Subscribe to our RSS Feed

ပဋိပက္ခများကြောင့် မြန်မာသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျော့ကျဖွယ်မရှိဟု ဦးစိုးသိန်းပြောကြား

From : .7day

မြန်မာနိုင်ငံသမ္မသရုံးဝန်ကြီးတစ်ဦးဖြစ်သူ ဦးစိုးသိန်းက နိုင်ငံတွင်း၌ တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် ပဋိပက္ခများဖြစ်ပွားနေခြင်းကြောင့်
မြန်မာသို့ဝင်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့ကျသွားဖွယ်မရှိကြောင်း ပြောဆိုလိုက်သည်။

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ပြုလုပ်သော ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲပြင်ပ၌ သတင်းထောက်များနှင့် တွေ့ဆုံသည့် အင်တာဗျူးတစ်ခု၌
ဝန်ကြီးဦးစိုးသိန်းက မြန်မာသည် ၂၀၁၂ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ဘီလီယံရရှိခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာ ငါးဘီလီယံအထိ ရရှိရန်
မျှော်မှန်းနေကြောင်း ဆိုသည်။ ၎င်းက "ကျွန်တော်တို့ဟာ မနှစ်က ဆို ပြည် တွင်းမှာ လေ့လာမှုလာလုပ်ကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေ အများကြီးတွေ့ ခဲ့ရပါတယ်။ ဒီနှစ်ကတော့ လူတွေဟာ ကျွန်တော်တို့နဲ့ပါ ရင်းနှီးကျွမ်းဝင်လာပြီး ရင်းနှီးမြှုပ်နှံကြတာတွေလည်း မြင့်တက်လာမှာပါ" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပဋိပက္ခနှင့် ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်ထန်းနေမှု များကြောင့် လူထောင်ပေါင်းများစွာမှာ နေရာရွှေ့ပြောင်း နေထိုင်နေကြရပြီး
ပဋိပက္ခများအပေါ် ပူပန်မှုများလည်း မြင့်တက်လာနေသည်။ သို့သော် ၀န်ကြီးဦးစိုးသိန်းက ထိုမတည်ငြိမ်မှုများသည် နိုင်ငံတော် အကြီးဆုံးမြို့တော် ရန်ကုန်ကိုဦးတည်၍ ရင်းနှီးမြှုပ်နှံမှုများ ကို ထိခိုက်စေမည် မဟုတ်ဟု သုံးသပ် သည်။ ၎င်းက "ပဋိပက္ခက တိုင်းပြည်ရဲ့ အလွန်သေးငယ်တဲ့ အစိတ်အ ပိုင်းလေးကိုပဲ ထိခိုက်စေတာပါ" ဟု ပြောသည်။ ၀န်ကြီး က မြန်မာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ အ၀တ်အထည်၊ ချည်မျှင်နှင့် ခရီးသွားကဏ္ဍ၊ အခြေခံ အဆောက်အအုံဆိုင်ရာကဏ္ဍများတွင် ရှိနေပြီး ပြည်ပကားကုမ္ပဏီများ လည်း ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ ရှာဖွေနေကြောင်း ပြောသည်။ ၎င်းက မြန်မာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင်နေရာပေါင်း ၁၀၀,၀၀၀ ခန့် ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်း ပြောကြားသည်။


 . www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်