Subscribe to our RSS Feed

KIA ဘယ်ပြေးမလဲ

From : http://www.kachindailynews.com/2013/01/kia_770.html

လက်တွေ့စစ်မြေပြင်တွင် ရင်ဆိုင်တိုက်ပွဲများ ဆုံးရှူံးလျှက်ရှိသော ကေအိုင်အေ အနေဖြင့်ချူံခို တိုက်ပွဲများ နှင့် မိုင်းစစ်ဆင်ရေး များ စတင်ပြုလုပ်နေသည်မှာ နိုင်ငံအ၀ှမ်း အသိပင်ဖြစ်ပါသည်။တဖန် မီဒီယာ ၀ါဒါဖြန့်ချီခြင်းအနေဖြင့် website များ blog များ သတင်းဌာနများ မှတဆင့် မဟုတ်တမ်းတရား လျှာအရိုးမရှိ လေလွှင့်နေခြင်းဖြင့် မျောက်သစ်ကိုင်းလွှတ် ဘဝ တဖြည်းဖြည်း ရောက်ရှိ လာနေ သည်။    ငြင်းဆိုလိုပါသလား။ အစိုးရစစ်တပ်အား ချူံခိုတိုက်ခိုက်ခြင်း မိုင်းဆွဲခြင်းများ ပြုလုပ်ပြီး အမှန်တကယ် ထိခိုက်ကျဆုံးသည်ထက် အဆပေါင်းများစွာ ကျဆုံးသည် ဒဏ်ရာရ သည်ဟု ကိန်းဂဏာန်းကြီးများ   ပြ ပြီး အောင်မြင်မှုရရှိသည်ဟု ဝါဒဖြန့်ချီနေပါသည်။
      ကေအိုင်အေတို့၏ အဆိုပါ မိုင်းဆွဲ ချူံခို ချောင်း ပစ်ပြေး မီဒီယာ ၀ါဒဖြန့်မှုတို့ကြောင့် အောင်မြင်မှုများ
ဆက်တိုက်ဆိုသလိုရရှိလာပါသည်။ ကေအိုင်အေ ဗဟိုဌာနချူပ်တည်ရှိရာ လိုင်ဇာမြို့ဦးအ၀ကို တပ်မတော် ၏အောင်လံစိုက်ထူခြင်းသို့ အောင်မြင်စွာရောက်ရှိခဲ့ပါသည်။ထို့အပြင် ကချင်ပြည်သူတို့၏   ကေအိုင်အေ အား   ဆန္ဒပြရှူတ်ချခြင်းကိုအောင်မြင်စွာ ရရှိလိုက်ပါသည်။
         မြန်မာ့တပ်မတော် အနေဖြင့် ယခုကဲ့သို့ ဖြစ်ပွားနေသောစစ်ပွဲ များအား ဂရူတစိုက် အလေးထား (အထူးသဖြင့်ပြည်သူများ ဒုက္ခမရောက်စေရန်) စီစဉ်ပြီးမှ တိုက်ပွဲဝင်ခဲ့ပါသည်။ ကေအိုင်အေအနေဖြင့် ၄င်းတို့ ရွာသားအသွင်ဆောင်ကာ လှုပ်ရှားရမည်ဖြစ်သောကြောင့် အစိုးရစစ်တပ်မှ လက်နက်ကြီးဖြင့် တိုက်ခိုက်ပါက ရွာသားများထိခိုက်မည်ဆိုသော အကြောင်းပြချက်ဖြင့် ဒုက္ခသည်စခန်းသို့ အတင်းအကျပ် ပို့ဆောင်လျှက်ရှိသည်။ မြန်မာတပ်မတော် နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများတွင် အိမ်ပြန်ခွင့်ပျောက်ဆုံး   နေတဲ့ ဒုက္ခသည်များ၏ အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးနေပါသည်။အိုးအိမ်ပစ်ခွာ ထွက်ပြေးသူများ၏ အနာဂတ်မှာလည်း မရေရာမသေချာသော အတွေးများနှင့် ပြည့်နှက်နေသည်။ ယင်းဒုက္ခသည်များ၏ အခြေအနေကို ပိုင်နိုင်စွာဆုပ်ကိုင်ခဲံ့သော ကေအိုင်အေအနေဖြင့် လက်ရှိအစိုးရအား တန်ပြန် ရင်ဆိုင် နိုင်ခြင်း   မရှိသောအခါ အဆိုပါ    ဒုက္ခသည်များအားဗန်းပြကာ “ မျောက်ပြဆန်တောင်း”သည့် ဘ၀ရောက်ရှိ လာရုံတင်မက နိုင်ငံတကာဂရုဏာသက်မှု ရရှိရန်ကြိုးပမ်းနေလျှက်ရှိပါသည်။ တပ်မတော် အား တပ်သားသစ်စုဆောင်းမှုများဖြင့် တဖက်တလမ်း အာကျယ်  ပေးခဲ့သော ကေအိုင်အေ အနေဖြင့် ဒုက္ခသည်စခန်းများအား ၄င်းတို့အတွက် ရဲဘော်ထုတ်လုပ်ရေး အလုပ်ရုံသဖွယ် အသုံးချခဲ့ ကြပြန်သေး သည်။



တိုက်ပွဲစဉ်အတွင်း တပ်မတော် လှုပ်ရှားမှု
 
တပ်မတော်အနေဖြင့် ပြည်နယ်လူထုထိခိုက်စေမည့် တိုက်ပွဲစဉ်များအားအတတ်နိုင်ဆုံးရှောင်ရှားရမည် ဆိုသော  အသိဖြင့် တိုက်ပွဲဝင်နေပါသည်။ ကေအိုင်အေမှ တပ်မတော်၏ လက်နက်ကြီး ကျည်ကြောင့် လိုင်ဇာမှာ ၃ဦးသေပြီး ၅ဦး ဒဏ်ရာရရှိလို့ဖော်ပြထားပါတယ်။ စဉ်းစားကြည့်ပါ။ တပ်မတော်တွင်   ကေအိုင်အေထက် ကောင်းမွန်သော တိကျသော ခေတ်မီသော လက်နက်ကြီးများရှိပါသည်။ အဆိုပါလက်နက်ကြီးများ ပစ်ခတ်သော စစ်သည်များမှာလည်း အထူးလေ့ကျင့် ကျွမ်းကျင်မှုရှိသူများ   ဖြစ်ပါသည်။ တိုက်ပွဲများစတင်ကတည်းက ရန်သူ တောင်ကုန်း များနှင့် စခန်းများ ဆုတ်ခွါရာ လမ်းကြောင်းများကိုသာ ပစ်ခတ်စေရန် အမိန့်နှင့်တကွ တိုက်ပွဲဝင် ခေါင်းဆောင်များမှ လည်းနှုတ်မှ မချတမ်းသတိပေးနေသည်။ တဖန်ကျည်တစ်လုံးပစ်ခတ်တိုင်း၎င်းကျည်ကျနေရာ အား အတိအကျ သတင်းပို့ရပါသည် အထက်ပါအခြေအနေတွင် ၄င်းရွာထဲသို့ကျသောကျည်မှာ တပ်မတော်၏ ကျည်လား ၊ ဖြီးဖြန်းသော"လေ"ကျည်လား၊ကေအိုင်အေတို့၏ ကိုယ်ပိုင်ကျည်လား ဟု တွေးတော နိုင်ပါသည်။ (ကေအိုင်အေအနေဖြင့်ယခုအခါကိုယ့်မိုင်းကိုယ်တိုင်နင်းမိနေသောအခြေအနေတွင် ၄င်းကျည် မှာ လည်း ?????)။
စည်းကမ်းမရှိတဲ့မှောင်ခိုဓါးပြသာသာ ကေအိုင်အေ
အထက်ပါအတိုင်း ကေအိုင်အေတို့ သည်၎င်းတို့၏ကျဆုံးခန်းကိုမြင်လာသောအခါ သွေးရူးသွေးတန်းဖြင့် ထင်ရာလုပ်ပါတော့သည်။ ယင်းမှာ တပ်မတော်နဲ့အစိုးရအား ပြည်တွင်း အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မိုင်း/ဗုံးထောင်ခြင်း ဟူသော အနှောင့်အယှက်တခု ထပ်ပေးခြင်းဖြစ်သည်။ အောက်တို ဘာလ အစောပိုင်း ကလည်း မိုးမောက်မြို့အလင်းကောင်ရပ် ဗန်းမော်-လွယ်ကျယ်နှင့် မိုးမောက်   မြစ်ကြီးနား   ကားလမ်းဆုံရှိ မြို့ဝင်ကျောက်တိုင်အနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။   ရွှေလီရေအားလျှပ်စစ်စက်ရုံကို ဖောက်ခွဲမယ်ဆိုလို့လည်း ပြည်သူတွေထိတ်လန့်ရပါသည်။ ကေအိုင်အေမှ ကချင်ပြည်နယ် အတွင်းတွင် အရပ်ဘက်ပစ်မှတ်များအား ဖောက်ခွဲဖျက်ဆီးမှုမှာ ၂၀၀ကျော်နော်ပြီးဖြစ် ပါသည်။ ကေအိုင်အေကြောင့် မန္တလေး-မြစ်ကြီးနားရထားလမ်းလဲ အကြိမ်ကြိမ် မိုင်းခွဲခံနေရပါ သည်။   ပြည်သူတွေလဲ ထိခိုက်သေကြေမှုတွေက ရာနှင့်ချီရှိနေပါသည်။ အခုလည်း ကမ္ဘာမှ အကြမ်းဖက် သမားလို့သတ်မှတ်ထားတဲ့ တာလီဘန်တွေဆီက အသေခံဗုံးခွဲသင်တန်းတက်ရောက်ပြီးပြန်လာတဲ့ ၂၈ယောက်ကိုလည်း မြို့ကြီးရှိလူစီးကားသောနေရာတွေမှာ မိုင်းခွဲဖို့ စေလွှတ်နေပြန်ပါပြီး
 
တံတားများလမ်းများအားမိုင်းထောင်ရန် ထွက်လာသော KIA သောင်းကျန်သူများ
 








မိမိ ပဲ့တင်သံ မိမိထံပြန်
  
  ကေအိုင်အေ အနေဖြင့် အာရုံလွှဲသည်ဟုဆိုသော မိုင်းများမှာတကယ်တမ်းတွင် တပ်မတော်သို့      ၃ % မျှသာ ထိရောက်ပြီး ကချင်ပြည်သူလုထုသာ မသွားရဲ၊ မလာရဲနှင့်ကျီးလန်စာ စားနေရသောဘ၀ ရောက်သွားခဲ့ပါသည်။ မြစ်ကြီးနားမြို့သို့ မိုင်းလာထောင်သော ကေအိုင်အေ ရဲဘော် ဘာဖြစ်သနည်း။
သူမိုင်းသူဘာသာကွဲပြီး သေသည်။ တပ်မဟာ ၄ တာဝန်ခံ ဗိုလ်ကြီးဇော်ရော တပ် ဘာဖြစ်သနည်း။ ကိုယ်ထောင်သောမိုင်းကိုယ်နင်းပြန်သည်။ လွယ်ဂျာရွှာနားမှာရှိသည့်တပ်မတော်စခန်းအနီး

သို့မိုင်း လာထောင်သော ကေအိုင်အေ ပြည်သူ့ စစ် ဘာဖြစ်သနည်း။ ကိုယ်တိုင်ထောင်သော မိုင်း မိမိဘာသာ နင်းပြန်သည်။ ကေအိုင်အား ဘုရားရိုက်ပြီ ဟုပြောလျှင်ကား ရပေသည်။
 
မိုင်းလာထောင်တဲ့ KIA သူပုန် သူမိုင်း သူကွဲသေ
 
ကေအိုင်အေတို့ရဲ့ ကိုယ့်မိုင်းကိုနင်းမိတဲ့လူတွေလည်း ဒီမှာ ဆေးပြန်ကုနေရတယ်
( စကားကြုံသောကြောင့်ရေးပါမည်။တပ်မတော်တွင် မိုင်း အားစနစ်တကျ သုံးစွဲပါသည်။ ရန်သူလာရာ လမ်းအားထောင်ပြီးပါက ၄င်းမိုင်းအား အချိန်ပြည့်စောင့်ကြည့်ရပါသည်။ စခန်းပတ်လည်တွင် အသုံးပြုမည် ဆိုလျှင်မိုင်းထောင်ပြီးပါက စာရင်းမြေပုံအတိအကျ ရေးသွင်းရပါသည်။ သို့မှသာ မိုင်းပြန်ဖော်ယူသည့်အခါ စနစ်တကျအန္တရာယ်ကင်းစွာ ပြန်လည်ဖော်ယူနိုင်ပေမည်။ဆိုလိုသည်မှာမိုင်းတစ်လုံးအား မြေသို့မြှူပ်လိုက်ချင်းပင် မိုင်းမှတ်ပုံတင်စာရင်းထဲသို့ အချိန် ၊ နေရာ ၊မိုင်းအမျိုးအစား နှင့် တကွ ရောက်ရှိသွား သည်။ ပေါက် ကွဲပြီးသော မိုင်းမှလွဲ၍ ကျန်မိုင်းများအား စစ်ဆင်ရေးတာဝန်ပြီးသည်နှင့် ချက်ချင်းဖော်ယူရပါသည်။ အကယ်၍ တာဝန်ထမ်းဆောင်ဆဲ တပ်အပြောင်းအလဲရှိပါက အရေးကြီး အနေဖြင့် ၄င်းမှတ်ပုံတင်အား တိတိကျကျလွဲအပ်ရပါသည်။၎င်းစာရင်းသည် စစ်သည်အနေဖြင့် ၄င်းအသက်ထက် တန်ဖိုးထား၏။)
ကေအိုင်အေ ဘယ်သွားဦးမလဲ

 ယခုအခါ ကေအိုင်အေအနေဖြင့် လိုင်ဇာမြို့ဦးဝကို တပ်မတော် မှ သိမ်းပိုက်လိုက်ပြီဖြစ်သည်။
လိုင်ဇာမြို့ အား လူသားတံတိုင်းဖြင့် ကာရံပြီး မြို့ပိတ်ကာ လှောင်အိမ်ထဲမှ အသတ်ခံရနီး ၀က်များလို   အော်နေတော့မည်လား။ ဒုက္ခသည်များအား ကေအိုင်အေ အတွင်းအတင်းသွတ်သွင်းမှုများဖြင့် အင်အားရယူ နေပါသလား။ အထူးတပ်သားများစေလွှတ်၍ မိုင်းခွဲကြမည်လား။ နောက်ကို လှည့်ကြည့် လိုက်ပါ။ အသင် ကေအိုင်အေ နောက်မှ ရှိနေသည်ဟုဆိုသော ကချင်ပြည်သူလူထု၏ မျက်လုံးများ ကို စေ့စေ့ကြည့်ပါ။ သူတို့ဘာကိုတောင့်တ နေကြပြီလဲ။ကေအိုင်အေ သင့်အတွက် ငြိမ်းချမ်းရေးမှတပါး အခြားမရှိပြီ။ သိမ်းပိုက်ထားတဲ့ သင်တို့၏စခန်းကုန်းမှာ အစိုးရအနေဖြင့် အသင်တို့ ဘာလုပ်သွားသည် ကို သိရှိပြီဖြစ်သည်။


မူးယစ်ဆေးဝါးနှင့်ပတ်သတ်၍အမှုဖွင့်အရေးယူတော့မည်။ လုပ်စရာကျန်ပါသေးသည်။ လက်ထဲမှာရှိသော လက်နက်များ တပ်မတော်ထံအပ်နှံပြီး အစိုးရသစ်နှင့် လက်တွဲပါ။ သို့မဟုတ်က အသင်တို့ အတွက် ပြေး စရာမြေ မရှိပြီ။ တနိုင်ငံလုံး တပြည်လုံး အသင် ကေအိုင်အေ အား ဆက်လက်ချေမှုန်း ရန် ထောက်ခံနေ သည်ကို အသင်ကေအိုင်အေ သေသေချာချာ နားထောင်ကြည့်ပါက ကြားနိင်ပါသည်။ ၄င်းတိုက်တွန်းသံနှင့်အတူ အသံတစ်သံရှိနေပါသည်။

  
လက်နက်များ အတွေးဟောင်းများ စွန့်လွတ်ပြီး အစိုးရသစ်နှင့်လက်ဆွဲနှုတ်ဆက်လိုက်ပါ 

 www.MyanmarExpress.net
 

4 comments:

မိ မိ မိုက် ပစ် ပေး ဆပ် ရ မယ် လေ

သူ အ ဖေ တ ရုတ် ဆီ ပြေး မှာ ပေါ့

အမျိုးဖျက်တွေပါ

ကေ အိုင် အေ က ဓါး ပြ ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်