တစ်နာရီ ကီလိုမီတာ ၅ဝဝ မြန်တဲ့ မြန်နှုန်းမြင့် ရထား တရုတ်စမ်းသပ်

တစ်နာရီကို ကီလိုမီတာ ၅ဝဝ ပြေးဆွဲနိုင်စွမ်းရှိတဲ့ ဆူပါအမြန် ရထားကို စမ်းသပ် မောင်းနှင်ခဲ့ပြီလို့ တနင်္လာနေ့က တရုတ် နိုင်ငံပိုင် သတင်းဌာနက ကြေငြာလိုက်ပါတယ်။ ရှေးဟောင်း တရုတ် ဓား ပုံစံဒီဇိုင်းကို ပြန်ပြီး ပုံဖော်ထားတဲ့ ဒီ စူပါအမြန်ရထားဟာ၊ တရုတ်ပြည်ရဲ့ အကြီးဆုံးဖြစ်တဲ့ ရထားတွဲ ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ CSR ကော်ပိုရေးရှင်း လီမီတက်က တည်ဆောက်ခဲ့တယ်လို့ ဆင်ဟွာ သတင်းအေဂျင်စီက သတင်းပေးပို့ခဲ့ပါတယ်။

“လက်ရှိ ပြေးဆွဲနေတဲ့ အမြန်ရထားတွေအတွက် အသုံးဝင်တဲ့ အထောက်အထား အချက်အလက်တွေ ပေးလာနိုင်ပါလိမ့်မယ် ” လို့ ရထားပိုင်းဆိုင်ရာ ကျွမ်းကျင်သု ရှင်ဇီယွန်းက ပြောပါတယ်။ “ဒါပေမယ့် တရုတ်ပြည်ရဲ့ ရှေ့အနာဂါတ်မှာ ဒီလောက်မြန်တဲ့ ရထားတွေပြေးဘို့ မလိုအပ်ပါဘူး” လို့ ရထားတွဲ ထုတ်လုပ်ရေး ကုမ္ဗဏီဖြစ်တဲ့ CSR ကော်ပိုရေးရှင်း လီမီတက် ဥက္ကဌ ရှောင် ချီကောင်းက “ဘီဂျင်း နံနက်သတင်း” မှာ ပြောထားပါတယ်။ “ ကျနော်တို့ ရည်ရွယ်ချက်က လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းတဲ့ ရထားတွေ ပြေးဆွဲရေးပဲ ဖြစ်ပါတယ်” လို့ဆိုသွားပါတယ်။

http://patheincity.com/news//HLIC/0e918ae6b137ac408539fce69af8246f.jpg

ပြီးခဲ့တဲ့ ဇူလိုင်လက အထူးမြန်ရထား ၂ စင်းတိုက်မိပြီး လူ ၄ဝ ကျော် သေဆုံးခဲ့ရတဲ့ တရုတ်နိုင်ငံရဲ့ မီးရထား ထုတ်လုပ်မှုဟာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတဲ့နှစ် ဖြစ်ပါတယ်။ အဲ့ဒီကတည်းက စူပါအမြန်ရထားတွဲ တည်ဆောက် ထုတ်လုပ်ရေးဟာ ရပ်တန့်သွားလုနီးပါး ဖြစ်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီလမှာ ရထားပို့ဆောင်ရေး လုပ်ငန်းများ တိုးတက်ရှင်သန်ရေးရဲ့ အဓိကကျတဲ့ ရထားပို့ဆောင်ရေးဝန်ကြီး လျူဇီဂျန်းဟာ လာဘ်စားမှု အဂတိမှုတွေနဲ့ ရာထူးက ဖယ်ရှားခံလိုက်ရပါတယ်။ တရားရုံးမှာ အမှုရင်ဆိုင် နေရခြင်းတော့ မရှိသေးပါဘူး။