Subscribe to our RSS Feed

အမေရိကန် နိုင်ငံက လက်ဘနွန် တပ်မတော် အတွက် သံချပ်ကာ ယာဉ် အစီး ၁၂၀၀ အပြင် အမေရိကန် ဒေါ်လာ သန်း ၁၄၀ ဖိုး လက်နက်ပစ္စည်းများ ထောက်ပံ့

From :မြဝတီ

အမေရိကန် နိုင်ငံသည် လက်ဘနွန် တပ်မတော် အတွက် M-113 သံချပ်ကာ လူသယ်ယာဉ် အစီး ၂ဝဝ ပေးပို့ခဲ့ကြောင်း လက်ဘနွန် တပ်မတော်က ဇန်နဝါရီလ ၇ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့ပါသည်။ အဆိုပါ သံချပ်ကာယာဉ် များသည် ဇန်နဝါရီလ ၆ ရက်နေ့က လက်ဘနွန် နိုင်ငံ ဘေရွတ်မြို့သို့ သင်္ဘောဖြင့် ဆိုက်ရောက် လာခဲ့ကြောင်းနှင့် လက်ဘနွန် တပ်မတော်တွင် သံချပ်ကာ လူသယ်ယာဉ် အစီး ၁၂ဝဝ ရှိပြီ ဖြစ်ကြောင်း လက်ဘနွန် လုံခြုံရေး သတင်း အရင်းအမြစ် များက ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

အဆိုပါ သံချပ်ကာယာဉ် များသည် လက်ဘနွန် တပ်မတော်၏ လှုပ်ရှား စစ်ကစား မှုနှင့် ပဋိပက္ခ များကို ကိုင်တွယ် ဖြေရှင်းရေး အတွက် အထောက် အကူ ဖြစ်စေ နိုင်ကြောင်းနှင့် ပြည်တွင်း တည်ငြိမ်ရေးနှင့် နယ်စပ် ဒေသများ ကာကွယ်ရေး အတွက်လည်း အထောက်အကူ ဖြစ်စေကြောင်း အမည် မဖော်လိုသူ အမေရိကန် သံတမန် တစ်ဦးက ပြောကြား ခဲ့ပါသည်။ ၄င်းသံချပ်ကာ ယာဉ်များသည် အသုံးပြုပြီး ယာဉ်များ ဖြစ်သော်လည်း ကောင်းမွန်စွာ အသုံးပြု နိုင်ကြောင်းနှင့် လက်ဘနွန် နိုင်ငံတွင် ပြန်လည် ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့ ပါသည်။ အမေရိကန် နိုင်ငံသည် လွန်ခဲ့သော ၆ လတာ ကာလ အတွင်း လက်ဘနွန် တပ်မတော် အတွက် ခဲယမ်းတောင့် ၃၈ သန်း၊ ဗုံးပစ် လောင်ချာ အပါအဝင် စက်သေနတ် ၁ဝဝဝ ကျော်၊ အရှည် ၄၂ မီတာရှိ ကမ်းရိုးတန်း လုံခြုံရေး ရေယာဉ် တစ်စီး၊ Huey- 2- 2 ရဟတ်ယာဉ် ၆ စင်း အပါအဝင် အမေရိကန် ဒေါ်လာသန်း ၁၄ဝ ကျော် တန်ဖိုးရှိ စစ်လက်နက်နှင့် ထောက်ပံ့ ကူညီမှုများ ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။



  www.MyanmarExpress.net

2 comments:

မြန်မာ ကိုရောဘယ်တော့ပေးမှာလဲ

ကချင်ပြည်နယ် ကိုပို့ရအောင်လို့။

တို့ လဲ ပေး ကွယ် ချန် မ ထား နဲ့ တ ရုတ် ကြိး ကို ဆော် ချင် တယ် အ နု မြူ ဗုးံ နဲ့ ကွယ် တ ကယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်