမို

ဝိကလီးအလဲဗင်းအယ်ဒီတာချုပ်က -

ဒီမိုဖက်တီးရဲ့ အကောင့်ခွဲတွေကိုလည်း သိရှိထားပါကြောင်း၊ မိမိတို့ ဂျာနယ်နှင့်လည်း ကြော်ငြာငွေပေးသွင်းသည့် ကိစ္စနှင့်ပတ်သက်၍ ခွန်းကြီးခွန်းငယ် စကားများကာ တရားရုံးအထိ ရောက်ခဲ့ ဖူးကြောင်း၊ ထို့ကြောင့် မေဇင်အေးသည် ဒီမိုဖက်တီး၊ ခွန်ဒီးယမ် နှင့်အခြား အကောင့်ခွဲများမှ မိမိတို့ မီဒီယာကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဤ သည်မှာ လက်ရှိအခြေအနေတွင် မလုပ်သင့်ကြောင်း၊

သမ္မတဦးသိန်းစိန်သည် လည်း လက်ရှိအပြောင်းအလဲများကို အဓိက ဆောင်ရွက်နေသူဖြစ်ကြောင်း၊ ဒီမိုဖက်တီးအနေဖြင့် သမ္မတဦးသိန်းစိန်နှင့် တည်ဆဲအစိုးရကို တိုက်ခိုက်စော်ကားမှုများ အပြင်းအထန် ပြုလုပ်လာခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုက်ခိုက်မှုများ ထွက်ပေါ်လာသည်ကို လေ့လာတွေ့ရှိရကြောင်း၊

မိမိတို့ အနေဖြင့် တရားဝင် တာဝန်ခံ၊ တာဝန်ယူထားသော မီဒီယာ ဖြစ်ကြောင်း၊ မေဇင်အေးအနေဖြင့်လည်း လေဒီးဂျာနယ်မှ သတ္တိရှိရှိ ဖော်ပြခြင်းများ ပြုလုပ်ကာ သိက္ခာရှိသော မီဒီယာအဖြစ် နောင်တွင် ရပ်တည်သွားသင့်ကြောင်း၊

ခွန်ဒီးယမ်၊ ဒီမိုဖက်တီး စသည့် facebook account များက ဤသို့ တိုက်ခိုက် စော်ကားမှုများ ပြုလုပ်နေသည်မှာ မေဇင်အေး ဖြစ်သည်ကို ခေတ်မီ နည်းပညာများအရ အစိုးရအနေဖြင့် သိရှိထားနိုင်ဖွယ်ရာ ရှိကြောင်း၊ မေဇင်အေးကြောင့် facebook ပိတ်ပင်ခြင်းမှာလည်း လက်ရှိ ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေ မရှိကြောင်း၊ လွတ်လပ်စွာ ပြောကြားခွင့်နှင့် ထိပ်တိုက်တွေ့ဆုံနိုင်သည့်အနေအထားတွင် အစိုးရဘက်က ဆင်ခြင်သုံးသပ်နေသည်ဟု ခန့်မှန်းရကြောင်း၊

ဤသို့သော အောက်တန်းကျသော လုပ်ရပ်များကို မည်သည့်ဘက်ကဖြစ်စေ ရပ်တန့်သင့်ပြီ ဖြစ်ကြောင်း၊ ဒီမိုဖက်တီးဘက်မှလည်း ဆက်လက်ဖော်ပြခြင်း မပြုရန်လိုအပ်မည် ဖြစ်ကြောင်း၊ မီဒီယာသည် ပြည်သူလူထုဘက်မှ ရပ်တည်ရမည်သာ ဖြစ်၍ ပြည်သူ့အကျိုးကို ထိခိုက်လာနိုင်သည် facebook ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း စသည်တို့ ဖြစ်ပေါ်လာပါက မိမိတို့ ယနေ့ ပြောကြားထားသည့်အတိုင်း ဖန်တီးလှုံ့ဆော်သူများကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်း

ပြောကြားသည်။ 


 www.MyanmarExpress.net
 

Zaw Khun Naw မေးလို့ ဖြေရပါသည်

From :Sai Aung



ဇန် ၃၁
KIA ကို သူခိုး ၊ ဓားပြ ၊ သောင်းကျန်းသူ ၊ သူပုန်တပ်ဖွဲ့လို့ ယူဆတာမဟုတ်ပါ၊ ယူဆတယ်ဆိုတာ ဟုတ်လိမ်နိုးနိုးအခြေအနေကို ယူဆတယ်လို့ပြောတာ။ အခုဟာက KIA ကိုအဖျက်သမားသောင်းကျန်းသူ ၊ တိုင်းဖျက်ပြည်ဖျက်၊ ပြည်သူလူထုကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့အဖွဲ့၊   ပြည်သူလူထု ငတ်ငတ်   သေသေ ငါတို့ကြီးပွားချမ်းသာအာဏာရှိရင်ပြီးရော ဘယ်သူသေသေငတေမာရင်ပြီးရော စိတ်ဓာတ်ရှိတဲ့ အဖွဲ့၊ ကိုယ်တစ် ဦးတစ်ယောက်အာဏာတည်မြဲ တစ်စင်ထောင်နိုင်ဘို့အတွက် ကိုယ့်လူမျိုး ကိုယ့်ဆွေးမျိုး ကိုတောင် စတေးရဲတဲ့ အဖွဲ့၊ ကိုနေထိုင်တဲ့ နေရာဒေသဖွံ့ဖြိုးတိုးတက်ရေးတွေကို ဖျက်လိုဖျက်ဆီး လုပ်ပြီး ပြည်သူလူထုကို ဆင်းရဲ တွင်းထဲရောက်အောင်တွန်းပို့နေတဲ့အဖွဲ့၊ ကိုယ့်တိုင်းပြည်ထဲက   ပြည်သူပိုင်သယံဇာတ သတ္ထုနဲ့သစ်တွေ တိုင်းတစ်ပါးကို သူခိုးဈေးနဲ့ရောင်းနေတဲ့အဖွဲ့၊ တရုတ် ကုန်သည်တွေရဲ့ စီးပွားရေးအရ အသုံးချခြင်းကို အလူး အလဲခံနေရမှန်းမသိ ခံနေရတဲ့အဖွဲ့လို့ လုံးဝ သတ်မှတ် ထားတာပါ ။ ယူဆရုံတင်မဟုတ်ပါ ……..

BIA ကိုဘယ်လိုမြင်သလဲ မြန်မာပြည်မှာနေ မြန်မာပြည်ရဲ့ရေကိုသောက်ပြီး မြန်မာ့သမိုင်းကို နကန်း တစ်လုံးတောင်မသိတဲ့ငတုံးကို ရှင်းပြရှင် “ကျွဲပါးစောင်းတီး နွားပလာာတကျွေး ” သလိုဖြစ်နေမှမို့ မူလတန်း ကျောင်းမှာသင်တဲ့ မြန်မာသမိုင်းစာအုပ်ပြန်ဖတ်ကြည့်ပါ၊ BIA တောင်မှမသိတာ ဘာဖြစ်လို့ ပင်လုံစာချုပ်၊ ပင်လုံ ညီလာခံတွေပြောနေတာလဲ။ BIA ကြောင့်လွတ်လပ်ရေးရခဲ့တာ၊ အဲဒီ BIA မရှိခဲ့ရင် ခင်ဗျားတို့ နှာခေါင်းရှည်ရှည်၊ ဆံပင်နီနီနဲ့ မျိုးမစစ်တဲ့ကောင်တွေ ဖြစ်နေပြီ။
KIA ရဲ့ အတ္တကြီးမားမှုကြောင့် ပြည်သူလူထုတွေ ဒုက္ခရောက်တယ် မရောက်ဘူး ဆိုတာ   သေနတ်ပြလို့ ပိုက်ဆံတောင်ပုံရာပုံ ရနေတဲ့သူတွေသိနိုင်မလား၊ ဒုက္ခသည်စခန်းတွေကို   ရောက်နေ တဲ့ ပြည်သူလူထုတွေကို ထီပေါက်လို့ပျော်ပွဲစားထွက်လာကြတာလား? လို့မေးကြည့်ပါ။ သူတို့ရဲ့ရင်ထဲက ခံစားချက်အမှန်ကို သိအောင် မေးကြည့်ပါ။ အရိုးရှင်းဆုံး ဥပမာပေးပါတယ် ၊ KIA မသောင်းကျန်းရင် စစ်တပ်မလာဘူး၊ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်ဝင်ငွေက ကချင်ပြည်နယ်ကထွက်တဲ့ သယံဇာတတွေပေါ်မှာ ရပ်တည်နေတာမဟုတ်ပါ။ ၁၉၈၈ ခုနှစ် ကတည်းက စီးပွားရေးပိတ်ဆို့တဲ့ဒဏ်တွေကို ခံခဲ့ရပေမယ့် ဖွံ့ဖြိုး တိုးတက်မှုဆိုတာဘဲရှိခဲ့ပါတယ်။ ဒေသ အလိုက် နည်းတာများတာဘဲ ရှိပါတယ်။ KIA က ၀မ်ပေါင်နိုင်ငံထူထောင်ဘို့ကြိုးစားမှဘဲ ကချင်ပြည်နယ်မှာ ထမင်းငတ်သေရမယ့် အခြေအနေတွေဖြစ်ခဲ့ တာလေ။
လိုင်ဇာကိုချေးမှုန်းတယ်ဆိုတာ ဘာကိုပြောတာပါလဲ။ ချေမှုန်းတယ်ဆိုရင် အခုလိုင်ဇာ ဗဟိုဌာနချုပ်နဲ့ လိုင်ဇာမြို့ကို စစ်တပ်ကရောက်နေပြီလား? လဂျားယန်စခန်းက စစ်သည်တွေကို ရိက္ခာပို့နိုင်ဘို့လုပ်တာဘဲ ရှိသေးတယ်။ KIA ကိုမချေမှုန်းသေးပါဘူး။ စစ်တပ်စခန်းကို ပိတ်ထားတဲ့လမ်းကို ဖွင့်တဲ့သဘောဘဲ ရှိပါသေး တယ်။
 “ လက်ရှိတိုက်ပွဲတွေဖြစ်နေတာဟာ ကချင်အမျိုးသားလွတ်မြောက်ရေးအရေးတော်ပုံ ငြိမ်အောင် KIA ကို ချေမှုန်းတာလို့ ” မသုံးနှုန်းသင့်ဘူး။ အဲဒါ ပုရွက်ဆိပ် ဘဲရှိသေးတယ်၊ ဆင်မဟုတ်ဘူး၊ ထိုးစစ်ဆင်တာ မဟုတ်ဘူး။ လမ်းကြောင်းဘဲ ဖွင့်သေးတာ။ KIA ကိုလုံးဝ (လုံးဝ)မတိုက်သေးဘူး။ တိုက်ပြီဆိုရင် လိုင်ဇာ မပြောနဲ့ အင်ဂွန်းလ၊ အောင်လွတ်၊ ၀န်ဂေါဘွမ်၊ မုန်ဆန်ယန် က ခေါင်းဆောင်ကြီး များ မြေခွေးကျင်းထဲမှာ ဂုံနီ အိတ်ခြုံပြီး အိပ်ရတဲ့ဘ၀ကို ရောက်နေမှာ …
KIA ကနေ နိုင်ငံခြားကို ပညာတော်သင်ဘယ်လောက် လွှတ်ထားတယ်ဆိုတာ သိပါတယ်။ အခြားက ကချင်လူငယ်တွေကို အသေခံတိုက်ပွဲ ၀င်ခိုင်းထားတဲ့အချိန်မှာ ဦးဇောင်းဟရား၊ ဦးဂေါ်ရီ   ဇော်ဆိုင်း၊ အင်ဘန်လ၊ ဦးဂမ်ရှောင် ၊ ဦးအက်စ်ဂွန်မော်နဲ့ ဗဟိုကော်မတီဝင်တွေရဲ့ သားတွေ ၊ သမီးတွေ ထိုင်း၊ စင်္ကာပူ၊ အမေရိကန်၊ အင်္ဂလန်နဲ့ အနောက်နိုင်ငံတွေမှာ ပညာတော်သင်တွေ လွှတ်ထားပါတယ်။ အဲဒီပညာတက်ကြီးတွေထဲက ဘယ် သူတွေများ ကချင်ပြည်နယ်ကို ပြန်လာပြီး (KIO/KIA အဖွဲ့မပါ) ကျန်တဲ့ကချင်လူထုရဲ့ အကျိုးကို ဘယ်လိုများ သယ်ပိုးနေပါသလဲ ဖြေပါ ။ ပြည်သူလူထုရဲ့ ၀မ်းဗိုက်ကိုနင်း၊ လည်ချောင်းထဲကနေ ကုပ်ထုတ်ပြီး ရလာတဲ့ ပိုက်ဆံတွေ၊ နိုင်ငံပိုင်သစ်တောနဲ့ သယံဇာတတွေကို တရားမရှိ၊ ဓါးမရှိ လက်ညိုးထိုးရောင်းစားပြီးမှ ရလာတဲ့ ပိုက်ဆံတွေကို ဘယ်မှသုံးသလဲ သိပါတယ်။ ခေါင်းဆောင်ပိုင်းတွေရဲ့ တစ်ဦးချင်းပိုင်ဆိုင်တဲ့ ဟော်တယ်တွေ၊   ကျောက်စိမ်းအရောင်း ဆိုင်တွေ၊ လောင်းကစားရုံတွေဖွင့်တဲ့နေရာမှာသုံးတယ်၊ ဦးအင်ဘန်လရဲ့ နာတာရှည် ရောဂါကို   ဒေါ်လာသန်းပေါင်းမြောက်မြားစွာ အကုန်ကျခံပြီး ကုတယ်။ လက်နက်ခဲယမ်းတွေဝယ်တဲ့ နေရာမှာ သုံးနေပါတယ်။ “ ဒုက္ခသည်တွေကို ထောက်ပံ့နေတာရှိတယ်လေ ” လို့ပြောချင်ရင် ဒုက္ခသည် ၁၀၀ ယောက်မှာ KIA တပ်ဖွဲ့ဝင်နဲ့ မိသားစု (၇၅) ယောက်လောက်ပါနေတာကို တစ်ချက်ခုတ် (၃) ချက်ပြတ် ဒုက္ခသည် အမည်ခံ နဲ့ အဖွဲ့အစည်းမျိုးစုံက   မျောက်ပြဆန်တောင်းလို့ ရလာတဲ့   ထောက်ပံ့ မှုတွေဟာ KIA အတွက် နောက်ထပ် တစ်ဖက်တစ်လမ်းကနေ ၀င်ငွေရနေတာ မဟုတ်ဘူးလား? သမာအာဇီဝနည်းနဲ့ ရှာလို့ရတဲ့ငွေကို KIO / KIA အဖွဲ့အစည်းနဲ့ မိသားစုမဟုတ်တဲ့ ကချင်ပြည်သူလူထု အတွက် ဘာလုပ်ပေးခဲ့သလဲ။ ကိုယ့်အာဏာမြဲဖို့၊ ကိုယ့် တပ်ဖွဲ့၊ ကိုယ့်မိသားစု အကျိုးအတွက် သူများနဲ့မတူအောင် ပညာမျိုးစုံတက်ပြီး အမြော်အမြင်ကြီးမားနေတာ အကြွင်းမဲ့ ယုံကြည်ထားပါတယ်။
စစ်တပ်ဟာ KIA မှမဟုတ်ဘူး အကြမ်းဖက်၊ ဥပဒေမဲ့လုပ်ရပ်တွေလုပ်တဲ့ မည်သူကိုမဆို တားမြစ်ထိန်း သိမ်းချေမှုန်းဘို့ တာဝန်ရှိပြီးသားပါ။ ဗမာတွေ အကြမ်းဖက်ရင်လည်း ဒီစံနှုန်းထားအတိုင်းဘဲ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာဘာမှမခွဲခြားဘူး။
KIA ကအရင်စခဲ့လို့ အပြစ်တင်တဲ့အဆင့်ကို အများကြီးကျော်သွားပြီ။ စိတ်ထဲကနေ အပြစ်တင်တဲ့ အဆင့်မဟုတ်တော့ဘူး။ သွေးမြေကျလို့ တုန့်ပြန်တဲ့အဆင့်ကို ရောက်နေပြီ။ စစ်တပ်ရဲ့သဘော သဘာဝကို ကျေညှက်အောင်မသိ ဘယ်သူကမှ အသိအမှတ်ပြုတာမရှိတဲ့ စစ်ကျောင်းကနေဆင်းပြီး ပခုံးပေါ်မှာ ဘိလပ် ရည်ပုလင်းအဖုံးတွေ တစ်ခုပြီးတစ်ခုတင်ထားတဲ့ လူတွေကို ရှင်းပြရတာ သိပ်ခက်ပါတယ်။ နေရာတစ်မှာ အခြေ ချထားတဲ့ ရဲဘော် ၄/၅ ယောက် ရေဆိပ်မှာ   ရေသွားချိုးဘို့ ထွက်သွားတာကို မြင်လိုက်ရပြီး စစ်တပ်တလှုပ်လှုပ် နဲ့ စစ်ရေးပြင်ဆင်နေပါပြီလို့ အမြဲပြောနေတာဟာ ခပ်ညံ့ညံ့ဆင်ခြေတွေဖြစ်နေတယ်။
စစ်သားတွေဟာ စစ်ကိုတစ်ခြားသူတွေထက်ပိုပြီး စိတ်နာတယ်။ ဘာလို့လဲဆိုတော့ အသက်တွေ၊   သွေးတွေ၊ ချွေးတွေ၊ ဘ၀တွေရင်းနှီးပေးဆပ်ထားရတာလေ။ အဲလိုလူမျိုးတွေကို စိတ်သွားဆွရင်တော့ မျက် ဆောင်းထိုးရင်တောင် ပြာကျတဲ့ ဘူလူးထက်ဆိုးသွားမယ်။ အခု KIA အဖွဲ့ ဥပဒေဘောင်တွင်းမှ စည်းကမ်းစနစ် တကျနဲ့ နေကြည့်လိုက် ဘာသေနတ်သံမှ မကြားစေရဘူး။ ပြည်သူလူထုအကျိုးစီးပွားကို ထိခိုက်ရင်၊ တရားဥပဒေ စိုးမိုးမှုကိုထိခိုက်ရင် ဘယ်လိုလူမျိုးကိုမဆို လက်ပိုက်ကြည့်နေလို့ မရလို့ပါ။
မြန်မာနိုင်ငံတွင်းမှာ ပခုံးနှစ်ဘက်ကြားက ခေါင်းပေါက်တဲ့ လူတွေဘဲနေထိုင်နေကြတာပါ။ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့လူမျိုးတွေ အများစုနေထိုင်တဲ့ ပြည်နယ်နဲ့တိုင်းဒေသတွေမှာ ဘာဖြစ်လို့ ငြိမ်းချမ်းပြီး စည်ပင်သာယာဝပြောနေရတာလဲဆိုတော့ ပညာတက်သော အမျှော် အမြင် ကြီးသော ပုဂ္ဂိုလ်ကြီးများ စဉ်းစားသုံးသပ်ကြည့်လေ။
 www.MyanmarExpress.net
 

သတင်းမှန်ကို ဓာတ်ပုံမှားဖြင့် ဖော်ပြခဲ့ခြင်းအတွက် The Voice ဂျာနယ်နှင့် ဦးကျော်မင်းဆွေတို့ မတောင်းပန်ခဲ့သော်လည်း အလားတူဖြစ်စဉ်အတွက် မြန်မာ့အလင်းနှင့် ဦးရဲထွဋ် တောင်းပန်

From : http://www.oppositeyes.info/2013/01/blog-post_31.html

ဇန်န၀ါရီ ၂၈ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသော မြစ်ကြီးနား ပူတာအို ကားလမ်းပေါ်၌ ကေအိုင်အေ အဖွဲ့ မိုင်းဆွဲတိုက်ခိုက်သည့် သတင်း၌ ဖော်ပြထားသည့် မော်တော်ဆိုင်ကယ်မှာ ဒီဇင်ဘာ ၂၅ ရက်နေ့ အဲပုဂံ လေယာဉ် ပျက်ကျသည့် ဓာတ်ပုံ ဖြစ်နေပြီး မှားယွင်းဖော်ပြ မိသည့် အတွက် တောင်းပန်ကြောင်း သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ထုတ်ပြန်ခဲ့ပါသည်။
သတင်းစာတစ်စောင်မှာ သတင်းစဉ်ကပေးတဲ့သတင်းက ပျမ်းမျှ ၂၀% လောက်ပဲပါပါတယ်။ ကျန်တာ က သက်ဆိုင်ရာ သတင်းထောက်များက ပေးတဲ့သတင်း၊နိုင်ငံတကာသတင်း၊ နယ်သတင်းတွေဖြစ်ပါ တယ်။ ဘယ်သ တင်းဖြစ်ဖြစ် စိစစ်ရမှာပဲဖြစ်ပါတယ်။
ကုန်ကုန်ပြောရရင် ကျွန်တော်ပေးတဲ့သတင်းဆိုရင်တောင် တိုက်က အယ်ဒီတာက မှားနေ တယ်ထင်ရင် ပြန်ထောက်ပြနိုင်ရပါမယ်။ ထောက်ပြရဲတဲ့သတ္တိလည်း ရှိရပါ မယ်။ ဆိုပြီး ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ၏ စာမျက်နှာတွင် ရှင်းပြထားပါတယ်။
 
From : http://doctorsatephwar.blogspot.com/2012/12/voice-weekly.html


 
The Voice Weekly ဂျာနယ် သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ထုတ် Vol 8,No 48 စာမျက်နှာ ၁၈ တွင်ဘဝနွံထဲက အကြွေပန်းလေးများ ဟုဆိုသော ခေါင်းစဉ်ဖြင့် လမ်းမကြီးဘေးတွင် မကောင်းတာလုပ်စားသော (ဖာ) ပြည့်တန်ဆာ အမျိုးသမီးများဘဝ အား ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ရာတွင် ထိုဆောင်းပါးတွင် ပါရှိသော ဓါတ်ပုံမှာ လမ်းဘေးတနေရာတွင်အမျိုးသမီးငယ်တစ်စု စုစည်းနေပုံကို ပိုင်ရှင်မသိပဲ ခိုးယူရိုက်ယူခဲ့ပြီး ဆောင်းပါးနဲ့ တွဲစပ်၍ ပြည့်တန်ဆာ(ဖာ)များအသွင် သရုပ်ဖော် ခဲ့ပါသည် ။ ထို့နောက် ယခုအခါထိုဓါတ်ပုံကြောင့် ပြဿနာများ ဖြစ်ပွါးလာပြီဖြစ်သောကြောင့် ဖြေရှင်းချက် ဟု ခေါင်းစဉ်တပ်ကာထိုအမျိုးသမီး၎ဦးမှာ ပြည့်တန်ဆာ(ဖာ)များမဟုတ်ကြောင်း ပြန်လည်ရေးသားသော် လည်း တောင်းပန်ခြင်း ဝန်ခံခြင်း အလျင်းမပြုလုပ်ပဲ ဝတ်ကျေတန်းကျေ ဖြေရှင်းချက်ဟု၍ ထုတ်ခဲ့ပါသည် ။
ထိုဓါတ်ပုံကြောင့် ဓါတ်ပုံတွင် ပါရှိလာသော အမျိုးသမီးတစ်ဦးဖြစ်သူ (ထဘီဝတ်ဆင်ထားသူ) မအေးအေးနွယ် (အမည်ပြောင်းထား) ဆိုသူ သည် စမ်းချောင်းမြို့နယ်ရှိ အိမ်ခြံမြေ ဝယ်/ရောင်း အကျိုးဆောင် ကုမ္မဏီတွင် အလုပ်လုပ်နေရာမှ နှူတ်ထွက်ခဲ့ရပြီး ပတ်ဝန်းကျင်တွင် အရှက်ကွဲကာ ယခုအခါဆေးခန်းတစ်ခုတွင် depression ခေါ် စိတ်ဓါတ်ကျဆင်းခြင်း ဖြစ်နေ၍ စိတ်ရောဂါကု ဆရာဝန်တစ်ဦးနှင့် ကုသနေရပါသည်။
 
 
 www.MyanmarExpress.net
 

KIA စစ်ရှုံးခဲ့တာ ဘာကြောင့်လဲ

From :ပလေတို ဒီမို

စစ်တို့ရဲ့သဘောမှာ သတင်းလုံခြုံမှု၊ သတင်းလက်ဦးမှု အရေးကြီးပါတယ်။

(၁) ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ ဂွမ်မော်-ဂွမ်ရှောင်တို့ဟာ တိုက်ပွဲသတင်းတွေ ဟုတ်တာရော မဟုတ်တာရော ရောကြိတ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ သတင်းတွေမှာ မြန်မာစစ်တပ်က သေတာတွေရော KIA ဘက်က သေတာတွေရော ပါပါတယ်။ စစ်တပ်ကို ပုံကြီးချဲ့လိုဇောနဲ့ အမောင်းသင်လေယာဉ်ကို တစ်ကယ့် အမေရိကန်လေတပ်က မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးတွေလို အမွှမ်းတင်ချဲ့ကားခဲ့ပါတယ်။ ဓါတုလက်နက်တွေ ဘာတွေ ဆိုပြီး နာမည်ပျက် အောက် ဖျက်ခဲ့ပါတယ်။

အကျိုးဆက်-KIA ဆွဲစေ့ထားတဲ့ ပြည်သူ့စစ်တွေကို စိတ်ဓါတ်အကြီးအကျယ် ကျဆင်းစေပါတယ်။ ဘာမှန်းညာမှန်းမသိတဲ့ မြန်မာ့တပ်မတော်က လက်နက်ဆန်းတွေကို စိတ်ကူးနဲ့ ပုံဖော်ပြီး မသိစိတ်က ကြောက်ရွံ့စေခဲ့ပါတယ်။ လေယာဉ်ပျံသံ ကြားရင် ပုန်းဖို့၊ ထွက်ပြေးဖို့ လှုံ့ဆော်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

(၂) မြန်မာ့တပ်မတော်က စစ်သည်တွေ ကျဆုံးတာတွေ အများကြီး ရှိပေမယ့်လည်း ထုတ်ပြန်ခြင်း မပြုခဲ့ပါဘူး။ ထုတ်ပြန်ခဲ့ရင် တိုက်ပွဲဝင်နေကြတဲ့ စစ်သည်တွေကြားမှာ စိတ်ဓါတ်ကျဆင်းမှုတွေ ဖြစ်ပေါ် လာနိုင်ပါတယ်။ လိုအပ်တဲ့ သတင်းလောက်သာ ချပြခဲ့တဲ့အတွက် တိုက်လိုက်စိတ်ကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ တိုက်ပွဲကြီးတွေ ပြင်းပြင်းထန်ထန် ပြီးစီးသွားချိန်မှာ စစ်မြေပြင်အဆင့်တိုးမြှင့်ပေးခြင်းတွေ ဆက်တိုက်ဆောင်ရွက်ပေးခဲ့ပါတယ်။

အကျိုးဆက်-ကျန်တပ်ရင်း-တပ်ဖွဲ့တွေကလည်း အလားတူ တိုက်လိုစိတ်တွေ အထူးပဲ တက်ကြွလာစေပါတယ်။ ငါတို့လည်း ဒီလို တိုက်ပြလိုက်မယ် ဆိုတဲ့ စိတ်ထားတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ပြည်တွင်း-ပြည်ပမီဒီယာတွေခေါ်ပြီး စခန်းတွေ၊ ခံစစ်ပြင်ထားတာတွေ ပြပါတယ်။ စစ်ပွဲမှာ ပွင့်လင်းမြင်သာမှု ရှိဖို့ မလိုပါဘူး။ အတတ်နိုင်ဆုံး လျှို့ဝှက်ထားကြတာမျိုးပါ။ ဒါကိုပဲ အဟုတ်ကြီး မှတ်ပြီး မီဒီယာတွေကို ခေါ်ပြ၊ မီဒီယာတွေက ဓါတ်ပုံတွေ ဗီဒီယိုတွေ အင်တာနက်မှာ မှိုလိုပေါက်အောင်တင်။

အကျိုးဆက်- မြန်မာ့တပ်မတော်က ဘယ်လို ထောက်လှမ်းရေးမှ သုံးစရာမလိုဘဲ အင်တာနက်ကနေ သတင်းတွေ ကောက်စားလုပ်။ ရန်သူ့ခံစစ် ပြင်ဆင်ထားမှု အကုန်လုံးကို ချေးကအစ သိနေမှတော့ ဘယ်လိုတိုက်မလဲ၊ ဘယ်နည်းနဲ့တိုက်မလဲ၊ ဘယ်နားကို တိုက်ရမလဲ စတဲ့ စတဲ့ စစ်ဆင်ရေးစီမံချက်တွေကို လွယ်လင့်တကူပါပဲ လုပ်နိုင်ခဲ့ပါတယ်။

သင်ခန်းစာဖော်ထုတ်ချက်-(စစ်ပွဲတွင် ပွင့်လင်းမြင်သာမှု ရှိရန် လုံးဝ မလို)

KIA စစ်ရှုံးခဲ့တာ မီဒီယာတွေကြောင့်လို့ ပြောရင် ပလေတို လွန်မယ် မထင်။


 www.MyanmarExpress.net
 

လုံခြုံရေးကြောင့် မောင်တောနယ်စပ်ဂိတ်အချို့ အကန့်အသတ်မရှိ ပိတ်ပင်

From : Myit Makha Mediagroup on 30 Jan, 2013



မောင်တောမြို့အနီးရှိ နယ်စပ်ဂိတ်အချို့အား လုံခြုံရေးအနေအထားကြောင့်ရက်အကန့်အသတ်မရှိ ပိတ်ထားရကြောင်း ပို့ကုန်လုပ်ငန်းရှင် များထံမှသိရှိရသည်။
 
နယ်စပ်ဂိတ်များအား ရက်အကန့်အသတ်မရှိ ပိတ်ထားရသည့်အကြောင်းအရင်းမှာ လွန်ခဲ့သည့်ဇန်န၀ါရီလ (၂၄)ရက်နေ့က နယ်စပ်ဆောက်လုပ်ရေးအဖွဲ့ (GE) ကားတစ်စီးအားမီးရှို့ဖျက်ဆီးခံရခြင်းကြောင့် အရေးပါသည့် နယ်စပ်ဂိတ်(၇)ခုခန့်အား ဇန်န၀ါရီလ(၂၆)ရက်နေ့မှစတင်ကာ ယာယီပိတ်ထားရခြင်း ဖြစ်သည်ဟု လုပ်ငန်းရှင်အချို့ကဆိုသည်။
 
ဒေသခံတွေလုံခြုံရေးအရမို့ နယ်စပ်ဂိတ်တွေကို ပိတ်မယ်လို့ သက်ဆိုင်ရာက ပြောတယ်။ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာတော့ သူတို့လည်းမသိဘူးတဲ့ “ ဟုသက်ဆိုင်ရာအာဏာပိုင်များ၏ ပြောပြချက်ကို ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြန်ပြောပြသည်။
 
လုံခြုံရေးအနေအထားကြောင့် ယာယီပိတ်ထားသည့် နယ်စပ်ဂိတ်အချို့မှာ ဘော်တလော ၊အောင်ဇူ ၊ မီးတိုက် အပါအ၀င် (၇)ဂိတ်ခန့်ရှိသည်ဟု နယ်စပ်ဖြတ်ကျော်ခဲ့သည့်ပို့ကုန်လုပ်ငန်းရှင်များထံက သိရှိရသည်။
 
ဇန်န၀ါရီလ(၂၈)ရက်နေ့ ည(၈)နာရီကျော်၌ မောင်တောမြို့၏ (၃)မိုင်အကွာမှဝေသာလီကျေးရွာအနီးရှိ ဂေါက်ကွင်းအဆောက်အဦးအား မီးရှို့ဖျက်ဆီးသည့်ဖြစ်စဉ်မျိုးလည်း ဖြစ်ပေါ်ခဲ့သည်ဟု ဝေသာလီကျေးရွာမှ ဒေသခံများက ဆိုသည်။
 
အခုလို မီးရှို့ဖျက်ဆီးတာတွေ ဖြစ်ပေါ်နေတော့ ဘယ်သူမှ ကုန်သည်ယူတာတွေမလုပ်ရဲကြတော့ဘူး ၊ နယ်စပ်တွေလည်း ပိတ်ထားတယ်လေ ဟု ဝေသာလီကျေးရွာနေအသက်(၄၀)ကျော် ဒေသခံတစ်ဦးက ပြောသည်။
 
နယ်စပ်ဂိတ်များ ယာယီပိတ်ထားခြင်းကြောင့် မောင်တော-ကြိမ်ချောင်းလမ်းသို့ဖြတ်သန်းဖြတ်လာ မလုပ်ကြခြင်းနှင့် စီးပွားရေးလုပ်ငန်းလုပ်ရာမှာလည်းအခက်အခဲနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်ဟု ၄င်းက ဆက်လက်ပြောသည်။
 
နယ်စပ်ဂိတ်တွေ ပိတ်တယ်၊ မောင်တော -ကြိမ်ချောင်း လမ်းကို မသွားရဲတော့ဘာလုပ်ရမှာလည်းဗျာ။ အလိုအလျောက်  စိုးရိမ်ကြောက်ရွံ့တာတွေက စီးပွားရေးချောင်ပိတ်သွားတဲ့ အဖြစ်မျိုးပါ။  ကိုယ့်ပြည်၊ ကိုယ့်မြေမှာနေလို့ဒီလိုစီးပွားရေး ကျဉ်းကြပ်မှုတွေဖြစ်ရတာ ၀မ်းနည်းမိပါတယ်။ ဒီလိုမျိုးရေရှည်ဆက်သွားပါစေနဲ့လို့ဘဲဆုတောင်းပါတယ်။ “ ဟု တောင်ပြိုဒေသမှ ဘဂ်လားဒေ့ရှ်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက  ပြောသည်။
 
www.MyanmarExpress.net

မြန်မာအတိုက်အခံများ အစိုးရလုပ်ဖို့ အသင့်ဖြစ်ကြပြီလား၊ မောင်ဝံသ

From : ပြည်သူ့ခေတ်

သည်ဆောင်းပါးရဲ့ အရင်းခံ
သမ္မတကြီးဦးသိန်းစိန်နဲ့ အင်တာဗျူးလုပ်ခွင့်ရခဲ့တဲ့ ဘေဂျင်းအခြေစိုက်  အရှေတောင်အာရှသတင်းထောက် Hannah Beech ကို Times မဂ္ဂဇင်းက ပြန်လည်အင်တာဗျူး လုပ်ထားတဲ့ဆောင်းပါး ဇန်န၀ါရီလထဲမှာ ဖတ်လိုက်ရပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ သုံးသပ်ချက်တွေ အများကြီးပါဝင်တဲ့ အင်တာဗျူးမို့လို့ နိုင်ငံရေး စိတ်ဝင်စားသူတွေ မလွတ်တမ်း ရှာဖွေဖတ်ရှုသင့်ပါတယ်။ ဂျာနယ်တချို့မှာလဲ မြန်မာပြန် ဖော်ပြခဲ့ကြပြီးပါပြီ။
ယခု ကျွန်တော့်ဆောင်းပါးဟာ ဟန်နားဘိခ်ျရဲ့ အဖြေထဲက တစ်ပိုဒ်ကို ဖတ်မိရာက အတွေးနယ်ချဲ့မိတာ ဖြစ်ပါတယ်။ သူက ဘယ်လိုပြောထားလဲဆိုရင် “တကယ်လို့  NLD သာ  အစိုးရအဖွဲ့ထဲ ရောက်သွားပြီဆိုရင် သူတို့မှာ အဲဒီအစိုးရအလုပ်ကို လုပ်နိုင်မယ့် လူအင်အားရှိမှာလား၊ ကျွန်မတော့ သိပ်မထင်မိပါဘူး” တဲ့ဗျာ။ အသေးစိတ်ကိုတော့ ရှာဖွေဖတ်ကြည့်ကြပါတော့။
နိုင်ငံရေးသမားနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံ
အဲဒီအစကို အခြေခံပြီး ကျွန်တော်ဆက်ဆွေးနွေးပါမယ်။
ကျွန်တော်တို့နိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီကျွန်ဘ၀မှာ နှစ်ပေါင်းတစ်ရာကျော် နေခဲ့ရတယ်။ ၁၈၂၄နဲ့ ၁၈၅၂ မှာ မြန်မာပြည် အောက်ပိုင်းတစ်ခြမ်းလုံး ပါသွားပြီး ၁၈၈၅ မှာ တစ်ပြည်လုံး ကျွန်ဖြစ်တယ်။ ၁၉၂၃ ခုနှစ် ဒိုင်အာခီအုပ်ချုပ်ရေး ပေါ်လာတော့မှ မင်းတိုင်ပင်အမတ်လို့ခေါ်တဲ့ လူထုမဲဆန္ဒပေးပြီး ရွေးကောက်တင်မြှောက်တဲ့ စနစ်ကို စတင်မိတ်ဆက်ရတယ်။ မြန်မာပြည်ကို အပြီးသိမ်းပြီးချိန်ကစလို့  အိန္ဒိယပြည်ရဲ့ ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းထားရာက ၁၉၃၇ ခုနှစ်ကျမှ သီးခြားနိုင်ငံအဖြစ်ခွဲပြီး ဘုရင်ခံတစ်ယောက်ကို ဦးစီးအုပ်ချုပ်စေခဲ့တယ်။  အုပ်ချုပ်ပုံစနစ်က ဟုမ်းမရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး အဆင့်ထက် တစ်ဆင့်နိမ့်သေးတဲ့ ၉၁ ဌာန အုပ်ချုပ်ရေးပုံစံ ဖြစ်တယ်။ ဒေါက်တာဘမော်တို့ ဦးပုတို့ ဂဠုန်ဦးစောတို့ ၀န်ကြီးချုပ်ဖြစ်ခဲ့ကြတယ်ဆိုတာ အဲဒီ ၉၁ ဌာန အုပ်ချုပ်ရေး ပုံစံထဲမှာပဲ ဖြစ်ခဲ့ကြတာပါ။ အဲဒီအတိုင်း စခန်းသွားနေရာကနေပြီး ဒုတိယကမ္ဘာစစ်ဖြစ်ပြီး ဂျပန်ဝင်လာကာ နိုင်ငံရေး ချိန်ခွင်လျှာတွေပြောင်းပြီး နောက်ပိုင်းကျတော့  သခင်အောင်ဆန်း ခေါင်းဆောင်တဲ့ နိုင်ငံရေး မျိုးဆက်သစ်တွေရဲ့ ခေတ်ဖြစ်လာတယ်။ သည်လိုနဲ့ ၁၉၄၈ မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးနောက် ပြည်သူတွေရဲ့၊ ပြည်သူတွေ ရွေးကောက် တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတဲ့ ပါလီမန်ဒီမိုကရေစီနဲ့ ပါလီမန်အစိုးရ ပေါ်လာတယ်။ ပါလီမန်   ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခွင့် ရခဲ့တယ်။ လွတ်လပ်ရေးခေတ်ဦး အစိုးရအာဏာ ရလာသူတွေဟာ တို့ဗမာအစည်းအရုံးဝင် သခင်တွေ အများစုဖြစ်တယ်။ သူတို့ဟာ နယ်ချဲ့အင်္ဂလိပ် ဆန့်ကျင်ရေး ရဲရဲတောက် နိုင်ငံရေးလှူပ်ရှားမှု အတွေ့အကြုံတွေ ရှိခဲ့ဖူးတယ်။ ဖက်ဆစ်ဂျပန်ခေတ် ၁၉၄၃ သြဂုတ် ၁ ရက်နေ့မှာ ဂျပန်စစ်တပ်က ဖွဲ့စည်းပေးတဲ့ ရုပ်သေးအစိုးရအဖွဲ့မှာ ဆင်းရဲသား (ဓားမပါတီ)က ဒေါက်တာဘမော် ခေါင်းဆောင်တဲ့ နိုင်ငံရေးသမား ၀ါရင့်ကြီးတွေနဲ့ ပူးတွဲပါဝင်ခဲ့ကြဖူးတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း စသူတွေဟာ ဂျပန်ခေတ်အစိုးရမှာ ၀န်ကြီးတွေ ဖြစ်ခဲ့ကြတယ်။ အစိုးရအာဏာရ အဖွဲ့အစည်းကို တို့ဗမာ ဆင်းရဲသား အစည်းအရုံးကြီးလို့ ခေါ်တွင်စေပြီး အဆင့်ဆင့်သော အုပ်ချုပ်ရေးရာထူးတွေ၊ ရဲအဖွဲ့ရာထူးတွေမှာ ဓားမတွေနဲ့ သခင်တွေ အာဏာခွဲဝေ ယူခဲ့ကြဖူးတယ်။ သို့သော် ဖက်ဆစ်ဂျပန်ကို ပြန်တော်လှန်တဲ့ အခါကျတော့ ဓားမတွေ မပါတော့ဘဲ သခင်တွေနဲ့ ရဲဘော်သုံးကျိပ်တွေပဲ ပါဝင်ခဲ့ကြတယ်။ သည်လိုနဲ့ တော်လှန်ရေးအပြီး အင်္ဂလိပ် ပြန်ဝင်လာတော့ ပထမဆုံး သူတို့အလိုတော်ရိ နိုင်ငံရေး လက်ဟောင်းကြီးတွေနဲ့ အစိုးရဖွဲ့ပြီး အုပ်ချုပ်ခိုင်းသေးတယ်။ နောက်ဆုံး ဘယ်လိုမှ မဟန်တော့မှ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖဆပလအဖွဲ့ကြီးကို အာဏာခေါ်ပေးရပါတယ်။ သည်တော့ သခင်တွေနဲ့ ဖက်ဆစ်တော်လှန်ရေးသမား ဟောင်းတွေဟာ အစိုးရအာဏာ ရကြပြန်တယ်။ အဲဒီကနေ လွတ်လပ်ရေးရတော့လည်း သည်လူတွေထဲက အများစုပဲ အစိုးရအဖွဲ့ဝင်တွေ ဖြစ်လာကြတာပါပဲ။  သူတို့ထဲက အများစုဟာ နိုင်ငံရေးသမားကောင်းတွေ ဖြစ်ရုံမက အုပ်ချုပ်ရေး အမြော်အမြင် ရှိသူတွေလည်း ဖြစ်တယ်ဆိုတာ သူတို့သက်တမ်းအတွင်း ပြည်တွင်းစစ်ကြီး ဗလောင်ဆူနေတဲ့ကြားက မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ခဲ့ပုံကို လေ့လာနိုင်ပါတယ်။ သို့ပေမယ့် အထိအနာဆုံးကတော့ ဖဆပလကြီး နှစ်ခြမ်းကွဲပြီး ငါးကြင်းသားကို မြေခွေးက အပိုင်စီးခံလိုက်ရခြင်းပါပဲ။
နှစ်ငါးဆယ်နီးပါး စစ်အစိုးရ အုပ်ချုပ်ရေး
ပါလီမန်ဒီမိုကရေစီစနစ်ဟာ ၁၄ နှစ်ပဲ သက်တမ်းရှည်လိုက်တယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေ၀င်းရဲ့ အာဏာသိမ်းမှုကြောင့် နိဂုံးချုပ်သွားခဲ့ရတယ်။ အဲဒီ ၁၉၆၂ ကစပြီး နာမည်အမျိုးမျိုးနဲ့ စစ်အစိုးရတွေရဲ့ အမိန့်ပေးစနစ်နဲ့ အုပ်ချုပ်မှုအောက်မှာ နေလာခဲ့ရတာ နှစ်ငါးဆယ်နီးပါးကြာခဲ့ပါသဗျာ။ အခု   ၂၀၁၁ခု မတ်လက စပြီး ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ အစိုးရသည်ပင်လျှင် ယခင်အစိုးရရဲ့ စစ်ဗိုလ်ချုပ်တွေ အများစု ယူနီဖောင်းချွတ်၊ ပုဆိုးဝတ်၊ ခေါင်းပေါင်းထားကြတာ ဖြစ်တယ်ဆိုတဲ့ အနေအထားကို ငြင်းလို့မရသေးဘူးဗျ။
အဲဒီစစ်အစိုးရအဆက်ဆက် လက်အောက်နေခဲ့ရတဲ့ ကာလအတွင်း ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုစတဲ့ နယ်ပယ်တွေ ဖွံ့ဖြိုးတိုးတက်ခဲ့သလား၊ ဆုတ်ယုတ်ကျဆင်းခဲ့သလား ဆိုတာကိုတော့ ကျွန်တော် စစ်တမ်းထုတ် မပြလိုတော့ဘူးဗျ။ များစွာသော ပြည်သူထူထု အားလုံးလိုလို ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ကြရပြီး ဖြစ်တဲ့အပြင်  ပိုင်းခြားစိတ်ဖြာ သုံးသပ်သူ ပညာရှင်များက ရှုထောင့်မျိုးစုံကကြည့်ပြီး ပြောဆိုရေးသား တင်ပြခဲ့ကြပြီဖြစ်လို့ ကျွန်တော်က စကားတန်ရှည်ပြီး ၀ိတ္ထာရ ချဲ့နေစရာ မလိုတော့ဘူးထင်တယ်ဗျ။
အုပ်ချုပ်ရေး ကိုင်တွယ်နိုင်စွမ်း ရှိကြပြီလား
ဒီဆောင်းပါးမှာ ကျွန်တော် ဆွေးနွေးချင်တာက အခုလို ကျွန်တော်တို့နိုင်ငံမှာ ပြည်သူတွေက နိုင်ငံတော်အာဏာကို အမှန်တကယ် ပိုင်စိုးတဲ့ ဒီမိုကရေစီစနစ် တစ်ကျော့ပြန် ရှင်သန်လာဖို့ အားယူနေတဲ့အချိန်မှာ ပြည်သူလူထုရဲ့ တပ်ဦးနေရာမှာ ရှိနေကြတဲ့ အဆင့်ဆင့်သော ပြည်သူ့ခေါင်းဆောင် လူထုခေါင်းဆောင်များဟာ နိုင်ငံတော်ရဲ့ အရေးအရာများကို ကျွမ်းကျင်ပိုင်နိုင်စွာ စီမံခန့်ခွဲနိုင်တဲ့ (တစ်နည်း) နိုင်ငံတော်အာဏာကို ပါးနပ်လိမ်မာစွာ ကိုင်တွယ် သုံးစွဲနိုင်တဲ့ အခြေအနေမှာ ရှိနေကြပြီလား။ ဒါမှမဟုတ် မရှိသေးဘူးလားဆိုတဲ့ အကြောင်းအရာပဲ ဖြစ်တယ်ဗျ။ ဒီကနေ့ အတိုက်အခံလို့ ခေါ်ဝေါ်သုံးနှုန်းခြင်း ခံနေကြရတဲ့ နိုင်ငံရေးခေါင်းဆောင်များဟာ နိုင်ငံတော် အာဏာရဲ့ အဓိက မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယန္တရားတွေကို စေစားမောင်းနှင်ရမယ့် နေရာများကို ရောက်လာကြတဲ့အခါ နိုင်ငံတော်အကျိုးစီးပွားဆိုတဲ့ ပန်းတိုင်ဆီသို့ လမ်းချော်တိမ်းစောင်းခြင်း မရှိစေဘဲ မောင်းနှင်နိုင်စွမ်း ရှိကြပြီလား၊ အဲဒီလို အရည်အချင်းတွေကို ပိုင်ဆိုင်ထားဖို့ကော လေ့ကျင့်ပြင်ဆင် ထားကြရဲ့လား ဆိုတဲ့မေးခွန်းဟာ ဒီကနေ့ အင်မတန် အရေးကြီးတဲ့ မေးခွန်းဖြစ်လာပြီလို့ ကျွန်တော်ယူဆတယ်ဗျ။
ကမ္ဘာပျက်ခါနီး လူလာဖြစ်ရသလို
ကျွန်တော် ဒီကိစ္စကို စဉ်းစားဖြစ်ခဲ့တာရဲ့ အကြောင်းရင်းက နှစ်ပေါင်းငါးဆယ်လောက် နိုင်ငံရေးကို အဖွဲ့အစည်း တစ်ခုထဲက အပိုင်စီးထားတာ ခံခဲ့ရတဲ့ အခြေအနေမှာ နေထိုင်ခဲ့ကြရတဲ့ အရပ်သား အတိုက်အခံ ခေါင်းဆောင်တွေအတွက် နိုင်ငံတော်အာဏာ သုံးရပ်ဆိုတဲ့ ကိစ္စဟာ ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်ထဲကလို “ကမ္ဘာပျက်ခါနီးမှ ယောင်တီးယောင်န လူလာဖြစ်ရသူကဲ့သို့” ဆိုသလို  ဖြစ်နေလောက်တယ်လို့ တွေးတောခဲ့မိခြင်း ဖြစ်တယ်ဗျ။ နှစ်ပေါင်းငါးဆယ်ကျော် နိုင်ငံအုပ်ချုပ်ရေး ကိစ္စတွေကို စစ်ဗိုလ်တွေကပဲ လုပ်ကိုင်ဆောင်ရွက် လာခဲ့တာဆိုတော့ ကျွန်တော်တို့ အရပ်သားတွေဟာ စစ်တုရင်ခုံပေါ်က အရုပ်တွေလို စစ်ဗိုလ်တွေရွှေ့တဲ့ နေရာမှာပဲ မလှုပ်မရှား နေတတ်တဲ့အလေ့အထက အရိုးစွဲနေခဲ့ပြီဗျ။ စစ်အစိုးရခေတ် ကနဦးပိုင်းမှာ အရပ်ဘက် အုပ်ချုပ်ရေးပညာရှင်တွေ၊ ဥပဒေပြုရေး ပညာရှင်တွေ၊ တရားစီရင်ရေးပညာရှင်၊ ပညာရေးသမား ပညာရှင်တွေကို အထိုက်အလျောက် နေရာပေးခဲ့သေးပေမယ့် စစ်အစိုးရသက်တမ်း ရင့်ညောင်းလာတာနဲ့အမျှ နယ်ပယ်ကဏ္ဍ အားလုံးရဲ့ ထိပ်ဆုံးက နေရာတွေကို မိုးကျရွှေကိုယ် စစ်ဗိုလ်တွေကချည်း သိမ်းပိုက်လာခဲ့ကြတာမို့ အဲဒီပညာရှင်တွေဟာလည်း နိုင်ငံခြား ထွက်သူတွေထွက်၊ မထွက်ဘဲ ပြည်တွင်းမှာ ပေတေပြီး နေသူတွေဟာလည်း သံချေးတက် အသွားတုံး “ဓားမ,တုံး”တွေ ဖြစ်ကုန်ခဲ့ကြတာ ဖြစ်တယ်ဗျာ။ အဲဒီခေတ်မှာ လူပြောများတဲ့ နေနည်း ထိုင်နည်းတွေတောင် ပေါ်ခဲ့သေးတာ မှတ်မိကြဦးမယ် ထင်ပါတယ်။ “ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့” ဆိုတဲ့ “ခသုံးလုံး” နဲ့ “မလုပ်၊ မရှုပ်၊ မပြုတ်” ဆိုတဲ့ “မသုံးလုံး” တဲ့ဗျ။
အတိုက်အခံဆိုတာ နောက်တက်မယ့် အစိုးရလောင်း
အခု ကျွန်တော်တို့နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံခေါင်းဆောင် (opposition leader)၊  NLD ကို အတိုက်ခံပါတီ (main opposition party)လို့ နိုင်ငံခြားက စာနယ်ဇင်းတွေမှာ ခေါ်ဝေါ်သုံးစွဲနေကြပေမယ့် ကျွန်တော်တို့ဆီက အတိုက်အခံ ဆိုတာဟာ အနောက်ကမ္ဘာဆီက အတိုက်အခံဆိုတာနဲ့ မတူဘူး ဆိုတာကို စေ့စေ့စပ်စပ် လေ့လာထားသူတွေ သိကြတယ်ဗျ။ သူတို့ဆီမှာက အတိုက်အခံ ခေါင်းဆောင်ဆိုတာ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတစ်ခုခုမှာ အနိုင်ရပြီး သမ္မတ သို့မဟုတ် ၀န်ကြီးချုပ် ဖြစ်လာနိုင်တဲ့သူ၊ အတိုက်အခံပါတီ ဆိုတာလည်း အာဏာရပါတီ ဖြစ်လာနိုင်တဲ့ပါတီ ဖြစ်တယ်ဗျ။ ဒါကြောင့် အတိုက်အခံခေါင်းဆောင်၊ အတိုက်အခံပါတီတွေဟာ ကိုယ်အာဏာရနေချိန်မှာ နိုင်ငံတော်အာဏာကို ကိုင်တွယ်သုံးစွဲ စီမံခန့်ခွဲ၊ ကိုယ် အတိုက်အခံဘ၀ ကျရောက်သွားတော့လည်း ကိုယ်အာဏာပြန်ရလာမယ့် အချိန်အတွက် မျှော်မှန်းပြီး အာဏာသုံးရပ် ကိုင်တွယ်သုံးစွဲမှုဆိုင်ရာ အလေ့အကျင့်တွေကို မပြတ်မလပ် ဆက်လက် လုပ်ဆောင်နေကြရတာ ဖြစ်တယ်ဗျ။ ဗြိတိန်နိုင်ငံက အဓိကပါတီကြီးနှစ်ခုဖြစ်တဲ့ လေဘာနဲ့ ကွန်ဆာဗေးတစ်တို့ဆိုရင် တစ်ပါတီက အာဏာရနေရင် ကျန်ပါတီကလည်း အစိုးရ ၀န်ကြီးဌာနတွေအတိုင်း သူ့ပါတီထဲမှာ ၀န်ကြီးဌာနတွေ ဖွဲ့စည်းထားပြီး၊ တာဝန်ခံတွေ ခန့်အပ်ကာ အာဏာရပါတီက ၀န်ကြီးတွေလုပ်သလို နိုင်ငံ့အရေးအရာတွေကို (shadow cabinet) အဖြစ် လေ့လာသုံးသပ် မူဝါဒတွေ ချမှတ် ဖော်စပ်နေတာ ဖြစ်တယ်ဗျ။ အင်အားကြီးမားတဲ့ အတိုက်အခံ ပါတီတွေကို သူတို့ဆီမှာ Would-be next government လို့တောင် မီဒီယာတွေက ဂုဏ်တင်ရေးသား ထုတ်လွှင့်လေ့ ရှိတယ်ဗျ။  အကျိုးဆက်ကတော့ အတိုက်အခံပါတီဟာ ရွေးကောက်ပွဲ အနိုင်ရပြီး အာဏာရပါတီ ပြန်ဖြစ်သွားတာနဲ့ နိုင်ငံတော်အာဏာ စီမံခန့်ခွဲရေး လုပ်ငန်းများကို အဆင်သင့် လွယ်လင့်တကူ လွှဲပြောင်းရယူ လုပ်ဆောင်သွားရုံပေါ့ဗျာ။ (သည်နေရာမှာ အလျဉ်းသင့်လို့ ပြောရရင် ၁၉၉၀ ရွေးကောက်ပွဲနိုင်ပြီးတော့ အနိုင်ရပါတီ NLD က ထုံးစံအတိုင်း နှစ်လအကြာမှာ လွှတ်တော်ခေါ်ပေးဖို့ တောင်းဆိုတယ်။ န၀တအစိုးရက ခေါ်မပေးတဲ့အပြင် အခြေခံဥပဒေ ရေးဆွဲပြီးသည်အထိ သူတို့ပဲ အာဏာကြီးသုံးရပ်ကို ဆက်ယူထားမယ်လို့ ကြေညာတယ်။ သည်အချိန်မှာ NLD ထဲက အစိတ်အပိုင်းတချို့က စိတ်မရှည်တော့ဘဲ စင်ပြိုင်အစိုးရဖွဲ့ဖို့ ကြိုးစားခဲ့ကြတော့ အားလုံးသိမ်းကျုံးဖမ်းပြီး ထောင်နှစ် ၂၀၊ နှစ်အစိတ်တွေ ချခံခဲ့ရသဗျ။ အခြေခံဥပဒေ ရေးဆွဲခဲ့တာကလည်း ကမ္ဘာမှာ စံချိန်တင်ပြီး ၂၀၀၈ ခုနှစ်ကျမှ ပြီးဆုံးခဲ့တယ်ဗျာ။)
စားဖို့တောင် မစဉ်းစားကောင်းတဲ့ အသီး
အဲဒီကာလတစ်လျှောက်မှာတော့ အားလုံးသိကြတဲ့ အတိုင်းပဲဗျ။ နှစ်ငါးဆယ်လုံးလုံး စစ်အစိုးရ အဆက်ဆက်ဟာ သူတို့နဲ့ သဘောထား ကွဲလွဲသူတွေကို အမှုန့်ကြိတ် မပစ်ရုံတမယ် ပြင်းပြင်းထန်ထန် ဖိနှိပ်ဆက်ဆံခဲ့တာ မဟုတ်လားဗျာ။ ဒီတော့လည်း အဲဒီကာလအတွင်း စစ်အစိုးရတွေရဲ့ အတိုက်အခံတွေဟာ တစ်နေ့နေ့မှာ နိုင်ငံတော်အာဏာသုံးရပ်ကို ကိုင်တွယ်သုံးစွဲရမယ့် သူများအဖြစ် ကိုယ့်ကိုယ်ကို ရှုမြင်ပြီး လေ့လာဖြည့်ဆည်းဖို့ဝေးစွ၊ ထောက်လှမ်းရေးတွေ ဘယ်အချိန် လာခေါ်မှာလဲ ဆိုတာကိုပဲ အချိန်ရှိသရွေ့ တွေးပူနေရပြီး စစ်အစိုးရနဲ့ “ပြေးတမ်း ပြေးတမ်း” (လိုက်တမ်း ပြေးတမ်းမဟုတ်) ကစားနေခဲ့ကြရတာချည်း ဖြစ်တယ်ဗျ။ နှစ်ငါးဆယ်လောက် အဲသလို စိုးထိတ်ရင်ဖိုဘ၀မှာ နေလာခဲ့ကြရတော့လည်း နိုင်ငံတော်အာဏာ သုံးရပ်ဆိုတာ စစ်အစိုးရ အဆက်ဆက်ရဲ့ အတိုက်အခံများအတွက် “စားချင်ပါတယ်လို့တောင် မစဉ်းစားကောင်းတဲ့အသီး” လို ဖြစ်ခဲ့တာပေါ့ဗျာ။
ခုတော့ အလားအလာတွေ ရှိနေပါပြီ
အခုတော့ အခြေအနေတွေက ပြောင်းလဲစပြုနေပြီ ဖြစ်တယ်ဗျ။ တကယ်လို့ မမျှော်လင့်အပ်တဲ့ မုန်တိုင်းတစ်ခု မတိုက်ဘဲ ဒီအတိုင်း ကျွန်တော်တို့နိုင်ငံ ရှေ့ကိုမှန်မှန် ဆက်သွားနိုင်ခဲ့မယ်ဆိုရင် သိပ်မဝေးတဲ့တစ်နေ့မှာ မြန်မာအတိုက်အခံတွေဟာ နိုင်ငံတော်အာဏာသုံးရပ်ကို ကိုယ်တိုင်ကိုင်တွယ် စီမံခန့်ခွဲနိုင်တော့မယ့် အလားအလာများကို မြင်တွေ့နေရတယ်ဗျ။ ဒီလိုအချိန်မျိုးမှာ ကိုယ်ဘာလုပ်ကြရမယ် ဆိုတာကို အဆင့်ဆင့်သော အတိုက်အခံ ခေါင်းဆောင်တွေ သိနေကြလိမ့်မယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်ဗျာ။
အမေရိကန်မှာ တွေးခဲ့မိတာလေးတွေ
ကျွန်တော် ၂၀၁၀-၂၀၁၁ က ဖဲလိုးရှစ် အစီအစဉ်တစ်ခုနဲ့ အမေရိကန်နိုင်ငံကို ရောက်တုန်းတွေးမိတဲ့ အတွေးတစ်ခုအကြောင်း ပြောပြချင်တယ်ဗျ။ ကျွန်တော့်လေ့လာရေး အစီအစဉ်အရ ၀ါရှင်တန်ဒီစီက ကွန်ဂရက်လွှတ်တော် စာကြည့်တိုက်မှာ အသင်းဝင်ထားရပြီး တစ်ပတ်မှာ နှစ်ရက်လောက် စာသွားသွား ဖတ်ရတယ်။ ကွန်ဂရက်လွှတ်တော်ရယ်၊ ကွန်ဂရက်စာကြည့်တိုက်ရယ်၊ တရားလွှတ်တော်ချုပ်ရယ် သုံးပွင့်ဆိုင်  လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးမှာ တည်ရှိနေတဲ့ အနေအထားကိုကြည့်ပြီး ကျွန်တော် သိပ်သဘောကျခဲ့တယ်။ အမေရိကန်နိုင်ငံရဲ့ ခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ်တွေဟာ  ကွန်ဂရက်စာကြည့်တိုက်မှာ အသိပညာ ဗဟုသုတတွေ လေ့လာဆည်းပူး၊ ပြီးတော့ လွှတ်တော်ကို သွားပြီး ဥပဒေတွေပြုကြ၊ အဲဒီ ဥပဒေများနဲ့အညီ မတိမ်းမစောင်း တရားစီရင်ကြဖို့ အဆင့်ဆင့်သော တရားရုံးများကို  လွှတ်တော်ကပဲ ခန့်အပ်ထားတဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေက ထိန်းကျောင်းပေးကြ။ ဒီလိုနဲ့ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့အချမ်းသာဆုံး၊ ကမ္ဘာ့စစ်အင်အား အကြီးဆုံးနိုင်ငံကြီး အဖြစ်ကို ရောက်ရှိခဲ့တယ်။ ကျွန်တော်တို့နိုင်ငံက နိုင်ငံရေးခေါင်းဆောင် များဟာလည်း အဲသလိုပဲ ပညာဗဟုသုတတွေ ကြွယ်ဝကြ၊ ဥာဏ်ပညာ အမြော်အမြင်တွေ ကြီးမားကြ၊ နိုင်ငံ့အကျိုးကို ဦးထိပ်ထားပြီး နိုင်ငံ့ရေးရာတွေကို စုပေါင်းတိုင်ပင် ဆွေးနွေးညှိနှိုင်းကြတဲ့ အခြေအနေကို ဘာကြောင့် မရောက်နိုင်ရမှာလဲ။ ကျွန်တော်တို့နိုင်ငံ ကမ္ဘာ့အလယ်မှာ ၀င့်ကြွားထည်ဝါစွာ ရပ်တည်နိုင်တဲ့ အနေအထားကို ရယူပိုင်ဆိုင်နိုင်မယ့် အဲဒီတစ်နေ့ကို ဘာကြောင့် မရောက်နိုင်ရမှာလဲဆိုတဲ့ အတွေးကို လေးလေးနက်နက် တွေးမိခဲ့ကြောင်းပါဗျာ။
 www.MyanmarExpress.net
 

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် စစ်ဖြစ်ရင် ဘယ်သူနိုင်မလဲ

From : http://www.oppositeyes.info/2013/01/blog-post_1551.html

ယနေ့တွင်တော့ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ တပ်မတော်(ရေ)တို့၏ ရေတပ်အင်အား နှိုင်းယှဉ်မှု ဗီဒီယို ဖိုင်ကို ကြည့်မိသည်။ သူတို့နိုင်ငံမှ ပြုလုပ်သည့် ဗီဒီယိုဖိုင် ဖြစ်သောကြောင့် နှိုင်းယှဉ်ချက်များသည်လည်း ကွာခြား လွန်း လှသည်။ ထိုဗီဒီယိုကို ကြည့်ပြီး ကာကွယ်ရေး အသုံးစရိတ်လျော့ချဖို့ တောင်းဆိုသူများကိုလည်း ဒေါသထွက် ရပေသည်။
ဘင်္ဂလားဒေ့ရှ်သားတို့၏ အင်တာနက် ဖိုရမ်တစ်ခုတွင် မေးထားသော အမေးအဖြေ တစ်ခုကလည်း စိတ်ဝင် စား စရာ ကောင်းသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ ကြည်း ၊ရေ၊ လေ အင်အားက ဘယ်သူသာသလဲ။ တိုက် ပွဲ ဖြစ်ရင် ဘယ်သူ အနိုင်ရမလဲတဲ့။ ထိုမေးခွန်းကို ကျွန်တော်တို့ မြန်မာများ ဘယ်လိုဖြေကြမလဲဆို တာတော့ စိတ်ဝင်စားစရာပင်။ ဘင်္ဂလားတို့ကတော့ ယခုကဲ့သို့ ဖြေကြသည်။
အဖြေ (၁) ဒါကတော့ ဘယ်သူက ဘယ်နေရာမှာ၊ ဘယ်အချိန်၊ ဘယ်လို၊ ဘာကြောင့် တိုက်တယ်ဆို တဲ့အပေါ် မူတည်တယ်။
အဖြေ (၂)  လေကြောင်းအင်အားမှာ MIG-29 လိုမျိုး တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပိုင်ဆိုင်တာချင်း တူရင်တောင် ဘင်္ဂလားဒေ့ရှ်က အမေရိကန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ် တို့နဲ့ တရားဝင် လေ့ကျင့်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ထားတဲ့ အတွက် သူတို့က သာပါတယ်တဲ့။
အဖြေ (၃) ၂၀၀၁ ခုနှစ်အတွင်း ဘင်္ဂလား-အိန္ဒိယ နယ်နိမိတ် အငြင်းပွားနေချိန် ဘင်္ဂလားဒေ့ရှ် ခြေလျင် တပ်ဖွဲ့ အင်အား ၆၀ ၀န်းကျင် ရှိတဲ့ နယ်စပ် စခန်းတစ်ခုကို အိန္ဒိယ စစ်သား ၁၀၀ ကျော်က လာရောက်တိုက်ခိုက် ခဲ့ချိန်မှာ တိုက်ပွဲအပြီး အိန္ဒိယ တပ်သား ၇၀ သေဆုံးပြီး ဘင်္ဂလားဒေ့ရှ်စစ်သား ၃ ယောက်ပဲ သေခဲ့တဲ့ သမိုင်း ရှိတာမို့ သူတို့ စစ်တပ်ဟာ ဘယ်ကိုမှ မကြောက်ပါဘူး။
အဖြေ (၄) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အင်အားပြည့်ဝတဲ့ တပ်မတော် ရှိတယ်၊ ဘင်္ဂလားဒေ့ရှ် တပ်သား များစွာ ဟာ ကုလသမဂ္ဂရဲ့ အစီအစဉ်နဲ့ အာဖရိကနိုင်ငံတွေ ဖြစ်တဲ့ ဆူဒန်၊ကွန်ဂို လို အန္တရာယ်ကြီးမားတဲ့ ဒေသေ တွ မှာ တာဝန် ထမ်းဆောင်ကြတဲ့အတွက် အမြဲတမ်း အဆင်သင့်ဖြစ်ပြီး ဘယ်နိုင်ငံလာလာ တိုက်ခိုက်ဖို့ အသင့် ပါပဲ။
ဝီကီတွင် ဖော်ပြထားသော ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့ ပတ်သက်၍ တရုတ်နိုင်ငံမှ လက်နက်ငယ်များသာမက သေးငယ်မြန် ဆန်သော ဒုံးပစ်ရေယာဉ် Type 053H1 ကဲ့သို့ ကြီးမားသော တိုက်ရေယာဉ်များကို ၀ယ်ယူခဲ့ သည်။ အမေရိကန် ဦးဆောင်သော ၁၉၉၁ စစ်ပွဲများဖြစ်သည့် ကူဝိတ်၊ ကန္တာရမုန်တိုင်း စစ်ဆင်ရေး၊နှင့် အာဖ ဂန် စစ်မြေပြင်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် စစ်ရေး အင်အား တောင့်တင်း မှုမှာ ကြည်းတပ် ၃ သိန်း၊ လေတပ် ၂သိန်း ၂သောင်း၊ ရေတပ် ၂ သောင်းနီးပါး ရှိသည်။ ယနေ့တွင် ဘင်္ဂလားေ ဒ့ရှ် တပ်မတော် ဆင်နွှဲနေသော စစ်ပွဲ မရှိဘဲ ၁၉၉၁ ကန္တာရမုန်တိုင်း စစ်ဆင်ရေးတွင် အင်အား ၂၃၀၀၊ UN Peacekeeping forces တွင် စစ်သား ၁၀၇၃၆ ပါဝင်ခဲ့ပြီး ကမ္ဘာပေါ်တွင် အရေအတွက် အများ ဆုံး ပူးပေါင်းပါဝင်သည့် နိုင်ငံ ဖြစ်သည်။
ကဲ..ရေတပ် အင်အား ပြိုင်ဆိုင်မှု ဗီဒီယိုလေးကို ကြည့်လိုက်ပါ။ စစ်ဖြစ်သော်ရှိ၊ မဖြစ်သော်ရှိ ကျွန်တော်တို့ လည်း ခပ်မာမာ ပြန်ပြောနိုင်ဖို့ မိတ်ဆွေတို့ သိတဲ့ ဗဟုသုတလေးတွေ ဝေမျှပါအုံး။
ဒါကတော့ တပ်မတော်ရေတပ် အင်အား နှိုင်းယှဉ်တဲ့ ဗီဒီယိုပါ
ဒါကတော့ ၂၀၀၈ ခုနှစ်က အငြင်းပွားမှု အခြေအနေ ဗီဒီယိုပါ။ အောက်ကတော့ အဲဒီဗီဒီယို လင့်ခ်မှာ ပေးခဲ့ ကြတဲ့ ကောမန့်တွေပါ။ အဲဒီအချိန်ထိ အင်တာနက်က မြန်မာတွေ ကိုယ့်တိုင်းပြည်ကို သိက္ခာချ၊ အပုပ်ချ ဖို့ကလွဲပြီး ဘာမှ မစဉ်းစားခဲ့ကြပါဘူး။ 

 www.MyanmarExpress.net
 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ဇန်န၀ါရီ ၃၁တွင် ပြဋ္ဌာန်းမည်

From : 7day

ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ မျှော်လင့်နေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကို ဇန်န၀ါရီ ၃၁ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။

“နောက်ဆုံးအဆင့် အားလုံးပြီးနေပြီ။ ထွက်ဖို့ပဲရှိတော့တယ်။ နိုင်ငံခြားသားလုပ်ငန်းရှင်တွေက ဒါကိုစောင့်နေကြတာ” ဟု ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကဆိုသည်။

ယခင်က နိုင်ငံခြားကုမ္ပဏီများ လုပ်ငန်းလုပ်ကိုင်ရန် ကမ်းလှမ်းအဆိုပြုမှုမှာ သုံးလမှာ ကုမ္ပဏီတစ်ခုလောက်သာရှိသော် လည်း ဥပဒေထွက်ပြီးနောက်ပိုင်း အပတ်စဉ် အစည်းအဝေးတိုင်းတွင် ကုမ္ပဏီနှစ်ခုမှ သုံးခုကြားရှိသည်။ ယခုနှစ်ဆန်းပိုင်းမှစ၍ နည်းဥပဒေထွက်ရန် နီးစပ်လာချိန်တွင် ပိုများလာကြောင်း အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။

“နည်းဥပဒေထွက်လာမှုပေါ် မူတည်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ ကွက်ကွက်ကွင်းကွင်းသိမှ ရင်းနှီးမြှုပ်နှံမှုက ၀င်လာမှာ။ လောလောဆယ် ကောလာဟလတွေ သို့လောသို့လောနဲ့ပဲ ၀င်မလာကြသေးဘူး” ဟု မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ထွက်လာပါက ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည် ဖြစ်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ပြည်ပလုပ်ငန်းရှင်များအတွက် အခွန်ကင်းလွတ်ခွင့်များရှိနေသဖြင့် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များအတွက် အကာအကွယ်များလည်း လိုအပ်ကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ရှင်းပြသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို အခန်း(၂၀)နှင့် နိုဝင်ဘာ ၂ ရက်က ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၂၁)ဖြင့် ပြဋ္ဌာန်းခဲ့သည်။ ဥပဒေမှာ အကျဉ်းချုပ်သာဖော်ပြထားပြီး နည်းဥပဒေတွင် အသေးစိတ်အချက်အ လက်များ ပါဝင်မည်ဖြစ်သည်။

တိုင်းရင်းသားလုပ်ငန်းရှင်များ အကျိုးအတွက် ပြဋ္ဌာန်းရန် လိုအပ်နေသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ဇန်န၀ါရီ ၂၃ ရက်တွင် လွှတ်တော်က အတည်ပြုခဲ့သည်။


  www.MyanmarExpress.net