Subscribe to our RSS Feed

အသုံးမကျ (၁) နှစ်

လင်ယူသားမွေးရင်း ကုန်ခဲ့တဲ့ ၄၃ နှစ် မတိုင်ခင် အချိန်များ

ဒီနေ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ဟာ မိုက်ကယ်အဲရစ် ရဲ့ ဇနီး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကနေ လွတ်မြောက်လာတာ တစ်နှစ်ပြည့်တဲ့နေ့ပါ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ် ကျနေစဉ်ကာလမှာ ဂျွန်ဝီလီယံယက်တောကို ဘယ်သူ့ကိုမှ အသိမပေးပဲ မိန်းခလေးများချည်း ရှိနေသော မိမိနေအိမ်တွင် တစ်ညလုံး အတူရှိနေခဲ့တဲ့ ဖြစ်စဉ်နဲ့ နောက်ဆုံး ကျခံခဲ့တဲ့ အကျယ်ချုပ်ကနေ လွတ်မြောက်လာတာ ဒီနေ့ဆိုရင် တစ်နှစ် တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုက တစ်နှစ်ပြည့်လာသလို ဒေါ်အောင်ဆန်းစုကြည်ကို အထင်ကြီးမှားခဲ့သူတွေအတွက် စိတ်ပျက်မှုကလည်း ပိုမိုကြီးမားလာခဲ့ပါတယ်။

အသက် ၄၃ နှစ်မှ လမ်းကြုံပြီး မြန်မာ့နိုင်ငံရေးလောကထဲ စရောက်လာခဲ့ပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်က အကျယ်ချုပ်က လွတ်မြောက်မြောက်ချင်းမှာ နိုင်ငံရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ကြောင်း ပြည်သူတွေကို ပြောခဲ့ပါသေးတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သလို ၈၈ ခုနှစ်မှာ နိုင်ငံရေး စလုပ်ပြီး ၂ နှစ်ပဲရှိသေးတယ် နိုဘယ် ဆုကြီး ရရှိ ခဲ့ပါတယ်။ အခု တစ်နှစ်ပြည့်ချိန်မှာ နိုဘယ်ဆုအတွက် စာရင်းပေးသွင်းခဲ့ချိန်မှာတော့ ပယ်ချခံရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်ခင်တုန်းက ပြည်တွင်း ပြည်ပ မှာရှိတဲ့ အစိုးရဆန့်ကျင်သူတွေနဲံ အတိုက်အခံတွေ အားလုံးက ဒေါ်အောင်ဆန်းစုကြည်မှာ နတ်ဘုရားကဲ့သလို အစွမ်းထက်မြတ်တဲ့ အရည်အချင်းတွေရဗိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံတွင်းမှာရှိတဲ့ လူပေါင်း သန်း ၆၀ က ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို အုပ်ချုပ်နိုင်တဲ့ အရည်အချင်းရှိကြောင်း၊ ဒါကြောင့် မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ကြောက်ရွံ့နေပြီး အကျယ်ချုပ်ချထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးရဲကြောင်းနဲ့ လွှတ်ပေးလိုက်ပါက ဒေါ်အောင်ဆန်းစုကြည်က ငြိမ်ငြိမ်နေမှာမဟုတ်ပဲ အရည်အချင်းကောင်းတွေနဲ့ အစွမ်းပြမှာ ဖြစ်ကြောင်း လွဲမှားစွာထင်မြင်ယူဆပြီး သတင်းတွေ ဖြန့်ခဲ့ကြပါတယ်။ အခါအားလျှော်စွာ အခါကြီးရပ်ကြီးတွေမှာ "ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ် " ဆိုပြီး အော်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ယုံမျှ မကပဲ တွေ့ဆုံဆွေးနွေးပဲ ချက်ချင်းလုပ်ဖို့လည်း လိပ်ခေါင်းထွက်လုနီးပါး အော်ခဲ့ကြပါတယ်။

ဒီနေ့။ ဒေါ်အောင်ဆန်းစုကြည်လွတ်နေတာ တစ်နှစ်ပြည့်ပြီ။ တွေ့ဆုံဆွေးနွေးပွဲတွေလည်း အကြိမ်ကြိမ်ပြုလုပ်ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ဘက်က နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးရှိတဲ့ အလုပ် ဘာတွေလုပ်ခဲ့ပြီးပြီလဲ??? ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဟာအရည်အချင်းတွေဆိုတာ ဘာတွေလဲ?? တစ်နှစ်အတွင်း ဖော်ပြခဲ့တဲ့ အရည်အချင်းတွေက ဘာတွေလဲ?? စိတ်ဝင်စားစရာပါပဲ။ ဒါပေမယ့်လည်း သိပ်ပြီးစိတ်မဝင်စားပါနဲ့။ စိတ်ဝင်စားလောက်စရာ အဖြေမရှိလို့ပါ။

လွန်ခဲ့တဲ့ တစ်နှစ်က
၂၀၊၁၁၊၂၀၁၀ နေ့ လွတ်မြောက်လာလာချင်း မှာပဲ ဒုတိယ ပင်လုံညီလာခံ လုပ်ဖို့နဲ့ ပက်သက်ပြီး ပြောခဲ့ပါတယ်။ အဖွဲ့တွေ ကော်မတီတွေ ဖွဲ့အပြီးမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယ ပင်လုံညီလာခံကို ဦးဆောင်ဖို့ ရွေးချယ်လိုက်ပါတယ်။ ရွေးချယ်ပြီး မကြာခင်မှာပဲ ဒုတိယပင်လုံညီလာခံ စီမံကိန်းကြီး ပျက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယပင်လုံညီလာခံလို့ ဒေါ်အောင်ဆန်းစုကြည် ပြောအပြီးမှာ မီဒီယာတွေက ပင်လုံအကြောင်းတွေ၊ အမျိုးသားရင်ကြားစေ့ရေးအကြောင်းတွေ တစိုက်မက်မက် ရေးခဲ့ကြပေမယ့်၊ ခုတော့ လက်စပါ ပျောက်သွားပါတော့တယ်။

ဒီမိုကရက်တစ်ပါတီ မှ ဦးသုဝေ တို့အဖွဲ့၊ NDF မှ ဦးခင်မောင်ဆွေ တို့အဖွဲ့ အပြင် အခြားရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီတွေနဲ့ တွေ့ဆုံခဲ့ စကားပြောခဲ့ပေမယ့် NLD ရွေးကောက်ပွဲ မဝင်ခဲ့မိတာကို မှားယွင်းခဲ့ကြောင်း မဝန်ခံခဲ့ပါဘူး။ အခုချိန်မှာ ရွေးကောက်ပွဲဝင်ခြင်းက မှန်ကန်တယ်လို့ ယူဆပြီးတာတောင် အမှားကို မဝန်ခံခဲ့ပါဘူး။
ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ဥက္ကဌ ဦးသုဝေကတော့ ဒုတိယ ပင်လုံညီလာခံ ဆိုတာ အဓိပ္ပါယ်မရှိကြောင်း အချက်နဲ့ အလက်နက် သေချာ ထောက်ပြသွားတာ ဒေါ်စုကြည်ခမျှာ ဘာမှ ကို ပြန်မပြောနိုင်ပဲ ငြိမ်နေခဲ့ရပါတယ်။

တစ်နှစ်အတွင်းမှာ ကုလ နဲ့ နိုင်ငံတကာက ဝန်ကြီးချုပ် အဆင့်ထက် အများကြီးနိမ့် တဲ့ ကိုယ်စားလှယ်ပေါင်းများစွာနဲ့ တွေ့ဆုံပြီး လက်အုပ်ချီလိုက်၊ ဖက်လှဲတကင်း လုပ်လိုက်နဲ့ ပြုံးပျော်ရွှင်ပြီး ကြိုဆိုခဲ့ပါတယ်။ ဒါပေမယ့် ထိုင်နိုင်ငံဝန်ကြီးချုပ် မစ္စစ် ရင့်လတ် ကတော့ ဒေါ်စုနဲ့တွေဖို့ သူ့မှာ အချိန်မရှိဘူးလို့ ပြောပြီး ပြန်သွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရင့်လတ် ရွေးကောက်ပွဲအနိုင်ရတုန်းကတော့ ဝမ်းမြောက်ကြောင်း သဝန်လွှာတွေ ပို့လိုက်ရပါတယ်။
လွတ်မြောက်ပြီး ပထမဆုံး လုပ်ခဲ့တဲ့ အလာပသလာပ မိန့်ခွန်းနဲ့ ပက်သက်ပြီးတော့ ဒီနေရာ မှာ သံဝေဂ ယူနိုင်ပါတယ်။


အနောက် အုပ်စုဆိုတာနဲ့ ကန်တော့ပြီးသား

ပထမဆုံး ဟောပြောပွဲမှာ သူမ အနေနဲ့ ဘယ်သူတွေနဲ့ဖြစ်ဖြစ် တွေ့ချင်တယ်၊ တွေ့လို့ မရနိုင်စရာအကြောင်းမရှိဘူး တွေ့ချင်ဖို့ပဲ လိုတယ် လို့ပြောခဲ့ပေမယ့် ငါမင်းဆွေလို လူမျိုးကိုတော့ ကြောက်ပြီး မတွေ့ဖို့ ရှောင်နေပါတယ်။ လွတ်မြောက်ပြီး မကြာခင်မှာပဲ ငါးမင်းဆွေက ဒေါ်စုကို တွေ့ခွင့်တောင်းခဲ့ပေမယ့် ဒေါ်စုကလည်း ပြန်မတွေ့ခဲ့သလို NLD က အစောင့်တွေကလည်း ခွင့်မပြုပဲ ပြန်လွှတ်ခဲ့ပါတယ်။ ငါးမင်းဆွေက ဒေါ်စုကို မေးခွန်းတွေ အများကြီးမေးထားပေမယ့် ဒေါ်စုက ပြည်သူထဲက ပြည်သူတွေသိချင်တဲ့ မေးခွန်းတွေကို မဖြေခဲ့ပါဘူး။ လုံးဝ မသိချင်ဟန်ဆောင်နေခဲ့ပါတယ်။

ဒေါ်စုကြည် မရှိချိန်မှာ NLD ဟာ ဘာဆိုဘာမှမလုပ်နိုင်တဲ့အပြင် ပါတီကို ဆက်လက်တည်မြဲအောင်တောင် မထိမ်းနိုင်ခဲ့ပါဘူး။ ခု ဒေါ်စုကြည် ပြန်ရောက်လာတာ ရက် ၂၀ ရှိပေမယ့်လည်း ဘာမှမထူးခြားပါဘူး။ ပါတီကိုတောင် ဘာမှ တိုးတက်အောင် မလုပ်နိုင်ပဲ နိုင်ငံတစ်ခုလုံးကို ဘယ်လိုတိုးတက်အောင်လုပ်နိုင်ပါ့မလဲ စဉ်းစားစရာဖြစ်နေပါပြီ...။

အရင်မရှိခင်တုန်းက ပါတီထဲမှာ အသက်ကြီးတွေနဲ့ အသက်ငယ်ပါတီဝင်တွေ အကြီးအကျယ် ပြဿနာ တက်ခဲ့ကာ သဘောထားကွဲမှုတွေ အမြဲလိုလိုဖြစ်ခဲ့ပါတယ်။ အဆိုးဆုံးကတော့ NLD မှ ခွဲထွက်ပြီး NDF ပါတီ တည်ထောက်ခဲ့ခြင်းပါပဲ။ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြန်တော့လည်း ပါတီထဲမှာ အကြီးအကျယ် သဘောထားတွေက ကွဲနေတုန်းပါပဲ။ ပါတီဝင် အချို့က လက်မှတ်ထိုးကာ ပါတီမှတ်ပုံမတင်ရေး တောင်းဆိုခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ မှတ်ပုံတင်ဖို့ လုပ်နေပါတယ်။
NLD ပါတီအနေနဲ့ အခုချိန်မှာ မှတ်ပုံတင်ခြင်းက မှန်ကန်တယ်လို့ ရွေးချယ်လျှင် အရင်တုန်းက မှတ်ပုံမတင်ခဲ့ခြင်းက မှားယွင်းခဲ့ကြောင်း ဝန်ခံရမည်ဟု ဒီငြိမ်းပါတီ (ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ) မှ ဦးမျိုးညွန့် ရဲ့ အပြစ်တင်မှုကိုလည်း ခံခဲ့ရပါတယ်။



ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ တိကျတဲ့ ရည်မှန်းချက် မရှိကြောင်း၊ ခိုင်မာတဲ့ ဦးတည်ချက်မရှိကြောင်း ဝေဖန်မှုတွေကလည်း အများအပြားထွက်နေခဲ့ပါတယ်။ အမှန်တကယ် အရည်အချင်းရှိသူ တစ်ယောက်ဆိုရင် ခုချိန်မှာ မြင်သာတဲ့ ရလဒ်တွေ ပြနိုင်သင့်ပါပြီ။ အရင်တုန်းက အကျယ်ချုပ်ကြောင့် လူကိုယ်တိုင်လုပ်ခွင့်မရဘူးဆိုပေမယ့် အကျယ်ချုပ်ကနေ လွတ်မြောက်ချိန်မှာ လုပ်ဆောင်ဖို့ အစီစဉ်ပေါင်းများစွာ ဦးနောက်ထဲမှာ သေချာပေါက်ရှိနေသင့်ပါတယ်။ ခုတော့ ဦးနောက်ကြီးကလည်း အခွံ၊ အရည်အချင်းတွေကလည်း ဗလာ ကြီးဆိုတာကို ပညာမဲ့ NLD ပါတီဝင်များနဲ့ ပြည်တွင်း၊ ပြည်ပ အတိုက်အခံများမှ လွဲပြီး ကျန်တဲ့ ပြည်သူအားလုံး သဘောပေါက်နေပါပြီ။ အဆိုးဆုံးကတော့ အမြဲတမ်းပြောင်းလဲပြီး ထုတ်ပြန်နေတဲ့ သဘောထားတွေပါပဲ။

၂၀၁၁ ဟာ မြန်မာနိုင်ငံသား အားလုံးအတွက် အထူးခြားဆုံး နှစ်တစ်နှစ်ဖြစ်ပြီး အပြောင်းလဲကြီး ပြောင်းလဲခဲ့တဲ့ နှစ်ဖြစ်ပါတယ်။ ပြောင်းလဲလာပြီးဖြစ်ကြောင်း အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက လက်ခံခဲ့ကြပြီး ဂျပန်နိုင်ကကလည်း ထောက်ပံ့မှုတွေ ပြန်လည်ပေးနေခဲ့ပြီဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေကလည်း အာဆီယံဥက္ကဌအတွက် သောက်သောက်လဲ ထောက်ခံခဲ့ကြပြီး မြန်မာနိုင်ငံမှာ စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားမှုတွေကလည်း နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်။

လက်ရှိအစိုးရနဲ့ ရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုးပါတီကတော့ အကောင်းဆုံးရလဒ်တွေနဲ့ အများဆုံးလုပ်ပြနိုင်ခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်၊ ပင်စင်လစာတိုးမြှင့်ခြင်း၊ မိဒီယာလွတ်လပ်ခွင့်၊ မြစ်ဆုံရပ်တန့်ရေး နဲ့ ကားတင်သွင်းခွင့် အပါအဝင် ပြည်သူတွေ ကျေနပ်စရာ အလုပ်တွေ အများကြီးလုပ်ပြနိုင်ခဲ့ပါတယ်။ တခြား ရွေကောက်ပွဲဝင်ပါတီတွေကလည်း ပြည်သူတွေ အတွက် အကျိုးရှိမယ့် စီမံကိန်းများကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၁ တစ်နှစ်လုံး NLD ကတော့ အဓိပ္ပါယ်မဲ့နေခဲ့ပါတယ်၊ အရည်အချင်းရှိလှပါပြီဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း တစ်နှစ်လုံး အရည်အချင်းမပြနိုင်ခဲ့ပါဘူး။

ရွေးကောက်ပွဲဝင်ပါတီတွေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လုပ်ပါမယ်ဆိုတဲ့ ဒုတိယ ပင်လုံဆိုတာကိုတော့ ကန့်ကွက်ခဲ့ကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်လက်ခံနေတဲ့ စီးပွားပိတ်ဆို့မှုကိုတော့ ပြင်းပြင်ထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ လွှတ်တော်ထဲရောက်သွားရင်တော့ အရည်အချင်းမရှိတွေက ဒီထက် ပေါ်ထွက်လာမှာ သေချာနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကျေးဇူးရှင် ဂျွန်ယက်တောကို ခေါ်ပြီး အကျယ်ချုပ်ထဲ ပြန်ဝင်တဲ့ နည်းလမ်းပါပဲ။ ဘာမှ မလုပ်တာချင်းအတူတူ ခုချိန် အကျယ်ချုပ်ကျခံနေရရင် ဒီထက်ပိုပြီး လူထင်ကြီးခံရမှာ သေချာတယ်။

အကျယ်ချုပ်မှ လွတ်ခါနီးအချိန်မှာ twitter သုံးမယ် လို့ပြောခဲ့ပေမယ့် ခုထိ ၁ နှစ် ပြည့်ချိန်ထိ မသုံးနိုင်သေးပါ။

ဒီနှစ်အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဇတ်လမ်းရိုက်တဲ့ The Lady ဆိုတဲ့ ရုပ်ရှင် ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီဇတ်လမ်းကို ဂါဒီယမ်း သတင်းစာ ကြီးက ချာတူးလန် ဇတ်ကား လို့ ခေါင်းစဉ်တပ်ပြီး ဇတ်လမ်းထဲက အကြောင်းတွေကို တစ်ခုချင်း ထောက်ပြကာ ဝေဖန်သွားခဲ့ပါတယ်။

နောက်တစ်ခါ ပြည်ထဲရေးဝန်ကြီးဌာနကနေ NLD ကို သတိပေးစာ တစ်စောင် ပေးခဲ့ချိန်မှာ ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ပါဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေထဲက အကြောင်းတွေကို ကိုးကားပြီး မေတ္တာရပ်ခံစာတစ်စောင်ကို ကြောက်ကြောက်လှန့်လှန့် ပြန်ခဲ့ရပြန်ပါတယ်။

ငြိမ်းချမ်းရေးအတွက် အိပ်ဖွင့်ပေးစာဆိုပြီး ပေးစာတစ်စောင်ကို KIA နဲ့ အစိုးရအဖွဲ့အပြင် အခြား လက်နက်ကိုင်အဖွဲ့အားလုံးဆီ ပို့ခဲ့ချိန်မှာလဲ ပြောပြီး တစ်ပတ်အတွင်းမှာ KIA က ပစ်ခတ်မှုတွေ လုပ်ပြခဲ့ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တားမြစ်ထားတဲ့ ကြားကပဲ ရထားလမ်း မိုင်းထောင်မှုတွေကိုတောင် လုပ်နေပြီဖြစ်ပါတယ်။ တိုင်းရင်းသားတွေအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြောဇာ ဘယ်လောက်ညောင်းလဲဆိုတာကတော့ KIA က သက်သေပါပဲ။

တစ်နှစ်အတွင်းမှာ ပဲခူးနဲ့ ပုဂံ ဆိုပြီး ခရီးစဉ်နှစ်ခုသွားခဲ့ပေမယ့် စစ်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေ၊ ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ ချောက် မြို့ ဘက်က ပြည်သူတွေကိုတော့ သွားရောက်ကြည့်ရှုခဲ့ခြင်းမရှိပါဘူး။ ပုဂံခရီးစဉ်ကတော့ မိုက်ကယ်အဲရစ်နဲ့ရတဲ့ သားအငယ် ကမ်င်အဲရစ်ကို လိုက်ပို့တဲ့ခရီးပဲဖြစ်ပါတယ်။

တစ်နှစ်ထဲမှာပဲ မိုက်ကယ်အဲရစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့သား ဗိုလ်ချုပ်အောင်ဆန်းရဲ့မြေး ကပြားဖြစ်သူ ကမ်င်အဲရစ် နှစ်ကြိမ်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ပွဲလည်း ကျင်းပခဲ့ပါတယ်။ ၆၆ နှစ်ဆိုတာ ဘုရားနဲ့ တရားနဲ့နေသင့်တဲ့အရွယ်ရောက်နေပြီလို့လည်း ဝေဖန်ခံခဲ့ရပါတယ်။

ဒီနှစ်ထဲမှာပဲ NLD-La မလေးရှားမှာ အချင်းချင်းဂုတ်သွေးစုပ်မှုတွေ အကြီးအကျယ်ဖြစ်ကာ တိုင်ကြားမှုတွေ၊ မလေးရှားရဲက ဖမ်းဆီးမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ မသိချင်ဟန်ဆောင်နေခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာမှမပြောခဲ့ပါဘူး။ NLD အပေါ်မှာ လူအများရဲ့ ရွံရှာမှုကလည်း ပိုပြီးကြီးမားခဲ့ရပါတယ်။

နိုင်ငံတော်သမ္မတကြီးနဲ့ တစ်နှစ်အတွင်းမှာ တစ်ကြိမ်တွေ့ခွင့်ရခဲ့ပါတယ်။ အဲလို တွေ့ခွင့်ရဖို့အတွက်လည်း နိုင်ငံတော် သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့ မဖိတ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သမ္မတအိမ်တော်ရှေ့မှာ အတင်းတွေ့ခွင့်တောင်းတာကြောင့် တွေ့လိုက်ရခြင်း ဖြစ်ပါတယ်။

အဲဒီနေ့က နြေ့ပည်တော်မှာ အလုပ်ရုံဆွေးနွေးပဲ စတင်နေချိန်ဖြစ်ပါတယ်။ သမ္မတကြီးက အလုပ်ရုံဆွေးနွေးပွဲတက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ထားပြီးသားဖြစ်ပါတယ်။ သမ္မတကြီးက ဆွေးနွေးပွဲသွားဖို့ ပြင်နေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က တစ် နာရီလောက် ဆွဲထားတာကြောင့် ဆွေးနွေးပဲ စတင်ဖို့ တစ်နာရီ နောက်ကျခဲ့ရပါတယ်။ ဆွေးနွေးပွဲမှာ စောင့်နေသူတွေ၊ လုပ်ငန်းရှင်တွေနဲ့ မီဒီယာ သမားတွေကတော့ တစ်နာရီ လုံး ရပ်စောင့်နေခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူသားချင်းစာနာမှုမရှိ ပဲ အားမနာ လျှာမကျိုး အခွင့်အရေး ပိုယူချင်တဲ့ စိတ်အပေါ်မှာ အစည်းအဝေး တက်တဲ့ လုပ်ငန်းရှင်များနဲ့ မီဒီယာသမား တို့က ရှုံ့ချခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမနေ့ကို အစည်းအဝေး မတက်ခဲ့ပါဘူး။ ဒုတိယနေ့မှာတော့ ခဏ တက်ပြီး အစည်းအဝေး မပြီးခင် ပြန်လာခဲ့ပါတော့တယ်။ တတိယနေ့ကိုလည်း မသိချင် ဟန်ဆောင်ခဲ့ပါတယ်။ နိုင်ငံတော်အနာဂါတ်နဲ့ အမျိုးသား အကျိုးစီးပွားအတွက် လုပ်တဲ့ အစည်းအဝေးကို မတက်ခဲ့ပေမယ့် ဘောလုံးပွဲကိုတော့ ပါးစပ်ကြီးဖြဲ ပြီး သွားကြည့်ခဲ့ပါတယ်။ အသက် ၆၇ နှစ် ရှိနေတာတောင်မှ ဘောလုံးပွဲကို ပွဲအစ မှ ပွဲအဆုံးထိ ၂ နာရီလောက် အချိန်ပေးကာ အပြီးထိ သွားကြည့်ခဲ့ပါတယ်။

အစည်းအဝေးမတတ်ပဲ ဘောပွဲပြီးအောင်ကြည့်တဲ့ ဒေါ်စု

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လုပ်သက်မှာ ပြီးခဲ့တဲ့ လထဲမှာပဲ ၂၃ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၂၃ နှစ်အတွင်းမှာ အောင်မြင်မှု တစ်စုံတစ်ရာ မရခဲ့ပါဘူး။ ဒီအကြောင်းကိုလည်း ပြည်သူချစ်တဲ့ အနုပညာရှင် သီးလေးသီးမှ လူရွှင်တော် ဂေါ်ဇီလာ ကိုယ်တိုင်က ၂၃ နှစ် ကြာနေပြီ ဘာမှ တိုးတက်မှု မရှိကြောင်းကို ပြည်တွင်း မီဒီယာတွေ မေးမြန်းစဉ်မှာ ပြောဆိုသွားပါတာ်။

The Messenger News Journal မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုး ပါဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေါချာချာ အဖြေတွေ ပါဝင်လာခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ် ၊ နိုင်ငံရေးလုပ်သက် ၂၃ နှစ် ရှိတော့ နိုဘယ်ဆု ပိုင်ရှင် ကြီးရဲ့ အဖြေတွေထဲမှာ "အိပ်ချိန်လျှော့ပေါ့" "ဟန်းဖုန်းကိုင်တယ်ဆိုရင် ကိုယ်ဆက်ချင်တဲ့သူဆီ ဆက်လို့ရတယ်" " ကျွန်မဆို ငယ်ငယ်က ကလေးစာအုပ်တွေစဖတ်ခဲ့ရတာ။ အသက်ကြီးလာတော့ ကဗျာကိုပိုစိတ်ဝင်စားတယ်။" ဆိုတဲ့ အဖြေတွေက လူငယ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။

ဒါ့အပြင် ”အပန်းဖြေနားရက်များ” ဆောင်းပါးမှာလည်း မြန်မာနိုင်ငံရဲ့ အပန်းဖြေနားရက်အကြောင်းက နည်းပြီး နိုင်ငံခြားမှာ အနှစ် ၃၀ လောက် ကျင်လည်ခဲ့စဉ် က ပျော်ပါးခဲ့မှုတွေနဲ့ နိုင်ငံခြားက အလှအပတွေ ကို ဖော်ကျူးထားတာကြောင့် စာဖတ်သူတို့ မကျေမနပ်ဖြစ်ခဲ့ရပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က "အသုံးချခံရမှာကို မမှု" "အန်တီမှားရင် အန်တီတာဝန်ယူတယ်" ဆိုတဲ့ စကားတွေကိုလည်း ပြောခဲ့တာကြောင့် မေးခွန်းတွေ တစီတတန်းကြီး ထွက်လာကြပြန်ပါတယ်။ အသုံးချခံရတာကို မမှုဘူးဆိုရင် အစကတည်းက ရွေးကောက်ပွဲကို ဝင်သင့်ကြောင်း၊ အခြေခံဥပဒေ ကို ထောက်ခံသင့်ကြောင်း... စတာတွေနဲ့ အန်တီ တာဝန်ယူမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် စကားကို နားထောင်ပြီး မဲမထည့်ခဲ့သူတွေ၊ အခြေခံဥပဒေကို ဆန့်ကျင်ခဲ့ကြသူတွေအတွက် ဘာတွေ တာဝန်ယူပေးနိုင်မလဲ.. စတဲ့ မေးခွန်းပေါင်းများစွာ ထွက်လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမြဲထောက်ခံပြီး အသံလွှင့်နေတဲ့ ဘီဘီစီရဲ့သတင်းလိမ်မှု ကြောင့် ပြည်သူတွေအကျနပ်မှုတွေ၊ DVB မှ မြန်မာငွေ သိန်း သုံးထောင် ကျော် လိမ်လည်မှုတွေနဲ့ ဧရာဝတီ သတင်းဌာနရဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်း လို့ ရေးကာ ဖော်ပြမှုကြောင့် ပြည်သူတွေနဲ့ ပြည်ပအခြေစိုက်မီဒီယာတွေကြား တင်းမာမှုတွေလည်း ဒီနှစ်ထဲမှာ ဖြစ်ခဲ့ပါတယ်။ ဘင်္ဂလီနဲ့ ရခိုင်အကြောင်း RFA မှာ မေးမြန်းချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က တိတိကျကျ ဖြေနိုင်ခြင်းမရှိခဲ့ပါဘူး။

ဒီနှစ်ထဲမှာ ဇာဂနာက လွတ်မြောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သွားကန်တော့ခဲ့ပါတယ်။ ဇာဂနာက လွှတ်တော်အမတ်တွေရဲ့အိုင်ကျူက ၅၀ ရှိတယ်လို့ ပြောပြီးနောက်ပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် က လွှတ်တော်ထဲဝင်ဖို့ စီစဉ်ခဲ့ပါတယ်။

ဒီနှစ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်ပမှ မြန်မာတွေ အချင်းချင်းစည်းလုံးဖို့ပြောခဲ့ပေမယ့်လည်း ပြည်က မြန်မာတွေကတော့ အချင်းချင်းစည်းလုံးမှုမရှိတဲ့အပြင် အချင်းချင်းလိမ်ညာမှု၊ လှည့်ဖျားမှုတွေက ဒေါ်အောင်ဆန်းစုကြည်ပြောပြီးနောက်ပိုင်း ပိုဆိုးလာပြန်ပါတယ်။ ကျွမ်းကျင်သူအများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာက ပြည်ပက မြန်မာတွေအပေါ်မှာလည်းမလွှမ်းမိုးနိုင်ဘူး၊ KIA လို တိုင်းရင်းသားတွေအပေါ်မှာလည်း မလွှမ်းမိုးနိုင်ဘူး၊ နောက်ဆုံးအဆင့် NLD ထဲမှာတောင် မလွှမ်းမိုးနိုင်တော့လို့ သဘောတွေကွဲနေပြီလို့ပြောပါတယ်။ ဒါပေမယ့်လည်း ပြည်ပက မြန်မာမလေးတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အတုယူပြီး နိုင်ငံခြားသားတွေနဲ့ တွဲနေခဲ့ကြ၊ လက်ထပ်ခဲ့ကြပါတယ်။

တစ်နှစ်အတွင်း NLD ၂၃ နှစ် ပြည့်ခဲ့ပြီး အထိန်းအမှတ်ပွဲလည်း ကျင်းပခဲ့ပါတယ်။ NLD ရဲ့ မွေးနေ့ပွဲမှာ NLD ဥက္ကဌကတော့ ထုံးစံအတိုင်း မလာခဲ့ပါဘူး။ အသက် အရမ်းကြီးပြီး အိပ်ယာထဲမှာလဲနေလို့ ဖြစ်ပါတယ်။ NLD ဥက္ကဌ ဦးအောင်ရွှေ အိပ်ယာထဲ လဲနေပြီး မထနိုင်တာ အခုမှ မဟုတ်ပါဘူး။ နှစ်အတော် ကြာနေပါပြီ။ ဒါပေမယ့်လည်း သူကိုယ်တိုင်က NLD ဥက္ကဌ ရာထူးကနေ ဆင်းမပေး တာလား၊ NLD ပါတီဝင်တွေက ပင်စင်မပေးသေးတာလား၊ ဒါမှ မဟုတ် NLD ရဲ့ ပင်စင် ခံစားခွင့်က အသက် ၁၂၀ မှ စ တာလား ဆိုတာ ကို မေးခွန်းတွေ ထုတ်ခဲ့ကြတာ အတော်ကြာပြီ ဖြစ်ပါတယ်။


ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က NLD ရုံးမှာ ထမင်းချက်နေသူများ၊ ဆေးကြော သန့်ရှင်းရေးလုပ်သူများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားသွားပါတယ်။ ပုံမှန်အားဖြင့်တော့ မြန်မာနိုင်ငံမှာ အခုလို ထမင်းချက်ပေးသူတွေနဲ့ ဆေးကြောသူတွေကို ကျေးဇူးတင်စကားကို အလှူအိမ်တွေမှာပဲ ပြောတတ်ပါတယ်။ အခုလို ကမ္ဘာကျော် ၉၀ ရွေးကောက်ပဲ အနိုင်ရ နိုင်ငံရေး ပါတီ ကြီးရဲ့ ရုံးမှာ ကမ္ဘာကျော် နိုဘယ်ဆု ရထားတဲ့ လူက ထမင်းချက်ပေးသူတွေနဲ့ ဆေးကြောသူတွေကို အထူးကျေးဇူး တင်ကြောင်း ပြောတာကြောင့် လူအများ အံ့အားသင့်ကြရပါတယ်။

၂၀၁၁ အတွင်း NLD ဆိုတဲ့ နိုင်ငံရေး အဖွဲ့ကြီးတွင်းမှာ အနုပညအဖွဲ့တွေမှာ တစ်နှစ်အတွင်း မလုပ်နိုင်တဲ့ အလုပ်တွေ လုပ်နိုင်တာကတော့ ချီးကျူးစရာပါပဲ။ ဒီနှစ်ထဲမှာပဲ သက်ကြီးပူစော်ပဲ၊ ဓာတ်ပုံပြပွဲ၊ ကာရာအိုကေပွဲ၊ သီချင်းဆိုပွဲ၊ ရုပ်ရှင်ပြပွဲ နဲ့ ကဗျာပြိုင်ပွဲ နဲ့ ဈေးရောင်းပွဲတွ ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။ NLD အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်နေတာ အဲဒီပွဲတွေ လုပ်ဖိုပါပဲ။ ပြည်ပကနေ လွတ်မြောက်ဖို့ကြိုးစားနေကြတဲ့လူတွေကလည်း ဒီအတွက်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည် ဘာလဲ? ဘယ်လဲ?...။ NLD ဘာလဲ? ဘယ်လဲ? ဆိုတာကို အားလုံးက စိတ်ဝင်စားခဲ့ကြတာ တစ်နှစ် တင်းတင်း ပြည့်ခဲ့ပါပြီ။ ခုတော့ ဒေါ်အောင်ဆန်းစုကြည်လည်း ဘာမှမဟုတ်ဘူး။ NLD လည်း ဘာမှမဟုတ်ဘူး...။ ဘယ်မှလည်း မသွားကြဘူး ဆိုတဲ့အကြောင်းနဲ့ပဲ ဘာတစ်စက်မှ အသုံးမကျတဲ့ တစ်နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ကို နိဂုံးချုပ်လိုက်ပါတယ်။


Myanmar Express

26 comments:

ဟုတ်တယ်နော် တစ်နှစ်တောင်ကြာပြီ ဖင်လှည့်ခေါင်းလှည့်နဲ့
ဘာမှလည်းထူးခြားမလာဘူး

အမေဆုကို ပုဂ္ဂိုလ်ရေးအရချစ်ပါတယ်
ဒါပေမယ့် အရည်အချင်း မရှိဘူးဆိုတာလည်း လက်ခံပါတယ်

ဆက်ပြီးသာ ရေးပေတော့ ဆရာရေ။
အားပေးနေမယ်။

အတိုက်အခံများခင်မျာ
ညစ်တီးညစ်စုတ်တွေပြောရင်း နိုင်ငံရေးလုပ်နေတာတွေ ရပ်ကြပါတော့
ဒါတွေကြောင့် ဘယ်သူမှအထင်မကြီးတာကို သတိကြဖို့လိုပြီ

နှစ်ပေါင်းများစွာ VOA, BBC, DVB ရေးသမျှ၊ လွှင့်သမျှ၊ လက်ခံနားထောင်လာကြပြီး..Myanmar Express က ရေးတာကို ဘာလို့ လက်မခံနိုင်ကြတာလဲ။ နည်းနည်းတော့ တရားမျှတမှုရှိသင့်ပါတယ်။

ဇာဂနာ ကြီးက ပြောချင်တာက ခု ရေးတာတွေက ညစ်ပတ်ပီးရေးနေတာပေါ. ဒါဆို အစိုးရမကောင်းကြောင်း စုတ်ပြတ်နေအောင်ရေးတဲ. တခြားဘလော.တွေ ဖတ်ပီး ခင်ဗျား ဘာပြောပေးနိုင်မလဲ

အားလုံးက လူသားတွေဘဲဆိုတာ သတိမူကြပါဦးဗျာ.....လူဆိုတဲ့အတိုင်း ကောင်းတဲ့အချက်ရှိသလို မကောင်းတဲ့အချက်လဲ ရှိမှာပေါ့....ဘယ်လိုဘဲဖြစ်ဖြစ် နှစ်ပေါင်းဆယ်ဂဏန်း အကြယ်ချုပ်နေခဲ့တယ်....ဘယ်သူက တိုင်းပြည်ကောင်းစားဖို့ဆိုပြီး တကယ်လုပ်နေသလဲ......ကျုပ်တို့အမြင်မှာတော့ တချို့တွေက အနောက်နိုင်ငံတွေသွား နိုင်ငံရေးခိုလှုံခွင်ယူပြီး ကိုယ်ကျိုးစီးပွားရှာနေတဲ့လူတွေ အများကြီးပါ....သူများကို ဝေဖန်နေတဲ့လူများ ကိုယ့်ကိုကိုယ်အရင် ဝေဖန်စေချင်ပါတယ်...ငါရော တိုင်းပြည်ကောင်းစားရေးအတွက် အုတ်တချပ် သဲတပွင့် ဘာလုပ်ပြီးပြီလဲ...အားလုံးက ကိုယ်တတ်နိုင်တဲ့ဘက်လေးကနေ အုတ်တချပ်၊ သဲတပွင့်လေးဖြစ်အောင်ကြိုးစားရင်းနဲ့ တိုင်းပြည်တိုးတက်အောင် လုပ်ရမှာပါ....ကျုပ်ဘယ်သူ့ဘက်မှ မလိုက်ဘူးဗျ....လိုရင်းက မြန်မာဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတွေ အေးချမ်းသာယာဝပြောစေချင်တယ်....တယောက်နဲ့တယောက် အပစ်ပြောနေမယ့်အစား တိုင်းပြည်အတွက် စေတနာထားပြီးဘဲ လုပ်သင့်ပါတယ်ဗျာ....ဘယ်သူဘဲ အုပ်ချုပ်မင်းလုပ်ပါစေ...တိုင်းပြည်အတွက်၊ ပြည်သူပြည်သားတွေအတွက် ကြည့်ရင်ကျေနပ်ပါတယ်ဗျာ....

ကျွန်တော့်အထင်လေးတစ်ခုပြောမယ်နော် အားလုံးလက်ခံနိုင်မယ်လို့ထင်ပါတယ် နိုင်ငံတစ်ခုကို ဘယ်သူပဲ အုပ်ခူပ်နေပါစေ ဘယ်လိုလူစားပဲအုပ်ခူပ်နေပါစေ နိုင်ငံတစ်ခုတိုးတက်အောင်မြင်ဖို့ အေးချမ်းဖို့ဆိုတာ အဲ့ဒီနိုင်ငံမှာနေတဲ့ လူမိုးအားလုံးရဲ့ အခြေခံစိတ်ဓာတ်ကောင်းဖို့လိုမယ်လို့ထင်ပါတယ် အဲ့ဒီအခြေခံစိတ်ဓာတ်မကောင်းရင်တော့ ရှေ့ကလူကဘယ်လောက်ကောင်းအောင်းပဲ လုပ်ပေးလုပ်ပေး စိတ်ဓာတ်မကောင်းတဲ့လူတွေကအနောက်ကနေ ဖျက်လိုဖျက်ဆီးလိုက်လုပ်နေရင်တော့ လုပ်သမျှအားလုံး အချည်းအနှီးပါပဲ .... အဲ့ဒီတော့ အခြေခံစိတ်ဓာတ်လေးတွေကောင်းအောင်ကြိုးစားစေချင်ပါတယ် ... ဥပမာလေးတွေနော် -- သေးမပေါက်ရ (သေးစော်ကိုနံနေတာပဲ ဖြတ်တောင်မသွားရဲဘူး ဆိုင်းဘုတ်နားကနေ)။ အမှိုက်မပစ်ရ -- (စပါးတောင်လိုပုံပဲကြားဖူးတယ် အမှိုက်တောင်လိုပုံကတော့ မြင်ဖူးတယ် အဲ့ဒီဆိုင်းဘုတ်ရှေ့တည့်တည့်မှာ)။ ယာဉ်စည်းကမ်းလိုက်နာပါ -- (လမ်းပြောင်းပြန်တက်မောင်းလို့ ကားနှစ်စီးခေါင်းချင်းဆိုင်တာခဏခဏ)။ လောင်းကစားမလုပ်ရ -- (နှစ်လုံး သုံးလုံး ဘောလုံး လောင်းကြေးတွေတစ်အားကောင်းနေတယ် -ဘယ်လောက်ရှာရှာမလောက်စေရဘူး)။ ဒို့အရေး ဒို့အရေး ဒို့အရေး အော်နေကြတယ် ဘယ်ဟာက ဒို့အရေးလည်း သူတို့ကိုယ်သူတို့တော့သိမှာပေါ့ ကျွန်တော်ကတော့မသိဘူး ကြားပဲကြားတာ ဒို့အရေးလို့ ..........

u can say that again..... Anonymous

ကြိုက်တယ်ဗျာ....ငါးမင်းဆွေဆိုတဲ့ လူစိတ်မရှိတဲ့လူကို ပြောတာမဟုတ်ဘူး...နောက်ဆုံးလူရေးထားတဲ့ comment ကိုကြိုက်တယ်ပြောတာ....

မန္တလေးမိုးနဲ့ မြိတ်ကလှေ
သပြေ
မတ်လ၂၈၊၂၀၁၂
“မဲဆွယ်နေချိန် ကျန်းမာရေးဖောက်ခဲ့ခြင်းအပေါ် မန္တလေးမိုးကို တရားခံလုပ်ခဲ့သလို မြန်မာနိုင်ငံသား တနင်္သာရီ တိုင်းသားတွေရဲ့ မေတ္တာ၊ စေတနာတွေကို ဖောက်ထွင်းမြင်နိုင်စွမ်း မရှိလို့ပါ။”
စက်လှေနဲ့ ဒီရေ
မတ် ၂၅ရက်နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်မြို့မဲဆွယ်ခရီးစဉ်ကို VOAက အသံလွှင့်ရာမှာ NLDပါတီမှ တာဝန်ရှိသူတစ်ဦးက “မြိတ်မြို့ဒေသဆိုင်ရာ အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်မှု မရှိဆုံးဘဲ၊ လုံခြုံရေးအကူအညီလည်းမပေးဘူး၊ စက်လှေပိုင်ရှင်တွေက စက်လှေမငှားလို့ မနေ့ညက(၁၀)နာရီကျော်အထိ သောင်တင်ခဲ့ရတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။
အဲဒီသတင်းကို ဒေသဆိုင်ရာ ခိုင်လုံတဲ့အခြေအမြစ်တွေက သိရတဲ့အခါကျတော့ မတ်၂၄ရက်နေ့မှာ မြိတ်မြို့မှာရှိတဲ့ စက်လှေလုပ်ငန်းရှင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို “ရှပ်ပြေး” စက်ရေယာဉ်များ ပေးမငှားတာကြောင့် ဒေသအခေါ် “ကဲ့လှေ”ကို ယာယီအမိုးလုပ်ပြီး စခန်းသစ်ရွာကို သွားခဲ့တယ်၊ အဲဒီမှာ သဘာဝဒီရေ အတက်/ အကျရှိခဲ့ပြီး ည(၈)နာရီခွဲအထိ သောင်တင်ခဲ့တာကြောင့် မြိတ်မြို့စိမ့်ငယ်ဆိပ်ကမ်းကို ည(၉)နာရီခွဲမှ ပြန်လည်ရောက်ရှိခဲ့တာဖြစ်တယ်။
လူကဖယောင်း စိတ်ကသံချောင်း ဆိုသော်လည်း
မတ်(၂၅)ရက်VOAက ထုတ်လွှင့်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန်က “ဒေါ်အောင်ဆန်း စုကြည် ခရီးပန်းပြီးကျန်းမာရေးဖောက်တယ်၊ ည(၁၁)နာရီမှာ အဖျား(၁၀၁)၊ သွေးအား (၈၀/၅၀)ဖြစ်လို့ ဒီနေ့နံနက်(၉) နာရီအထိ အကြောဆေးဒရစ်(၃)ကြိမ်သွင်းရတယ်၊ ကျန်းမာရေးမကောင်းလို့ ကျွန်းစုမြို့မဲဆွယ်ခရီးစဉ်ကို ဖျက်ခဲ့ရ တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
မတ်(၂၆)ရက်VOAကထုတ်လွှင့်မှုမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းက“ဒေါ်အောင်ဆန်းစုကြည်မှာ ယနေ့လည်းအဖျား(၁၀၂)၊ သွေးပေါင်ချိန်(၁၀၀/၇၀) ဖြစ်တာကြောင့် ဧည့်တွေ့နဲ့ ခရီးသွားတာတွေဖျက်ပြီး (၄/၅)ရက်ခန့်အိမ်မှာနားရမယ်၊ ကျန်းမာရေးအခြေအနေကြောင့် မတ်(၂၇) ရက်မှာ မကွေး၊ နတ်မောက်၊ ရေနံချောင်းနဲ့ ကျောက်ပန်းတောင်းခရီးစဉ်တွေ ဖျက်လိုက်ရတယ်လို့ ပြောကြားသွား ခဲ့တယ်။

ပြောတော့လိပ် ဖြစ်နေတာကြမ်းပိုး
အဲဒီသတင်းကို မတ်(၂၆)ရက်နေ့မှာ NLDရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးတာဝန်ခံ ဦးဥာဏ်ဝင်းက VOAကို ပြောကြားရာမှာ“တနင်္ဂနွေနေ့တုန်းက မြိတ်မြို့မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်းမှာ သွားလာရေးအခက်အခဲတွေ အမျိုးမျိုးကြုံတွေ့ခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ချို့ယွင်းခဲ့ရတာပါ၊ နောက် ဆရာဝန်ရဲ့ အကြံပေးတိုက်တွန်းချက်အရ ခရီးစဉ်တွေအားလုံးဖျက်သိမ်းပြီး ရန်ကုန်မြို့ကို ပြန်လာခဲ့ရတာပါ၊ အခုလောလောဆယ် ကျန်းမာရေးအခြေအနေတိုးတက်ပြီး အိမ်မှာအနားယူရင်း လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေတယ်လို့” ပြောကြားသွားခဲ့တယ်။
အပူရုပ်နဲ့ လူလုပ်
ဒီအပြောနဲ့ ဒီအခြေအနေတွေကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာ အင်ပြည့်အားပြည့်နဲ့ တိုင်းကျိုးပြည်ပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေရှိနေတာ၊ မတ်လဆန်းက မန္တလေးမဲဆွယ်သွားစဉ် အလားတူမူးပြီးအန်လို့ ခရီးစဉ်ဖျက်ခဲ့ရတာတွေက ဖော်ပြနေတယ်၊ ဒါပေမဲ့လည်း သူမအနေနဲ့ နိုင်ငံတကာရဲ့မျှော်လင့်ချက်တွေဖြစ်တဲ့ ထောက်ပံ့မှုကြိုးမျိုးစုံနဲ့ အထပ်ထပ်ရစ်ပတ်ချည်နှောင်ခံထားရ တယ်၊ ဘွဲ့တံဆပ်များစွာနဲ့ ဘုံမြှောက်ခံထားရပြီး ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေလည်း တွေ့ရတယ်၊ ကျော်ကြားမှုပီတိကို ပယ်သတ်ပြီး ခြေလွတ်လက်လွတ်ဖြစ်သွားမှာကို စိုးရိမ်ပူပန်မှုနှင့်အတူ “အပူရုပ်နဲ့လူလုပ်” နေရတာကိုလည်း တွေ့မြင်နိုင်တယ်။

လေထိုးပြီး ဖောင်းလို
ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုးရိုးသာမန်(၆၇)နှစ်တွေထက် ပိုမိုကျန်းမာပါတယ်လို့ မိသားစုဆရာဝန်က ပြောကြားခဲ့ပြီးတဲ့နောက် မန္တလေးမှာမဲဆွယ်တုန်း ကျန်းမာရေးဖောက်ခဲ့တယ်၊ ယခုလည်း သွားလာရေးအခက်အခဲ တွေ အမျိုးမျိုးကြုံတွေ့ခဲ့ရလို့ ကျန်းမာရေးချို့ယွင်းခဲ့ရတာ၊ ဆရာဝန်ရဲ့ အကြံးပေးတိုက်တွန်းချက်အရ ခရီးစဉ်တွေ အားလုံး ဖျက်သိမ်းပြီး ပြန်လာခဲ့ရတာ၊ အခုလောလောဆယ် ကျန်းမာရေးတိုးတက်လာတာကြောင့် အိမ်မှာအနား ယူရင်း လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေပါတယ်လို့” ဖေးမပြောကြားမှုတွေပြုလုပ်ပြီး NLDအနေနဲ့သူမကိုရုပ်ပြ ရှေ့တန်းတင်ပြီး သူမရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစားတဲ့ ပြည်သူတွေရဲ့ ဆန္ဒမဲကိုရယူဖို့ မလုပ် သင့်ပါဘူး။
နားလည်သင့်ပြီ
သူမရဲ့လုပ်ရပ်၊ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေကြောင့် သူမရဲ့အလားအလာနဲ့ ပတ်သတ်ပြီး သို့လောသို့လော စမ်းတ၀ါးဝါး မှန်းဆပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေပါတယ်။၂၀၁၅မှာ (၇၂)နှစ်ရှိ မှာဖြစ်ပြီး ဆိုးရွားလာနိုင်တဲ့ သူမရဲ့ကျန်းမာရေးအခြေအနေတွေကြောင့် ၈၈မျိုးဆက်သစ် နိုင်ငံရေး အင်အားစုတွေက NLDပါတီကို မ၀င်တာ၊ NLDပါတီအောက်မှာ ၈၈မျိုးဆက်သစ်အမည် မှေးမှိန်ပျောက်ကွယ် သွားနိုင်တာ၊ လတ်တလောမှီခိုရန် လိုအပ်နေချိန်မှာ NLDပါတီကို ၀န်းရံပေးမယ်ဆိုပြီး ကြည့်ကောင်းအောင် ပြောဆိုထားတာ၊ နယ်အနှံ့မှာ ပွင့်လင်းမှုကွန်ယက်တွေဖွဲ့ပြီး သီးခြားနိုင်ငံရေးပါတီထောင်ဖို့ အစပျိုးနေတာတွေဟာ အချိန်ကျရင် ငှားထားတဲ့ ခွပ်ဒေါင်းရုပ်ကို ပြန်တောင်းဖို့ ရည်ရွယ်လုပ်ဆောင်နေတယ်ဆိုတာ မရိပ်မိဘူးလား။
လက်စလက်နမရှိ
နယ်ချဲ့ကို ဓါးကိုင်ဆန့်ကျင်ခဲ့တဲ့ အဘိုးဗိုလ်လရောင်ခေါ် ဗိုလ်မင်းရောင်နဲ့ နယ်ချဲ့ပရိယာယ်ကို စက်ဆုတ် ရွံမုန်းတဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းခေါ် ဗိုလ်တေဇတို့ လက်စလက်နအတိုင်း ဖ၀ါးခြေထပ်လိုက်ပါ လုပ်ဆောင် နိုင်ခြင်းမရှိဘဲ အဖိုးနဲ့အဖေတို့ရဲ့ ဆန္ဒနဲ့လုပ်ရပ်ကို ဖီလာဆန့်ကျင်ပြုနေတဲ့သူမကို ဘယ်လိုအစီအမံမျိုးနဲ့မဆို အရောင်တင်လာတာကို လုံးဝဆန့်ကျင်ကန့်ကွက်ပါတယ်၊ သူမဟာရေရှည်မှာ ဘယ်လိုမှ အောင်မြင်လာဖွယ် မရှိပါဘူး၊ ဘာကြောင့်လည်းဆိုတော့ မဲဆွယ်နေချိန် ကျန်းမာရေးဖောက်ခဲ့ခြင်းအပေါ် မန္တလေးမိုးကို တရားခံလုပ်ခဲ့ သလို မြန်မာနိုင်ငံသား တနင်္သာရီတိုင်းသားတွေရဲ့ မေတ္တာ၊ စေတနာတွေကို ဖောက်ထွင်းမြင်နိုင်စွမ်း မရှိလို့ပါ။

မြန်မာနိုင်ငံသားတွေ လိုချင်လိုက်တဲ့ ဒီမိုကရေစီ.. ဒီမိုကရေစီဆိုတာဘာမှန်းမသိတဲ့လူကခပ်များများ...စည်းကမ်းကတော့တစ်စက်မှမရှိ..စစ်တပ်အုပ်ချုပ်တာဘဲကောင်းတယ်...မိန်းမအုပ်ချုပ်တဲ့တိုင်းပြည်ဆိုတာမကောင်းနိုင်ဘူး..မိန်းမ လက်အောက်မှာတော်တော်နေချင်နေကြပါလား...

ဒီအတိုင်းဆို ဖြစ်ပေါ်လာမယ့်  မြန်မာ့ အနာဂါတ်ကလည်း ရင်လေးစရာပဲ ...
ဒါပေမယ့်  ဘာတွေဖြစ်လာမလဲဆိုတာကို တော့ ခေတ်လူငယ်တစ်ယောက်အနေနဲ့ စောင့်  ရမှာ ပေါ့ လေး.

အ ရူး မ ကြီး

Burma's election will be neither free nor fair
ဆိုပြီး သောက်ရှက်မရှိ စကားကြီးစကားကျယ်ပြောခဲ့ပြီး
အခု လွှတ်တော်ထဲမှာ သွားကြီးဖြီးထိုင်နေတာကိုလည်း ပြောကြဦး
သောက်ရှက်ကုန် အဘွားကြီးပါကွာ

ပင်လုံညီလာခံဆိုတာ တိုင်းရင်းသားတွေ အတူတကွ လွတ်လပ်ရေးရအောင် အင်္ဂလိပ်အလိုကို ဆန့်ကျင်ပြီး ဗိုလ်ချုပ်က လုပ်ဆောင်ခဲ့တဲ့ ပြယုဒ် တစ်ခု။ အခု ထပ်လုပ်မယ့် ဒုတိယ ပင်လုံညီလာခံက အင်္ဂလိပ်အလိုကျ ပြည်သူများ ဒုက္ခရောက်အောင် သူ့သမီး လုပ်မယ့် စောက်သရမ်း လုပ်ရပ်တစ်ခု။

i think she should stay in home for the age.

myanmar express ကို လုံးဝထောက်ခံ တယ်ဗျာ။အချက်အလက် အထောက်အထား တိကျတယ် နောက်ဆိုရင်လည်း ဆောက်ရူးမ ပဆိန်ရိုး အကြောင်း တိတိကျကျလေးဖော်ပြပေး ပါအုံး။ဒီကောင်မရဲ့ ရုပ်အမှန်ကို။ ဒါမှပြည်သူတွေ သိမှာ

စုဆိုရင်အသံတောင် မကြားချင်တော့ဘူး။

စုဆိုရင်အသံတောင် မကြားချင်တော့ဘူး။

ဘာတွေပြောနေကြတာလဲ?

ကြိုက်တယ်ဗျာ!

အော် အမေစု့ အမေစု့ အမေစုကို ပြေားကုန်ကြပြီ
အမေစု့ကို ထိ့ရင် သားမခံဘူး
အမေစု့ ဘာသာခံ သားမခံနိုင်ဘူး အမေ
ပြေားတာတောင်နဲးသေးတယ် မြန်မာကို ဘားမား ပြေားလို့ေ့ပြာ
သွေးရူး သွေးတမ်းတွေနဲ့ ရှောက်ပြေားနေတယ်
Power ရူးမကြီး အမေ့စုကို ထိ့ရင် သားမခံဘူးနော်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်