Subscribe to our RSS Feed

နျူကလီးယားနှင့် တာဝေးပစ်ဒုံးကျည် စမ်းသပ်ရန် မြောက်ကိုရီးယား စီစဉ်နေဟုဆို

From : planet

မြောက်ကိုရီးယား အစိုးရပိုင် Korean Central News Agency (KCNA) သတင်းဌာနက စစ်ဘက်ဆိုင်ရာ ထိပ်တန်း အရာရှိများသည် ပြင်းအား အလွန်မြင့်မားသည့် နျူကလီးယား လက်နက်တစ်ခုကို စမ်းသပ်ရန်နှင့် အကွာအဝေး ပိုမိုရောက်နိုင်သည့် တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရန် စဉ်းစားနေကြောင်း ပြောကြားသွားသည်။

နျူကလီးယားနှင့် တာဝေးပစ်ဒုံးကျည် စမ်းသပ်ရန် မြောက်ကိုရီးယား စီစဉ်နေဟုဆို
မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားစမ်းသပ်မှုနှင့် ယခင်ကထက် အကွာအဝေး ပိုမိုရောက်ရှိနိုင်သည့် တာဝေးပစ်ဒုံးကျည် ပစ်ခတ်မှုတို့ကို ထပ်မံ စမ်းသပ်သွားမည်ဖြစ်ကြောင်း ယနေ့ (ဇန်နဝါရီ ၂၄ ရက်) ပြောကြားသည်။ မြောက်ကိုရီးယား၏ ယခုဆောင်ရွက်မှုများကြောင့် အမေရိကန်နှင့် ထိပ်တိုက်တွေ့သည့် အခြေအနေ ပိုမိုဆိုးရွားလာဖွယ်ရှိသည်။ မြောက်ကိုရီးယား ကာကွယ်ရေးကော်မရှင် (National Defense Commission - NDC) က ယခုဆောင်ရွက်လှုပ်ရှားမှုများမှာ အမေရိကန်ကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ရန်အတွက် ရည်ရွယ်အားဖြည့်ခြင်းဖြစ်ကြောင်း ခြိမ်းခြောက်ပြောကြားသည်။



ထို့အပြင် အမေရိကန်ကိုလည်း မြောက်ကိုရီးယားပြည်သူများအတွက် ရန်ငြိုးမပြေနိုင်သော ရန်ဘက်အဖြစ် ရည်ညွန်းလိုက်သည်။ မြောက်ကိုရီးယား အစိုးရပိုင် Korean Central News Agency (KCNA) သတင်းဌာနက စစ်ဘက်ဆိုင်ရာ ထိပ်တန်း အရာရှိများသည် ပြင်းအား အလွန်မြင့်မားသည့် နျူကလီးယား လက်နက်တစ်ခုကို စမ်းသပ်ရန်နှင့် အကွာအဝေး ပိုမိုရောက်နိုင်သည့် တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရန် စဉ်းစားနေကြောင်း ပြောကြားသွားသည်။ KCNA၏ သတင်းတွင် လက်နက် စမ်းသပ်မည့် အချိန်ကို ဖော်ပြမထားချေ။ မြောက်ကိုရီးယားသည် နျူကလီးယား လက်နက် စမ်းသပ်မှုများကို (၂၀၀၆)နှင့် (၂၀၀၉)ခုနှစ်များ အတွင်းက ပြုလုပ်ခဲ့ဖူးသည်။

မကြာသေးမီကမှ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့မှုကို ဝေဖန်ရှုတ်ချကြောင်းနှင့် အရေးယူပိတ်ဆို့မှုများ တိုးချဲ့ချမှတ်ကြောင်း  ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက် (၂)ရက် အကြာတွင် KCNA၏ သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ "ကျွန်တော်တို့ ဒုံးကျည် စမ်းသပ်မှုတွေကို ဘယ်တော့မှ ဖုံးကွယ်ထားမှာ မဟုတ်သလို တာဝေးပစ် ဒုံးကျည်တွေနဲ့ ဂြိုဟ်တု လွှတ်တင်မှုတွေအတွက် ဆက်လုပ်ဆောင်သွားမှာပါပဲ။ ပြီးတော့ ပြင်းထန်တဲ့ အဆင့်မျိုးနဲ့ နျူကလီးယား စမ်းသပ်မှုအတွက်လည်း ရည်ရွယ်ထားပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ရန်သူတော် အမေရိကန်အတွက်ပါ ရည်ရွယ်ထားတယ်"ဟု ကော်မရှင်မှ ထိပ်သီး အရာရှိ တစ်ဦး၏ အဆိုကို ကိုးကားပြီး KCNAက ဖော်ပြသွားသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်