Subscribe to our RSS Feed

မန္တလေးတံတားဦး ဟိုတယ်ဇုန်ကို အမေရိကန် ဒေါ်လာသန်း ၅၀၀ ကျော် ကုန်ကျခံ တည်ဆောက် သွားမည်

From : mrtv4


မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ် အတွင်း  တံတားဦး ဟိုတယ်ဇုန် စီမံကိန်းကို တည်ဆောက် သွားမှာ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အနေနဲ့ အမေရိကန်
ဒေါ်လာ သန်း ၅၀၀ ကျော်ရင်နှီး မြှပ်နှံသွား မှာဖြစ်တယ်လို့ မန္တလေး ဟိုတယ်ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ ဟိုတယ်ဇုန် စီမံကိန်း မှာတော့ ပြည်တွင်း ရင်နှီးမြှပ်နှံမှုတွေ အပြင် နိုင်ငံခြား ကုမ္ပဏီများကိုပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ နဲ့အညီ ရင်နှီးမြှုပ်နှံခွင့် ခွင့်ပြု သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ တံတားဦး ဟိုတယ်ဇုန် စီမံကိန်း ကိုတော့ ၂၀၁၃ ခုနှစ် မတ်လ မတိုင်မီမှာ စတင် ဆောင်ရွက် သွားမှာဖြစ်ပြီး တံတားဦး မြို့နယ် ကူးတို့ဆိပ် ကျေးရွာ အနီး မြေဧက ငါးထောင် ကျော်ပေးမှာ အကောင်ထည်ဖော် တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ စီမံကိန်းမှာ ပြည်တွင်း လုပ်ငန်းရှင်များ အနေနဲ့ မြေဧရိယာ ၁၀၁၃ ဒဿမ ၇၃ ဧက ရှိမြေကွက် ၁၉၂ ကွက်ပေါ် မှာဟိုတယ် လုပ်ငန်းများ မြှုပ်နှံခွင့် ရမှာဖြစ်ပြီး နိုင်ငံခြား ကုမ္ပဏီများ အနေနဲ့ မြေဧရိယာ ၅၈၄ ဒဿမ ၄၁ ဧကရှိ မြေကွက် ၁၀၀ ပေါ်မှာ ရင်းနှီးမြှုပ်နှံခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဟိုတယ် ဇုန်ကိုတော့ မြို့တစ်မြို့ အသွင် တည်ဆောက် သွားမှာဖြစ်ပြီး စီမံကိန်း အတွင်းမှာ ဟိုတယ်တွေ အပြင် Shopping Mall များကို မြေဧရိယာ ၆၀ ဒဿမ ၇၉ ဧက ၊ ငွေကြေး ၀န်ဆောင်မှု ပေးမည့် ဇုန်ကို မြေဧရိယာ ၃၂ ဒဿမ ၀၃ ဧကပေါ်မှာ အကောင်အထည်ဖော် ဆောက်လုပ်မယ့် စီမံကိန်း များလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး တံတားဦး ဟိုတယ်ဇုန် စီမံကိန်း အတွင်းမှာ သယ်ယူ ပို့ဆောင်ရေး အနေနဲ့ ရထားလမ်းများ၊ ဘူတာရုံများ၊ ကားလမ်းများ အပြင် ဂေါက်ကွင်း များလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ စီမံကိန်း မှာတော့ ညဈေးများ၊ လက်မှု အထည်ပစ္စည်းများ ထုတ်လုပ်မည့် ရွာ၊ ဖျော်ဖြေရေးဇုန်နဲ့ ရေဆိုးသန့်ဇင် စက်ရုံများ ကိုပါ ထည့်သွင်း တည်ဆောက် သွားမယ် လို့လည်းသိရပါတယ်။
  www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်