Subscribe to our RSS Feed

အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေး ပန်ဆန်းမှာ ဆွေးနွေးဖို့ UWSA ကမ်းလှမ်း

From : rfa

အစိုးရနဲ့ ကချင် လွတ်မြောက်ရေး အဖွဲ့တို့အကြား KIO အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကို "၀"ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ UWSA က ကြားဝင် ဆောင်ရွက်ပေးမယ် လို့ ဖိတ်ခေါ်ထားကြောင်း "၀"ပြည် သွေးစည်း ညီညွှတ်ရေးအဖွဲ့ UWSA က ဒီကနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။
နှစ်ဖက် စစ်ရေး ပဋိပက္ခတွေ အဆုံးသတ်ပြီး အပစ်အခတ် ရပ်စဲနိုင်ဖို့အတွက် UWSA ဌာနချုပ် ပန်ဆန်းမှာ ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။
UWSA အဖွဲ့က ပေးပို့တဲ့ အဆိုပြုလွှာကို  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ နဲ့ KIO အဖွဲ့တွေထံ ဇန်န၀ါရီလ ၂၄ရက်နေ့က ပေးပို့လိုက်တာ ဖြစ်တယ်လို့ UWSA အဖွဲ့က ပြောခွင့်ရ  ဦးအောင်မြင့် ကပြောပါတယ်။
KIO အဖွဲ့ကတော့ အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုကို တစ်ဖွဲ့ချင်းမဆွေးနွေးပဲ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ် ကောင်စီ UNFC နဲ့ ဆွေးနွေးဖို့ အစိုးရဖက်ကို အကြောင်းပြန်ထားပါတယ်။
အဲဒီအချက်အပေါ် UWSA အနေနဲ့မူအားဖြင့် သဘောတူပေမယ့်  UNFC ဟာ ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့အစည်း တစ်ခု ဖြစ်နေတာကြောင့် နိုင်ငံခြားမှာ ဆွေးနွေးမယ့်ကိစ္စကို မလိုလားကြောင်း မိမိပြည်တွင်းရေး ကိစ္စကို ပြည်တွင်းမှာသာ ဆွေးနွေးဖို့ UWSA က အကြံပြုထားတယ်လို့ ဆိုပါတယ်။
UWSA နဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

 www.MyanmarExpress.net
 

1 comments:

UWSA က စေ့ စပ် ပေး မယ် အင်း စဉ်း စား စရာ ပါ ဘဲ UWSA ဝ ဆို တာက လဲ ခွဲထွက် နေ တ့ကောင် ဘဲ လေ သူ က ကော ဘာ ဆက် လုပ် မှာ လဲ အဲ ဒီ ဝUWSA ဝ သူ ပု န် က မှ တရုတ် ကြိး ရဲ့ လက် ကိုင် တုတ် အ စစ် ကြိး ပါ အဲဒီ ဝ သူ ပုန် ကို ကိုင် တွယ် တဲ့ အ ခအ အင် မ တန် ခက် ခဲ ဘာ လိမ့ မယ် လွန် ခဲ့ တဲ့ ၂နစ် လောက် က စ ပြိး ဝ ပန် ဆန်း ကို ဘန် က တုတ် အ ခိုင် အ မာ တရုတ် ကြိး က ဆောက် ပေး ထာ ပါ တယ် ဝတပ် မှာ ဝ စစ် သား က ၁၀၀၀၀ ဆို ရင် တရုတ် လူ မီူး စစ် သား က ၂၀၀၀၀ လောက် ရှိ ပါ တယ် တ ရုတ် တွေ ကြိး စိုး နေ တဲ့ ပန် ဆန်း မြို့ ပါ Uwsa ဝ သူ ပုန် က အ သံ ကောင်း လွှတ် ပြိး ကြား က စေ့ စပ် မယ် ဆို တော့ စဉ်း စား စရာ ပါ ကျေ် အမြင် က တော့ ကချင် တွေ ထက် ဝသူ ပုန် က ကိုင် တွယ် ရ တာ ခက် ခဲ ပါ လိမ့် မယ် ဘာ ကြောင့် လဲ ဆို ရင် ဝ နောက် က တ ရုတ် ကြိး ရှိ နေ တယ် တရုတ် ကြိး က နယ် မြေ ချဲ့
ဘို့ အ တွက် န ကို က တည်း က ပ လင် ချ ပြိး သား ပါ

၁ လူ မီူး ရေး ကူး ကျော် မူ
၂ လက် နက် သြ ဇာ နဲ့ ကူး ကျောမူ နောင် ကျ ရင် နယ် မြေ ပါ သိမ်း မှာ ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်