Subscribe to our RSS Feed

ဒေါ်စု ဥရောပ ခရီးစဉ် က ဘုန်းကြီးများကို အရှက်ရစေ


From : Phyu Pyar

ဒီပွဲကြီးက သာမန်ဇတ်ကတဲ့ ပွဲမဟုတ်ပါ။ ဘုန်းတော်ကြီးဆရာတော်ကြီးများသာမက ရှေ့မှီနောက်မှီ လူကြီးသူမတွေက ၂၄ နှစ်ကြာ အထူးစောင့်မျှော်နေတဲ့ပွဲ။ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ ကိုဖေိာထုတ်ပြသတဲ့ပွဲ။ ဒေါ်စုကိုယ်တိုင် အင်္ဂလန်ရှိ ဆရာတော်ကြီးတွေကရှေ့ဆုံးတန်းမှာထားပါ။ ဆုတောင်းမေတ္တာပို့ပွဲကို သူကိုယ်တိုင်ဘာသာရေးလေးစားသူပီပီ အထူးမျှော်လင့်နေကို သိသိရဲ့နဲ့ ဘုန်းကြီးတွေကို ခေါင်းညှိတ်ပြပြီး စင်ပေါ်ခေါ်မလိုလို နဲ့ ဇာဂနာ့နားတိုးသွားပြီး သူတို့နှစ်ယောက် " အမေစု" ခေါ်လိုက်ကြရအောင်ဆိုပြီး ပြောခဲ့ပြီး သိသိသာသာ ဘုန်းတော်ကြီးတွေကို ကျောခိုင်းလိုက်တာ ဘုန်းကြီး ဦးဥတ္တရနဲ့ မြောင်းမြဆရာတော်ကြီး ရယ် အခြားဆရာတော်တွေ ရှက်ရှက်နဲ့ ပြန်ထိုင်လိုက်ရတာ မျက်စိရှိသူတိုင်းတွေ့ခဲ့ကြရတယ်။

Online အခွေတွေမှာလည်း ထပ်ခါထပ်ခါ ပြန်ကြည့်ကြပါ။ Original အခွေမှာ လူတိုင်းမြင်တွေ့ နိုင်ပါတယ်။ သူတို့ဖြတ်ညှတ်ပြစ်ရင်လည်း မဖြူပြာဆီမှာရှိပါတယ်။ ဆရာတော်ကြီးတွေရဲ့ မေတ္တာဆုတောင်းပွဲက ၃မိနစ်ပဲယူထားတာ၊ ဒီလောက် နိုင်ငံအတွေက် အရေးကြီးနေတဲ့ အချိန်မှာ ဒီကဏ္ဍ ကို ရအောင်ဖျောက်ဖျက်ပစ်တယ်ဆိုတော့ ဒီ လူတွေဟာ ဘာသာခြားတွေဖြစ်နေပြီလား။ ဦးခွန်ဆိုင်းကပါ မလောက်လေးမလောက်စား ဘော်လုံးပွဲ လောင်းတာလောက်နောက်တောက်တောက်ပြောင်တောင် ရေးနေတယ်။

ခံစားခဲ့ရတဲ့ လူကြီးတွေ၊ အခြားဘုန်းကြီးတွေက ဒီလိုသမိုင်းဝင်ပွဲကြီး မှာ ဒီလိုလုပ်ရက်ကြလေခြင်းဆိုပြီး ရင်ထုမနာဖြစ်ကြတာကို ရှင်တို့၊ ထိန်လင်းတို့ကသာ ပြီးပြီးရော ချော်လဲရောထိုင်လုပ်သလို၊ ဗုဒ္ဒဘာသာ မဟုတ်တော့သလိုလို ရူးချင်ယောင်ဆောင်ချင်လို့ရချင်ရမယ်။ ကျန်တဲ့အစော်ကားခံရသူ ၂၅၀၀ ကျော်ကတော့ တသက်စာ မမေ့တောဖူး။ အမျိုး၊ ဘာသာ၊ သာသနာကို မလေးစားတဲ့ အပြင် စင်ပေါ်တက် စော်ကားရဲတဲ့သူတွေဟာ ငရဲပြည်ကို ဘုံပေါက်နေပါပြီင်္။ (သူတော်ချင်းချင်း၊ သတင်းလွင်လွင့်လေ။ ဒေါ်စုဘေးက သက်တော်စောင့် မောင်အောင် ယောင်ဆောင်ပြီး ကိုအောင်(၈၈) ဖြစ်လာတဲ့ အောင်ကျော်စိုး ဇတ်ပျက်နဲ့ ပေါင်းလုပ်ကြတာကိုး။ ဒါတောင် ဒေါ်စုက သူတို့ ဇတ်တိုက်ပြီးဖိတ်တဲ့ လန်ဒန်မှာ ဘားမားကန်ပိန်း (ယူကေ) ပံပိုးမှုတွေနဲ့ အသက်ရှင်လာတဲ့ နူရူးအစ်စလာမ်၊ ထွန်းခင် တို့ ရိုဟင်ဂျာနှစ်ဖွဲ့ပါပါတဲ့ ညစာစားပွဲကို ငအောင်နှင့် ဒင်းတို့ စီစဉ်တာ ကံကောင်းလို့ ဒေါ်စုက ပါးပါးနပ်နပ် ငြင်းခဲ့ပေလို့။ ဒီတော့ စင်ပေါ်မှာ ရထားတဲ့ အခွင့်အရေးကို အလွှဲသုံးစား လုပ်ချပြီး ဒေါ်စုကို မူဆလင်ဘာသာထဲဝင်ပါလားဆိုတဲ့ မေးခွန်းပါမကျန် မေးခွန်းတင်ပေးလိုက်ပုံကို ဒေါ်စုနောက် ဇာဂနာ ဝင်ဝင်ပုန်းပြီး သူတို့တိုင်ပင်ထားခဲ့မေးခွန်းတွေကို ရွေးရွေးပြီး တင်ပေးနေတာ ပွဲကြည့်သူတိုင်း မြင်တာပဲ။

အခု VCD, DVDအခွေတွေမှာ ပြန်ပြန်ကြည့်လည်း တန်းနေအောင်မြင်ရတာပဲ။ အစထဲက အခြား ဘာသာတွေကို ပါ အလေးထားပြီး ဒီပွဲမှာ ဘုန်းတော်ကြီးတွေ မေတ္တာပို့မဲ့ ကဏ္ဍကို ဖြုတ်မယ်လို့ ပြောကြည့်ပါလား၊ ဒေါ်စုကလာတောင်လာမှာ မဟုတ်ဖူး။ ရှင် တို့က ဘာသာခြားနေပြီ(သို့) ဘာသာပျက်နေပြီမို့လို့ အလွန်အရေးကြီးတဲ့ ကဏ္ဍဖြစ်တဲ့ ဒီကဏ္ဍကို အမျိုး၊ ဘာသာ၊ သာသနာကို မစောင့်ရှောက် နိုင်ခဲ့တာပေါ့။ အရှက်မရှိ လျှောက်ဖြေရှင်းမနေပါနဲ့ တော့။ ရှင့်ရဲ့ စမ်းချောင်းက ဗုဒ္ဒဘာသာဝင် မိဘတွေဆီ နားပေါက်သွားရင် ရင်ထုမနာ ဖြစ်နေပါဦးမယ်။ ကိုယ့်စကားကို ကိုယ်တာဝန်ယူပါတယ်။


Myanmar Express

1 comments:

ကြည်နူးနေတဲ့ပုံကြီး
သူ့လိုသာ ကျန်တဲ့အဘွားကြီးတွေ ဆံပင်ဆိုးကြည့်
ကဲ့ရဲ့လိုက်ကြမယ့် ဗမာတွေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်